ရန္ကုန္ၿမိဳ႕မွာ ေမာ္ေတာ္ ဆိုင္ကယ္ ေမာင္းႏွင္ခြင့္ ပိတ္ပင္ခဲ့ရသည့္ သမိုင္းေၾကာင္း

လွန်ခဲ့တဲ့ရက် အနည်းငယ်ကဒီဗွီဘီသတင်းမှာလာသွားခဲ့တဲ့ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပြန်လည်ပြုဖို့ တောင်းဆိုတဲ့အကြောင်း ကြည့်လိုက်ရတယ်။

ကမ္ဘာ့နိုင်ငံ အတော်များများ စီးခွင့်ရှိပြီ ရန်ကုန်မှာ စီးခွင့်မရှိလို့ ဝန်ကြီးချုပ်ရဲ့ဆီမှာတောင်းဆိုမယ်လို့သိရပါတယ် ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာ ဘာအကြောင်း ကြောင့် ပိတ်တယ်ဆိုတာ တရားဝင်ကြော်ငြာခဲ့တာမရှိခဲ့ဘူး.. ဒါပေမယ့် ကျွန်တော်တို့ သိထားတာတော့ရှိပါတယ်။

ကျွန်တော်လည်း ငယ်စဉ် ကတော့ motor cycle crazy တစ်ယောက်ပါပဲ 1984/85 လောက်မှာ ၆ မိုင်ခွဲ မြေနီကုန်း သမိုင်း တို့ကဆိုင်၊ကယ်သူရဲ တွေဟာ ကျွန်တော်ရဲ့ဘော်ဒါလည်းဟုတ် ဆရာလည်း ဟုတ်ပါတယ်..

ကျွန်တော်ကအားလုံးထဲမှာ အသကျအငယ်ဆုံးပါသူတို့ကကျွန်တော့်ထက် ၄ နှစ် ၅ နှစ်ကြီးကြ ပါတယ် ကျွ န် တော်က ၁၇/၁၈ အရွယ်ပေါ့ ၆ မိုင်ခွဲက ဘော်ဒါ က၊လူကလည်းသန်တော့ Kawasaki-750 (အင်ဂျင်ပါဝါ ၇ ကောင်ခွဲ) ကိုစီးတယ်

တစ်ရက် ဘော် ဒါတွေ စုံတဲ့အချိန်မှာ သူက ဟေ့ကောင်မင်းငါ့ဆိုင်ကယ်စီးချင်ရင် ဓာတ်မီးတိုင် တစ်တိုင် တွန်းပြလို့ ပြောတယ် ကျွန်တော် ချာတိတ် တုန်းက လူကောင်က ပိန်သေးသေး ဆိုတော့မတွန်းနိုင်ဘူးလို့ သူကထင်နေတာ တစ်ကယ် တွန်းပြလိုက်တော့ အံ့သြသွားပြီး သူ့ရဲ့ 750 ဆိုင်ကယ်ကြီးကိုပေးစီးပါ တော့တယ်။

လက်ကိုင် အမျိုးအစားက တော့ easy rider မဟုတ်ပါဘူး.. sport type လို့ခေါ်တဲ့လက်ကိုင် အဖြောင့်ပါ.. နောက်ပိုင်းမှာတော့ ကျွန်တော့်Kawasaki-400 easy rider (line-4) တွေကိုပဲ အစီးများခဲ့တယ် စကော့ဈေး(ဗိုလ်ချုပ်ဈေး) ထဲမှာ မိုးကုတ် ကိုဝယ်ရောင်းလုပ်ရင်းနဲ့ တစ်ဖက်မှာ ဆိုင်ကယ် ဝ ယ်/စီး/ရောင်း လုပ်ပါတယ်။

easy rider ဘီးကြီးတွေပဲစီးနေကြဆိုတော့ဘီးကြီးသမား တွေနဲ့ပဲ ပေါင်း ဖြစ်ခဲ့တယ်။အဲဒီအထဲမှာ မြေနီကုန်းကဘော်ဒါ တစ်ယောက် ကတော့ တစ်ကယ့်ဆရာကြီးပဲလူမှုရေးအရ နာမည် မရေးတော့ပါဘူး။နာမည်က ၂ လုံးထဲပါ၊သူနဲ့အနီးကပ် ပေါင်းခဲ့ရတာ တော်တော် ကြောက်ဖို့ ကောင်းတယ် ။တစ်ကယ့် ဂန်းစတား တစ်ယောက်လိုပဲ။ဆံပင်ကကျောလယ်ထိရှိတယ်စစ်သုံးဖီးလ်ဂျက်ကက်အမြဲဝတ်တယ်ဂျင်းပန်အမြဲဝတ်ပြီးစစ်ဖိနပ်ကိုပဲအမြဲစီးတယ်။

