အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပြောပြတဲ့ ချမ်းသာချင်ရင်ဖင်မြဲမှ
ချမ်းသာချင်ရင် ဖင်မြဲမှ (၁) ကျောက်သူဌေးတယောက်ကပြောဘူူးပါတယ် သူ ခုလိုချမ်းသာခဲ့တာ ဖင်မြဲလို့ပါတဲ့ ရှင်းပြအုန်းလို့ ဆိုတော့ ငါပွဲစားဘတုန်းကပေါ့…
ငါကျောက်တူးတဲ့တွင်းသားကနေ ပွဲစား ပွဲစားကနေ ဝယ်ရောင်း နောက် ကုန်သည်ကျောက်သူဌေးဖြစ်အောင် ပန့်ပိုးခဲ့တာ ဖင်မြဲခဲ့လို့ဘဲကွ တွင်းတူးတုန်းက တွင်းထဲမှာငါဖင်မြဲတယ်အလုပ်ကြိုးစားတော့သဌေးကချစ်တယ်။
ဘောက်ဆူးပေးတယ် ကျောက်နဲနဲနားလည်လာတော့ ရတဲ့ပိုက်ဆံလေးနဲ့ ပွဲစားလုပ်တယ်ပွဲစားလုပ်တော့လည်း ငါပွဲစားတန်းမှာ အချိန်မှန်မှန် ထိုင်နေကျနေရာမှာ အမြဲအရောက်သွား မှန်မှန်ထိုင်တော့ ကျောက်ရောင်းချင်သူတွေက ငါထိုင်နေကျနေရာမှာမမြဲလာရှာတယ်။
အမြဲတွေ့တော့ ငါကိုဘဲအားကိုးကြ ရောင်းကြ ဝယ်ကြရင်နဲ့ အမြတ်ရပြီးလုပ်ငန်း အဆင်ပြေချမ်းသာလာတာဘဲအဲ အခုလို လုပ်ငန်းကြီးလာတော့ အိမ်မှာဖင်မြဲပြီး တယ်လီးဖုန်းဖွင့်ပြီး အမြဲစောင့်နေရတာပါဘဲလို့ရှင်းပြပါတယ်။
ဖင်မြဲတယ်ဆိုတာ ကိုယ့်အလုပ်ချိန်မှာဘယ်မှမသွားဘဲအလုပ်မှာအာရုံစိုက် အလေးထားတာကိုဆိုလိုတာပါဒီလိုဘဲ ကိုယ် နှုတ် စိတ် အားလုံးအလုပ်ထဲမှာစိတ်မြဲ ဖင်မြဲကြရင်တော့ အောင်မြင်သူတယောက်ဖြစ်မှာပါ
လူမှု့ရေးများနှင့်အချိန်ကုန်နေပြီး အလုပ်မှာ အားထည့်မှု့နည်းနေသူများအတွက်ရည်ရွယ်ပါတယ် (နောက်ဆက်၂တွဲဆက်ရေးပါအုန်းမည်)စာတစ်လုံးကြောင့် ဖင်မြဲနိုင်ကြပါစေ။
ခရက်ဒစ်
ချမ်းသာချင်ရင် ဖင်မြဲမှ (၁) ကျောက်သူဌေးတယောက်ကပြောဘူးပါတယ် သူ ခုလိုချမ်းသာခဲ့တာ ဖင်မြဲလို့ပါတဲ့ ရှင်းပြအုန်းလို့ ဆိုတော့ ငါပွဲစားဘတုန်းကပေါ့…
ခရက်ဒစ်