အခိုးခံရတဲ့ I phone ကို နည်းပညာသုံးပြီး အိမ်အထိပြန်လိုက်ယူနိုင်ခဲ့တဲ့နည်းလမ်းကို မျှဝေပေးခဲ့တဲ့ မိန်းမချောလေး။
ဖုန်းအခိုးခံရတာကို ဘယ်လိုပြန်ရခဲ့တာလဲ လာမေးနေကြလို့ ကြုံခဲ့ရတာလေးကို စေတနာနဲ့ပြန်လည်မျှဝေပေးတာပါရှင့်။
Find My IPhone ကနေရှာပြီး ပြန်ရခဲ့တာပါ ကံကောင်းချင်တော့ ဖုန်းက IOS နောက်ဆုံး Version တင်ထားပါတယ်ရှင့် ( Update ထွက်တာနဲ့ ချက်ချင်းတင်တတ်တဲ့ အကျင့်လေးရှိတာလည်းမှန်သွားပါတယ် )
IOS နောက်ဆုံးဗားရှင်းတင်ထားတော့ ဟိုဘက်ကပါဝါပိတ်ထားတာတောင် ဖုန်းရဲ့တည်နေရာကို ဆက်တိုက်ပြပေးနေတာပါရှင့် ပျောက်ခါစကတော့ ပူထူပြီး iCloud ယော password ယောဘာတစ်ခုမှကိုမမှတ်မိ ( ငိုဖို့ပဲသိတာ )
သွေးအေးအေးနဲ့ ည ၁၀ နာရီလောက်ရောက်မှ အိမ်ကဖုန်းထဲ ကိုယ် ICloud ထည့်ထားတာကိုသတိရပြီး Find My phone ထဲကနေ ဝင်ရှာတော့မှ Location တန်းပေါ်လာတာ Location ကည ၁၀ နာရီလောက်မှ သိရတာဆိုတော့
ဒီကာလကြီး အပြင်လည်းထွက်မရ ဘာမှလည်းလုပ်မရ တစ်ညလုံးလည်းအိမ်မရတော့ ဖုန်းတည်နေရာပဲ ထိုင်ကြည့်နေရတယ် ( နေရာရွေ့မှာစိုးလို့ )
မနက်ခင်းလင်းတာနဲ့ အစောကြီးထပြီး အဲ့ပတ်ဝန်းကျင်ကို လေးခါးခေါက်ပတ် တည်နေရာသေချာအောင်အရင်ရှာ တည်နေရာသေချာတော့မှ ရပ်ကွက်သက်ဆိုင်ရာလူကြီးနဲ့ နယ်ထိန်းတစ်ယောက်နဲ့ခေါ်ပြီး အဲ့အိမ်ထဲဝင်ရတယ်။
တစ်ဆင့်ပြန်ဝယ်ထားတဲ့အိမ်ဖြစ်နေတော့ တော်တော်လေးကို အာပေါက်အောင်ပြောယူပြီးနောက်ဆုံးတော့လည်းပြန်ရခဲ့ပါတယ်။
ကံကောင်းသွားတာ တစ်ခုက Lost Mood မချလိုက်တာပါရှင့် ဖုန်းပျောက်ပျောက်ချင်း ပူထူပြီးနီးစပ်ရာ ဖုန်းဆိုင်ပြေးတော့ ဖုန်းဆိုင်က Lost Mood မချဖို့ အတန်တန်မှာလိုက်တာ သူစကားနားထောင်လိုက်တာမှန်သွားတာ။
Lost Mood ချလိုက်ရင် ပြန်ရဖို့ % နည်းသွားပြီး ဟိုဘက်ကလည်း Password ဖြေလို့ရသွားမှာလို့ပြောပါတယ်။
( ဖုန်းဆိုင်ကပြောပြလို့ Lost Mode မလုပ်လိုက်မိတာပါရှင့် ဘာကြောင့်မလုပ်ရလဲတော့ ကိုယ်တိုင်လည်းသေချာနားမလည်ပါဘူးရှင့် ဖုန်းရောင်းတဲ့အသိအကိုကလည်း မရတဲ့အဆုံးမှ Lost Mode on ဖို့ပြောလို့ပါ )
ဖုန်းပျောက်ခဲ့ရင် အခိုးခံရရင်တောင် ပြန်ရှာလို့ရအောင် iOS နောက်ဆုံး Version လေးတင်ထားကြနော်။
Credit : Hnin Thiri Aung(Thiri)
Zawgyi