သူက ဘယ်ဖက် ခြေထောက်ဖြတ် ထားရပြီး နံရိုး၃ချောင်း ကျိုးထားဘူးတယ် ။ ခြေတုနဲ့ပါ ဆိုင်ကယ်အက်ဆီးဒင့်ကြောင့် ဖြစ်ခဲ့ရတာတွေချည်းပါပဲ ။ရန်ကုန်မှာ ကို–ိ ုးကြီးဆိုရင် ဆိုင်ကယ် သူရဲလောကမှာ မသိသူမရှိဘူး ။သူ သောင်းကျန်းခဲ့ တာတွေ ပြောရရင်အများ၊ကြီးပဲသူက jumping တွေရောeasyrider တွေရောအစုံစီးတယ် ။

၉၁ ဝန်းကျင် လောက်ကကျွန်တော် တို့ဘော်ဒါတွေ RC-2 လှိုင်တက္ကသိုလ်ဖက်ကပြန်လာကြတယ်။ ည ၇ နာရီလောက်ပေါ့ လှည်းတန်း အနီးစံရိပ်ငြိမ် မှတ်တိုင်နားမှာ အတူ တူစီးလာတဲ့ ဘော်ဒါတစ် ယောက်က ကို–ိ ုးကြီးရဲ့ဆိုက်ကယ်ကို ကျော်တက် လိုက်တယ်။

အဲဒါကို ကို–ိ ုးက နဲနဲမူးနေတာ့ စိတ်ဆိုးသွားတ ယ်။ ကျော်တက် သွားတာကို စိတ်ဆိုးပြီးသူစီးနေတဲ့ Yamaha DT ကို ကျွန်တော့် မျက်စိရှေ့မှာပဲ ဆွဲမှောက် ပစ်လိုက်တယ် ။ လူရော ဆိုင်ကယ် ရော ကတ္တရာ လမ်းမပေါ်မှာ ဒရွတ်တိုက်သွားတာ တော်တော် ဝေးတယ်။

လူကတော့ လူးလှိမ့်ထလာပါတယ် သူ့ဆိုင်ကယ်က ကတ္တရာလမ်း နဲ့ွတ်တိုက်ပြီး မီးပန်းလေး တွေထွက်နေတယ် သူကမတ်တပ် ရပ်ပြီးကြည့် နေတယ်။ဆိုင်က ယ်ဒရွတ်တို က်ပါသွားပြီး လမ်းဘေးပလက်ဖေါင်းနဲ့တိုက်ပြီး ရပ်သွားတော့မှ စံရိပ်ငြိမ် နားကအအေးဆိုင်၊

ထဲဝင်ပြီး ရေခဲသေတ္တာထဲက ဘီယာဘူးတစ်ဘူးထုတ် လိုက်ပြီး သူ့လက်က ဆိုင်က ယ်မှောက်တဲ့ ဒဏ်ရာတွေကို ဘီယာနဲ့လောင်းချလိုက်တယ်။ပြီးတော့မှ စီးကရက်ဖွာပြီး ဘီယာသောက်နေတယ် အခုနကကျော် တက်သွားတဲ့ သူငယ် ချင်းကလည်း ပြန်လည့်လာပြီး သူ့ဆိုင်၊ကယ်ကို ဆိုင်ရှေ့ယူလာပေးပါတယ် အချင်းချင်း စိတ်မဆိုး ဖို့ပြောပြီး ဘီဟာ သောက်ကြတယ်ပြီးတော့လမ်းခွဲပြီး အိမ်ပြန်ကြတယ်။ဟံသာဝတီအဝိုင်းကြီးမှာ တာဝန်ကျတဲ့ယာဉ်ထိန်းရဲတွေဟာ အလှည့်ကျ ဂျူတီနဲ့ဆိုပေမယ့် သူနဲ့ရင်းနှီးတဲ့ ဘော်ဒါ တွေများတယ် ။

