ဒူးနာဖူးသူမွသိလို႔ ကိုယ္ခ်င္းစာစိတ္နဲ႕ ေဆးနည္းတင္ေပး လိုက္ပါတယ္ေနာ္။ ဒီနည္းလမ္းက စာေရးဆရာမ လွိုင္း(ေတာင္ႀကီး)ရဲ႕ လက္ေတြ႕ ဒူးနာေပ်ာက္ေဆးနည္း တစ္ခုပါ။
ဒူးနာေပ်ာက္တဲ့ ေဆးနည္းေျပာျပမယ္ ေနာ္ လက္ေတြ႕သက္သာခဲ့တာမို႔ ဒူးနာေနတ ဲ့မိတ္ေဆြေတြ လုပ္ၾကည့္ေစ ခ်င္ပါတယ္
က်မညာဖက္ဒူးက တစ္စစ္စစ္နဲ႕ကိုက္ကိုက္ၿပီးနာေနတာ ေတာ္ေတာ္ၾကာေပါ့ နာလာရင္ေအာ္ေန ရတယ္….ေဆးမ်ိဳးစုံလိမ္းၾကည့္တာ ပူၿပီးနံတယ္
ခဏသက္သာတယ္ျပန္ျဖစ္ေရာ …ဒါနဲ႕ ေျခဖေနာင့္နာတုန္းကလုပ္ဖူးတဲ့ ေဆးနည္းအတိုင္း လုပ္ၾကည့္မယ္ ဆိုၿပီး ျပန္လုပ္ၾကည့္တာ ခုေတာ့ေပ်ာက္သြားလို႔ ရန္ကုန္မွာေခ်ာ္လဲ လို႔ရတဲ့ ဒဏ္ရာနာေနတာေၾကာင့္ခုျပန္လုပ္ ထားပါတယ္….ေျခသလုံးပုံပါေနလို႔ကန္ေတာ့ပါရွင္
ရွားေစာင္းလက္ပတ္ လက္တစ္ဝါးစာကို ဆူးေတြ လွီးထုတ္ၿပီးအျပားလိုက္ႏွစ္ျခမ္းျခမ္းလိုက္ပါ ….ၿပီးရင္မီးႏြေးႏြေးေလးကင္ပါ အပူခံနိုင္သေလာက္ကင္ၿပီးရင္ ဒူးေခါင္းေပၚမွာေျဖးေျဖးျခင္းတင္ပါ
ၿပီးရင္ရွားေစာင္းလက္ပတ္ျပဳတ္က်မွာစိုးလို႔ပုံပါအတိုင္း ႂကြပ္ႂကြပ္အိပ္ ကိုအေနေတာ္ညွပ္ၿပီ အျပင္မွာျပန္ကပ္ထားပါ ….ၿပီးရင္ ႂကြပ္ႂကြပ္ႀကိဳးနဲ႕မေလွ်ာ့မတင္းစီးၿပီ းထားပါ သြားစရာမရွိရင္ေတာ့ ေနလည္လဲလုပ္ထားလို႔ ရပါတယ္
ညအိပ္ရာဝင္လုပ္ထားရင္ ပိုေကာင္းတယ္ တစ္ညလုံးစည္းၿပီးအိပ္လိုက္ မနက္က်ေတာ့ျပန္ေျဖ ေနာက္ရက္ ညအိပ္ရာဝင္ တစ္ခါထပ္လုပ္ အနာေပၚမူတည္ၿပီးေပ်ာက္ပါမယ္ …..က်မေတာ့ ၃ ရက္ဆက္လုပ္တာနဲ႕ခုေပ်ာက္သြားၿပီ
ခုေတာ့ေခ်ာ္လဲ ထားတဲ့ ဘယ္ဖက္ဒူးက ဒဏ္ကိုျပန္လုပ္ ထားတာပါ ….ေျခဖေနာင့္နာရင္လဲ ဒီအတိုင္းပဲ လုပ္ ခုထိျပန္မနာေတာ့ပါဘူး….. ဒူးနာတဲ့သူေတြကို ကိုယ္ျခင္းစာလို ႔တင္ေပးလိုက္ တာပါ ….လုပ္ၾကည့္ၾက ပါေနာ္
ဒူးနာျခင္းမွကင္ေဝးၾကပါေစ…..
Credit
Unicode
ဒူးနာဖူးသူမှသိလို့ ကိုယ်ချင်းစာစိတ်နဲ့ ဆေးနည်းတင်ပေး လိုက်ပါတယ်နော်။ ဒီနည်းလမ်းက စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်း တစ်ခုပါ။
ဒူးနာပျောက်တဲ့ ဆေးနည်းပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတ ဲ့မိတ်ဆွေတွေ လုပ်ကြည့်စေ ချင်ပါတယ်
ကျမညာဖက်ဒူးက တစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေ ရတယ်….ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ်
ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ် ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲ လို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ် ထားပါတယ်….ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်
ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ
ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ….ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီ းထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ ရပါတယ်
ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက် ညအိပ်ရာဝင် တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် …..ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ
ခုတော့ချော်လဲ ထားတဲ့ ဘယ်ဖက်ဒူးက ဒဏ်ကိုပြန်လုပ် ထားတာပါ ….ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲ လုပ် ခုထိပြန်မနာတော့ပါဘူး….. ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက် တာပါ ….လုပ်ကြည့်ကြ ပါနော်
ဒူးနာခြင်းမှကင်ဝေးကြပါစေ…..
Credit