မြန်မာပြည်က အံ့ဩဖို့ကောင်းတဲ့ လုပ်ခ လစာများ နှင့် ထူးဆန်းတဲ့ အလုပ်ခေါ်စာတွေ
အလုပ် ခေါ်စာတဲ့ ကြည့်လိုက်ရင် ဘွဲ့ရရမယ် အင်္ဂလိပ်စာ တတ်ရမယ် ကွန်ပျူတာ တတ်ရမယ်၊ လုပ်ငန်းအတွေ့အကြုံရှိရမယ်၊ စကားပြောချိုသာရမယ် အများနဲ့ ဆက်ဆံရေးကောင်းရမယ်. ကြိုးစားလိုစိတ်ရှိရမယ်။ အကျင့်စာရိတ္တကောင်းရမယ် ရုပ်ရည်သင့်တင့်ရမယ် ပြေပြစ်ရမယ် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရမယ်. အလုပ်အပေါ်တာဝန်ကျေပွန်စွာ လုပ်ရမယ်။ ပေးတဲ့လစာက ၁၅၀၀၀၀ / ၁၆၀၀၀၀ ( ဒါတောင် အစမ်းခန့် သုံးလ)သုံးလပြည့်လို့
မကြိုက်ရင် ထုတ်မဲ့သဘော ရှိတယ် လိုချင်တော့ ဝန်ထမ်းကောင်းလိုချင်တယ်။ ဝန်ထမ်းကောင်း လိုချင်ရင် ကိုယ် ကိုယ်တိုင်က ဝန်ထမ်းကောင်းကို မွေးထုတ်တတ်ရတယ်ဗျ၊ မတတ်ရင် တွဲခေါ်ရမယ်၊ တတ်အောင်သင်ပေးမယ်၊ တော်အောင် လေ့ကျင့်ပေးမယ်လို့မရှိဘူး… နေရာလဲမပေးချင်ဘူး တန်ရာတန်ကြေးလဲမပေးချင်ဘူး.. လိုချင်တော့ အရည်အချင်းပြည့်တဲ့လူမျိုးကိုမှ လိုချင်တယ်. ပေးတဲ့လစာ ၁၆၀၀၀၀ တဲ့ မနက်စာ တနေ့ ၅၀၀ ဖိုးစားရင်
တလ၁၅၀၀၀ ပါ (ကော်ဖီ တခွက်တင် ၃၀၀ နော်) ရန်ကုန်ဆို YBS ကားခ တနေ့ ၆၀၀ တပတ်မှာ ၆ ရက်/တလမှာ ၂၄ ရက် ကားခ တလ ကို ၁၄၄၀၀၊ မန္တလေးဆို အလုပ်နဲ့အဆောင် ဆိုင်ကယ်ဆီဖိုး တစ်ရက် ၁၀၀၀ တလမှာ ၂၄ ရက်ဆိုရင် ဆီဖိုး ၂၄၀၀၀ ရှိတယ်
ကြားထဲ ဆိုင်ကယ်ပျက်တာ ဘီးပေါက်တာ ဘာညာမပါသေးဘူး နေ့လည်စာနဲ့ ညစာ အနည်းဆုံး တနေ့ ၂၀၀၀ အထက်ရှိတယ် တနေ့ ၂၀၀၀ ဆိုရင်တောင် တလ ၆၀၀၀၀ နော် (ဆေးလိပ် သောက်တဲ့လူ ဆေးလိပ်ဖိုး ကွမ်းဖိုးမပါသေးဘူး) ခုလို ဆေးလိပ်ကွမ်းထည့်ပြောရင် မစားနဲ့ပေါ့လို့ ပြောဦးမယ်။ မသောက်မစားရင်တောင် တွက်ကြည့်ပါ။ ဖြစ်သင့်ရဲ့လားလို့ နယ်ကနေ လာတဲ့ လူတစ်ယောက်အတွက် အဆောင်ငှားနေရင် အဆောင်ခက
တလကို ၅၀၀၀၀ / ၆၀၀၀၀ ရှိတယ် အဲ့တာ ၅ ပေ ၁၀ ပေ ပတ်လည်အခန်း ကျောတပြားစာပဲရတယ်။ လကုန်ရင် တစ်ကိုယ်ရည်သုံး ပစ္စည်းဖိုး ဝယ်တာ မပါသေးဘူး.. နယ်ကလူတွေဆို ပိုက်ဆံအိမ်ပြန်ပို့ရသေးတယ်။ နေ့လည်နေ့ခင်း အချိုအချဉ်စားတာမပါသေးဘူး။
တခါတလေ ပိတ်ရက်မှာ အပြင်ထွက်ဖို့ သုံးစွဲတာမပါသေးဘူး။ ဒါတွေဟာ ယနေ့ခေတ် ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေပါ။ ဘယ်သူတွေများ ဒီ Plan ကို စတင် အုတ်မြစ်ချခဲ့ကြတာလဲ ပေးတဲ့လစာနဲ့ ခေါ်တုန်းကသက်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ တခြားစီပဲ.