ဆိုင်ကယ်ဦး ထုပ်ဘယ်တော့မှ မဆောင်းတဲ့သူ့ကို မော်တော်ပီးကယ်တွေက ဟိုဖက်လှည့်သွားပြီး မမြင်ချင်ယောင်ဆောင်ပေးတယ် ။တာဝန်ကျသူ အသစ်ရောက် လာလို့ သူ့ကို ဝီစီမှုတ်ပြီး ဖမ်းရင် မောင်းပြေးတယ်။ ပြီးတော့ သူ့ဘော်ဒါ တစ်ယောက် ခေါ်လာပြီး မောင်ခိုင်းတယ်။

သူကနောက်ကထိုင်တယ်။ သူ့ကိုဖမ်းတဲ့ ယာဉ်ထိန်းရဲ အနားမောင်း ခိုင်းတယ်။အနားရောက်တာနဲ့ ယာဉ်ထိန်းရဲရဲ့ ဦးထုပ်ကို လက်နဲ့ပုတ်ချပြီး ဘောလုံးလို ကန်ပစ်တယ် သူကအဲလောက် ထိသောင်းကျန်း တတ်တယ်

အဲဒီခေတ်က ထောက်လှမ်း ရေးခေတ်ဆိုတော့ ကို–ိ ုးကြီးတို့က ထောက်လှမ်းရေးကို ပေါင်းထားတော့ဘယ်သူမှသူ့ကို ပြဿနာမလုပ်ရဲကြဘူး။နောက်တစ်ခါ လှည်းတန်းမီးပွိုင့်မှာ ပြဿနာရှာပါသေးတယ် ၉၀ ခုနှစ် ကျော်လောက်က လှည်းတန်းမီးပွိုင့်တိုင်တွေကခုလိုအမြင့်ကြီးတွေမဟုတ်ဘူး ။

လူ ၂ ရပ်အမြင့်နီးပါးလောက်ပဲ ရှိတယ်။ တိုင်အဖြောင့်တွေပါ။ တစ်ရက်မှာ Yamaha DTနဲ့ကို–ိ ုးကြီးရောက်လာပြီးဆိုင်ကယ်ကိုမီးပွိုင့်ပလက်ဖေါင်း ပေါ်မောင်းတက်တယ် ပြီးတော့ဆိုင်ကယ်ကို ဒေါက်ထောက် ပြီးအပေါ်တက်မတ်တပ်ရပ်လို့Bossnyမှုတ်ဆေးဘူးအနီဘူးနဲ့မှုတ်ပစ်လိုက်တယ် မီးပွိင့်ကအ ဝေးကကြည့်ရင်အကုန်နီကုန်တယ် ကားတွေအားလုံးမီးပွိုင့်မှာဒုက္ခရောက်ကုန်တယ်။

မော်တော်ပီကယ်မရှိတဲ့ တာဝန်ချိန်အပြီ းမှာလုပ်ပစ်ခဲ့တာပါ.. အဲဒီတုန်းကတော့ ကို–ိ ုးကြီး ဘာပြသနာမှ မဖြစ်လိုက်ဘူးအေးဆေးပါပဲ။ထောက်လှမ်းရေးအရှိန်နဲ့ အကာကွယ်ယူထားတာ။

သူ့အဖို့အထိနာသွားတာကတော့ အခုအငြိမ်းစားယူထားသူဗိုလ်ချုပ်မှုးကြီးရဲ့လမ်းကြောင်းထဲကို အတင်းထိုးဖေါက်ဝင်ပစ် လိုက်တဲ့ကိစ္စပါပဲဗိုလ်ချုပ်မှုကြီး နေရာယူပြီးမကြာခင်မှာ ဗိုလ်ချုပ်မှုးကြီးရဲ့ VIP လမ်း၊ကြောင်းသွားနေတာကို ကို–ိ ုးကြီးက နောက်ကအမှီလိုက်ပြီး အတင်းဖေါက် ဝင်လိုက်တယ်ပြီးတော့ အဲဒီခေတ်က 929 ကားပေါ်မှာ ထိုင်လိုကလာတဲ့ဗိုလ်ချုပ်မှုး ကြီးကား ဘေးပြတင်း ပေါက်နား ယှဉ်လိုက်တယ် လှည့်အကြည့်မှာ ရု ပ်ရှင်ထဲကလမ်း သရဲတွေ အော်သလိုဝူး ဝါးနဲ့စူး စူးဝါးဝါးအော်ပြီး၊ဆိုင်ကယ်မောင်းပြေးပါတယ်ဗိုလ်ချုပ်မှုးကြီးလည်း တော်တော် လန့်သွားပြီး အရမ်းစိတ်ဆိုး သွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်သူ့နောက်ကိုတော့ ဘယ်တပ်ဖွဲ့ကမှ လိုက်ပြီးမဖမ်းကြပါဘူး အဲဒီည ၁၂ နာရီလောက်မှာတော့ထောက်လှမ်းရေး အရာရှိချို့နဲ့၊ရပ်ကွက်လူ ကြီးရောက်လာပြီး သူ့ကိုခေါ် သွားပါတယ်။ မိသားစုကိုလည်း ထောက်လှမ်းရေး ကပြောတယ်။

