၂၀၂၂ ခုႏွစ္တြင္ မင္းေအာင္လႈိင္ႏွင့္စစ္ဘက္ေခါင္းေဆာင္မ်ား ပ်က္စီးကိန္းႀကဳံလိမ့္မည္ဟု နကၡတၱေဗဒကြၽမ္းက်င္သူက ေဟာကိန္းထုတ္၊ မႏၲေလးမဟာသၾကၤန္စာက မင္းရာဇာႏွင့္ မိဖုရားအေပါင္း အႏၲရာယ္က်မည္ဟု ေဖာ္ျပ
ရန္ကုန္၊ ဇန္နဝါရီ ၂
လာမည့္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလမွစတင္ၿပီး အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ႏွင့္စစ္ဘက္ ေခါင္းေဆာင္မ်ား ပ်က္စီးကိန္းႀကဳံရလိမ့္မည္ျဖစ္ ေၾကာင္း နကၡတၱေဗဒကြၽမ္းက်င္သူတစ္ဦးက ေဟာကိန္းထုတ္လိုက္သည္။
ယခု ၂၀၂၂ ခုႏွစ္သည္ ၿဂိဳလ္သေဘာတရားမ်ားအရ အလြန္ထူးျခားေသာ ႏွစ္ျဖစ္ၿပီး အေျပာင္း အလဲ ႀကီးႀကီးမားမား ႀကဳံေတြ႕ရမည္ျဖစ္ေၾကာင္း၊ ၂၀၂၂ ခုႏွစ္၏ ၿဂိဳလ္မ်ား ရပ္တည္မႈသည္ အလြန္ထူးျခားေၾကာင္း ေျပာဆိုသည္။
“၂၀၂၁ ဒီဇင္ဘာလ ၅ ရက္ေန႔ ကစၿပီး စစ္ေကာင္စီကို ဆန႔္က်င္ေတာ္လွန္တဲ့ ျပည္သူလူထုရဲ႕စိတ္ဓာတ္ဟာ အထူးျမင့္မားလာၿပီး၊ ဒီဇင္ဘာလအတြင္း တိုက္ပြဲမ်ား အရွိန္အဟုန္နဲ႔ ျဖစ္ပြားခဲ့ပါတယ္။ ဇန္နဝါရီလ လဆန္းမွ လလယ္အထိဟာ စစ္ေကာင္စီတပ္မ်ား အက်အဆုံးမ်ားျပားမယ့္ ကာလျဖစ္ပါတယ္။
၂၀၂၂ ဇန္နဝါရီလ ဒုတိယပတ္မွာ စစ္ေကာင္စီအေနနဲ႔ သံတမန္ေရးရာ လွည့္ ျဖားမႈတစ္ခု ျပဳလုပ္မွာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ၂၀၂၂ ဇန္နဝါရီလ လလယ္မွာ ျပည္သူလူထုကို အလြန္အားတက္ေစမယ့္ သတင္းစကားေကာင္းမ်ား စတင္ ၾကားသိရမွာ ျဖစ္ပါတယ္။
ျပည္ပအကူအညီအေထာက္အပံမ်ားလည္း လက္ခံ ရရွိပါလိမ့္မယ္။ ေဖေဖာ္ဝါရီလနဲ႔ မတ္လဟာ သံတမန္ေရးရာတိုက္ပြဲမ်ား၊ ေျမျပင္စစ္ေရးတိုက္ပြဲမ်ားဆက္တိုက္ရွိေနမွာ ျဖစ္ပါတယ္” ဟု နကၡတၱေဗဒကြၽမ္းက်င္သူက ဆိုသည္။
ျပည္သူမ်ား၏ ေအာင္ပြဲမ်ားသည္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္မွစတင္မည္ျဖစ္ၿပီး လွ်င္ျမန္သည့္ အရွိန္အဟုန္မ်ားျဖင့္ ထင္သာျမင္သာ ေအာင္ပြဲမ်ားရရွိလိမ့္မည္ျဖစ္ေၾကာင္း၊ ၂၀၂၂ ခုႏွစ္ ဧၿပီလမွစတင္ၿပီး မင္းေအာင္လႈိင္ႏွင့္စစ္ဘက္ေခါင္းေဆာင္မ်ား ပ်က္စီးကိန္းႀကဳံလိမ့္မည္ျဖစ္သည္ဟု ၎က ဆိုသည္။
“၂၀၂၂ ေဖေဖာ္ဝါရီလကုန္ပိုင္းကေန စၿပီး လွ်င္ျမန္တဲ့ အရွိန္အဟုန္နဲ႔ ထင္သာျမင္သာတဲ့ ျပည္သူ႔ေအာင္ပြဲအခ်ိဳ႕ စတင္ရရွိလာပါလိမ့္မယ္။ မတ္လ၊ ဧၿပီ လမ်ားမွာ စစ္ေရး လႈပ္ရွားမႈေတြ ႀကီးစိုးေနမွာ ျဖစ္ပါတယ္။
