လုံးဝ မပေါ့ဆသင့်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုများ…

အချို့ကျန်းမားရေးပြသနာတွေက အစောပိုင်းအခြေအနေတွေမှာဆိုရင် သင့်ကို ဘာမှ ဒုက္ခမပေးတော့ သင်တို့လည်း ဆရာဝန်သွားမပြကြတာတော့ မထူးဆန်းပါဘူး

ဒါပေမယ့်လည်း ဒီလိုကျန်းမာရေးပြသနာတွေကလည်း စောစောသိရှိထားလေ ကုသရတာ ပိုလွယ်ကူလေပဲဖြစ်ပါတယ်

တချို့အခြေအနေမျိုးမှာဆိုရင် ကြိုသိထားတာက သင်တို့ရဲ့ အသက်ကိုပါ ကယ်တင်နိုင်ပါသေးတယ်။ ဥပမာ ကင်ဆာရောဂါလိုမျိုးတွေဆိုရင် စောသိထားတာက ကုသဖို့ လုံး၀ အဆင်ပြေစေပါတယ်

နောက်ကျမှ သိခဲ့ရင်တော့ မတွေးဝံ့စရာပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ သင့် ခန္ဓာကိုယ်ပြောင်းလဲမှုကနေ ဖော်ပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေတွေကို ဖော်ပြပေးသွားပါမယ်

တွန့်နေတဲ့ လျှာ

ဒါကတော့ လျှာက ပုံမှာ ပြထားတဲ့အတိုင်း တွန်နေတာပဲဖြစ်ပါတယ်။ အဲ့တာဖြစ်ရတာကတော့ လျှာယောင်ယမ်းမှုကြောင့်ပဲဖြစ်ပြီး

ဒီလိုယောင်ယမ်းမှုကိုတော့ ဆရာဝန်ထိသွားပြဖို့တော့ မလိုပါဘူး။ တကယ်တော့ အဲ့တာက ရေဓာတ်နည်းပါမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုလျှာတစ်ခုတည်းဖြစ်တာမဟုတ်ပဲ ကြွက်တက်တာတို့ကော၊ ဆံပင်ကျွတ်တာတို့ကော၊ သွေးဖိအားနည်းတာတို့ပါ တစ်ခါတည်းဖြစ်နေတာဆိုရင်တော့ ဆရာဝန်သွားပြပြီး အဖြေရှာကြည့်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

လက်သည်းပေါ်က အမဲကြောင်း

လက်သည်းခြေသည်းတွေက လူတစ်ယောက်ရဲ့ကျန်းမာရေးကိုဖော်ပြတဲ့နေရာမှာ အရမ်းအသုံးဝင်ပါတယ်။

လက်သည်းပါးတာတို့ ထူတာတို့ကတော့ သဘာအတိုင်းဖြစ်နေတာမို့ စိတ်ပူစရာမလိုပေမယ့် သူတို့ရဲ့ ပုံစံတို့ အရောင်တို့ ပြောင်းလဲမှုရှိပြီဆိုရင်တော့ သတိထားဖို့ လိုပါတယ်။

လိုအပ်ရင် ဆရာဝန်နဲ့ ပြဖို့လိုပါလိမ့်မယ်။လက်သည်းမှာပေါ်တဲ့ ဒေါင်လိုက်အမဲရောင်ဆိုတာကတော့ အရေပြားကင်ဆာရောဂါတစ်မျိုးရဲ့ လက်ခဏာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ သင့်လက်သည်းကို တစ်ခုခုထိခိုက်မှုမရှိထားပဲ ဒီလိုအမဲကြောင်းက ရုတ်တရက်ပေါ်လာတယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

အရေပြား ထူပြီး မဲလားခြင်း

သင့်ရဲ့ ဂျိုင်းကြားတို့ လည်ပင်းတို့လို အရေပြားကို ခေါက်ဆန့်ပြုလုပ်ရတဲ့နေရာမျိုးတွေမှာ အရေပြားက အညိုရောင်ဖြစ်ဖြစ် အဝါရောင်ဖြစ်ဖြစ်ပြောင်းသွားပြီး ထူထူမဲမဲကြီးတွေဖြစ်လာပြီဆိုရင် လျှစ်လျူရှုထားလို့ မရပါဘူး။

ဒါကတော့ အင်စူလင်ရဲ့ ခုခံမှုကြောင့်ဖြစ်ပေါ်လာတတ်ပြီး သင့်ခန္ဓာကိုယ်က အင်စူလင်ကို ပုံမှန်တုန်းပြန်နေကြအတိုင်း မတုံးပြန်နိုင်တော့လို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ Type 2 ဆီးချိုရောဂါကို ဖြစ်တော့မယ့် လက်ခဏာပဲဖြစ်လို့ ဆရာဝန်ကို သွားပြသင့်ပါတယ်။

မှေးရိုးမှာ ဝက်ခြံထွက်ခြင်း

လူတွေရဲ့ အရေပြားထဲမှာဆိုရင် သေးငယ်လွန်းလှတဲ့ သဘာဝအဆီတွေထုတ်ပေးတဲ့ အကျိတ်လေးတွေရှိကြပါတယ်။ ဒီအဆီတွေကလည်း အရေပြားအပေါက်လေးတွေကနေ အပြင်ကိုထွက်လာကြပါတယ်။

