မန္တလေးသတင်းကွန်ရက်
Unicode
ဖုန်းလုတဲ့သူတွေကို ဆိုင်ကယ်ချင်း ယှဉ်တိုက်ပြီး ရု ပ်ရှင် ဆန်ဆန် အမိဖမ်းလိုက်တဲ့ အာဂ မန္တလေးသူ အမျိုးသမီး မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ ၄၁ လမ်းနှင့် ၈၇ လမ်းထောင့် အနီးတွင် ဇန်နဝါရီ ၁ ရက် ည ၆ နာရီ အချိန်ကဆိုင်ကယ်စီး အမျိုးသမီး တစ်ဦးရဲ့ ဖုန်းကို ဆိုင်ကယ်စီး အမျိုးသား နှစ်ဦးက လုယူခဲ့ တယ်လို့ သိရပါတယ်။
ထို အမျိုးသမီးသည် ဖုန်းလု ယူ ထွက်ပြေး သွားတဲ့ဆိုင်ကယ်ကို ချက်ချင်းနောက်က လိုက်၍တိုက်လှဲချကာ အနီးရှိ ပြည်သူ များ၏ ကူညီမှုဖြင့် လုယက်သူ များအား ဖမ်းဆီရမိလိုက်ကြောင်း မျက်မြင် တွေ့သူများက လူမှုကွန်ရက် ပေါ်ရေးသားချက် အရ သိရပါတယ်။
အဆိုပါ အမျိုးသမီးသည် ဆိုင်ကယ်စီးရင်း ဖုန်းပြောနေစဉ် ထရော့ကာ အမျိုးအစား ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သူမ၏ ဖုန်းကို လုယူ ထွက်ပြေးခြင်း ဖြစ်ပါတယ်။
“အာဂသတ္တိရှိတဲ့ အမျိုးသမီးပါပဲ။ သူသာ စွန့်စားပြီး ရဲရဲဝံ့ဝံ့နဲ့ အခုလို နောက်ကလိုက်တိုက်ပြီး မဖမ်းဘူဆိုရင် လုယက် သူတွေ သေချာပေါက် လွတ်သွားမှာ”ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူအမျိုးသားက ဆိုပါတယ်။
မန္တလေးမြို့တွင် ဆိုင်ကယ်စီး၍ အုပ်စုဖွဲ့ကာ လုယက် မှုများသည် နေ့ခင်းပိုင်း လူရှင်းသည့် လ မ်းမကြီး များပေါ်တွင်ပါ မကြာခဏ ဆိုသလို ဖြစ်
ပွား နေသည်ဟု ကြားသိရပြီး ပစ္စည်း လုခံ ရသည့်အပြင် အသက်အန္တရာယ် ကိုပင် ခြိမ်းခြောက် ရန်ရှာခံရ ခြင်းများရှိကြောင်း ကိုယ်တွေ့ ကြုံသူများက လူ မှုကွန်ရက် ပေါ်သို့ ရေးသားသတိ ပေးချက်များ အ ရ သိရပါတယ်။
မန္တလေးသတင်းကွန်ရက်