KBZ BANK ၏ဝန်ထမ်းကCustomer ၏ငွေယူပြေးမှုအပေါ် ဘဏ်မှတာဝန်ယူမှုမရှိသည့်ဖြစ်ရပ်ဆိုး။

ကျွန်မတို့ဆိုင်အတွက် အမြဲတမ်း ငွေလွှဲနေကြဖြစ်တဲ့ အတွက်ဘဏ်တိုင်းက အကောင့်ဖွင့်ဖို့ ငွေလွှဲဖို့ကို ဘဏ်မန်နေဂျာတွေကိုယ်တိုင်ဆိုင်ကိုလာပြီး မိတ်ဆက်တယ်အကောင့်ဖွင့်ပေးတယ်။

ငွေလွှဲရင်လည်း ဆိုင်ကိုလာယူပေးပါ့မယ်ဆိုပြီး ပြောပြီးမှ အမြဲတမ်း ငွေလာသိမ်းနေကြတွေပါ။

အခုတော့ပျဉ်းမနားမြီု့ (KBZ)ကမ္ဘောဇဘဏ်(၁)မှ မန်နေဂျာကလည်း ငွေလွှဲတွေကို ဒီဘဏ်ဝန်ထမ်းတွေမှ လာယူသိမ်းပေးပါ့မယ်ဆိုပြီး ပြောဆိုထားတဲ့အတွက် ကျွန်မတို့က ဘဏ်ကိုယုံကြည်စိတ်ချစွာနဲ့ ငွေထည့်ပေးလိုက်နေကျပါ။

ငွေလွှဲလာတာ နှစ်နဲ့ချီနေပါပြီရှင် ယခုတော့ (၂၈-၁၂-၂၀၂၁ )နေ့ကတော့ဘဏ်ဝန်ထမ်းများထဲမှ ထူးခန့်ဝင်းဆိုတဲ့သူက ငွေ၁၁၄၀၀၀၀၀/ကျပ် (သိန်းတစ်ရာ တစ်ဆယ့်လေးသိန်းကျပ်တိတိ)ကို ဘဏ်ကိုမအပ်ပဲ ထွက်ပြေးသွားပါတယ်။

အဲ့တာကို ယခုတော့ ဘဏ်မှတာဝန်ရှိသူများမှ တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မလုပ်ပေးဘဲနဲ့ အချိန်ဆွဲနေတဲ့အတွက် ကျွန်မတို့ကဘဲ အမှုဖွင့် အရေးယူမှုတွေကို ပြုလုပ်ဆောင်ရွက်နေရပါတယ်ရှင်။

ယခုလိုမျိုး တာဝန်မဲ့တဲ့ဘဏ်မျိုးကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ငွေအပ်နှံ ထည့်သွင်းဖို့ ဖြစ်နိုင်ပါတော့မလားရှင်။

ယခုငွေကိုယူသွားတဲ့သူကလည်း အမြဲတန်းလာယူနေကြဝန်ထမ်းပါဘဲ ကျွန်မတို့က သူ့ကိုယုံကြည်လို့ အလုပ်လုပ်တာ မဟုတ်ဘူးလေ ဘဏ်ကိုယုံကြည်မှုနဲ့ အလုပ်လုပ်တာပါ။

ငွေလာထုတ်သွားတဲ့သူက ပျဉ်းမနားမြို့ အောင်မင်္ဂလာ(၅)လမ်းမှ ထူးခန့်ဝင်း မှတ်ပုံတင်အမှတ် ၉/ပမနနိုင် ၂၄၅၃၄၂ ကိုင်ဆောင်သူသည် ကျွန်မတို့ရဲ့ ငွေများကိုထုတ်ယူသွားပြီး ယခုထွက်ပြေးတိမ်းရှောင်နေပါတယ်။

ကျွန်မတို့ဆီမှာ သူငွေလာထုတ်ယူတဲ့အချိန်တွေကို CCTVမှတ်တမ်း Record လည်းရယူထားပြီးသားပါရှင်။

ထွက်ပြေးတိမ်းရှောင်နေတဲ့သူကို တွေ့ခဲ့သူများရှိပါက သတင်းလေး ပို့ပြီးပြောပေးကြပါရန် အနူးအညွတ် အထူးမေတ္တာရပ်ခံ အကူညီ တောင်းခံပါတယ်ရှင်။

တွေ့ရှိခဲ့လျှင် ယခုဖုန်းနံပါတ် ( 0943156851 )သို့ ဆက်သွယ် အကြောင်းကြား ကူညီပေးစေလိုပါတယ်ရှင့် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဆိုပြီး ရေးသားအကူအညီတောင်းထားပါတယ်။

ဒီနေရာမှာ တစ်ခုဘဝင်မကျတာက ဘဏ်ရဲ့တာဝန်ယူမှု တာဝန်ခံမှုပါပဲ။ ဘဏ်ကခန့်ထားတဲ့ဝန်ထမ်းက ခုလိုလုပ်သွားတာ ဘဏ်မှာပဲတာဝန်အပြည့်အဝရှိနေတာပါ။ Customerနဲ့ဘာမှမဆိုင်တော့ပါဘူး။

ဘာလို့ဆိုတော့ ဘဏ်ကတာဝန်ပေးပြီး လာယူခိုင်းတဲ့သူကိုပဲ ငွေပေးလိုက်ရတာဖြစ်လို့ ဘဏ်ကိုရောက်ခြင်းမရောက်ခြင်းက Customerနဲ့ မဆိုင်တော့ပါ။

