လမ္းေဘးမွာ ဆားေရာင္းရင္း စတင္အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ေပမဲ့…

ဖိလစ်ပိုင်နိုင်ငံရှိ Daisy အမည်ရှိအမျိုးသမီးတစ်ဦးဟာ ယခင်က လမ်းဘေးမှာ ဆားရောင်းပြီးအသက်မွေးဝမ်းကျောင်းပြုခဲ့ပေမဲ့လည်း ဟောင်ကောင်မှာ အိမ်အကူအဖြစ်အလုပ်သွားလုပ်ခဲ့ပြီးနောက် ယခုအခါ သူမက သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Daisy ဟာ အရင်က လမ်းဘေးမှာ ဆားရောင်းလို့ရတဲ့အမြတ်အစွန်းကနေ သူ့မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာခဲ့ပါတယ်။ သို့ပေမဲ့ Daisy ဟာ သူမကလေးများအတွက် နှင့် သူမတို့ရဲ့မိသားစုစားဝတ်နေရေးအတွက် သူမက ဆားရောင်းတဲ့အလုပ်ကလွှဲ၍ ဘာမှမလုပ်နိုင်တာကြောင့် သူမ ငွေပိုစုနိုင်ရန် သူမ ကလေးများကိုထားခဲ့ပြီး နိုင်ငံခြားမှာအလုပ်သွားလုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ Daisy ဟာ ဟောင်ကောင်မှာ အိမ်အကူအဖြစ် အလုပ်ရှာခဲ့ပါတယ်။

Daisy ရဲ့ပထမဆုံးအိမ်အကူအလုပ်က အခြားအိမ်ဖော်အကူ အများစုတွေ့ကြုံရသည့်အရာများနှင့်တူပေမဲ့လည်း သူမရဲ့ဒုတိယအလုပ်ရှင်များကြောင့် သူမ ကံကောင်းခဲ့ရပါတယ်။ အခြားအိမ်အကူများကဲ့သို့ဆက်ဆံခံရမည့်အစား Daisy အား သူမရဲ့ဒုတိယအလုပ်ရှင်က မိသားစုဝင်ကဲ့သို့ ဆက်ဆံပေးခဲ့ကြပါတယ်။

ထို့ကြောင့် Daisy လည်း အလုပ်ကြိုးစားပြီး သူမရဲ့ဒုတိယအလုပ်ရှင်အပေါ်သစ္စာစောင့်သိခဲ့တာကြောင့် မကြာခင်မှာဘဲ Daisy ဟာ သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် ငွေများနဲ့လက်ဝတ်လက်စားများစွာကိုလည်း အများကြီးလက်ခံရခဲ့ပါတယ်။

ဤကဲ့သို့လိုအကျိုးကျေးဇူးများအပြင် Daisy ဟာ ငွေကိုချွေတာသုံးစွဲနိုင်ခဲ့ပြီး ဖိလစ်ပိုင်မှာ သူမရဲ့မိသားစုအတွက် ၅ ထပ်အိမ်တစ်လုံးကိုတောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ Daisy ဟာ သူမရဲ့အသက်ငယ်ရွယ်စဉ်နှစ်တွေမှာ ဆားများသာရောင်းခဲ့ပြီး သူမရဲ့မိသားစုအိမ်မက်ကို ဘယ်လိုအကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက်ကိုလည်း အမြဲစဉ်းစားနေခဲ့ပါတယ်၊

ဒါကြောင့်လည်း သူမဟာ လက်ရှိ သူမကလေးများရဲ့အနာဂတ်ကိုလုံခြုံစိတ်ချရအောင် ဖန်တီးပေးနိုင်ခဲ့သလို သူမရဲ့ကြိုးစားမှုရလဒ်ကလည်း တကယ့်ကိုအံ့ဩကျေနပ်စရာကောင်းနေခဲ့ပါတယ်။

Credit-

zawgyi

ဖိလစ္ပိုင္ႏိုင္ငံရွိ Daisy အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ ယခင္က လမ္းေဘးမွာ ဆားေရာင္းၿပီးအသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ေပမဲ့လည္း ေဟာင္ေကာင္မွာ အိမ္အကူအျဖစ္အလုပ္သြားလုပ္ခဲ့ၿပီးေနာက္ ယခုအခါ သူမက သန္းႂကြယ္သူေဌးတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