ခင်ဗျားတို့ သားကို ဘယ်မှာမှမစုံစမ်းပါနဲ့ တစ်လပြည့်ရင် ပြန်လွှတ်ပေး လိုက်မယ်လို့ ဆိုပါတယ်ကျွ န်တော် ကဖမ်းသွားတာ မသိလိုက်ဘူး သမိုင်းကသူငယ်ချင်း ဆီရောက်လို့၊ကို–ိ ုးကြီပျောက် နေလို့မေးတော့ “ဂျပန်မှာ ဆိုင်ကယ်သွားပြိုင်နေတယ်လို့နောက်ပြီးပြောတယ် ပြီးမှအဖြစ်မှန်ကို သိရတာက ထောက်လှမ်းရေးကရေကြည်အိုင်ကို ခေါ်သွားပြီး LESSON ပေးတယ် လို့ပြောတယ်။

ကတုံးရိတ်ပြီးတော့ မနက်မိုးလင်းတာနဲ့ ဆိုင်ကယ်ပုံစံ လုပ်ထားတဲ့၊သစ်သားတုံးပေါ်ခွထိုင်ပြီး လက်ကိုင်လို လုပ်ထားတဲ့ ဒုတ်ကိုကိုင်ပြီးပါးစပ်က ခလေးတွေကားမောင်းသလို၊ဝူး ဝူး ဝူး ဘုတ် ဘုတ် ဘုတ် နဲ့အော်ခိုင်းပါတယ်။ မောလို့ ရပ်သွားရင် အောက်ဆင်းခိုင်းပြီး သူ့ရဲ့ခြေတုတစ်ဖက်ကိုဖြုတ်၊ခြေထောက်တစ်ဖ က် တည်းရပ်ခိုင်းပြီး လက်နှစ်ဖက်ကိုဘေးဆန့်ပြီး လေယာဉ်ပျံမောင်းခိုင်းပါတယ်။

တစ်နေကုန်အောင် မောင်းရတယ်.. အဲဒီလိုနဲ့ရေကြည်အိုင်စခန်းမှာ တစ်လတိတိ LESSON ပေးခံလိုက်ရပါတယ်..ကို–ိုးကြီးလည်းဒီတစ်ခါတော့ တော် တော်လေးခံလိုက်ရပါတယ်။အဲဒီကိစ္စလည်းဖြစ်ပြီးရော ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပစ်လိုက်ပါတော့တယ် မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။

Credit

Unicode

လြန္ခဲ့တဲ့ရက္ အနည္းငယ္ကဒီဗြီဘီသတင္းမွာလာသြားခဲ့တဲ့ရန္ကုန္မွာဆိုင္ကယ္စီးခြင့္ျပန္လည္ျပဳဖို႔ ေတာင္းဆိုတဲ့အေၾကာင္း ၾကည့္လိုက္ရတယ္။

ကမာၻ႔ႏိုင္ငံ အေတာ္မ်ားမ်ား စီးခြင့္ရွိၿပီ ရန္ကုန္မွာ စီးခြင့္မရွိလို႔ ဝန္ႀကီးခ်ဳပ္ရဲ႕ဆီမွာေတာင္းဆိုမယ္လို႔သိရပါတယ္ ရန္ကုန္မွာဆိုင္ကယ္စီးခြင့္ပိတ္လိုက္တာ ဘာအေၾကာင္း ေၾကာင့္ ပိတ္တယ္ဆိုတာ တရားဝင္ေၾကာ္ျငာခဲ့တာမရွိခဲ့ဘူး.. ဒါေပမယ့္ ကြၽန္ေတာ္တို႔ သိထားတာေတာ့ရွိပါတယ္။

