ငွေအကုန်ကျသက်သာပြီး လျှပ်စစ်မီး မလိုဘဲ အလင်းရောင်ရစေတဲ့ မီးသီး..
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ နေရာတချို့တွေမှာ လျှပ်စစ်မီးကို လုံလောက်စွာ မရရှိသေးတဲ့အတွက်ကြောင့် လျှပ်စစ်မလိုဘဲ အခကြေးငွေသက်သာပြီး လူတိုင်းအလွယ်တကူလုပ်လို့ရနိုင်တဲ့ မိုဆာ (Moser) လို့ခေါ်တဲ့ သဘာဝ မီးသီးလေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
မိုဆာ မီးသီးကိုတော့ ဘရာဇီးလ်နိုင်ငံ က စက်ပြင်ဆရာတစ်ဦးဖြစ်တဲ့ အဲလ်ဖရက်ဒို မိုဆာ (Alfredo Moser) ဟာ လျှပ်စစ်မလိုတဲ့ မီးသီးလုပ်နည်းကို စမ်းသပ်တွေ့ခဲ့ပါတယ်။ အဲ့ဒီမီးသီးလေးကိုတော့ သူ့ရဲ့ နာမည်ပါအောင် (Moser) မိုဆာ မီးသီးလို့ ပေးထားခဲ့တာ ဖြစ်ပါတယ်။
မကြာခဏ စူးစမ်းရှာဖွေလေ့ရှိတဲ့ အဲလ်ဖရက်ဒို မိုဆာ ဟာ တစ်နေ့မှာ ရေနှင့် ကလိုရင်းပါတဲ့ ပလတ်စတစ်ဗူးတစ်ဗူးကနေ မှောင်မိုက်နေတဲ့ အိမ်အတွင်းပိုင်းကို အလင်းရောင်ပေးနိုင်တဲ့ ဂုဏ်သတ္တိကို ရှာဖွေတွေ့ရှိခဲ့တာပါ။ နေရောင်ခြည် ဟာ ရေနှင့် ကလိုရင်းထည့်ထားတဲ့ ပလတ်စတစ်ဗူး ထိတဲ့အခါ အလင်းယိုင်ပြီး ဗူးထဲက ရေကနေ အလင်းကို ပြန့်ကားစေတဲ့နည်းနဲ့ လင်းစေတာ ဖြစ်ပါတယ်။
မိုဆာ မီးသီးကို ရေနှင့် ကလိုရင်း မရောစပ်ဘဲ ရေတစ်မျိုးထဲနဲ့လည်း အလင်းရောင်ရစေပါတယ်။ ဒါဆိုရင် ကလိုရင်းကို ဘာကြောင့် ထည့်တာလဲဆိုတာကို မေးစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပလတ်စတစ်ဗူးထဲက ရေဟာ မှို ဒါမှမဟုတ် ရေညှိတွေတက်ပြီး ရေဗူးကို အစိမ်းရောင်ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့်မလို ဗူးထဲမှာ ရေတွေ အစိမ်းရောင်မဖြစ်လာအောင် ကလိုရင်းကို အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီ မိုဆာ မီးသီး အလုပ်လုပ်ပုံက ရိုးရှင်းလှပေမယ့် လျှပ်စစ်မီးကဲ့သို့ အလင်းရောင်ရရှိစေပါတယ်။
ဒါပေမယ့် မိုဆာ မီးသီးဟာ အလင်းရောင်ရရှိတဲ့ နေ့အခါမှသာ အသုံးပြုလို့ရတာပါ။ ငွေအကုန်ကျသက်သာပြီး လူတိုင်းလည်း လုပ်လို့ရနိုင်တာကြောင့် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Crd…
zawgyi
ေငြအကုန္က်သက္သာၿပီး လွ်ပ္စစ္မီး မလိုဘဲ အလင္းေရာင္ရေစတဲ့ မီးသီး..
ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာေတာ့ လက္ရွိအခ်ိန္ထိ ေနရာတခ်ိဳ႕ေတြမွာ လွ်ပ္စစ္မီးကို လုံေလာက္စြာ မရရွိေသးတဲ့အတြက္ေၾကာင့္ လွ်ပ္စစ္မလိုဘဲ အခေၾကးေငြသက္သာၿပီး လူတိုင္းအလြယ္တကူလုပ္လို႔ရႏိုင္တဲ့ မိုဆာ (Moser) လို႔ေခၚတဲ့ သဘာဝ မီးသီးေလးအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။
မိုဆာ မီးသီးကိုေတာ့ ဘရာဇီးလ္ႏိုင္ငံ က စက္ျပင္ဆရာတစ္ဦးျဖစ္တဲ့ အဲလ္ဖရက္ဒို မိုဆာ (Alfredo Moser) ဟာ လွ်ပ္စစ္မလိုတဲ့ မီးသီးလုပ္နည္းကို စမ္းသပ္ေတြ႕ခဲ့ပါတယ္။ အဲ့ဒီမီးသီးေလးကိုေတာ့ သူ႔ရဲ႕ နာမည္ပါေအာင္ (Moser) မိုဆာ မီးသီးလို႔ ေပးထားခဲ့တာ ျဖစ္ပါတယ္။
မၾကာခဏ စူးစမ္းရွာေဖြေလ့ရွိတဲ့ အဲလ္ဖရက္ဒို မိုဆာ ဟာ တစ္ေန႔မွာ ေရႏွင့္ ကလိုရင္းပါတဲ့ ပလတ္စတစ္ဗူးတစ္ဗူးကေန ေမွာင္မိုက္ေနတဲ့ အိမ္အတြင္းပိုင္းကို အလင္းေရာင္ေပးႏိုင္တဲ့ ဂုဏ္သတၱိကို ရွာေဖြေတြ႕ရွိခဲ့တာပါ။ ေနေရာင္ျခည္ ဟာ ေရႏွင့္ ကလိုရင္းထည့္ထားတဲ့ ပလတ္စတစ္ဗူး ထိတဲ့အခါ အလင္းယိုင္ၿပီး ဗူးထဲက ေရကေန အလင္းကို ျပန္႔ကားေစတဲ့နည္းနဲ႔ လင္းေစတာ ျဖစ္ပါတယ္။
မိုဆာ မီးသီးကို ေရႏွင့္ ကလိုရင္း မေရာစပ္ဘဲ ေရတစ္မ်ိဳးထဲနဲ႔လည္း အလင္းေရာင္ရေစပါတယ္။ ဒါဆိုရင္ ကလိုရင္းကို ဘာေၾကာင့္ ထည့္တာလဲဆိုတာကို ေမးစရာတစ္ခုျဖစ္လာခဲ့ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ပလတ္စတစ္ဗူးထဲက ေရဟာ မႈိ ဒါမွမဟုတ္ ေရညႇိေတြတက္ၿပီး ေရဗူးကို အစိမ္းေရာင္ေျပာင္းသြားႏိုင္ပါတယ္။ ဒါေၾကာင့္မလို ဗူးထဲမွာ ေရေတြ အစိမ္းေရာင္မျဖစ္လာေအာင္ ကလိုရင္းကို အသုံးျပဳရတာ ျဖစ္ပါတယ္။ ဒီ မိုဆာ မီးသီး အလုပ္လုပ္ပုံက ႐ိုးရွင္းလွေပမယ့္ လွ်ပ္စစ္မီးကဲ့သို႔ အလင္းေရာင္ရရွိေစပါတယ္။
ဒါေပမယ့္ မိုဆာ မီးသီးဟာ အလင္းေရာင္ရရွိတဲ့ ေန႔အခါမွသာ အသုံးျပဳလို႔ရတာပါ။ ေငြအကုန္က်သက္သာၿပီး လူတိုင္းလည္း လုပ္လို႔ရႏိုင္တာေၾကာင့္ ဗဟုသုတအေနနဲ႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
Crd…