မၾကာခဏ စိတ္ဆိုးစိတ္ေကာက္လုပ္တတ္တဲ့ မိန္းကေလးေတြ ရမယ့္ ဆိုးက်ိဳး (၅) ခု

မၾကာခဏ စိတ္ဆိုးစိတ္ေကာက္လုပ္တတ္တဲ့ မိန္းကေလးေတြ ရမယ့္ ဆိုးက်ိဳး (၅) ခု

မိန္းကေလးေတြရဲ႕ သဘာဝကိုက စိတ္ဆိုးစိတ္ေကာက္ လုပ္တတ္တာမ်ိဳး ပါလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မိန္းကေလးတိုင္းကေတာ့ စိတ္ဆိုးစိတ္ေကာက္တာမ်ိဳး မလုပ္ၾကပါဘူး။ မၾကာခဏ စိတ္ဆိုးစိတ္ေကာက္လုပ္တတ္တဲ့ မိန္းကေလးေတြကေတာ့ သူမ်ားေတြထက္ ထူးျခားေနတတ္သလို သူမ်ားေတြ မရတဲ့ ဆိုးက်ိဳးေတြလည္း ရေနတတ္ပါတယ္။ ဘယ္လိုဆိုးက်ိဳးေတြလဲ ဆိုတာကို ၾကည္႔လိုက္ရေအာင္ေနာ္ …။

(၁) ပူေလာင္တယ္”

စိတ္ဆိုးတယ္ဆိုတည္းက ကိုယ့္စိတ္မွာ အလိုမက်တာ တခုခု ျဖစ္သြားလို႔ ျဖစ္ပါတယ္။ စိတ္ဆိုးတယ္ဆိုတာ စိတ္ဆိုးသင့္တဲ့အရာ ဟုတ္ မဟုတ္ စစ္ေဆးၿပီးမွ စိတ္ဆိုးရင္ေတာ့ သဘာဝက်ပါတယ္။ ဒီလို မဟုတ္ဘဲ ကိုယ့္စိတ္အလိုအတိုင္း မျဖစ္တာနဲ႔ စိတ္ဆိုးေနရင္ေတာ့ စိတ္ဆိုးခံရသူထက္ သင္ပဲ အရင္ဆံုး ပူေလာင္ေနရတာ ျဖစ္ပါတယ္ …။

(၂) ဝမ္းနည္းရတယ္”

စိတ္ဆိုး စိတ္ေကာက္လုပ္တတ္တဲ့ မိန္းကေလး အမ်ားစုကေတာ့ အႀကီးအက်ယ္ စိတ္ဆိုးၾကလို႔ မဟုတ္ဘဲ ကေလးဆန္လြန္းၾကတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ဒီလို ျပဳမူတတ္တဲ့ စိတ္ေၾကာင့္ အရင္ဆံုး ဝမ္းနည္းရတာလည္း သူတို႔ပဲ ျဖစ္ပါတယ္။ ငါ့ကို ဒီလို…. ဆိုၿပီး ေတြးၿပီး အျမဲ အလိုမက် ျဖစ္ၿပီး စိတ္ေကာက္ေနရင္ေတာ့ ဝမ္းနည္းေနမွာပါပဲ။ ဝမ္းနည္းတာက တကယ့္ေတာ့ ခံစားရတာ မေကာင္းပါဘူး …။

(၃) အေတြးမ်ားတယ္”

သူတို႔လို လူမ်ိဳးေတြ အမ်ားစု ဒီလို စိတ္ဆိုးစိတ္ေကာက္လုပ္ေနရတဲ့ အေၾကာင္းအရင္းကေတာ့ အေတြးမ်ားလို႔ ျဖစ္ပါတယ္။ တကယ္ မဟုတ္ဘဲ အေတြးနဲ႔ တစ္ဖက္လူအေပၚ အထင္လြဲတာ တစ္မ်ိဳးျမင္တာေတြက ကိုယ့္ကိုယ္ကို ဒုကၡေပးေနသလိုပါပဲ။ စိတ္ဆိုးရင္လည္း အရင္ဆံုး ပင္ပန္းရတာ ကိုယ္ ျဖစ္ၿပီး ကိုယ့္အေတြးေၾကာင့္ တစ္ဖက္သူက အျပစ္လည္း ကိုယ့္ကို ျမင္သြားႏိုင္ပါတယ္ေနာ္ …။

(၄) ရုပ္ရင့္ေစႏိုင္တယ္”

ေပ်ာ္ရႊင္တဲ့သူေတြသာ စိတ္ပ်ိဳကိုယ္ႏုဆုိတာမ်ိဳး ျဖစ္တာပါ။ သင္က အျမဲ အေတြးေတြ၊ သံသယနဲ႔ စိတ္ဆိုးဖို႔ စိတ္ေကာက္ဖို႔သာ ဟန္ျပင္ေနရင္ေတာ့ သင့္ကို ရုပ္ရင့္ေစတဲ့ ေဟာ္မုန္းထြက္တာေတြ မ်ားေနၿပီး တျဖည္းျဖည္း ရုပ္ရင့္လာမွာပဲ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ စိတ္ေအးခ်မ္းေအာင္ မေနတတ္တဲ့ အက်င့္ေၾကာင့္ ထိခိုက္မွာက ကိုယ္ပဲ ျဖစ္ပါတယ္ …။

(၅) ၿငိဳျငင္ခံရႏိုင္တယ္”