ကြၽန္ေတာ္လည္း ငယ္စဥ္ ကေတာ့ motor cycle crazy တစ္ေယာက္ပါပဲ 1984/85 ေလာက္မွာ ၆ မိုင္ခြဲ ေျမနီကုန္း သမိုင္း တို႔ကဆိုင္၊ကယ္သူရဲ ေတြဟာ ကြၽန္ေတာ္ရဲ႕ေဘာ္ဒါလည္းဟုတ္ ဆရာလည္း ဟုတ္ပါတယ္..

ကြၽန္ေတာ္ကအားလုံးထဲမွာ အသက်အငယ္ဆုံးပါသူတို႔ကကြၽန္ေတာ့္ထက္ ၄ ႏွစ္ ၅ ႏွစ္ႀကီးၾက ပါတယ္ ကြၽ န္ ေတာ္က ၁၇/၁၈ အ႐ြယ္ေပါ့ ၆ မိုင္ခြဲက ေဘာ္ဒါ က၊လူကလည္းသန္ေတာ့ Kawasaki-750 (အင္ဂ်င္ပါဝါ ၇ ေကာင္ခြဲ) ကိုစီးတယ္

တစ္ရက္ ေဘာ္ ဒါေတြ စုံတဲ့အခ်ိန္မွာ သူက ေဟ့ေကာင္မင္းငါ့ဆိုင္ကယ္စီးခ်င္ရင္ ဓာတ္မီးတိုင္ တစ္တိုင္ တြန္းျပလို႔ ေျပာတယ္ ကြၽန္ေတာ္ ခ်ာတိတ္ တုန္းက လူေကာင္က ပိန္ေသးေသး ဆိုေတာ့မတြန္းႏိုင္ဘူးလို႔ သူကထင္ေနတာ တစ္ကယ္ တြန္းျပလိုက္ေတာ့ အံ့ၾသသြားၿပီး သူ႔ရဲ႕ 750 ဆိုင္ကယ္ႀကီးကိုေပးစီးပါ ေတာ့တယ္။

လက္ကိုင္ အမ်ိဳးအစားက ေတာ့ easy rider မဟုတ္ပါဘူး.. sport type လို႔ေခၚတဲ့လက္ကိုင္ အေျဖာင့္ပါ.. ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ့္Kawasaki-400 easy rider (line-4) ေတြကိုပဲ အစီးမ်ားခဲ့တယ္ စေကာ့ေဈး(ဗိုလ္ခ်ဳပ္ေဈး) ထဲမွာ မိုးကုတ္ ကိုဝယ္ေရာင္းလုပ္ရင္းနဲ႔ တစ္ဖက္မွာ ဆိုင္ကယ္ ဝ ယ္/စီး/ေရာင္း လုပ္ပါတယ္။

easy rider ဘီးႀကီးေတြပဲစီးေနၾကဆိုေတာ့ဘီးႀကီးသမား ေတြနဲ႔ပဲ ေပါင္း ျဖစ္ခဲ့တယ္။အဲဒီအထဲမွာ ေျမနီကုန္းကေဘာ္ဒါ တစ္ေယာက္ ကေတာ့ တစ္ကယ့္ဆရာႀကီးပဲလူမႈေရးအရ နာမည္ မေရးေတာ့ပါဘူး။နာမည္က ၂ လုံးထဲပါ၊သူနဲ႔အနီးကပ္ ေပါင္းခဲ့ရတာ ေတာ္ေတာ္ ေၾကာက္ဖို႔ ေကာင္းတယ္ ။တစ္ကယ့္ ဂန္းစတား တစ္ေယာက္လိုပဲ။ဆံပင္ကေက်ာလယ္ထိရွိတယ္စစ္သုံးဖီးလ္ဂ်က္ကက္အၿမဲဝတ္တယ္ဂ်င္းပန္အၿမဲဝတ္ၿပီးစစ္ဖိနပ္ကိုပဲအၿမဲစီးတယ္။

