အလႉ မဂ္ေဆာင္ပြဲ လုပ္ရင္ အခြန္သေဘာမ်ိဳး ပိုက္ဆံ၃သိန္း ေပးရေတာ့မည္

အလှူ မဂ်ဆောင်ပွဲ လုပ်ရင် အခွန်သဘောမျိုး ပိုက်ဆံ၃သိန်း ပေးရတော့မည်

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေနောက်နှစ် မင်္ဂလာဆောင်ရင် ငွေသုံးသိန်းတောင်းခံမယ့် သတင်းတွေ ထွက်ပေါ်နေတာကြောင့်ဧရာဝတီတိုင်းမှာ နှစ်မကုန်ခင် မင်္ဂလာတွေ အပြိုင်အဆိုင်ဆောင်နေကြ လာမည့် နှစ် မှစ၍ အလှူ၊

မင်္ဂလာဆော င်ပြု လုပ် လျှင် စကစ က ငွေကျပ် သုံးသိန်း တောင်းခံမည်ဟု သတင်းများထွက်ပေါ်နေသဖြင့်ဧရာဝတီတိုင်းအတွင်း နှစ်မကုန်မီ အလှူ၊မင်္ဂလာဆောင်များအပြိုင်အဆိုင်ပြုလုပ်နေ လာမည့် ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှစတင်၍

အလှူမင်္ဂ လာဆောင်များပြုလုပ်ပါကငွေကျပ် သုံးသိန်းတောင်းခံမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဧရာဝတီတိုင်းတိုင်း၊ဟင်္သာတခရိုင်အတွင်းမြို့နယ်များတွင်နှစ်မကုန်မီအလှူ၊ မင်္ဂလာဆောင်များကို အပြိုင်အဆိုင်ပြုလုပ်နေကြကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါသတင်းများသည်ယခုလဆန်းပိုင်းမှစတင်၍ ပြန့်နှံ့နေခြင်းခြင်းဖြစ်ပြီးအဆိုပါ သတင်းများကြောင့် လာမည့်နှစ်အတွင်းကျင်းပရန်လျာထားသည့် အလှူ၊မင်္ဂ လာဆောင်များကိုပါ ယခုနှစ်မကုန်မီ ရွှေ့ဆိုင်း၍ ပြုလုပ်နေကြောင်း သိရသည်။

“ကြာပီပေါ့ အဲဒီသတင်းကြားနေတာ။အလှူပဲလုပ်လုပ်မင်္ဂလာဆောင်ပဲလုပ်လုပ် သုံးသိန်းပေးဆောင်ရမယ်လို့ အသံတွေကြားနေတာ။ စစ်ကောင်စီငွေပြတ်နေတော့ တောင်းရင်တောင်းနိုင်တယ်။အတည်ဖြစ်သွားလို့ပေးရမယ်ဆိုရင် သုံးသိန်းဆိုတာမနဲဘူး မပေးနိုင်ဘူး။

အာ့ကြောင့်ခုရက်ထဲလုပ်လိုက်တာ။ရွာထဲကလှူဖို့စီစဉ်ထားတဲ့သူတွေလည်းဒီရက်ထဲမှာ အကုန်စုပြီးလုပ်နေကြတယ် ။ ” ဟု ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့မှ ဒေသခံတဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်အာဏာသိမ်းထားသည့်စစ်အုပ်ချုပ်ရေးကာလဖြစ်ပြီး တရားဥပဒေစိုးမိုးမှုမရှိသည့်ကာလ ဖြစ်၍ ဘာမဆိုဖြစ်လာနိုင်သည့်အတွက်ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောဆိုသည်။ ”မင်္ဂလာဆောင်ရင်လက်မှတ်ထိုးရင် ငွေသုံးသိန်း ပေးရမယ်ဆိုတဲ့

သတင်းက ခုတလောကြားနေရလို့ကျနော်တို့က ၃ လပိုင်းမှယူဖို့လုပ်ထားတာ။ အခုက ငွေတောင်းမယ်လို့ကြားနေတော့ ကျနော်တို့ခုခေတ်ကာလမှာပိုက်ဆံမနဲစုပြီးယူဖို့စီစဉ်ရတာ။အဲ့လောက်ပိုက်ဆံတော့မပေးနိုင်ဘူး။ မဟုတ်ပါဘူးလို့ ဘယ်သူမှလည်း အာမခံနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူး။ဟု ကြံခင်းမြို့နယ်က မင်္ဂ လာသတို့သားလောင်းတဦးကဆိုသည်။

၂၀၂၂ ခုနှစ်မှစတင်၍ အလှူ၊မင်္ဂလာဆောင်ပွဲ များပြု လုပ်ပါက အခွန် ငွေသုံးသိန်းပေးဆောင်ရမည်ဟုသတင်း များထွက်ပေါ်နေပြီးအများပြည်သူများအကြားဝေဖန်မှုများမြင့်တက်နေကြောင်းသိရသည်။ ”