၂၀၂၂ ဧၿပီလကုန္ပိုင္းမွစၿပီး ျပည္သူလူထုနဲ႔ ဒီမိုကေရစီအေရးအတြက္ အလွည့္အေျပာင္းေတြ စရွိလာၿပီး ျပည္သူမ်ားဘက္က မၾကာမီ အခ်ိန္ကာလတစ္ခုမွာ ေအာင္ပြဲရရွိပါလိမ့္မယ္” ဟု နကၡတၱေဗဒကြၽမ္းက်င္သူက ေျပာဆိုသည္။
ေကာဇာသကၠရာဇ္ ၁၃၈၄ ခုႏွစ္အတြက္ ေဟာထားသည့္ မႏၲေလးမဟာသၾကၤန္ စာအရ မင္းရာဇာႏွင့္ မိဖုရား အေပါင္း ေဘးဥပါဒ္အႏၲရာယ္ရွိမည္ဟု ေဟာကိန္း ထုတ္ထားသည္ကို ေတြ႕ရသည္။
ယင္းအျပင္ဧကရာဇ္မင္းရာဇာတို႔က အေလးအျမတ္ထား ပူေဇာ္အားကိုးရသည့္ ရဟန္းပညာရွိ မင္းပညာရွိ သုခမိန္မ်ား အခ်င္းခ်င္း ပဋိပကၡ အျငင္းအခုံ ျဖစ္ေပၚမည္ျဖစ္ၿပီး ေ႐ႊ႕ေျပာင္းသြားလာသူတို႔သည္ ေရလမ္း ကုန္းလမ္း ေဘးျဖစ္ႏိုင္သည္ တနည္းဆိုေသာ္ ခရီးသြားလာသူတို႔သည္ ကုန္းလမ္းျဖစ္ေစ ေရလမ္းျဖစ္ေစ အႏၲရာယ္ က်ေရာက္ႏိုင္သည္ဟု သၾကၤန္စာတြင္ ေဖာ္ျပထားသည္။
ျပည္သူျပည္သားအေပါင္းတို႔သည္လည္း ဒဏ္သင့္ၾကကုန္သည္ျဖစ္၍ အိမ္နီး ခ်င္းတိုင္းႏိုင္ငံမ်ားပါ ထိခိုက္ပ်က္စီး ရတတ္ေၾကာင္း ေဟာကိန္းတြင္ ေဖာ္ျပထားသည္။ ယင္းအျပင္ ဆန္ေရးစပါး အေျခခံစားေသာက္ကုန္မ်ား ရွားပါးလာမည္ဟု ဆိုထားသည္။
Unicode
၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဟောကိန်းထုတ်၊ မန္တလေးမဟာသင်္ကြန်စာက မင်းရာဇာနှင့် မိဖုရားအပေါင်း အန္တရာယ်ကျမည်ဟု ဖော်ပြ
ရန်ကုန်၊ ဇန်နဝါရီ ၂
လာမည့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ဘက် ခေါင်းဆောင်များ ပျက်စီးကိန်းကြုံရလိမ့်မည်ဖြစ် ကြောင်း နက္ခတ္တဗေဒကျွမ်းကျင်သူတစ်ဦးက ဟောကိန်းထုတ်လိုက်သည်။
ယခု ၂၀၂၂ ခုနှစ်သည် ဂြိုလ်သဘောတရားများအရ အလွန်ထူးခြားသော နှစ်ဖြစ်ပြီး အပြောင်း အလဲ ကြီးကြီးမားမား ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၏ ဂြိုလ်များ ရပ်တည်မှုသည် အလွန်ထူးခြားကြောင်း ပြောဆိုသည်။
“၂၀၂၁ ဒီဇင်ဘာလ ၅ ရက်နေ့ ကစပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူလူထုရဲ့စိတ်ဓာတ်ဟာ အထူးမြင့်မားလာပြီး၊ ဒီဇင်ဘာလအတွင်း တိုက်ပွဲများ အရှိန်အဟုန်နဲ့ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ လဆန်းမှ လလယ်အထိဟာ စစ်ကောင်စီတပ်များ အကျအဆုံးများပြားမယ့် ကာလဖြစ်ပါတယ်။