သူက ဘယ္ဖက္ ေျခေထာက္ျဖတ္ ထားရၿပီး နံ႐ိုး၃ေခ်ာင္း က်ိဳးထားဘူးတယ္ ။ ေျခတုနဲ႔ပါ ဆိုင္ကယ္အက္ဆီးဒင့္ေၾကာင့္ ျဖစ္ခဲ့ရတာေတြခ်ည္းပါပဲ ။ရန္ကုန္မွာ ကို–ိ ုးႀကီးဆိုရင္ ဆိုင္ကယ္ သူရဲေလာကမွာ မသိသူမရွိဘူး ။သူ ေသာင္းက်န္းခဲ့ တာေတြ ေျပာရရင္အမ်ား၊ႀကီးပဲသူက jumping ေတြေရာeasyrider ေတြေရာအစုံစီးတယ္ ။

၉၁ ဝန္းက်င္ ေလာက္ကကြၽန္ေတာ္ တို႔ေဘာ္ဒါေတြ RC-2 လႈိင္တကၠသိုလ္ဖက္ကျပန္လာၾကတယ္။ ည ၇ နာရီေလာက္ေပါ့ လွည္းတန္း အနီးစံရိပ္ၿငိမ္ မွတ္တိုင္နားမွာ အတူ တူစီးလာတဲ့ ေဘာ္ဒါတစ္ ေယာက္က ကို–ိ ုးႀကီးရဲ႕ဆိုက္ကယ္ကို ေက်ာ္တက္ လိုက္တယ္။

အဲဒါကို ကို–ိ ုးက နဲနဲမူးေနတာ့ စိတ္ဆိုးသြားတ ယ္။ ေက်ာ္တက္ သြားတာကို စိတ္ဆိုးၿပီးသူစီးေနတဲ့ Yamaha DT ကို ကြၽန္ေတာ့္ မ်က္စိေရွ႕မွာပဲ ဆြဲေမွာက္ ပစ္လိုက္တယ္ ။ လူေရာ ဆိုင္ကယ္ ေရာ ကတၱရာ လမ္းမေပၚမွာ ဒ႐ြတ္တိုက္သြားတာ ေတာ္ေတာ္ ေဝးတယ္။

လူကေတာ့ လူးလွိမ့္ထလာပါတယ္ သူ႔ဆိုင္ကယ္က ကတၱရာလမ္း နဲ႔ြတ္တိုက္ၿပီး မီးပန္းေလး ေတြထြက္ေနတယ္ သူကမတ္တပ္ ရပ္ၿပီးၾကည့္ ေနတယ္။ဆိုင္က ယ္ဒ႐ြတ္တို က္ပါသြားၿပီး လမ္းေဘးပလက္ေဖါင္းနဲ႔တိုက္ၿပီး ရပ္သြားေတာ့မွ စံရိပ္ၿငိမ္ နားကအေအးဆိုင္၊

ထဲဝင္ၿပီး ေရခဲေသတၱာထဲက ဘီယာဘူးတစ္ဘူးထုတ္ လိုက္ၿပီး သူ႔လက္က ဆိုင္က ယ္ေမွာက္တဲ့ ဒဏ္ရာေတြကို ဘီယာနဲ႔ေလာင္းခ်လိုက္တယ္။ၿပီးေတာ့မွ စီးကရက္ဖြာၿပီး ဘီယာေသာက္ေနတယ္ အခုနကေက်ာ္ တက္သြားတဲ့ သူငယ္ ခ်င္းကလည္း ျပန္လည့္လာၿပီး သူ႔ဆိုင္၊ကယ္ကို ဆိုင္ေရွ႕ယူလာေပးပါတယ္ အခ်င္းခ်င္း စိတ္မဆိုး ဖို႔ေျပာၿပီး ဘီဟာ ေသာက္ၾကတယ္ၿပီးေတာ့လမ္းခြဲၿပီး အိမ္ျပန္ၾကတယ္။ဟံသာဝတီအဝိုင္းႀကီးမွာ တာဝန္က်တဲ့ယာဥ္ထိန္းရဲေတြဟာ အလွည့္က် ဂ်ဴတီနဲ႔ဆိုေပမယ့္ သူနဲ႔ရင္းႏွီးတဲ့ ေဘာ္ဒါ ေတြမ်ားတယ္ ။

