သင့္အေပၚ သူစိတ္ကုန္ၿပီး လမ္းခြဲခ်င္ေနၿပီဆိုတာ ျပေနတဲ့ အခ်က္ေတြ…

သင့္အေပၚ သူစိတ္ကုန္ၿပီး လမ္းခြဲခ်င္ေနၿပီဆိုတာ ျပေနတဲ့ အခ်က္ေတြ…

အခ်စ္ အခ်စ္ဆိုတာ ေျပာင္္းလဲတတ္တယ္ဆုိရင္ လက္ခံမလား။ လက္မခံခ်င္ေပမယ့္ ဒါဟာ အမွန္္တရားတစ္ခုျဖစ္ၿပီးေတာ့ အခ်စ္က ေျပာင္းလဲႏုိင္သလုိ အသစ္လည္း ျဖစ္ေပၚႏုိင္ပါတယ္ . . . . .။

တစ္ခါတစ္ေလမွာ သူဟာကိုယ့္အတြက္ ဘဝလက္တြဲေဖာ္ပါလို႔ ထင္မွတ္ထားေပမယ့္ သူကေတာ့ ကိုယ့္ကို အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္မဝင္စားေတာ့တဲ့ အေျခအေနေတြ ေတြ႕တတ္ပါတယ္ . . .။

ဒီအခ်က္ေတြက သူသင့္အေပၚ စိတ္ကုန္္သြားၿပီး သင့္တုိ႔ရဲ႕ Relationship ကို အဆံုးသတ္ခ်င္ေနၿပီဆုိတာ ေဖာ္ျပေနတဲ႔ အခ်က္ေတြပဲ ျဖစ္ပါတယ္ေနာ္ …။

သူ သင္နဲ႔ ေတြ႔ရမွာကို စိတ္မပါေတာ့ဘူး”

ဘယ္သူမဆို ကိုယ္ခ်စ္ရတဲ့သူ၊ ကိုယ္သေဘာက်တဲ့သူနဲဲ႔ ေတြ႔ရမယ္ဆို ေပ်ာ္႐ႊင္တတ္ၾကေပမယ့္ သင့္ခ်စ္သူကေတာ့ ဟုိအရင္လုိ သင္နဲ႔ေတြ႔ရမွာကို ရင္ခုန္ စိတ္မလႈပ္႐ွား ေနေတာ့ပါဘူး . . .။

ခ်ိန္းလုိက္တုိင္းလည္း ေနာက္က်ရတာနဲဲ႔ အလုပ္ေတြ႐ႈပ္လို႔ မအားတာနဲ႔ စသျဖင့္္ သင့္အတြက္ မ႐ိုးႏုိင္တဲ့ အေၾကာင္းျပခ်က္ေတြ သူ႔မွာ ႐ွိေနတတ္ပါတယ္ . . . . .။

ဒါက သူ သင့္နဲ႔ေတြ႔ရမွာကို အရင္္လုိ စိတ္မပါေတာ့တာကို ေဖာ္ျပေနၿပီး သင့္အေပၚ စိတ္ကုန္ေနၿပီဆုိတာ သက္ေသျပေနတာပါပဲ . . .။

သင့္အေၾကာင္း စိတ္မဝင္စားသလုိ သူ႔အေၾကာင္းေတြလည္း မေျပာျပ တတ္ေတာ့ဘူး”

ဟုိအရင္ခ်စ္္စခင္စ ၾကင္နာစမွာေတာ့ သင္ဒီေန႔ဘာလုပ္တယ္၊ ဘာသြားတယ္၊ ဘယ္သူနဲ႔ ေတြ႔တယ္ကအစ စိတ္ဝင္တစား ေမးျမန္းတတ္သလုိ သူ႔ရဲ႕အေၾကာင္းေတြကို သင္မေမးရင္ေတာင္ ေျပာျပဖို႔ အသင့္ ျဖစ္ေနတတ္ပါတယ္ . . .။

သင့္အေပၚ စိတ္ကုန္သြားတဲ့အခ်ိန္မွာေတာ့ ဒီလုိကိစၥေတြက ဘာမွအေရးမပါတဲ့ အရာေတြအျဖစ္ သူဘက္က ေျပာလာတာေတြ ႐ွိၿပီး သင့္ဘက္ကေန သူ႔အေၾကာင္း စေမးရင္ေတာင္ မေျဖခ်င္တဲ့ ပံုစံမ်ိဳးေတြ လုပ္တတ္ပါေသးတယ္ . . .။

ဒီလုိဆိုရင္ေတာ့ သင္တို႔ ဆက္ဆံေရးမွာ အဖုအထစ္ေတြ ႐ွိေနပီပဲ ျဖစ္ပါတယ္ . . .။

စကားဝုိင္းေတြ တိတ္ဆိတ္လာတယ္”