၂၀၂၂ ဇန်နဝါရီလ ဒုတိယပတ်မှာ စစ်ကောင်စီအနေနဲ့ သံတမန်ရေးရာ လှည့် ဖြားမှုတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၂၂ ဇန်နဝါရီလ လလယ်မှာ ပြည်သူလူထုကို အလွန်အားတက်စေမယ့် သတင်းစကားကောင်းများ စတင် ကြားသိရမှာ ဖြစ်ပါတယ်။
ပြည်ပအကူအညီအထောက်အပံများလည်း လက်ခံ ရရှိပါလိမ့်မယ်။ ဖေဖော်ဝါရီလနဲ့ မတ်လဟာ သံတမန်ရေးရာတိုက်ပွဲများ၊ မြေပြင်စစ်ရေးတိုက်ပွဲများဆက်တိုက်ရှိနေမှာ ဖြစ်ပါတယ်” ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဆိုသည်။
ပြည်သူများ၏ အောင်ပွဲများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်မှစတင်မည်ဖြစ်ပြီး လျှင်မြန်သည့် အရှိန်အဟုန်များဖြင့် ထင်သာမြင်သာ အောင်ပွဲများရရှိလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“၂၀၂၂ ဖေဖော်ဝါရီလကုန်ပိုင်းကနေ စပြီး လျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ ထင်သာမြင်သာတဲ့ ပြည်သူ့အောင်ပွဲအချို့ စတင်ရရှိလာပါလိမ့်မယ်။ မတ်လ၊ ဧပြီ လများမှာ စစ်ရေး လှုပ်ရှားမှုတွေ ကြီးစိုးနေမှာ ဖြစ်ပါတယ်။
၂၀၂၂ ဧပြီလကုန်ပိုင်းမှစပြီး ပြည်သူလူထုနဲ့ ဒီမိုကရေစီအရေးအတွက် အလှည့်အပြောင်းတွေ စရှိလာပြီး ပြည်သူများဘက်က မကြာမီ အချိန်ကာလတစ်ခုမှာ အောင်ပွဲရရှိပါလိမ့်မယ်” ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ပြောဆိုသည်။
ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်အတွက် ဟောထားသည့် မန္တလေးမဟာသင်္ကြန် စာအရ မင်းရာဇာနှင့် မိဖုရား အပေါင်း ဘေးဥပါဒ်အန္တရာယ်ရှိမည်ဟု ဟောကိန်း ထုတ်ထားသည်ကို တွေ့ရသည်။
ယင်းအပြင်ဧကရာဇ်မင်းရာဇာတို့က အလေးအမြတ်ထား ပူဇော်အားကိုးရသည့် ရဟန်းပညာရှိ မင်းပညာရှိ သုခမိန်များ အချင်းချင်း ပဋိပက္ခ အငြင်းအခုံ ဖြစ်ပေါ်မည်ဖြစ်ပြီး ရွှေ့ပြောင်းသွားလာသူတို့သည် ရေလမ်း ကုန်းလမ်း ဘေးဖြစ်နိုင်သည် တနည်းဆိုသော် ခရီးသွားလာသူတို့သည် ကုန်းလမ်းဖြစ်စေ ရေလမ်းဖြစ်စေ အန္တရာယ် ကျရောက်နိုင်သည်ဟု သင်္ကြန်စာတွင် ဖော်ပြထားသည်။
ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဒဏ်သင့်ကြကုန်သည်ဖြစ်၍ အိမ်နီး ချင်းတိုင်းနိုင်ငံများပါ ထိခိုက်ပျက်စီး ရတတ်ကြောင်း ဟောကိန်းတွင် ဖော်ပြထားသည်။ ယင်းအပြင် ဆန်ရေးစပါး အခြေခံစားသောက်ကုန်များ ရှားပါးလာမည်ဟု ဆိုထားသည်။