ေသြးထြက္ေအာင္မွန္လြန္းလွတဲ့ ေရွးလူႀကီးေတြေျပာခဲ့တဲ့ အတိတ္တေဘာင္မ်ား…

ေရွးလူႀကီးေတြေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြမွန္ပုံကေတာ့ ဒီေန႔ေခတ္ကို ေဘးကေနထိုင္ၾကည့္ၿပီး ေျပာေနသလားမွတ္ရတယ္ဗ်ာ။ ကြက္တိကိုမွန္ေနေတာ့တာပဲ။

အဲဒါေၾကာင့္ “အတိတ္တေဘာင္ဆိုတာ နိမိတ္ေဆာင္တယ္” ဆိုတဲ့စကားပုံ ေပၚလာတာျဖစ္ရမယ္ဗ်။ ေရွးလူႀကီးေတြရဲ႕ အျမင္စူးရွပုံကေတာ့

ခ်ီးက်ဴးဖို႔ေကာင္းပါတယ္။ေရွးလူႀကီးေတြေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြကို ေအာက္ပါအတိုင္းေဖာ္ျပ လိုက္ရပါတယ္ခင္ဗ်ာ။ (၁)တရားကိုေတးဆို၊ အေဖကိုသားကဆဲ။

(၂)ေဆြမ်ိဳးထဲကဓါးျပတိုက္၊ မိုက္လွ်င္ေသာတာပန္။ (၃)မေကာင္းႀကံလွ်င္သမာဓိ၊ ေ႐ႊရွိမွလူလိမၼာ။ (၄)လိမ္ႏိုင္မွသစၥာရွင္၊ ပညာရွင္ကိုပယ္၍ထား။

(၅)အခ်စ္ဆုံးကသစၥာပ်က္၊ ႐ိုးသားသူကိုအ႐ူးဆို။ (၆)အပ်ိဳငယ္ကလင္ေနေစာ၊ အက်ႌပါးနဲ႔ဥပုသ္သည္ ဇရပ္အလယ္ကို႔ယို႔ကားယား၊ အမ်ိဳးသမီးေကာင္းကပိုက္ဆံရွာ။

(၇)အပ်ိဳမျဖစ္ခင္ကရည္းစားထား၊ ဆင္းရဲသားကသူေဌးေယာင္ေဆာင္။ (၈)အဝတ္ေျပာင္မွလူ႐ိုေသ၊ လင္ရွိမယားကအပ်ိဳလုပ္။ (၉)မသာပို႔ရင္းအပ်ိဳလွည့္၊ အလႉေပးရင္းထမင္းေရာင္း။

(၁၀)ဆယ္ႏွစ္သမီးကအိမ္ေထာင္က်၊ ဆယ္အိမ္ေခါင္းကစိတ္ႀကီးဝင္။ (၁၁)ပြဲသဘင္ပါမွအလႉျဖစ္၊ စာမတတ္သူကတရားျပ။ (၁၂)ဇာတ္သမားမွလူေခၚခ်င္၊ သူေတာ္စင္ကိုပယ္၍ထား။

(၁၃)ေႂကြးေပးသူကကြၽန္နဲ႔တူ၊ ေႂကြးယူသူကသခင္ျဖစ္။ (၁၄)မုန႔္ေပးလွ်င္က်မ္းဂန္တတ္၊ ေ႐ႊကပ္သည့္ဘုရားမွလူ႐ိုေသ။ (၁၅)အေဖအေမကကြၽန္နဲ႔တူ၊ သားသမီးကသခင္ျဖစ္။

(၁၆)ေခတ္ႀကီးကိုေတာ့အျပစ္ဆို၊ မိမိကိုယ္ေတာ့အေကာင္းေျပာ။ (၁၇)ဂုံံးတိုက္လွ်င္ေက်းဇူးရွင္၊ ေျဖာင့္မတ္လွ်င္လူမသုံး။ (၁၈)သီလယူရင္းမ်က္စပစ္၊

သူေတာ္ေကာင္းတို႔ တရားပ်က္ၾကေလၿပီ။ေရွးစာဆိုတို႔၏ အတိတ္တေဘာင္မ်ားကို ေမတၱာေရွ႕ထား ဗဟုသုတအျဖစ္ ျပန္လည္မွ်ေဝလိုက္ပါသည္။

Credit

 

Unicode

ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်တွေမှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေထိုင်ကြည့်ပြီး ပြောနေသလားမှတ်ရတယ်ဗျာ။ ကွက်တိကိုမှန်နေတော့တာပဲ။

အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့စကားပုံ ပေါ်လာတာဖြစ်ရမယ်ဗျ။ ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့

ချီးကျူးဖို့ကောင်းပါတယ်။ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်းဖော်ပြ လိုက်ရပါတယ်ခင်ဗျာ။ (၁)တရားကိုတေးဆို၊ အဖေကိုသားကဆဲ။

(၂)ဆွေမျိုးထဲကဓါးပြတိုက်၊ မိုက်လျှင်သောတာပန်။ (၃)မကောင်းကြံလျှင်သမာဓိ၊ ရွှေရှိမှလူလိမ္မာ။ (၄)လိမ်နိုင်မှသစ္စာရှင်၊ ပညာရှင်ကိုပယ်၍ထား။

(၅)အချစ်ဆုံးကသစ္စာပျက်၊ ရိုးသားသူကိုအရူးဆို။ (၆)အပျိုငယ်ကလင်နေစော၊ အင်္ကျီပါးနဲ့ဥပုသ်သည် ဇရပ်အလယ်ကို့ယို့ကားယား၊ အမျိုးသမီးကောင်းကပိုက်ဆံရှာ။

(၇)အပျိုမဖြစ်ခင်ကရည်းစားထား၊ ဆင်းရဲသားကသူဌေးယောင်ဆောင်။ (၈)အဝတ်ပြောင်မှလူရိုသေ၊ လင်ရှိမယားကအပျိုလုပ်။ (၉)မသာပို့ရင်းအပျိုလှည့်၊ အလှူပေးရင်းထမင်းရောင်း။

(၁၀)ဆယ်နှစ်သမီးကအိမ်ထောင်ကျ၊ ဆယ်အိမ်ခေါင်းကစိတ်ကြီးဝင်။ (၁၁)ပွဲသဘင်ပါမှအလှူဖြစ်၊ စာမတတ်သူကတရားပြ။ (၁၂)ဇာတ်သမားမှလူခေါ်ချင်၊ သူတော်စင်ကိုပယ်၍ထား။

(၁၃)ကြွေးပေးသူကကျွန်နဲ့တူ၊ ကြွေးယူသူကသခင်ဖြစ်။ (၁၄)မုန့်ပေးလျှင်ကျမ်းဂန်တတ်၊ ရွှေကပ်သည့်ဘုရားမှလူရိုသေ။ (၁၅)အဖေအမေကကျွန်နဲ့တူ၊ သားသမီးကသခင်ဖြစ်။

(၁၆)ခေတ်ကြီးကိုတော့အပြစ်ဆို၊ မိမိကိုယ်တော့အကောင်းပြော။ (၁၇)ဂုံံးတိုက်လျှင်ကျေးဇူးရှင်၊ ဖြောင့်မတ်လျှင်လူမသုံး။ (၁၈)သီလယူရင်းမျက်စပစ်၊

သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။ရှေးစာဆိုတို့၏ အတိတ်တဘောင်များကို မေတ္တာရှေ့ထား ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါသည်။

Credit