သင့္အိပ္ခ်ိန္ကို မသိမသာနဲ႔ ဖ်က္ဆီးပစ္ေနတဲ့ အရာ (၅) မ်ိဴး…

သင့္အိပ္ခ်ိန္ကို မသိမသာနဲ႔ ဖ်က္ဆီးပစ္ေနတဲ့ အရာ (၅) မ်ိဴး…

အိပ္ေရး၀၀ မအိပ္ရရင္ တစ္ေန႔လုံး စိတ္ပင္ပန္းရပါတယ္။ သင့္အိပ္ခ်ိန္ကို ေလ်ာ႔ပါးေစမယ့္၊ ညဘက္အိပ္ခ်ိန္ေတြကို ဖ်က္ဆီးပစ္ေနတဲ့ အရာမ်ိဳးေတြလည္း ရွိပါတယ္။ ဒီအရာမ်ိဳးေတြေၾကာင့္ အိပ္မေပ်ာ္တာေတြ၊ အိပ္ေရးမ၀တာေတြ ျဖစ္ႏုိင္ၿပီး ေနာက္တစ္ေန႔အတြက္ စိတ္ပင္ပန္းေနေစမွာပါေနာ္ …။

(၁) ဗုိက္ဆာေနလွ်က္နဲ႔ အိပ္ရာ၀င္ျခင္း”

သင့္က ညမအိပ္ အစားမစားဘဲ ၀ိတ္ခ်ေနတာမ်ိဳး ၊ ည (၆)နာရီလြန္တာေတာင္ ၀ိတ္ထိန္းတာမ်ိဳးျဖစ္ေကာင္းျဖစ္မယ္။ ညအိပ္ခါနီး အစားအမ်ားႀကီး စားေပးတာကလည္း အိပ္ခ်ိန္ကို ထိခုိက္ေစႏုိင္သလို ဗုိက္ဆာဆာနဲ႕ အိပ္လုိက္ရတာကလည္း အိပ္ခ်ိန္ေတြကို ထိခုိက္ ေစႏုိင္ပါတယ္ …။

(၂) ေန႕လည္ဘက္ေတြ အိပ္ျခင္း”

က်န္းမာတဲ့ လူႀကီးေတြက ေန႕လည္ဘက္ေတြမွာ အိပ္ဖုိ႕မလုိပါဘူး။ ေန႕လည္ဘက္ တစ္ေရးတစ္ေမာ အိပ္တာတုိ႕ ၊ ေန႕လည္ဘက္ တီဗီၾကည့္ရင္း အိပ္ေပ်ာ္သြားတာမ်ိဳးရွိတတ္ၾကပါတယ္။ ဒီလုိ ေန႕လည္ဘက္ေတြ အိပ္တာေတြက ညဘက္အိပ္ခ်ိန္ေတြကို ထိခုိက္ေစႏုိင္ပါတယ္။ ပိတ္ရက္ေတြမွာဆုိ မနက္ထိ ၊ ေန႕လည္ထိ အိပ္မိသြားၾကၿပီး ညဘက္ေတြဆုိ ေတာ္ေတာ္နဲ႕ အိပ္မေပ်ာ္ေတာ့ဘဲ တနလၤာေန႕မနက္မွာ ဒုကၡေရာက္သြား တတ္ၾကပါတယ္ …။

(၃) မနက္စာ မစားျခင္း”

မနက္စာက ညဘက္ အိပ္စက္တဲ့အခ်ိန္နဲ႕ ဆက္စပ္ေနပါတယ္။ မနက္စာက ကုိယ့္ခံအားကို ေကာင္းေစႏုိင္ပါတယ္။ မနက္စာ မစားရင္ ေန႕လည္စာအခ်ိန္ထိကို မခံႏုိင္ဘဲ ဗုိက္ဆာလာမွာပါ။ ဒီလုိဗုိက္ဆာလာတာကို ဦးေႏွာက္က မွတ္ထားပါတယ္။ ဒါက စိတ္ဖိစီးႏိုင္တဲ့ ေဟာ္မုန္းေတြျဖစ္ေစႏုိင္ၿပီး ညဘက္အိပ္မေပ်ာ္တာမ်ိဳးေတြ ျဖစ္လာေစပါတယ္ …။