ဆိုင္ကယ္ဦး ထုပ္ဘယ္ေတာ့မွ မေဆာင္းတဲ့သူ႔ကို ေမာ္ေတာ္ပီးကယ္ေတြက ဟိုဖက္လွည့္သြားၿပီး မျမင္ခ်င္ေယာင္ေဆာင္ေပးတယ္ ။တာဝန္က်သူ အသစ္ေရာက္ လာလို႔ သူ႔ကို ဝီစီမႈတ္ၿပီး ဖမ္းရင္ ေမာင္းေျပးတယ္။ ၿပီးေတာ့ သူ႔ေဘာ္ဒါ တစ္ေယာက္ ေခၚလာၿပီး ေမာင္ခိုင္းတယ္။

သူကေနာက္ကထိုင္တယ္။ သူ႔ကိုဖမ္းတဲ့ ယာဥ္ထိန္းရဲ အနားေမာင္း ခိုင္းတယ္။အနားေရာက္တာနဲ႔ ယာဥ္ထိန္းရဲရဲ႕ ဦးထုပ္ကို လက္နဲ႔ပုတ္ခ်ၿပီး ေဘာလုံးလို ကန္ပစ္တယ္ သူကအဲေလာက္ ထိေသာင္းက်န္း တတ္တယ္

အဲဒီေခတ္က ေထာက္လွမ္း ေရးေခတ္ဆိုေတာ့ ကို–ိ ုးႀကီးတို႔က ေထာက္လွမ္းေရးကို ေပါင္းထားေတာ့ဘယ္သူမွသူ႔ကို ျပႆနာမလုပ္ရဲၾကဘူး။ေနာက္တစ္ခါ လွည္းတန္းမီးပြိဳင့္မွာ ျပႆနာရွာပါေသးတယ္ ၉၀ ခုႏွစ္ ေက်ာ္ေလာက္က လွည္းတန္းမီးပြိဳင့္တိုင္ေတြကခုလိုအျမင့္ႀကီးေတြမဟုတ္ဘူး ။

လူ ၂ ရပ္အျမင့္နီးပါးေလာက္ပဲ ရွိတယ္။ တိုင္အေျဖာင့္ေတြပါ။ တစ္ရက္မွာ Yamaha DTနဲ႔ကို–ိ ုးႀကီးေရာက္လာၿပီးဆိုင္ကယ္ကိုမီးပြိဳင့္ပလက္ေဖါင္း ေပၚေမာင္းတက္တယ္ ၿပီးေတာ့ဆိုင္ကယ္ကို ေဒါက္ေထာက္ ၿပီးအေပၚတက္မတ္တပ္ရပ္လို႔Bossnyမႈတ္ေဆးဘူးအနီဘူးနဲ႔မႈတ္ပစ္လိုက္တယ္ မီးပြိင့္ကအ ေဝးကၾကည့္ရင္အကုန္နီကုန္တယ္ ကားေတြအားလုံးမီးပြိဳင့္မွာဒုကၡေရာက္ကုန္တယ္။

ေမာ္ေတာ္ပီကယ္မရွိတဲ့ တာဝန္ခ်ိန္အၿပီ းမွာလုပ္ပစ္ခဲ့တာပါ.. အဲဒီတုန္းကေတာ့ ကို–ိ ုးႀကီး ဘာျပသနာမွ မျဖစ္လိုက္ဘူးေအးေဆးပါပဲ။ေထာက္လွမ္းေရးအရွိန္နဲ႔ အကာကြယ္ယူထားတာ။

