ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးနေကြသော စည်းမျဉ်းဥပဒေများကတော့ များစွာသော ကွဲပြားခြားနားမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။
အချို့နိုင်ငံတွင် မြေကြီးထဲရရှိသော အဖိုးတန်ပစ္စည်းများအားလုံးကို နိုင်ငံတော်ပိုင်အနေဖြင့် သိမ်းယူကြပြီး အချို့နိုင်ငံကတော့ ပြည်သူ၏ပိုက်နက်ထဲတွင်တွေ့ရှိပါက ကိုယ်ပိုင်အနေဖြင့် သတ်မှတ်ပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Pembarthကျေးရွာတွင် အမျိုးသားတစ်ဦးဟာ အိမ်ဆောက်ရန်အတွက် မြေးတူးရာမှ ရွှေ ငွေနှင့် ပတ္တမြားတွေအပြည့်ထားသည့် အိုးတစ်လုံးကို တူးဖော်ရရှိခဲ့ပါတယ်။
အမျိုးသားဟာလည်း အလွန်ပျော်ရွင်နေခဲ့ပြီး အာဏာပိုင်တွေကို အကြောင်းကြားအသိပေးလိုက်ပါတယ်။
ထိုအခါမှ ရွှေအိုးကြီးကို သိမ်းဆည်းသွားခဲ့ပြီးအပြင် အိမ်ဆောက်မှုလုပ်ငန်းကိုလည်း ရပ်နားထားဖို့ အမိန့်ပေးခံလိုက်ရပါတယ်။
Crd

zawgyi
Crd