သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ကို ရမည္းသင္းေထာင္သို႔ ေျပာင္းေ႐ႊ႕ထား
ရမည္းသင္း | ဇန္နဝါရီ ၂ |
ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာင္ေစာင့္ ဒုရဲအုပ္ခ်ယ္ရီထက္ကို ေနျပည္ေတာ္တြင္ ဖမ္းဆီးထားခဲ့ၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာ ၃၀ က ရမည္သင္းေထာင္သို႔ ေျပာင္းေ႐ႊ႕ခဲ့သည္ကို ေတြ႕ရေၾကာင္း ေဒသခံ သတင္းရင္းျမစ္မ်ားက ဆိုသည္။
ခ်ယ္ရီထက္မွာ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာ ၂၁ က ရဲအုပ္ျပည့္ၿဖိဳးႏိုင္ႏွင့္အတူ ေနျပည္ေတာ္တြင္ ဖမ္းဆီးခံခဲ့ရၿပီး လက္ရွိအခ်ိန္တြင္ ရဲအုပ္ျပည့္ၿဖိဳးႏိုင္ မည္သည့္ေနရာတြင္ ဖမ္းဆီးခံရသည္ကိုေတာ့ မသိရပါ။
ခ်ယ္ရီထက္ကို ရဲတပ္ဖြဲ႕စည္းကမ္းထိန္းသိမ္းေရး ဥပေဒအရ ေထာင္ဒဏ္ (၃) ႏွစ္ခ်ထားသည္ဟု သိရၿပီး ဖမ္းဆီးစဥ္က အမႈဖြင့္ခံရသည့္ ပုဒ္မ ၅၀၅ (က) ကိုမူ လက္ရွိအခ်ိန္ထိ တရားရင္ဆိုင္ေနရဆဲ ဟု သတင္းရင္းျမစ္က ဆိုသည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ အဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ ဆက္သြယ္ခဲ့မႈေၾကာင့္ ဒုရဲအုပ္ ခ်ယ္ရီထက္ကို ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက စက္တင္ဘာ ၂၆ တြင္ ေျပာဆိုခဲ့သည္။
သတင္း – ဂ်ီေက
သက်တော်စောင့် ချယ်ရီထက်ကို ရမည်းသင်းထောင်သို့ ပြောင်းရွှေ့ထား
ရမည်းသင်း | ဇန်နဝါရီ ၂ |
ဒေါ်အောင်ဆန်းစုကြည်၏ သက်တောင်စောင့် ဒုရဲအုပ်ချယ်ရီထက်ကို နေပြည်တော်တွင် ဖမ်းဆီးထားခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ က ရမည်သင်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်ကို တွေ့ရကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။
ချယ်ရီထက်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၁ က ရဲအုပ်ပြည့်ဖြိုးနိုင်နှင့်အတူ နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်တွင် ရဲအုပ်ပြည့်ဖြိုးနိုင် မည်သည့်နေရာတွင် ဖမ်းဆီးခံရသည်ကိုတော့ မသိရပါ။
ချယ်ရီထက်ကို ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် (၃) နှစ်ချထားသည်ဟု သိရပြီး ဖမ်းဆီးစဉ်က အမှုဖွင့်ခံရသည့် ပုဒ်မ ၅၀၅ (က) ကိုမူ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲ ဟု သတင်းရင်းမြစ်က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အချို့နှင့် ဆက်သွယ်ခဲ့မှုကြောင့် ဒုရဲအုပ် ချယ်ရီထက်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ တွင် ပြောဆိုခဲ့သည်။
သတင်း – ဂျီကေ