Crd#
Unicode
၂၀၂၂ က ပိုဆိုးလာနိုင်ဖွယ်ရှိတယ်လို့ ဆိုလာတဲ့ ဇာဏ်ခီ…
ဘိုဆန်တဲ့ မျက်နှာနဲ့ ဆွဲဆောင်မှုရှိတဲ့ မင်းသား ဇာဏ်ခီကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်
ဇာဏ်ခီက လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုရပ်နားထားပြီး တစ်နိုင်ငံလုံး စစ်အာဏာရှင်ပေးသမျှ ဒုက္ခဆင်းရဲတွေကို ပြည်သူတွေနဲ့အတူတူ မျှဝေခံစားခဲ့တာပဲဖြစ်ပါတယ်
ဇန်နဝါရီလ (၁) ရက်နေ့ နှစ်သစ်မှာတော့ ဇာဏ်ခီဟာ သူ့အတွက်တော့ ပျော်စရာမကောင်းတဲ့ နှစ်သစ်တစ်နှစ်ဖြစ်ခဲ့ကြောင်းကို အခုလိုပဲပြောလာပါတယ်။
“အရှိတိုင်းပြောရရင် Unhappy New Year ပါ။ 2020 တုန်းက “ဒီနှစ်ထက်ဆိုးစရာမရှိတော့ဘူး” လို့တွေးနေတုန်းပဲ 2021 က ၂ဆတိုးလို့ဆိုးလာခဲ့ပါတယ်
2021 ကရတဲ့ သင်ခန်းစာကတော့ 2022 ကပိုဆိုးလာနိုင်သေးတယ်ဆိုတာကိုပြင်ဆင်ထားရမယ်ဆိုတာပါပဲ။
“Good things come to those who wait” ထက် “Good things come to those who don’t give up” ဆိုတဲ့စိတ်မျိုးနဲ့ကျနော်တို့အားလုံးခရီးဆက်ရပါမယ်
ဆိုတော့ Happy New Year ထက် Happy New Era!!! လို့ပဲပြောပါရစေ လာမယ့်နှစ်မှာပြည်သူတွေအားလုံးဆန္ဒပြည့်ကြပါစေ🙏❤️🙏” ဆိုပြီး ပြောလာခဲ့ပါတယ်။
Crd#