ကားဝယ္မယ့္သူတိုင္း သတိထားရမယ့္ ျမန္မာျပည္ ကားပြဲစားေတြရဲ႕ လက္သုံးစကား အဓိပၸာယ္ မ်ား
ယခုတစ္ခါမွာေတာ့ ပြဲဇိုးေလးေတြရဲ႕ လက္သုံးစကားေတြရဲ႕ အနက္အဓိပၸာယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။ ပထမဦးဆုံး စကားလုံးကေတာ့ လုပ္ခ်က္မရွိ ဆိုတာပါပဲ။ အဲ့စကားရဲ႕ အဓိပၸာယ္ကေတာ့ လုပ္ခ်က္မရွိဘဲ ျပင္ခ်က္ေတြပဲ ရွိတာကို ဆိုလိုတာပါ။ မိန္းကေလးတစ္လက္ကိုင္ ဆိုတာကေတာ့
ကားေပၚေယာက်ၤားေလးမတင္ပဲ မိန္းကေလးေတြပဲ တင္ေမာင္းတာပဲ ျဖစ္ပါတယ္။ တစ္က်ပ္ဖိုးမွထပ္ထည့္စရာမလိုဆိုတာက တစ္စီးလုံးအခြံခ်ိန္းရမွာကို ဆိုလိုျခင္းျဖစ္ၿပီး၊ ဂ်ပန္႔နံ႔ေလးေတာင္သင္းေနေသးတယ္ ဆိုတာကေတာ့ ဂ်ပန္ဂတုံးလာစီးသြားလို႔ ျဖစ္ပါတယ္။ Anniversary ပါဆိုရင္ေတာ့
ေစ်းပိုၿပီသာမွတ္လိုက္ပါေတာ့။ အင္ဂ်င္ပါဝါႀကီးေပမယ့္ ဆီမစားပါကေတာ့ ရပ္ထားတဲ့အခ်ိန္ကိုဆိုလိုတာ ျဖစ္ပါတယ္။ လက္တင္စီး႐ုံကေတာ့ ကိုယ့္ပိုက္ဆံအိတ္ေပၚလက္တင္ထားၿပီး စီးရမွာပါ။ ကားေၾကာင့္ပြဲမပ်က္ေစရ ဆိုရင္ေတာ့ ေစ်းေၾကာင့္သာပြဲပ်က္မွာ ျဖစ္ပါတယ္။ ေအာ္ကီလို 30000
ပါဆိုရင္ေတာ့ ေလ်ာ့ထားတာ အနည္းဆုံး ႏွစ္ခါေလာက္ရွိေနတာကို ဆိုလိုၿပီး၊ အတိုက္အခိုက္ရွင္း ကေတာ့ တိုက္မိလို႔ခဏခဏ ရွင္းထားရတာကို ေျပာတာပါ။ ႐ုံးသြား႐ုံးျပန္ပဲစီးတာပါဆိုရင္ေတာ့ ႐ုံးကေနျပည္ေတာ္ အိမ္ကရန္ကုန္မွာျဖစ္ၿပီး၊ Hiway တန္းထြက္ႏိုင္ ဆိုတာကေတာ့
ကိုယ္ျဖစ္ကိုယ္ခံ လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။ ကဲ…ဒီေလာက္ဆိုရင္ေတာ့ ကားပြဲဇိုးေလးေတြရဲ႕ လက္သုံးစကားေတြကို အထိုက္အေလ်ာက္နားလည္ေလာက္ၿပီထင္ပါတယ္။ စာဖတ္ပရိသတ္ႀကီး သိထားတဲ့ စကားလုံးေလးမ်ားရွိရင္လည္း ကြန္မန႔္မွာ ေျပာျပခဲ့ၾကပါဦး။
crd-
ယူနီကုတ္
ကားဝယ်မယ့်သူတိုင်း သတိထားရမယ့် မြန်မာပြည် ကားပွဲစားတွေရဲ့ လက်သုံးစကား အဓိပ္ပာယ် များ
ယခုတစ်ခါမှာတော့ ပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေရဲ့ အနက်အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဦးဆုံး စကားလုံးကတော့ လုပ်ချက်မရှိ ဆိုတာပါပဲ။ အဲ့စကားရဲ့ အဓိပ္ပာယ်ကတော့ လုပ်ချက်မရှိဘဲ ပြင်ချက်တွေပဲ ရှိတာကို ဆိုလိုတာပါ။ မိန်းကလေးတစ်လက်ကိုင် ဆိုတာကတော့
ကားပေါ်ယောင်္ကျားလေးမတင်ပဲ မိန်းကလေးတွေပဲ တင်မောင်းတာပဲ ဖြစ်ပါတယ်။ တစ်ကျပ်ဖိုးမှထပ်ထည့်စရာမလိုဆိုတာက တစ်စီးလုံးအခွံချိန်းရမှာကို ဆိုလိုခြင်းဖြစ်ပြီး၊ ဂျပန့်နံ့လေးတောင်သင်းနေသေးတယ် ဆိုတာကတော့ ဂျပန်ဂတုံးလာစီးသွားလို့ ဖြစ်ပါတယ်။ Anniversary ပါဆိုရင်တော့
ဈေးပိုပြီသာမှတ်လိုက်ပါတော့။ အင်ဂျင်ပါဝါကြီးပေမယ့် ဆီမစားပါကတော့ ရပ်ထားတဲ့အချိန်ကိုဆိုလိုတာ ဖြစ်ပါတယ်။ လက်တင်စီးရုံကတော့ ကိုယ့်ပိုက်ဆံအိတ်ပေါ်လက်တင်ထားပြီး စီးရမှာပါ။ ကားကြောင့်ပွဲမပျက်စေရ ဆိုရင်တော့ ဈေးကြောင့်သာပွဲပျက်မှာ ဖြစ်ပါတယ်။ အော်ကီလို 30000
ပါဆိုရင်တော့ လျော့ထားတာ အနည်းဆုံး နှစ်ခါလောက်ရှိနေတာကို ဆိုလိုပြီး၊ အတိုက်အခိုက်ရှင်း ကတော့ တိုက်မိလို့ခဏခဏ ရှင်းထားရတာကို ပြောတာပါ။ ရုံးသွားရုံးပြန်ပဲစီးတာပါဆိုရင်တော့ ရုံးကနေပြည်တော် အိမ်ကရန်ကုန်မှာဖြစ်ပြီး၊ Hiway တန်းထွက်နိုင် ဆိုတာကတော့
ကိုယ်ဖြစ်ကိုယ်ခံ လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ကဲ…ဒီလောက်ဆိုရင်တော့ ကားပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေကို အထိုက်အလျောက်နားလည်လောက်ပြီထင်ပါတယ်။ စာဖတ်ပရိသတ်ကြီး သိထားတဲ့ စကားလုံးလေးများရှိရင်လည်း ကွန်မန့်မှာ ပြောပြခဲ့ကြပါဦး။
crd-