(အလုပ်ရှင်တွေနဲ့ သူဌေးကပ်ဖား မန်နေဂျာတွေကိုယ်ချင်းစာတတ်ကြပါစေ) အဓိကပြောချင်တာကတော့ မန်နေဂျာပဲ နိုင်ငံခြားသားပိုင်ရှင်တစ်ချို့ အလုပ်သမားခ မသိဘူး။ မန်နေဂျာတွေက ဖားပြီး လစာဘယ်လောက်ပေးရင် ရပါတယ် ပေါပါတယ်ဆိုတာမျိုးကပ်ဖားပြီး မြန်မာချင်းချင်း ဖိနှိပ်ပေးနေကြတာ။ ပိုဆိုးတာက
အဲလို အလုပ်ရှင်နဲ့ မန်နေဂျာတွေပဲများတော့ မိသားစုအခြေနေရ ငတ်မှာကြောင့် လုပ်စားနေတဲ့သူတွေ ရှိနေပြန်တော့ မင်းမကြိုက်ရင် မလုပ်နဲ့ဆိုပြီး အကြောတွေ တင်းကုန်ရော၊ ကောင်းတဲ့ အလုပ်ရှင် အနည်းစု ရှိပါတယ် ရှားပါးကြပါတယ်…
crd-
ျမန္မာျပည္က အံ့ဩဖို႔ေကာင္းတဲ့ လုပ္ခ လစာမ်ား ႏွင့္ ထူးဆန္းတဲ့ အလုပ္ေခၚစာေတြ
အလုပ္ ေခၚစာတဲ့ ၾကည့္လိုက္ရင္ ဘြဲ႕ရရမယ္ အဂၤလိပ္စာ တတ္ရမယ္ ကြန္ပ်ဴတာ တတ္ရမယ္၊ လုပ္ငန္းအေတြ႕အႀကဳံရွိရမယ္၊ စကားေျပာခ်ိဳသာရမယ္ အမ်ားနဲ႔ ဆက္ဆံေရးေကာင္းရမယ္. ႀကိဳးစားလိုစိတ္ရွိရမယ္။ အက်င့္စာရိတၱေကာင္းရမယ္ ႐ုပ္ရည္သင့္တင့္ရမယ္ ေျပျပစ္ရမယ္ တစ္ကိုယ္ရည္သန႔္ရွင္းမႈရွိရမယ္. အလုပ္အေပၚတာဝန္ေက်ပြန္စြာ လုပ္ရမယ္။ ေပးတဲ့လစာက ၁၅၀၀၀၀ / ၁၆၀၀၀၀ ( ဒါေတာင္ အစမ္းခန႔္ သုံးလ)သုံးလျပည့္လို႔
မႀကိဳက္ရင္ ထုတ္မဲ့သေဘာ ရွိတယ္ လိုခ်င္ေတာ့ ဝန္ထမ္းေကာင္းလိုခ်င္တယ္။ ဝန္ထမ္းေကာင္း လိုခ်င္ရင္ ကိုယ္ ကိုယ္တိုင္က ဝန္ထမ္းေကာင္းကို ေမြးထုတ္တတ္ရတယ္ဗ်၊ မတတ္ရင္ တြဲေခၚရမယ္၊ တတ္ေအာင္သင္ေပးမယ္၊ ေတာ္ေအာင္ ေလ့က်င့္ေပးမယ္လို႔မရွိဘူး… ေနရာလဲမေပးခ်င္ဘူး တန္ရာတန္ေၾကးလဲမေပးခ်င္ဘူး.. လိုခ်င္ေတာ့ အရည္အခ်င္းျပည့္တဲ့လူမ်ိဳးကိုမွ လိုခ်င္တယ္. ေပးတဲ့လစာ ၁၆၀၀၀၀ တဲ့ မနက္စာ တေန႔ ၅၀၀ ဖိုးစားရင္