ကေလးဘဝမွာ စိတ္ဆိုး စိတ္ေကာက္လုပ္ေနတဲ့ ပံုစံေလးက သိပ္ကို ခ်စ္ဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ မၾကာခဏ ျဖစ္ေနမယ္ဆိုရင္ေတာ့ ဒီအျပဳအမူက မေကာင္းတာမို႔ လူႀကီးေတြက အလိုမလိုက္တတ္ၾကပါဘူး။ ကေလးေတာင္ အႀကိမ္ေရမ်ားလာရင္ အသိအမွတ္မျပဳေတာ့ၾကတာမို႔ ကိုယ္က အရြယ္ေရာက္ေနၿပီဆိုရင္ ထစ္ခနဲရွိ စိတ္ေကာက္တဲ့ အက်င့္ကို ျပင္သင့္ပါတယ္။ မဟုတ္ရင္ေတာ့ သင့္အနားက သူေတြက သင့္ကို ၿငိဳျငင္လာႏိုင္ပါတယ္ေနာ္ …။ ။

Kham

Unicode

မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ရမယ့် ဆိုးကျိုး (၅) ခု

မိန်းကလေးတွေရဲ့ သဘာဝကိုက စိတ်ဆိုးစိတ်ကောက် လုပ်တတ်တာမျိုး ပါလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးတိုင်းကတော့ စိတ်ဆိုးစိတ်ကောက်တာမျိုး မလုပ်ကြပါဘူး။ မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေကတော့ သူများတွေထက် ထူးခြားနေတတ်သလို သူများတွေ မရတဲ့ ဆိုးကျိုးတွေလည်း ရနေတတ်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော် …။

(၁) ပူလောင်တယ်”

စိတ်ဆိုးတယ်ဆိုတည်းက ကိုယ့်စိတ်မှာ အလိုမကျတာ တခုခု ဖြစ်သွားလို့ ဖြစ်ပါတယ်။ စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုးသင့်တဲ့အရာ ဟုတ် မဟုတ် စစ်ဆေးပြီးမှ စိတ်ဆိုးရင်တော့ သဘာဝကျပါတယ်။ ဒီလို မဟုတ်ဘဲ ကိုယ့်စိတ်အလိုအတိုင်း မဖြစ်တာနဲ့ စိတ်ဆိုးနေရင်တော့ စိတ်ဆိုးခံရသူထက် သင်ပဲ အရင်ဆုံး ပူလောင်နေရတာ ဖြစ်ပါတယ် …။

(၂) ဝမ်းနည်းရတယ်”

စိတ်ဆိုး စိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေး အများစုကတော့ အကြီးအကျယ် စိတ်ဆိုးကြလို့ မဟုတ်ဘဲ ကလေးဆန်လွန်းကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီလို ပြုမူတတ်တဲ့ စိတ်ကြောင့် အရင်ဆုံး ဝမ်းနည်းရတာလည်း သူတို့ပဲ ဖြစ်ပါတယ်။ ငါ့ကို ဒီလို…. ဆိုပြီး တွေးပြီး အမြဲ အလိုမကျ ဖြစ်ပြီး စိတ်ကောက်နေရင်တော့ ဝမ်းနည်းနေမှာပါပဲ။ ဝမ်းနည်းတာက တကယ့်တော့ ခံစားရတာ မကောင်းပါဘူး …။

(၃) အတွေးများတယ်”

သူတို့လို လူမျိုးတွေ အများစု ဒီလို စိတ်ဆိုးစိတ်ကောက်လုပ်နေရတဲ့ အကြောင်းအရင်းကတော့ အတွေးများလို့ ဖြစ်ပါတယ်။ တကယ် မဟုတ်ဘဲ အတွေးနဲ့ တစ်ဖက်လူအပေါ် အထင်လွဲတာ တစ်မျိုးမြင်တာတွေက ကိုယ့်ကိုယ်ကို ဒုက္ခပေးနေသလိုပါပဲ။ စိတ်ဆိုးရင်လည်း အရင်ဆုံး ပင်ပန်းရတာ ကိုယ် ဖြစ်ပြီး ကိုယ့်အတွေးကြောင့် တစ်ဖက်သူက အပြစ်လည်း ကိုယ့်ကို မြင်သွားနိုင်ပါတယ်နော် …။

(၄) ရုပ်ရင့်စေနိုင်တယ်”

ပျော်ရွှင်တဲ့သူတွေသာ စိတ်ပျိုကိုယ်နုဆိုတာမျိုး ဖြစ်တာပါ။ သင်က အမြဲ အတွေးတွေ၊ သံသယနဲ့ စိတ်ဆိုးဖို့ စိတ်ကောက်ဖို့သာ ဟန်ပြင်နေရင်တော့ သင့်ကို ရုပ်ရင့်စေတဲ့ ဟော်မုန်းထွက်တာတွေ များနေပြီး တဖြည်းဖြည်း ရုပ်ရင့်လာမှာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်အေးချမ်းအောင် မနေတတ်တဲ့ အကျင့်ကြောင့် ထိခိုက်မှာက ကိုယ်ပဲ ဖြစ်ပါတယ် …။

(၅) ငြိုငြင်ခံရနိုင်တယ်”

ကလေးဘဝမှာ စိတ်ဆိုး စိတ်ကောက်လုပ်နေတဲ့ ပုံစံလေးက သိပ်ကို ချစ်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် မကြာခဏ ဖြစ်နေမယ်ဆိုရင်တော့ ဒီအပြုအမူက မကောင်းတာမို့ လူကြီးတွေက အလိုမလိုက်တတ်ကြပါဘူး။ ကလေးတောင် အကြိမ်ရေများလာရင် အသိအမှတ်မပြုတော့ကြတာမို့ ကိုယ်က အရွယ်ရောက်နေပြီဆိုရင် ထစ်ခနဲရှိ စိတ်ကောက်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။ မဟုတ်ရင်တော့ သင့်အနားက သူတွေက သင့်ကို ငြိုငြင်လာနိုင်ပါတယ်နော် …။ ။

Kham