
ကျွန်တော်နှင့်အကြော်သည်အမေကြီး အကြောင်းလေးပါ

အကြော်တစ်ခုကို ၅ဝပါ ၁ဝဝဖိုးကို ၃ခု ထားလိုက်မရလို့ပါကွယ်၂၀၀ ဖိုး ၅ ခုတော့ ထားလိုက်ပါလို့ ပြောလိုက်သောအခါကျွန်တော်နဲ့အကြော်သည်အမေကြီး ”အမှတ်တမဲ့ပါပဲ နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါအ ကြော်တစ်ခုကို ဘယ်လောက်လဲ ?ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ)အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ။

အကြော်တစ်ခုကို ၅ဝပါ၁ဝဝဖိုးကို ၃ ခု ထားလိုက်မရလို့ပါကွယ်၂၀၀ ဖိုး ၅ ခုတော့ ထားတအောင့်လောက်နေတော့နောက်ထပ်ကြား လိုက်ရတယ်”လာသား အ ကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူးမစားချင်နဲ့သား”ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်။ကျွန် တော် စိတ်ဝင်စားသွားတယ်သေချာလှမ်းကြည့်လိုက်တော့အသက်(၆၀)ကျော် အမေကြီးတစ်ယောက် အ ကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ။

သြော်လူတွေများခက်လိုက်တာဗျာအကြော်ဝယ်ဖို့ဈေးဆစ်လို့မရတော့ညစ်ပတ်တယ်မစားနဲ့လို့ ပြောသွားတ ယ်။ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်။” ဟောဒီကအကြော်ပူပူလေး ”ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ် အမေကြီးခဏနေပါအုံးဗျ အကြော်ဝယ်ချင်လို့ါပြန်လှည့်လာပြီးအကြော်ဗန်းကို ချပေးတယ် ကြည့်လိုက်တော့ မုန့် ပေါင်းနဲ့ အကြော်လေးတွေက အစီအရီဗန်းထဲမှာစား ချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ။

စဉ်းစားမိတယ်. းနေရဲ့ အပူရှိန်အောက်မှာအကြော်တွေကမနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေကပူနေမှာမလွဲအကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)သြော်ဒီအ သက်အ ရွ ယ်နဲ့ နေပူပူမှာ ဘယ်လောက်ပင်ပမ်း ရှာလေမလဲငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့. ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်။အမေကြီး ” အကြော် တစ်ခု ဘ ယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်” အ ကြော်တစ်ခု (၅၀)ပါ သားလေးရယ်”(နောက်ထပ်ဈေးဆစ်မှာရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲမျက်နှာပေါ်ကချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)

အမေကြီး အကြော်တွေက စားချင်စရာပဲစားကောင်းမယ့်ပုံပဲဗျ ” ဆိုပြီး အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်။(သူ့ခမျာ အမောပြေ သဘောကျသွားပုံပဲညှိုး င ယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ် ဝမ်းသာသွား ပုံပဲ)” အရသာရှိတယ် အမေကြီးရုံးကလူတွေလည်း ကျွေးချင်လို့အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ “လို့ မေးပြီးငါးထောင်တန် တစ်ရွက်ထုတ် ပေးလိုက်တယ်အကြော်တွေထည့်ရင်းနဲ ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန်အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီးပြန်အမ်းဖို့ ကြိုးစားနေတယ်။”

ရတယ် အမေကြီးပြန်မအမ်းပါနဲ့တော့” ဆိုတော့” မ ဟု တ်တာ သားလေးရယ်” တဲ့” ရတယ်ပိုတာကို ကုသိုလ်လုပ်တာပါ”လို့ပြောလိုက်ရောကျေးဇူးတင်လိုက်တာ စိ တ်ကောင်းရှိလိုက်တာ သားလေးရယ်။အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီးပုခုံးပေါ်တင်ထားတဲ့ သ ဘ က်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်။“ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်”” အမေကြီး အသက်ဘယ် လောက်ရှိပြီလဲ ဆိုတော့(၆၅)နှစ်တဲ့ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာအသက်သိပ်မကွာ။

လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့်အမေ့ထက်တောင် အများကြီးအိုစာနေပါလားတကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ.တရားအား ထု တ်ပြီးအေးအေးချမ်းချမ်းနေရမယ့်အရွယ်လေ” သား သမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါသားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေမြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ။

တကယ်တော့လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ် သားသမီးတိုင်းရဲ့ ရင်ထဲမှာမိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေးပြုစုချင်တဲ့စိတ် လူသားတိုင်းရဲ့ ရင်ထဲမှာကိုယ်စီတာ ဝန်ကျေနားလည်မှုတွေ.ရှိနေကြမယ်ဆိုရင်မိဘကို ကျွေးမွေးပြုစုစောင့်ရှောက်ကြပါ။

Crd