D i e t လုပ်နေသူတွေအတွက် အရင်ဆုံးကြုံရတဲ့ ပြသနာတွေကတော့ ဗိုက်ဆာခြင်း၊စိတ်တိုခြင်းနဲ့ အလိုမကျဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျခြင်းကိုပါ ခံစားလာရပါတယ်။ထို့ပြင် ဗီတာမင်နဲ့အာဟာရဓာတ်များလျော့နည်းလာတာမို့ ကျန်းမာရေးကိုပါ ထိခိုက်လာပါတယ်။
သင်ဟာ ဝိတ်ချဖို့ ကြိုးစားနေသူဆိုပါက ကိုယ်အလေးချိန်ကျဖို့အတွက်ကိုပဲ မစဉ်းစားပဲ အာဟာရပြည့်ဝဖို့နဲ့ ကျန်းမာရေးမထိခိုက်စေဖို့လဲ စဉ်းစားရမှာ ဖြစ်ပါတယ်။
သင့် D i e t က သင့်စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကို ထိခိုက်နေပြီဆိုတာကို အောက်ပါ၅ချက်နဲ့ သိရှိနိုင်ပါတယ်။
(၁)ရာသီပုံမမှန်ဖြစ်ခြင်း
ဟိုမုန်းများပုံမမှန်ဖြစ်တာကြောင့် ဖြစ်ပါတယ်။ဟိုမုန်းများ ကမောက်ကမဖြစ်ခြင်းကြောင့် ရာသီမမှန်တဲ့အပြင် စိတ်ကျခြင်းကိုပါခံစားရစေပါတယ်။
ဟိုမုန်းမမျှတခြင်းအကြောင်းရင်းကတော့ အိုင်အိုဒင်းချိူ့တဲ့လို့ ဖြစ်ပါတယ်။ အိုင်အိုဒင်းပါသော ဆားနဲ့ အစားအစာများကို လုံလောက်စွာ စားသုံးသင့်ပါတယ်။
(၂)သတိမေ့ခြင်း
အိုမီဂါ၃ဖက်တီးအက်ဆစ်ကိုစားခြင်းဖြင့် သင့်ဦးနှောက်စွမ်းဆောင်ရည်ကိုမြင့်မားစေပြီး အာရုံစူးစိုက်မှုကောင်းအောင် အရေးကြီးတဲ့အရာတွေကိုမမေ့အောင် ကာကွယ်ပေးပါတယ်။
သင့်ကိုယ်ထဲမှာ အိုမီဂါ၃ နည်းပါးပါက မကောင်းတဲ့အဆီတွေကို ပိုမိုစုပ်ယူစေပြီး ထိုအဆီတွေကြောင့် စိတ်ကျခြင်းဖြစ်ပေါစေပါတယ်။
အိုမီဂါ၃ ပါသောအစာများကတော့
အဆီပါသောငါးများ၊ အစေ့အဆန်များ၊ ဆီများ ၊ဂျူံတို့ဖြစ်ပါတယ်
(၃)ကြွက်တက်ခြင်း
သင်ဟာ မကြာခဏကြွက်တက်သူဖြစ်ပါက သင့်စားသောက်ပုံကိုပြန်ဆန်းစစ်သင့်ပါတယ်။
သင့်အစားအစာထဲမှာ မက်နီဆီယမ်ချိူ့တဲ့ပါက ကြွက်တက်ခြင်းအပြင် စိတ်ကျခြင်းကိုပါ ဖြစ်စေပါတယ်။မက်နီဆီယမ်ပါဝင်သောအစားအစာများကတော့