အခွန်ဆိုပြီး ကောက်လို့တော့မရဘူး။ ခေါင်းစဉ်မရှိဘူး။ မူဝါဒမရှိဘူး။ အတည်ပြုပေးမယ့် လွှတ်တော်လည်းမရှိဘူး။ဒါပေမယ့် စစ်အုပ်ချုပ်ရေး ကာလဖြစ်တဲ့အတွက် သူတို့ဘာသာဆက်ကြေး တောင်းသလိုတောင်းရင်တော့မသိဘူး”ဟုအခွန်ဦးစီးဌာနဒု-ဦးစီးမှူးတဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ သတင်းများထွက်ပေါ်နေမှုကြောင့်၂၀၂၂ မတိုင်မီ ဟင်္သါတခရိုင်အတွင်းမြို့များဖြစ်သည့် ဟင်္သါတ၊အင်္ဂပူ၊လေးမျက်နှာ၊ဇလွန်၊ မြန်အောင်၊ ကြံခင်း စသည့်မြို့ နယ်များအတွင်း တွင် အလှူ၊မင်္ဂလာဆောင်များ နေ့စဉ်နီးပါးကျင်းပပြုလုပ်လျှက်ရှိနေကြောင်း ဟင်္သာတခရိုင်အတွင်းမှ ဒသခံများထံကသိရသည်။

ဖြစ်နိုင်ချေတော့ မရှိဘူးဆိုပေမယ့် ဘာမဆို လုပ်ရဲတဲ့ သူတို့အတွက်ကတော့ စောင့်ကြည့်ရုံမှတပါး

Credit

အလႉ မဂ္ေဆာင္ပြဲ လုပ္ရင္ အခြန္သေဘာမ်ိဳး ပိုက္ဆံ၃သိန္း ေပးရေတာ့မည္

မဂၤလာပါ ပရိတ္သတ္ ႀကီး တို႔ ေရေနာက္ႏွစ္ မဂၤလာေဆာင္ရင္ ေငြသုံးသိန္းေတာင္းခံမယ့္ သတင္းေတြ ထြက္ေပၚေနတာေၾကာင့္ဧရာဝတီတိုင္းမွာ ႏွစ္မကုန္ခင္ မဂၤလာေတြ အၿပိဳင္အဆိုင္ေဆာင္ေနၾက လာမည့္ ႏွစ္ မွစ၍ အလႉ၊

မဂၤလာေဆာ င္ျပဳ လုပ္ လွ်င္ စကစ က ေငြက်ပ္ သုံးသိန္း ေတာင္းခံမည္ဟု သတင္းမ်ားထြက္ေပၚေနသျဖင့္ဧရာဝတီတိုင္းအတြင္း ႏွစ္မကုန္မီ အလႉ၊မဂၤလာေဆာင္မ်ားအၿပိဳင္အဆိုင္ျပဳလုပ္ေန လာမည့္ ၂၀၂၂ ခုႏွစ္ဆန္းပိုင္းမွစတင္၍

အလႉမဂၤ လာေဆာင္မ်ားျပဳလုပ္ပါကေငြက်ပ္ သုံးသိန္းေတာင္းခံမည္ဟု သတင္းမ်ားထြက္ေပၚေနျခင္းေၾကာင့္ ဧရာဝတီတိုင္းတိုင္း၊ဟသၤာတခ႐ိုင္အတြင္းၿမိဳ႕နယ္မ်ားတြင္ႏွစ္မကုန္မီအလႉ၊ မဂၤလာေဆာင္မ်ားကို အၿပိဳင္အဆိုင္ျပဳလုပ္ေနၾကေၾကာင္း ေဒသခံမ်ားထံက သိရသည္။

အဆိုပါသတင္းမ်ားသည္ယခုလဆန္းပိုင္းမွစတင္၍ ျပန္႔ႏွံ႔ေနျခင္းျခင္းျဖစ္ၿပီးအဆိုပါ သတင္းမ်ားေၾကာင့္ လာမည့္ႏွစ္အတြင္းက်င္းပရန္လ်ာထားသည့္ အလႉ၊မဂၤ လာေဆာင္မ်ားကိုပါ ယခုႏွစ္မကုန္မီ ေ႐ႊ႕ဆိုင္း၍ ျပဳလုပ္ေနေၾကာင္း သိရသည္။

