သင့်အတွက် အဓိပ္ပာယ်များစွာနှင့် ခွန်အားများကိုပေးနိုင်သော ဓါတ်ပုံ(၁၆)ပုံ…

အဓိပ္ပာယ်များစွာနှင့် ခွန်အားများကိုပေးနိုင်သော ဓါတ်ပုံ(၁၆)ပုံ

လူဘ၀ဆိုတာလူရယ်လို့ဖြစ်တည်ချိန်မှစတင်တင်ပြီး သေဆုံးသည့်အချိန်ထိ ကြီုးစားအားထုတ် ရပါတယ်။ ကြိုးစားအားထုတ်ချိန်တွေမှာ စိတ်ဓါတ်ကျတာတွေ မျိုးစုံခံစားရနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်အတွက် ခွန်အားဖြစ်သော အကြောင်းအရာတစ်ခုလောက်နဲ့တွေဆုံခဲ့ရင် ခွန်အားများပြန်လည်ရရှိပြီး တစ်ဖန်ပြန်လည် ကြိုးစားအားထုတ်ချင်စိတ်ဖြစ်ပေါ်လာပြီး အောင်မြင်တဲ့ဘ၀တစ်ခုဆီကို ခေါ်ဆောင်သွားမှားဖြစ်ပါတယ်။ ဒါကြောင့် ခွန်အားဖြစ်စေသော ဓါတ်ပုံ(၁၆)ပုံကို သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်။ အားငယ်နေတဲ့သူတွေအတွက် အားဆေးတစ်ခွက်ဖြစ်နိုင်ဖို့ ရှယ်ပေးခြင်းဖြင့် ကူညီပါအုံးနော်…..
.
1-မိုးကြိုးပစ် မီးလောင်ခံရလို့ သစ်ခေါက်နှစ်ဖတ်လေးသာကျန်ခဲ့ပေမယ့် သူလေ.. စိမ်းလန်းစိုပြေ ဝေဆာတုန်း..

 

2-ရှင်သန်ခြင်းအသက်အငွေ့ကင်းတဲ့အရပ်မှာ သူကြံ့ကြံ့ခံရှင်သန်နေခဲ့တယ်။

 

3-‌ရေထဲနစ်မြှုပ်သွားတဲ့ သစ်ပင်တစ်ပင်ကန်လယ်မှာ စိမ်းလန်းခြင်းနဲ့ဝေဆာပစ်တယ်။

 

4-‌ကျောက်တုံးထဲထွင်းဖောက်ဆင်းရဲဒုက္ခကို သူရင်ဆိုင်ပြီးနောက်ဆုံး လှပတဲ့ပန်းတွေ ဖူးပွင့်ပစ်လိုက်တာ..

 

5-ရှင်သန်ဖို့အတွက်ရေကြည်တစ်ပေါက်အတွက်သူ့အမြစ်ကို သူ့အရပ်ထက် ရှည်လျားပစ်လိုက်တာ

 

6-ဂျပန်ဆူနာမီကြောင့် သေပွဲဝင်ကြရတဲ့အထဲမှာ သစ်ပင်တွေလည်းပါတယ်။ သူ့တစ်ပင်ထဲ ကြံ့ကြံ့ခံကျန်ရစ်ခဲ့တာလေ.. မသေချင်တဲ့ သစ်ပင်ပေါ့။

 

7-အုတ်အင်္ဂတေထဲ ဖောက်ဝင်သူ့စိတ်ဓာတ်နဲ့ သူ့သန်မာခြင်းကို လူတွေကိုပြသနေသလိုပါပဲ..

 

8-မတော်တဆလဲကျသွားတာပဲရှုံးနိမ့်သွားတာမှ မဟုတ်တာ..နေရောင်ရှိရာ အလင်းရှိရာဆီ တစ်ဖန်ဦးမော့နိုင်ပါတယ်။

9-‌ချောက်ကမ်းပါးမှာ တွဲလဲခို ရှင်သန်နေရသလိုပဲအမြစ်တော်တော်များများကို အပြင်ထုတ်ထားရတယ်။

 

အမြစ်တချို့ကသာ ကမ်းပါးယံကို ခဲရာခဲဆစ်ကုပ်တွယ်ပြီးရှင်သန်ဖို့အတွက် အနိုင်မခံ အရှုံးမပေးခဲ့ဘူး။

10-ဘယ်လို ဘယ်ပုံနဲ့ လဲကျခဲ့ရသလဲမသိပါဘူး။ ဒါပေမဲ့ သူ့ကိုယ်ပေါ်မှာပဲ သစ်ပင်လေးပင် ပြန်ပေါက်လာတယ်။

 

11-ကျဉ်းထဲကျပ်ထဲရောက်နေတာတောင် ရှင်သန်ဖို့ကို လက်မလွှတ်ခဲ့ဘူး။ကိုယ်သာရှင်သန်ချင်ရင် ဘယ်လို အခက်အခဲ ဆင်းရဲဒုက္ခကမှ ကိုယ့်ရှင်သန်ဖို့ကို မတားဆီးနိုင်ပါဘူး။

 

12-အပြင်ပန်း ပျော့ညံ့အားနည်းချက်ကိုပဲ မကြည့်ပါနဲ့။ခြေချရာနေရာမှာ ရှင်သန်နိုင်အောင် သူကြိုးစားတယ်။ရွံမြေလေးနည်းနည်းပဲ ရှိချင်ရှိပေါ့။

 

13-လမ်းမှားပြီး ဂငယ်ကွေ့တစ်ကွေ့ ကွေ့လိုက်မိတယ်။ကိစ္စမရှိဘူး… လမ်းမှန်ဆီရှေ့ဆက် တိုးတက်သွားလို့ရတယ်။

 

14-ရှင်သန်ဖို့အတွက်သူ ဘယ်လိုတောင် ကြိုးစားခဲ့ရသလဲ…

 

15-‌ချောက်ကမ်းပါးထိပ်ရောက်တိုင်း ကိုယ်ပြုတ်ကျမယ်မဆိုသာဘူး။ဒါဟာ ကိုယ့်ကြံ့ခိုင်ခြင်းကို ထုတ်ဖော်ပြသရာ ပိုရောက်တယ်..လာစမ်းပါ.. လေကိုဆီးကြိုလို့ ကိုယ်ကြီးပြင်းမယ်..

 

16-ဒါကပဲ ဘဝလား…ဘဝဆိုတာ ကိုယ့်ကိုယ်တိုင်အတွက်ထွက်ပေါက်တစ်ခု၊ လမ်းတစ်လမ်းတော့ အမြဲရှာတွေ့တယ်..

 

#နိုင်းနိုင်းစနေ