ကျွန်မတို့ဆိုင်အတွက် အမြဲတမ်း ငွေလွှဲနေကြဖြစ်တဲ့ အတွက်ဘဏ်တိုင်းက အကောင့်ဖွင့်ဖို့ ငွေလွှဲဖို့ကို ဘဏ်မန်နေဂျာတွေကိုယ်တိုင်ဆိုင်ကိုလာပြီး မိတ်ဆက်တယ်အကောင့်ဖွင့်ပေးတယ်။

ငွေလွှဲရင်လည်း ဆိုင်ကိုလာယူပေးပါ့မယ်ဆိုပြီး ပြောပြီးမှ အမြဲတမ်း ငွေလာသိမ်းနေကြတွေပါ။

အခုတော့ပျဉ်းမနားမြီု့ (KBZ)ကမ္ဘောဇဘဏ်(၁)မှ မန်နေဂျာကလည်း ငွေလွှဲတွေကို ဒီဘဏ်ဝန်ထမ်းတွေမှ လာယူသိမ်းပေးပါ့မယ်ဆိုပြီး ပြောဆိုထားတဲ့အတွက် ကျွန်မတို့က ဘဏ်ကိုယုံကြည်စိတ်ချစွာနဲ့ ငွေထည့်ပေးလိုက်နေကျပါ။

ငွေလွှဲလာတာ နှစ်နဲ့ချီနေပါပြီရှင် ယခုတော့ (၂၈-၁၂-၂၀၂၁ )နေ့ကတော့ဘဏ်ဝန်ထမ်းများထဲမှ ထူးခန့်ဝင်းဆိုတဲ့သူက ငွေ၁၁၄၀၀၀၀၀/ကျပ် (သိန်းတစ်ရာ တစ်ဆယ့်လေးသိန်းကျပ်တိတိ)ကို ဘဏ်ကိုမအပ်ပဲ ထွက်ပြေးသွားပါတယ်။

အဲ့တာကို ယခုတော့ ဘဏ်မှတာဝန်ရှိသူများမှ တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မလုပ်ပေးဘဲနဲ့ အချိန်ဆွဲနေတဲ့အတွက် ကျွန်မတို့ကဘဲ အမှုဖွင့် အရေးယူမှုတွေကို ပြုလုပ်ဆောင်ရွက်နေရပါတယ်ရှင်။

ယခုလိုမျိုး တာဝန်မဲ့တဲ့ဘဏ်မျိုးကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ငွေအပ်နှံ ထည့်သွင်းဖို့ ဖြစ်နိုင်ပါတော့မလားရှင်။

ယခုငွေကိုယူသွားတဲ့သူကလည်း အမြဲတန်းလာယူနေကြဝန်ထမ်းပါဘဲ ကျွန်မတို့က သူ့ကိုယုံကြည်လို့ အလုပ်လုပ်တာ မဟုတ်ဘူးလေ ဘဏ်ကိုယုံကြည်မှုနဲ့ အလုပ်လုပ်တာပါ။

ငွေလာထုတ်သွားတဲ့သူက ပျဉ်းမနားမြို့ အောင်မင်္ဂလာ(၅)လမ်းမှ ထူးခန့်ဝင်း မှတ်ပုံတင်အမှတ် ၉/ပမနနိုင် ၂၄၅၃၄၂ ကိုင်ဆောင်သူသည် ကျွန်မတို့ရဲ့ ငွေများကိုထုတ်ယူသွားပြီး ယခုထွက်ပြေးတိမ်းရှောင်နေပါတယ်။

ကျွန်မတို့ဆီမှာ သူငွေလာထုတ်ယူတဲ့အချိန်တွေကို CCTVမှတ်တမ်း Record လည်းရယူထားပြီးသားပါရှင်။

ထွက်ပြေးတိမ်းရှောင်နေတဲ့သူကို တွေ့ခဲ့သူများရှိပါက သတင်းလေး ပို့ပြီးပြောပေးကြပါရန် အနူးအညွတ် အထူးမေတ္တာရပ်ခံ အကူညီ တောင်းခံပါတယ်ရှင်။

တွေ့ရှိခဲ့လျှင် ယခုဖုန်းနံပါတ် ( 0943156851 )သို့ ဆက်သွယ် အကြောင်းကြား ကူညီပေးစေလိုပါတယ်ရှင့် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဆိုပြီး ရေးသားအကူအညီတောင်းထားပါတယ်။

ဒီနေရာမှာ တစ်ခုဘဝင်မကျတာက ဘဏ်ရဲ့တာဝန်ယူမှု တာဝန်ခံမှုပါပဲ။ ဘဏ်ကခန့်ထားတဲ့ဝန်ထမ်းက ခုလိုလုပ်သွားတာ ဘဏ်မှာပဲတာဝန်အပြည့်အဝရှိနေတာပါ။ Customerနဲ့ဘာမှမဆိုင်တော့ပါဘူး။ ဘာလို့ဆိုတော့ ဘဏ်ကတာဝန်ပေးပြီး လာယူခိုင်းတဲ့သူကိုပဲ ငွေပေးလိုက်ရတာဖြစ်လို့ ဘဏ်ကိုရောက်ခြင်းမရောက်ခြင်းက Customerနဲ့ မဆိုင်တော့ပါ။