ကိုယ္ခ်စ္ရတဲ့ သူနဲ႔ဆိို ေျပာစရာ စကားေတြက စဥ္းစားစရာမလုိပဲကို ေျပာမဆံုးႏုိင္္ျဖစ္ေနတတ္ပါတယ္ေနာ္။ ဒါေပမယ့္လို႔ ဟိုအရ္င္လုိ သင္တုိ႔ရဲ႕စကားဝုိင္းက မစိုေျပေတာ့ဘူး . . .။

တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႔တဲ့အခ်ိိန္တိုင္း ေျပာစရာစကားေတြ ႐ွားပါးလာခဲ့ၿပီဆိုရင္ေတာ့ စိုးရိမ္စရာျဖစ္ေနပါၿပီေနာ္။ သင္တုိ႔ႏွစ္ေယာက္ၾကားမွာ ဘာစကားမွ ေျပာစရာမ႐ွိေအာင္ စကားဝိုင္းက တိတ္ဆိတ္သြားခဲဲ့ၿပီဆိုရင္ေတာ့ ဒါဟာ Relationship တစ္ခုရဲ႕ နိဂံုးပဲ ျဖစ္ပါတယ္ . . .။

စိတ္ဆိုးစိတ္ေကာက္ခ်ိန္ေတြ ႐ွည္ၾကာလာတယ္”

ဆက္ဆံေရးေတြ ေအးစက္မာေက်ာလာတဲ့အခါ စကားမ်ားရန္ျဖစ္တာေတြ၊ စိတ္အခန္႔မသင့္တာေတြလည္း မ်ားလာၿပီး မေခၚမေျပာေတြ ျဖစ္လာတတ္ပါတယ္ . . .။

အရင္က စကားမ်ားရန္ျဖစ္ရင္ တစ္ရက္ေတာင္ တင္းမထားတတ္ပဲ အျမဲတမ္း ေခ်ာ့တတ္တဲဲ့ သူက ခုခ်ိန္မွာေတာ့ အခ်ိန္ေတြအၾကာႀကီး မေခၚမေျပာပဲ ေနလာတတ္ပါတယ္ . . .။

အခ်ိန္ေတာ္ေတာ္ၾကာမွ တာဝန္ဝတၱရားတစ္ခုလုိ လာေခၚေျပာတတ္တာမ်ိဳးေတြ႐ွိေပမယ့္ အဲဒီ႔စကားေတြမွာ ခံစားခ်က္ေတြ ပါမေနတတ္ေတာ့ပါဘူး။ ဒါဆိုရင္ေတာ့ သူ႔သင့္အေပၚ စိတ္ကုန္ၿပီး သင္တို႔ရဲ႕ Relationship ကိုအဆံုးသတ္ခ်င္ေနၿပီဆိုတာ ေသခ်ာေနပါၿပီေနာ္ . . .။ ။

Khin

Unicode

သင့်အပေါ် သူစိတ်ကုန်ပြီး လမ်းခွဲချင်နေပြီဆိုတာ ပြနေတဲ့ အချက်တွေ…

အချစ် အချစ်ဆိုတာ ပြောင်းလဲတတ်တယ်ဆိုရင် လက်ခံမလား။ လက်မခံချင်ပေမယ့် ဒါဟာ အမှန်တရားတစ်ခုဖြစ်ပြီးတော့ အချစ်က ပြောင်းလဲနိုင်သလို အသစ်လည်း ဖြစ်ပေါ်နိုင်ပါတယ် . . .။

တစ်ခါတစ်လေမှာ သူဟာကိုယ့်အတွက် ဘဝလက်တွဲဖော်ပါလို့ ထင်မှတ်ထားပေမယ့် သူကတော့ ကိုယ့်ကို အချိန်ကြာလာတာနဲ့အမျှ စိတ်မဝင်စားတော့တဲ့ အခြေအနေတွေ တွေ့တတ်ပါတယ် . . .။

ဒီအချက်တွေက သူသင့်အပေါ် စိတ်ကုန်သွားပြီး သင့်တို့ရဲ့ Relationship ကို အဆုံးသတ်ချင်နေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်နော် …။

သူ သင်နဲ့ တွေ့ရမှာကို စိတ်မပါတော့ဘူး”

ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်သဘောကျတဲ့သူနဲ့ တွေ့ရမယ်ဆို ပျော်ရွှင်တတ်ကြပေမယ့် သင့်ချစ်သူကတော့ ဟိုအရင်လို သင်နဲ့တွေ့ရမှာကို ရင်ခုန် စိတ်မလှုပ်ရှား နေတော့ပါဘူး . . .။