ဖရုံစေ့၊ ပဲအမျိူမျိူးတို့ဖြစ်ပြီး နေ့စဉ်ပုံမှန်စားပေးသင့်ပါတယ်။
(၄)အစာစားချင်စိတ်မရှိခြင်း၊နုန်းခြင်း၊အသက်ရှူမဝခြင်း
ဝိတ်ချနေသူတွေအတွက် အစာစားချင်စိတ်မရှိတာ ပျော်စရာလို့ထင်ရပေမယ့် နုန်းခြင်းနဲ့အသက်ရှူမဝခြင်းတို့ကိုပါ တွဲဖက်ခံစားလာရပြီဆိုရင်တော့
သင်ဟာ သံဓာတ်ချိူ့တဲ့သောသွေးအားနည်းရောဂါခံစားနေရပြီလို့ယူဆရပါတယ်။
သံဓာတ်ပါဝင်သောအားဆေးများအပြင် သံဓာတ်ပြည့်ဝသောအစာများကိုစားပေးသင့်ပါတယ်။ဒါတွေကတော့
အသည်းအမျိူးမျိူး၊ ရေဘဝဲ၊ ပဲပိစပ်၊ ဟင်းနုနယ်ရွက်တို့ဖြစ်ပါတယ်
(၅)ဗိုက်မအီမသာဖြစ်ခြင်း
ဇင့်ဓာတ်နည်းပါးနေလို့ဖြစ်ပြီး ဝမ်းပျက်ခြင်း သို့ ဝမ်းချူပ်ခြင်းတို ဖြစ်နိုင်ပါတယ်။နေ့စဉ်အစားအသောက်မှာ ဇင့်ပါဝင်သောအစာများစားပေးသင့်ပါတယ်။ ဇင့်ပါသောအစာတွေကတော့
ဂျံူ၊ ချိစ်အမျိူးမျိူး၊ အသားများ၊ ပင်လယ်စာတို့ဖြစ်ပါတယ်။
Dr Jue (XYZ News)
Zawgyi
D i e t လုပ္ေနသူေတြအတြက္ အရင္ဆုံးႀကဳံရတဲ့ ျပသနာေတြကေတာ့ ဗိုက္ဆာျခင္း၊စိတ္တိုျခင္းနဲ႔ အလိုမက်ျဖစ္ျခင္းတို႔ ျဖစ္ပါတယ္။
အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ဓာတ္က်ျခင္းကိုပါ ခံစားလာရပါတယ္။ထို႔ျပင္ ဗီတာမင္နဲ႔အာဟာရဓာတ္မ်ားေလ်ာ့နည္းလာတာမို႔ က်န္းမာေရးကိုပါ ထိခိုက္လာပါတယ္။
သင္ဟာ ဝိတ္ခ်ဖို႔ ႀကိဳးစားေနသူဆိုပါက ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ကိုပဲ မစဥ္းစားပဲ အာဟာရျပည့္ဝဖို႔နဲ႔ က်န္းမာေရးမထိခိုက္ေစဖို႔လဲ စဥ္းစားရမွာ ျဖစ္ပါတယ္။
သင့္ D i e t က သင့္စိတ္က်န္းမာေရးနဲ႔ ကိုယ္က်န္းမာေရးကို ထိခိုက္ေနၿပီဆိုတာကို ေအာက္ပါ၅ခ်က္နဲ႔ သိရွိႏိုင္ပါတယ္။
(၁)ရာသီပုံမမွန္ျဖစ္ျခင္း
ဟိုမုန္းမ်ားပုံမမွန္ျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။ဟိုမုန္းမ်ား ကေမာက္ကမျဖစ္ျခင္းေၾကာင့္ ရာသီမမွန္တဲ့အျပင္ စိတ္က်ျခင္းကိုပါခံစားရေစပါတယ္။