တလ၁၅၀၀၀ ပါ (ေကာ္ဖီ တခြက္တင္ ၃၀၀ ေနာ္) ရန္ကုန္ဆို YBS ကားခ တေန႔ ၆၀၀ တပတ္မွာ ၆ ရက္/တလမွာ ၂၄ ရက္ ကားခ တလ ကို ၁၄၄၀၀၊ မႏၲေလးဆို အလုပ္နဲ႔အေဆာင္ ဆိုင္ကယ္ဆီဖိုး တစ္ရက္ ၁၀၀၀ တလမွာ ၂၄ ရက္ဆိုရင္ ဆီဖိုး ၂၄၀၀၀ ရွိတယ္
ၾကားထဲ ဆိုင္ကယ္ပ်က္တာ ဘီးေပါက္တာ ဘာညာမပါေသးဘူး ေန႔လည္စာနဲ႔ ညစာ အနည္းဆုံး တေန႔ ၂၀၀၀ အထက္ရွိတယ္ တေန႔ ၂၀၀၀ ဆိုရင္ေတာင္ တလ ၆၀၀၀၀ ေနာ္ (ေဆးလိပ္ ေသာက္တဲ့လူ ေဆးလိပ္ဖိုး ကြမ္းဖိုးမပါေသးဘူး) ခုလို ေဆးလိပ္ကြမ္းထည့္ေျပာရင္ မစားနဲ႔ေပါ့လို႔ ေျပာဦးမယ္။ မေသာက္မစားရင္ေတာင္ တြက္ၾကည့္ပါ။ ျဖစ္သင့္ရဲ႕လားလို႔ နယ္ကေန လာတဲ့ လူတစ္ေယာက္အတြက္ အေဆာင္ငွားေနရင္ အေဆာင္ခက
တလကို ၅၀၀၀၀ / ၆၀၀၀၀ ရွိတယ္ အဲ့တာ ၅ ေပ ၁၀ ေပ ပတ္လည္အခန္း ေက်ာတျပားစာပဲရတယ္။ လကုန္ရင္ တစ္ကိုယ္ရည္သုံး ပစၥည္းဖိုး ဝယ္တာ မပါေသးဘူး.. နယ္ကလူေတြဆို ပိုက္ဆံအိမ္ျပန္ပို႔ရေသးတယ္။ ေန႔လည္ေန႔ခင္း အခ်ိဳအခ်ဥ္စားတာမပါေသးဘူး။
တခါတေလ ပိတ္ရက္မွာ အျပင္ထြက္ဖို႔ သုံးစြဲတာမပါေသးဘူး။ ဒါေတြဟာ ယေန႔ေခတ္ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြပါ။ ဘယ္သူေတြမ်ား ဒီ Plan ကို စတင္ အုတ္ျမစ္ခ်ခဲ့ၾကတာလဲ ေပးတဲ့လစာနဲ႔ ေခၚတုန္းကသက္မွတ္ထားတဲ့ အရည္အခ်င္းေတြနဲ႔ တျခားစီပဲ.
(အလုပ္ရွင္ေတြနဲ႔ သူေဌးကပ္ဖား မန္ေနဂ်ာေတြကိုယ္ခ်င္းစာတတ္ၾကပါေစ) အဓိကေျပာခ်င္တာကေတာ့ မန္ေနဂ်ာပဲ ႏိုင္ငံျခားသားပိုင္ရွင္တစ္ခ်ိဳ႕ အလုပ္သမားခ မသိဘူး။ မန္ေနဂ်ာေတြက ဖားၿပီး လစာဘယ္ေလာက္ေပးရင္ ရပါတယ္ ေပါပါတယ္ဆိုတာမ်ိဳးကပ္ဖားၿပီး ျမန္မာခ်င္းခ်င္း ဖိႏွိပ္ေပးေနၾကတာ။ ပိုဆိုးတာက
အဲလို အလုပ္ရွင္နဲ႔ မန္ေနဂ်ာေတြပဲမ်ားေတာ့ မိသားစုအေျခေနရ ငတ္မွာေၾကာင့္ လုပ္စားေနတဲ့သူေတြ ရွိေနျပန္ေတာ့ မင္းမႀကိဳက္ရင္ မလုပ္နဲ႔ဆိုၿပီး အေၾကာေတြ တင္းကုန္ေရာ၊ ေကာင္းတဲ့ အလုပ္ရွင္ အနည္းစု ရွိပါတယ္ ရွားပါးၾကပါတယ္…
crd-