Daisy ဟာ အရင္က လမ္းေဘးမွာ ဆားေရာင္းလို႔ရတဲ့အျမတ္အစြန္းကေန သူ႔မိသားစုစားဝတ္ေနေရးအတြက္ ဝင္ေငြရွာခဲ့ပါတယ္။ သို႔ေပမဲ့ Daisy ဟာ သူမကေလးမ်ားအတြက္ ႏွင့္ သူမတို႔ရဲ႕မိသားစုစားဝတ္ေနေရးအတြက္ သူမက ဆားေရာင္းတဲ့အလုပ္ကလႊဲ၍ ဘာမွမလုပ္ႏိုင္တာေၾကာင့္ သူမ ေငြပိုစုႏိုင္ရန္ သူမ ကေလးမ်ားကိုထားခဲ့ၿပီး ႏိုင္ငံျခားမွာအလုပ္သြားလုပ္ရန္ဆုံးျဖတ္ခဲ့ပါတယ္။ Daisy ဟာ ေဟာင္ေကာင္မွာ အိမ္အကူအျဖစ္ အလုပ္ရွာခဲ့ပါတယ္။

Daisy ရဲ႕ပထမဆုံးအိမ္အကူအလုပ္က အျခားအိမ္ေဖာ္အကူ အမ်ားစုေတြ႕ႀကဳံရသည့္အရာမ်ားႏွင့္တူေပမဲ့လည္း သူမရဲ႕ဒုတိယအလုပ္ရွင္မ်ားေၾကာင့္ သူမ ကံေကာင္းခဲ့ရပါတယ္။ အျခားအိမ္အကူမ်ားကဲ့သို႔ဆက္ဆံခံရမည့္အစား Daisy အား သူမရဲ႕ဒုတိယအလုပ္ရွင္က မိသားစုဝင္ကဲ့သို႔ ဆက္ဆံေပးခဲ့ၾကပါတယ္။

ထို႔ေၾကာင့္ Daisy လည္း အလုပ္ႀကိဳးစားၿပီး သူမရဲ႕ဒုတိယအလုပ္ရွင္အေပၚသစၥာေစာင့္သိခဲ့တာေၾကာင့္ မၾကာခင္မွာဘဲ Daisy ဟာ သူမရဲ႕ႀကိဳးစားအားထုတ္မႈေၾကာင့္ ေငြမ်ားနဲ႔လက္ဝတ္လက္စားမ်ားစြာကိုလည္း အမ်ားႀကီးလက္ခံရခဲ့ပါတယ္။

ဤကဲ့သို႔လိုအက်ိဳးေက်းဇူးမ်ားအျပင္ Daisy ဟာ ေငြကိုေခြၽတာသုံးစြဲႏိုင္ခဲ့ၿပီး ဖိလစ္ပိုင္မွာ သူမရဲ႕မိသားစုအတြက္ ၅ ထပ္အိမ္တစ္လုံးကိုေတာင္ တည္ေဆာက္ေပးႏိုင္ခဲ့ပါတယ္။ Daisy ဟာ သူမရဲ႕အသက္ငယ္႐ြယ္စဥ္ႏွစ္ေတြမွာ ဆားမ်ားသာေရာင္းခဲ့ၿပီး သူမရဲ႕မိသားစုအိမ္မက္ကို ဘယ္လိုအေကာင္အထည္ေဖာ္တည္ေဆာက္ႏိုင္ရန္အတြက္ကိုလည္း အၿမဲစဥ္းစားေနခဲ့ပါတယ္၊

ဒါေၾကာင့္လည္း သူမဟာ လက္ရွိ သူမကေလးမ်ားရဲ႕အနာဂတ္ကိုလုံၿခဳံစိတ္ခ်ရေအာင္ ဖန္တီးေပးႏိုင္ခဲ့သလို သူမရဲ႕ႀကိဳးစားမႈရလဒ္ကလည္း တကယ့္ကိုအံ့ဩေက်နပ္စရာေကာင္းေနခဲ့ပါတယ္။

Credit-