ဟိုမုန္းမမွ်တျခင္းအေၾကာင္းရင္းကေတာ့ အိုင္အိုဒင္းခ်ိဴ႕တဲ့လို႔ ျဖစ္ပါတယ္။ အိုင္အိုဒင္းပါေသာ ဆားနဲ႔ အစားအစာမ်ားကို လုံေလာက္စြာ စားသုံးသင့္ပါတယ္။
(၂)သတိေမ့ျခင္း
အိုမီဂါ၃ဖက္တီးအက္ဆစ္ကိုစားျခင္းျဖင့္ သင့္ဦးေႏွာက္စြမ္းေဆာင္ရည္ကိုျမင့္မားေစၿပီး အာ႐ုံစူးစိုက္မႈေကာင္းေအာင္ အေရးႀကီးတဲ့အရာေတြကိုမေမ့ေအာင္ ကာကြယ္ေပးပါတယ္။
သင့္ကိုယ္ထဲမွာ အိုမီဂါ၃ နည္းပါးပါက မေကာင္းတဲ့အဆီေတြကို ပိုမိုစုပ္ယူေစၿပီး ထိုအဆီေတြေၾကာင့္ စိတ္က်ျခင္းျဖစ္ေပါေစပါတယ္။
အိုမီဂါ၃ ပါေသာအစာမ်ားကေတာ့
အဆီပါေသာငါးမ်ား၊ အေစ့အဆန္မ်ား၊ ဆီမ်ား ၊ဂ်ဴံတို႔ျဖစ္ပါတယ္
(၃)ႂကြက္တက္ျခင္း
သင္ဟာ မၾကာခဏႂကြက္တက္သူျဖစ္ပါက သင့္စားေသာက္ပုံကိုျပန္ဆန္းစစ္သင့္ပါတယ္။
သင့္အစားအစာထဲမွာ မက္နီဆီယမ္ခ်ိဴ႕တဲ့ပါက ႂကြက္တက္ျခင္းအျပင္ စိတ္က်ျခင္းကိုပါ ျဖစ္ေစပါတယ္။မက္နီဆီယမ္ပါဝင္ေသာအစားအစာမ်ားကေတာ့
ဖ႐ုံေစ့၊ ပဲအမ်ိဴမ်ိဴးတို႔ျဖစ္ၿပီး ေန႔စဥ္ပုံမွန္စားေပးသင့္ပါတယ္။
(၄)အစာစားခ်င္စိတ္မရွိျခင္း၊ႏုန္းျခင္း၊အသက္ရႉမဝျခင္း
ဝိတ္ခ်ေနသူေတြအတြက္ အစာစားခ်င္စိတ္မရွိတာ ေပ်ာ္စရာလို႔ထင္ရေပမယ့္ ႏုန္းျခင္းနဲ႔အသက္ရႉမဝျခင္းတို႔ကိုပါ တြဲဖက္ခံစားလာရၿပီဆိုရင္ေတာ့
သင္ဟာ သံဓာတ္ခ်ိဴ႕တဲ့ေသာေသြးအားနည္းေရာဂါခံစားေနရၿပီလို႔ယူဆရပါတယ္။
သံဓာတ္ပါဝင္ေသာအားေဆးမ်ားအျပင္ သံဓာတ္ျပည့္ဝေသာအစာမ်ားကိုစားေပးသင့္ပါတယ္။ဒါေတြကေတာ့
အသည္းအမ်ိဴးမ်ိဴး၊ ေရဘဝဲ၊ ပဲပိစပ္၊ ဟင္းႏုနယ္႐ြက္တို႔ျဖစ္ပါတယ္
(၅)ဗိုက္မအီမသာျဖစ္ျခင္း
ဇင့္ဓာတ္နည္းပါးေနလို႔ျဖစ္ၿပီး ဝမ္းပ်က္ျခင္း သို႔ ဝမ္းခ်ဴပ္ျခင္းတို ျဖစ္ႏိုင္ပါတယ္။ေန႔စဥ္အစားအေသာက္မွာ ဇင့္ပါဝင္ေသာအစာမ်ားစားေပးသင့္ပါတယ္။ ဇင့္ပါေသာအစာေတြကေတာ့
ဂ်ံဴ၊ ခ်ိစ္အမ်ိဴးမ်ိဴး၊ အသားမ်ား၊ ပင္လယ္စာတို႔ျဖစ္ပါတယ္။
Dr Jue (XYZ News)