အမျိုးမျိုးသောအကြောင်းပြချက်တွေကြောင့် ဒီအဆီထုတ်ပေးတဲ့ အကျိတ်တွေက ကျနော်တို့ အရေပြားက လိုအပ်ထာထက် ပိုထုတ်လာတဲ့အခါမှာတော့ အရေပြားပေါ်က အပေါက်တွေ ပိတ်ကုန်တော့တာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် ခုလို မှေးရိုးတစ်လျှောက် ဝက်ခြံတွေထွက်တာက ဟော်မုန်းမညီမျှခြင်းကြောင်ပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ယောင်္ကျားလေး ဟော်မုန်းများလာတာကြောင့် ခုလို အဆီထုတ်တဲ့အကျိတ်လေးတွေကို ဆွသလိုဖြစ်ပြီး အဆီတွေ လိုအပ်တာထက် ပိုထွက်လာရတာပဲ ဖြစ်ပါတယ်။

လက်ချောင်းတွေ နာကျင်လာခြင်း

လက်ချောင်းတွေ ထူလာပြီး ထိရင်နာသလိုဖြစ်နေတယ်ဆိုရင်တော့ ဒါက အဆုတ်ကင်ဆာရဲ့ လက်ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

အဆုတ်မှာ အကျိတ်ဖြစ်လာပြီဆိုရင် ဒီအကျိတ်တွေက သွေးထဲကို ဓာတုပစ္စည်းတစ်မျိုး ထုတ်လွတ်လိုက်ပြီး အဲ့ဒီ ဓာတုပစ္စည်းတွေက လက်သည်းအောက်နဲ့ လက်ချောင်းထပ်က ကြွက်သားတွေမှာ တစ်ရူးတွေကို တိုးပွားလာစေပါတယ်။

ဒါကြောင့် သင့်ရဲ့ လက်ချောင်းတွေ ထူပြီး နာကျင်သလိုခံစားရတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြလိုက်တာကောင်းပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်တာပဲ မဟုတ်ဘူးလား။

အသားနဲ့ မျက်လုံးတွေ ဝါလာခြင်း

အသားအရေတွေ နဲ့ မျက်လုံးတွေက ဝါလာတယ်ဆိုရင်တော့ ဒါက အသည်းနဲ့ ပတ်သတ်တဲ့ ပြသနာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီလိုဝါလာရတာကလည်း သွေးထဲမှာ ဓာတုပစ္စည်းတစ်မျိုးများလာခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲပြသနာတွေ မဖြစ်လာစေဖို့ ဆရာဝန်နဲ့သွားပြဖို့လိုအပ်ပါတယ်နော်။

မျက်လုံးအောင်မှာ အမဲရောင်ဖြစ်နေခြင်း

ဒီလို မျက်လုံးအောက်မှာ စက်ဝိုင်းလို အမဲရောင်ဖြစ်နေတယ်ဆိုတာကတော့ လူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံကြောင်ပဲ ဖြစ်ပါတယ်။

အိပ်ရေးမဝလို့ကြောင့် ဒါမှ မဟုတ် နေထိုင်မှုပုံစံမမှန်ကန်တာကြောင့် ခုလို မျက်လုံးအောက်နားမှာ အမဲရောင်တွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သင့်ကိုယ်သင် ဂရုစိုက်ဖို့ လိုအပ်ကြောင်း သတိပေးနေတာပဲ ဖြစ်ပါတယ်။

မျက်ခုံးမွေး ပါးလာခြင်း

အသက်ကြီးလာလို့ သဘာဝအလျောက် ဆံပင်တွေ၊ မျက်ခုံမွေးတွေ ပါးလာတာကို ဆိုလိုချင်တာမျိုး မဟုတ်ပါဘူး။

ရုတ်တရက်နေလို့ မိမိရဲ့ မျက်ခုံးမွှေးတွေ ပါးလာခဲ့တယ်ဆိုရင် ဒါဟာ သိုင်းရွိုက် အကျိတ်က အလုပ်ကောင်းကောင်း မလုပ်လို့ပဲ ဖြစ်ပါတယ်။

သဘောက သိုင်းရွိုက် အကျိတ် က လိုအပ်တဲ့ ဟော်မုန်းကို နည်းထုတ်နေတာဖြစ်ဖြစ် ဒါမှမဟုတ် များထုတ်နေလို့ပဲဖြစ်ပါတယ်။

နည်းပဲ ထုတ်ထုတ် ၊ များပဲ ထုတ်ထုတ် အဆိုပါ အခြေအနေ နှစ်မျိုးလုံးက ခန္ဓာကိုယ်ပေါ်က အမွေးတွေကို ပါးလာစေပါတယ်။

လူတွေက သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမြင်တွေ ခဏခဏ ဆုံးရှုံးကြလေ့ရှိကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆုံးရှုံးသွားတဲ့ အမွေးတွေနေရာမှာ အသစ်ပြန်လည်ပေါက်လာလေ့ရှိကြပါတယ်။

ပြန်မပေါက်လာတော့ဘူးဆိုရင်တော့ ဒါက ဟော်မုန်း မမျှတမှုကြောင့်ပဲဖြစ်ပါတယ်။ အဆိုပါ ဟော်မုန်း မမျှတခြင်းက ဆံပင်တွေရဲ့ အမြစ်တွေကို ထိခိုက်လာပြီးတော့ ဆံပင်သစ် ပြန်လည် ပေါက်လာခြင်း မရှိတော့ပါဘူး။

ခုပြောပြသွားတဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင် သတိထားဖို့ လိုပါတယ်နော်။ ပရိသတ်တို့ကော အခြားဘာပြောင်လဲမှုတွေကို သတိထားဖို့ လိုသေးလဲဆိုတာ သိရင် ကွန်းမန့်မှာ ဝေမျှနိုင်ပါတယ်။

Crd#