ချိန်းလိုက်တိုင်းလည်း နောက်ကျရတာနဲ့ အလုပ်တွေရှုပ်လို့ မအားတာနဲ့ စသဖြင့် သင့်အတွက် မရိုးနိုင်တဲ့ အကြောင်းပြချက်တွေ သူ့မှာ ရှိနေတတ်ပါတယ် . . .။

ဒါက သူ သင့်နဲ့တွေ့ရမှာကို အရင်လို စိတ်မပါတော့တာကို ဖော်ပြနေပြီး သင့်အပေါ် စိတ်ကုန်နေပြီဆိုတာ သက်သေပြနေတာပါပဲ . . .။

သင့်အကြောင်း စိတ်မဝင်စားသလို သူ့အကြောင်းတွေလည်း မပြောပြ တတ်တော့ဘူး”

ဟိုအရင်ချစ်စခင်စ ကြင်နာစမှာတော့ သင်ဒီနေ့ဘာလုပ်တယ်၊ ဘာသွားတယ်၊ ဘယ်သူနဲ့ တွေ့တယ်ကအစ စိတ်ဝင်တစား မေးမြန်းတတ်သလို သူ့ရဲ့အကြောင်းတွေကို သင်မမေးရင်တောင် ပြောပြဖို့ အသင့် ဖြစ်နေတတ်ပါတယ် . . .။

သင့်အပေါ် စိတ်ကုန်သွားတဲ့အချိန်မှာတော့ ဒီလိုကိစ္စတွေက ဘာမှအရေးမပါတဲ့ အရာတွေအဖြစ် သူဘက်က ပြောလာတာတွေ ရှိပြီး သင့်ဘက်ကနေ သူ့အကြောင်း စမေးရင်တောင် မဖြေချင်တဲ့ ပုံစံမျိုးတွေ လုပ်တတ်ပါသေးတယ် . . .။

ဒီလိုဆိုရင်တော့ သင်တို့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိနေပီပဲ ဖြစ်ပါတယ် . . .။

စကားဝိုင်းတွေ တိတ်ဆိတ်လာတယ်”

ကိုယ်ချစ်ရတဲ့ သူနဲ့ဆို ပြောစရာ စကားတွေက စဉ်းစားစရာမလိုပဲကို ပြောမဆုံးနိုင်ဖြစ်နေတတ်ပါတယ်နော်။ ဒါပေမယ့်လို့ ဟိုအရ်င်လို သင်တို့ရဲ့စကားဝိုင်းက မစိုပြေတော့ဘူး . . .။

တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အချိန်တိုင်း ပြောစရာစကားတွေ ရှားပါးလာခဲ့ပြီဆိုရင်တော့ စိုးရိမ်စရာဖြစ်နေပါပြီနော်။ သင်တို့နှစ်ယောက်ကြားမှာ ဘာစကားမှ ပြောစရာမရှိအောင် စကားဝိုင်းက တိတ်ဆိတ်သွားခဲ့ပြီဆိုရင်တော့ ဒါဟာ Relationship တစ်ခုရဲ့ နိဂုံးပဲ ဖြစ်ပါတယ် . . .။

စိတ်ဆိုးစိတ်ကောက်ချိန်တွေ ရှည်ကြာလာတယ်”

ဆက်ဆံရေးတွေ အေးစက်မာကျောလာတဲ့အခါ စကားများရန်ဖြစ်တာတွေ၊ စိတ်အခန့်မသင့်တာတွေလည်း များလာပြီး မခေါ်မပြောတွေ ဖြစ်လာတတ်ပါတယ် . . .။

အရင်က စကားများရန်ဖြစ်ရင် တစ်ရက်တောင် တင်းမထားတတ်ပဲ အမြဲတမ်း ချော့တတ်တဲ့ သူက ခုချိန်မှာတော့ အချိန်တွေအကြာကြီး မခေါ်မပြောပဲ နေလာတတ်ပါတယ် . . .။

အချိန်တော်တော်ကြာမှ တာဝန်ဝတ္တရားတစ်ခုလို လာခေါ်ပြောတတ်တာမျိုးတွေရှိပေမယ့် အဲဒီ့စကားတွေမှာ ခံစားချက်တွေ ပါမနေတတ်တော့ပါဘူး။ ဒါဆိုရင်တော့ သူ့သင့်အပေါ် စိတ်ကုန်ပြီး သင်တို့ရဲ့ Relationship ကိုအဆုံးသတ်ချင်နေပြီဆိုတာ သေချာနေပါပြီနော် . . .။ ။

Khin