(၄) အိပ္ခန္း မသန္႕ျခင္း”

သင္ကေတာ့ ပတ္၀န္းက်င္မွာ ရွိေနတဲ့ မသန္႕တာေတြကို ဂရုမစုိက္ဘူးဆုိေပမယ့္သင့္ဦးေႏွာက္ကေတာ့ ဂရုစုိက္ေနပါတယ္။ ဆုိလုိတာကေတာ့ လူေတြဦးေႏွာက္မွတ္ဥာဏ္က အရာအားလုံးကို မွတ္ထားတတ္ၾကတယ္ ၊ သင့္မအိပ္ခင္ ေနာက္ဆုံးျမင္လုိက္တဲ့ အရာထိကို မွတ္ထားႏိုင္ပါတယ္။ မသန္႕ရွင္းတဲ့ အိပ္ယာခင္း ၊ အနံ႔ဆုိးေနတဲ့ အိပ္ခန္း ၊ ရႈပ္ပြေနတဲ့ အိပ္ခန္းေတြက သင့္စိတ္ကို မလန္းဆန္း ေစႏုိင္ပါဘူး …။

(၅) ေမွာက္အိပ္ျခင္း”

လူတုိင္းမွာ သူတုိ႕ အိပ္ပုံအိပ္နည္းေတြရွိၾကပါတယ္။ အိပ္ေပ်ာ္ျခင္း မေပ်ာ္ျခင္းကလည္း ကုိယ့္အိပ္ပုံအိပ္နည္း မမွန္တာေတြေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ေဘးတစ္ေစာင္းအိပ္ျခင္း နဲ႕ ပက္လက္ အိပ္ျခင္းေတြက အေကာင္းဆုံးအိပ္နည္းပုံစံေတြပဲျဖစ္ပါတယ္။ ေမွာက္အိပ္တာကေတာ့ အဆုိးဆုံးျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ၾကြက္သားေတြက သက္ေတာင့္သက္သာမရွိဘဲ အသက္ရႈရခက္ေနလုိ႕ပါပဲေနာ္ …။ ။

Hannwe Soe

Unicode

သင့်အိပ်ချိန်ကို မသိမသာနဲ့ ဖျက်ဆီးပစ်နေတဲ့ အရာ (၅) မျိူး…

အိပ်ရေး၀၀ မအိပ်ရရင် တစ်နေ့လုံး စိတ်ပင်ပန်းရပါတယ်။ သင့်အိပ်ချိန်ကို လျော့ပါးစေမယ့်၊ ညဘက်အိပ်ချိန်တွေကို ဖျက်ဆီးပစ်နေတဲ့ အရာမျိုးတွေလည်း ရှိပါတယ်။ ဒီအရာမျိုးတွေကြောင့် အိပ်မပျော်တာတွေ၊ အိပ်ရေးမဝတာတွေ ဖြစ်နိုင်ပြီး နောက်တစ်နေ့အတွက် စိတ်ပင်ပန်းနေစေမှာပါနော် …။

(၁) ဗိုက်ဆာနေလျှက်နဲ့ အိပ်ရာဝင်ခြင်း”

သင့်က ညမအိပ် အစားမစားဘဲ ဝိတ်ချနေတာမျိုး ၊ ည (၆)နာရီလွန်တာတောင် ဝိတ်ထိန်းတာမျိုးဖြစ်ကောင်းဖြစ်မယ်။ ညအိပ်ခါနီး အစားအများကြီး စားပေးတာကလည်း အိပ်ချိန်ကို ထိခိုက်စေနိုင်သလို ဗိုက်ဆာဆာနဲ့ အိပ်လိုက်ရတာကလည်း အိပ်ချိန်တွေကို ထိခိုက် စေနိုင်ပါတယ် …။