သူ႔အဖို႔အထိနာသြားတာကေတာ့ အခုအၿငိမ္းစားယူထားသူဗိုလ္ခ်ဳပ္မႈးႀကီးရဲ႕လမ္းေၾကာင္းထဲကို အတင္းထိုးေဖါက္ဝင္ပစ္ လိုက္တဲ့ကိစၥပါပဲဗိုလ္ခ်ဳပ္မႈႀကီး ေနရာယူၿပီးမၾကာခင္မွာ ဗိုလ္ခ်ဳပ္မႈးႀကီးရဲ႕ VIP လမ္း၊ေၾကာင္းသြားေနတာကို ကို–ိ ုးႀကီးက ေနာက္ကအမွီလိုက္ၿပီး အတင္းေဖါက္ ဝင္လိုက္တယ္ၿပီးေတာ့ အဲဒီေခတ္က 929 ကားေပၚမွာ ထိုင္လိုကလာတဲ့ဗိုလ္ခ်ဳပ္မႈး ႀကီးကား ေဘးျပတင္း ေပါက္နား ယွဥ္လိုက္တယ္ လွည့္အၾကည့္မွာ ႐ု ပ္ရွင္ထဲကလမ္း သရဲေတြ ေအာ္သလိုဝူး ဝါးနဲ႔စူး စူးဝါးဝါးေအာ္ၿပီး၊ဆိုင္ကယ္ေမာင္းေျပးပါတယ္ဗိုလ္ခ်ဳပ္မႈးႀကီးလည္း ေတာ္ေတာ္ လန႔္သြားၿပီး အရမ္းစိတ္ဆိုး သြားတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္သူ႔ေနာက္ကိုေတာ့ ဘယ္တပ္ဖြဲ႕ကမွ လိုက္ၿပီးမဖမ္းၾကပါဘူး အဲဒီည ၁၂ နာရီေလာက္မွာေတာ့ေထာက္လွမ္းေရး အရာရွိခ်ိဳ႕နဲ႔၊ရပ္ကြက္လူ ႀကီးေရာက္လာၿပီး သူ႔ကိုေခၚ သြားပါတယ္။ မိသားစုကိုလည္း ေထာက္လွမ္းေရး ကေျပာတယ္။

ခင္ဗ်ားတို႔ သားကို ဘယ္မွာမွမစုံစမ္းပါနဲ႔ တစ္လျပည့္ရင္ ျပန္လႊတ္ေပး လိုက္မယ္လို႔ ဆိုပါတယ္ကြၽ န္ေတာ္ ကဖမ္းသြားတာ မသိလိုက္ဘူး သမိုင္းကသူငယ္ခ်င္း ဆီေရာက္လို႔၊ကို–ိ ုးႀကီေပ်ာက္ ေနလို႔ေမးေတာ့ “ဂ်ပန္မွာ ဆိုင္ကယ္သြားၿပိဳင္ေနတယ္လို႔ေနာက္ၿပီးေျပာတယ္ ၿပီးမွအျဖစ္မွန္ကို သိရတာက ေထာက္လွမ္းေရးကေရၾကည္အိုင္ကို ေခၚသြားၿပီး LESSON ေပးတယ္ လို႔ေျပာတယ္။

ကတုံးရိတ္ၿပီးေတာ့ မနက္မိုးလင္းတာနဲ႔ ဆိုင္ကယ္ပုံစံ လုပ္ထားတဲ့၊သစ္သားတုံးေပၚခြထိုင္ၿပီး လက္ကိုင္လို လုပ္ထားတဲ့ ဒုတ္ကိုကိုင္ၿပီးပါးစပ္က ခေလးေတြကားေမာင္းသလို၊ဝူး ဝူး ဝူး ဘုတ္ ဘုတ္ ဘုတ္ နဲ႔ေအာ္ခိုင္းပါတယ္။ ေမာလို႔ ရပ္သြားရင္ ေအာက္ဆင္းခိုင္းၿပီး သူ႔ရဲ႕ေျခတုတစ္ဖက္ကိုျဖဳတ္၊ေျခေထာက္တစ္ဖ က္ တည္းရပ္ခိုင္းၿပီး လက္ႏွစ္ဖက္ကိုေဘးဆန႔္ၿပီး ေလယာဥ္ပ်ံေမာင္းခိုင္းပါတယ္။

တစ္ေနကုန္ေအာင္ ေမာင္းရတယ္.. အဲဒီလိုနဲ႔ေရၾကည္အိုင္စခန္းမွာ တစ္လတိတိ LESSON ေပးခံလိုက္ရပါတယ္..ကို–ိုးႀကီးလည္းဒီတစ္ခါေတာ့ ေတာ္ ေတာ္ေလးခံလိုက္ရပါတယ္။အဲဒီကိစၥလည္းျဖစ္ၿပီးေရာ ရန္ကုန္မွာ ဆိုင္ကယ္စီးခြင့္ လုံးဝပိတ္ပစ္လိုက္ပါေတာ့တယ္ မူရင္းေရးသားသူကိုေလးစားစြာခရက္ဒစ္ေပးပါသည္။

Credit