
မန်းလေး မိန်းပေါက်က အသက်၇၃နှစ်အရွယ် အဖွားရဲ့ ပြောင်းဖူးဖုတ်လေးအကြောင်း

တခါတလေ ရောင်းမကုန်တဲ့ရက်တွေ ရှိတဲ့အခါရပ်ကွက်ထဲက ကလေးတွေ ဝေပစ်လိုက်ရတာတဲ့၊ အရင်တုန်းက ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်းတာတဲ့၊ အဲ့လိုရောင်းတော့ မောတာရယ်၊ ကားလမ်း ကူးရတဲ့ ဒုက္ခတွေရယ်ကြောင့် အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာတဲ့၊

အသက်က ၇၃ နှစ်တဲ့၊ အမေကြီး ရောင်းရစေချင်လို့ ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့၊ ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါ၊

နီးတဲ့အဆောင်သူလေးတွေ ရှိရင် အမေကြီးဆီက အား ပေးလိုက်ကြပါအုံးနော် ၊ အခုကာလမှာ အိမ်ငှားခပေးဖို့ရော၊ စားသောက်ဖို့ရော မလွယ်တာမို့ အမေကြီးကို ကူ ညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်ကို အားပေးလိုက်ကြပါအုံးနော်။ လိပ်စာက လမ်း၄၀/၇၁ ပါ ရှင့်။

ပြောင်းဖူးဖုတ်ရောင်းတဲ့ အမေကြီးကို လမ်းမှာတွေ့ရင် ကူညီပေးလိုက်ကြပါဦးဗျာ။ မန္တလေးကလို့ သိရပါတယ် ။စေတနာရှင်များအနေနဲ့ အမေကြီးနေဖို့ အိမ်ကိုပါ စီစဉ်ပေးရင် ပိုအဆင်ပြေနိုင်မယ်လို့ အကြံပြုလိုက်ပါရစေ ခင်ဗျာ။

Crd

zawgyi






Crd