(၂) နေ့လည်ဘက်တွေ အိပ်ခြင်း”

ကျန်းမာတဲ့ လူကြီးတွေက နေ့လည်ဘက်တွေမှာ အိပ်ဖို့မလိုပါဘူး။ နေ့လည်ဘက် တစ်ရေးတစ်မော အိပ်တာတို့ ၊ နေ့လည်ဘက် တီဗီကြည့်ရင်း အိပ်ပျော်သွားတာမျိုးရှိတတ်ကြပါတယ်။ ဒီလို နေ့လည်ဘက်တွေ အိပ်တာတွေက ညဘက်အိပ်ချိန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ပိတ်ရက်တွေမှာဆို မနက်ထိ ၊ နေ့လည်ထိ အိပ်မိသွားကြပြီး ညဘက်တွေဆို တော်တော်နဲ့ အိပ်မပျော်တော့ဘဲ တနင်္လာနေ့မနက်မှာ ဒုက္ခရောက်သွား တတ်ကြပါတယ် …။

(၃) မနက်စာ မစားခြင်း”

မနက်စာက ညဘက် အိပ်စက်တဲ့အချိန်နဲ့ ဆက်စပ်နေပါတယ်။ မနက်စာက ကိုယ့်ခံအားကို ကောင်းစေနိုင်ပါတယ်။ မနက်စာ မစားရင် နေ့လည်စာအချိန်ထိကို မခံနိုင်ဘဲ ဗိုက်ဆာလာမှာပါ။ ဒီလိုဗိုက်ဆာလာတာကို ဦးနှောက်က မှတ်ထားပါတယ်။ ဒါက စိတ်ဖိစီးနိုင်တဲ့ ဟော်မုန်းတွေဖြစ်စေနိုင်ပြီး ညဘက်အိပ်မပျော်တာမျိုးတွေ ဖြစ်လာစေပါတယ် …။

(၄) အိပ်ခန်း မသန့်ခြင်း”

သင်ကတော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မသန့်တာတွေကို ဂရုမစိုက်ဘူးဆိုပေမယ့်သင့်ဦးနှောက်ကတော့ ဂရုစိုက်နေပါတယ်။ ဆိုလိုတာကတော့ လူတွေဦးနှောက်မှတ်ဉာဏ်က အရာအားလုံးကို မှတ်ထားတတ်ကြတယ် ၊ သင့်မအိပ်ခင် နောက်ဆုံးမြင်လိုက်တဲ့ အရာထိကို မှတ်ထားနိုင်ပါတယ်။ မသန့်ရှင်းတဲ့ အိပ်ယာခင်း ၊ အနံ့ဆိုးနေတဲ့ အိပ်ခန်း ၊ ရှုပ်ပွနေတဲ့ အိပ်ခန်းတွေက သင့်စိတ်ကို မလန်းဆန်း စေနိုင်ပါဘူး …။

(၅) မှောက်အိပ်ခြင်း”

လူတိုင်းမှာ သူတို့ အိပ်ပုံအိပ်နည်းတွေရှိကြပါတယ်။ အိပ်ပျော်ခြင်း မပျော်ခြင်းကလည်း ကိုယ့်အိပ်ပုံအိပ်နည်း မမှန်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘေးတစ်စောင်းအိပ်ခြင်း နဲ့ ပက်လက် အိပ်ခြင်းတွေက အကောင်းဆုံးအိပ်နည်းပုံစံတွေပဲဖြစ်ပါတယ်။ မှောက်အိပ်တာကတော့ အဆိုးဆုံးဖြစ်ပါတယ်။ အကြောင်းကတော့ ကြွက်သားတွေက သက်တောင့်သက်သာမရှိဘဲ အသက်ရှုရခက်နေလို့ပါပဲနော် …။ ။

Hannwe Soe