“ၾကာပီေပါ့ အဲဒီသတင္းၾကားေနတာ။အလႉပဲလုပ္လုပ္မဂၤလာေဆာင္ပဲလုပ္လုပ္ သုံးသိန္းေပးေဆာင္ရမယ္လို႔ အသံေတြၾကားေနတာ။ စစ္ေကာင္စီေငြျပတ္ေနေတာ့ ေတာင္းရင္ေတာင္းႏိုင္တယ္။အတည္ျဖစ္သြားလို႔ေပးရမယ္ဆိုရင္ သုံးသိန္းဆိုတာမနဲဘူး မေပးႏိုင္ဘူး။

အာ့ေၾကာင့္ခုရက္ထဲလုပ္လိုက္တာ။႐ြာထဲကလႉဖို႔စီစဥ္ထားတဲ့သူေတြလည္းဒီရက္ထဲမွာ အကုန္စုၿပီးလုပ္ေနၾကတယ္ ။ ” ဟု ဟသၤာတခ႐ိုင္၊ ေလးမ်က္ႏွာၿမိဳ႕မွ ေဒသခံတဦးက ဧရာဝတီတိုင္းမ္ ကိုေျပာသည္။

စစ္အာဏာသိမ္းထားသည့္စစ္အုပ္ခ်ဳပ္ေရးကာလျဖစ္ၿပီး တရားဥပေဒစိုးမိုးမႈမရွိသည့္ကာလ ျဖစ္၍ ဘာမဆိုျဖစ္လာႏိုင္သည့္အတြက္ယခုကဲ့သို႔လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕ကေျပာဆိုသည္။ ”မဂၤလာေဆာင္ရင္လက္မွတ္ထိုးရင္ ေငြသုံးသိန္း ေပးရမယ္ဆိုတဲ့

သတင္းက ခုတေလာၾကားေနရလို႔က်ေနာ္တို႔က ၃ လပိုင္းမွယူဖို႔လုပ္ထားတာ။ အခုက ေငြေတာင္းမယ္လို႔ၾကားေနေတာ့ က်ေနာ္တို႔ခုေခတ္ကာလမွာပိုက္ဆံမနဲစုၿပီးယူဖို႔စီစဥ္ရတာ။အဲ့ေလာက္ပိုက္ဆံေတာ့မေပးႏိုင္ဘူး။ မဟုတ္ပါဘူးလို႔ ဘယ္သူမွလည္း အာမခံႏိုင္တဲ့အေျခအေနမ်ိဳးမဟုတ္ဘူး။ဟု ႀကံခင္းၿမိဳ႕နယ္က မဂၤ လာသတို႔သားေလာင္းတဦးကဆိုသည္။

၂၀၂၂ ခုႏွစ္မွစတင္၍ အလႉ၊မဂၤလာေဆာင္ပြဲ မ်ားျပဳ လုပ္ပါက အခြန္ ေငြသုံးသိန္းေပးေဆာင္ရမည္ဟုသတင္း မ်ားထြက္ေပၚေနၿပီးအမ်ားျပည္သူမ်ားအၾကားေဝဖန္မႈမ်ားျမင့္တက္ေနေၾကာင္းသိရသည္။ ”

အခြန္ဆိုၿပီး ေကာက္လို႔ေတာ့မရဘူး။ ေခါင္းစဥ္မရွိဘူး။ မူဝါဒမရွိဘူး။ အတည္ျပဳေပးမယ့္ လႊတ္ေတာ္လည္းမရွိဘူး။ဒါေပမယ့္ စစ္အုပ္ခ်ဳပ္ေရး ကာလျဖစ္တဲ့အတြက္ သူတို႔ဘာသာဆက္ေၾကး ေတာင္းသလိုေတာင္းရင္ေတာ့မသိဘူး”ဟုအခြန္ဦးစီးဌာနဒု-ဦးစီးမႉးတဦးက သုံးသပ္ေျပာဆိုသည္။

အဆိုပါ သတင္းမ်ားထြက္ေပၚေနမႈေၾကာင့္၂၀၂၂ မတိုင္မီ ဟသၤါတခ႐ိုင္အတြင္းၿမိဳ႕မ်ားျဖစ္သည့္ ဟသၤါတ၊အဂၤပူ၊ေလးမ်က္ႏွာ၊ဇလြန္၊ ျမန္ေအာင္၊ ႀကံခင္း စသည့္ၿမိဳ႕ နယ္မ်ားအတြင္း တြင္ အလႉ၊မဂၤလာေဆာင္မ်ား ေန႔စဥ္နီးပါးက်င္းပျပဳလုပ္လွ်က္ရွိေနေၾကာင္း ဟသၤာတခ႐ိုင္အတြင္းမွ ဒသခံမ်ားထံကသိရသည္။

ျဖစ္ႏိုင္ေခ်ေတာ့ မရွိဘူးဆိုေပမယ့္ ဘာမဆို လုပ္ရဲတဲ့ သူတို႔အတြက္ကေတာ့ ေစာင့္ၾကည့္႐ုံမွတပါး

Credit