ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား
ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ်ပြီးမှ လှူရတယ်လို့ မိဘဆရာများက သင်ခဲ့ကြပါတယ်။ ဖိနပ်မချွတ်ပဲ လှူခဲ့ရင် အလှူမြောက်ပါသလား။
အကျိုးအပစ်ရှိပါသလား။
ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုတ်မှာ ခြေနင်း၊ဖိနပ် စီးထားသောသူကို တရားမဟောရဟု ပါရှိပါတယ်။ ဒါကြောင့် အကယ်၍
မိမိမှ ဖိနပ်မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရားဟောပြောခြင်လျှင်တောင်မှ ဟောပြောခွင့် မရ ဖြစ်နေမှာ ဖြစ်တဲ့အတွက်ကြောင့်
ဖိနပ်မစီးသင့်ပါဘူး။ ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လျှင် ဖိနပ်ချွတ်ဝင် ကြသော သဘောတရားနဲ့ အတူတူပါပဲ။ သာသနာတော်မှာ
သီးသန့် သတ်မှတ်(ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။
ဖိနပ်မချွတ်လည်းအလှူတော့မြောက်တယ် ဒါပေမယ့် သကစ္စမဖြစ်ပါဘူး။ ဒါနအကျိုးရတယ် သကစ္စအကျိုးမရပါဘူး။
သက္ကစ္စဆိုတာရိုရိုသေသေလှူတာ လေးလေးစားစားလှူတာကိုပြောတာပါ။ ဒါနအကျိုးကြောင့်ကြွယ်ဝမယ်၊ အခြွေအရံပေါမယ်။ ဒါပေမယ့်
သက္ကစ္စမဖြစ်တော့အခြွေအရံကအစကိုယ့်ကိုမလေးစားဘူးပေါ့။ လူလေးစားမခံရဘူးပေါ့။
ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာအဖိုး၃သိန်းတန်တဲ့အုတ်ကျောင်းကိုရေစက်ချတဲ့နေ့မှာ ဆရာတော်ဦးဗုဓ်ဟာ
ကန်တော့ခန်းပြီးတာတောင်သီလမပေးဘူးတဲ့။ ဘာလို့လဲဆိုတော့ ဘကြီးတော်ဟာထိခြင်းငါးပါးနဲ့မရှိခိုးပဲခေါင်းအုံးခံထားလို့တဲ့။
ခေါင်းအုံးဖယ်ပြီးတာတောင် ရှိခိုးတာအချိုးကျမှ သီလပေးသတဲ့ဗျာ။
Credit:မင်္ဂလာသတင်းစဉ် မှ ကူးယူဖော်ပြသည်။
Zawgyi
ရဟန္းသံဃာကို ဖိနပ္မခြၽတ္ပဲ လႉရင္ အလႉေျမာက္ပါသလား
ရဟန္းသံဃာကို လႉရင္ ဖိနပ္ခြၽတ္ၿပီးမွ လႉရတယ္လို႔ မိဘဆရာမ်ားက သင္ခဲ့ၾကပါတယ္။ ဖိနပ္မခြၽတ္ပဲ လႉခဲ့ရင္ အလႉေျမာက္ပါသလား။
အက်ိဳးအပစ္ရွိပါသလား။
ရဟန္းေတြရဲ႕ ၂၂၇ သြယ္ေသာ သိကၡာပုတ္မွာ ေျခနင္း၊ဖိနပ္ စီးထားေသာသူကို တရားမေဟာရဟု ပါရွိပါတယ္။ ဒါေၾကာင့္ အကယ္၍
မိမိမွ ဖိနပ္မခြၽတ္ပဲ လႈဒါန္းရင္ အလႈခံ ရဟန္းမွ တရားေဟာေျပာျခင္လွ်င္ေတာင္မွ ေဟာေျပာခြင့္ မရ ျဖစ္ေနမွာ ျဖစ္တဲ့အတြက္ေၾကာင့္
ဖိနပ္မစီးသင့္ပါဘူး။ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းဝင္လွ်င္ ဖိနပ္ခြၽတ္ဝင္ ၾကေသာ သေဘာတရားနဲ႔ အတူတူပါပဲ။ သာသနာေတာ္မွာ
သီးသန႔္ သတ္မွတ္(ဖိနပ္ခြၽတ္ရမည္ဟု) ထားတာ မေတြ႕ရွိပါ။
ဖိနပ္မခြၽတ္လည္းအလႉေတာ့ေျမာက္တယ္ ဒါေပမယ့္ သကစၥမျဖစ္ပါဘူး။ ဒါနအက်ိဳးရတယ္ သကစၥအက်ိဳးမရပါဘူး။
သကၠစၥဆိုတာ႐ို႐ိုေသေသလႉတာ ေလးေလးစားစားလႉတာကိုေျပာတာပါ။ ဒါနအက်ိဳးေၾကာင့္ႂကြယ္ဝမယ္၊ အေႁခြအရံေပါမယ္။ ဒါေပမယ့္
သကၠစၥမျဖစ္ေတာ့အေႁခြအရံကအစကိုယ့္ကိုမေလးစားဘူးေပါ့။ လူေလးစားမခံရဘူးေပါ့။
ဘႀကီးေတာ္မင္းနဲ႔ မယ္ႏုတို႔ဟာအဖိုး၃သိန္းတန္တဲ့အုတ္ေက်ာင္းကိုေရစက္ခ်တဲ့ေန႔မွာ ဆရာေတာ္ဦးဗုဓ္ဟာ
ကန္ေတာ့ခန္းၿပီးတာေတာင္သီလမေပးဘူးတဲ့။ ဘာလို႔လဲဆိုေတာ့ ဘႀကီးေတာ္ဟာထိျခင္းငါးပါးနဲ႔မရွိခိုးပဲေခါင္းအုံးခံထားလို႔တဲ့။
ေခါင္းအုံးဖယ္ၿပီးတာေတာင္ ရွိခိုးတာအခ်ိဳးက်မွ သီလေပးသတဲ့ဗ်ာ။
Credit:မဂၤလာသတင္းစဥ္ မွ ကူးယူေဖာ္ျပသည္။