





(၂) စိုပြေတယ်








penny

Unicode

အသားညိုတဲ့ ကောင်မလေးတွေသာ ခံစားခွင့်ရမယ့် ကောင်းကျိုး (၅) ခု

အသားညိုတဲ့ပတ္တမြားခဲတုံးလေးတွေရှိကြလား။ အသားညိုတာကို မြန်မာနိုင်ငံမှာ တော်တော်များများသဘောမကျကြပါဘူး။

ဒါပေမဲ့ အသားညိုတဲ့ကောင်မလေးတွေပဲ ခံစားရနိုင်တဲ့ အကျိုးအကျေးဇူးလေးတွေ၊ ကောင်းတဲ့အချက်လေးတွေရှိနေတယ်ဆိုတာရော သိလား။ ကဲ.. ဘာလေးတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်။

(၁) အရေပြားရောဂါဖြစ်နိုင်ချေနည်းတယ်

အသားဖြူတဲ့လူတွေထက် အသားညိုတဲ့လူတွေဟာ အရေပြားကျန်းမာရေး ကောင်းကြပါတယ်။ တော်ရုံတန်ရုံ ဓာတ်မတည့်မှုတွေကိုလည်း မဖြစ်စေတဲ့အပြင်ကိုမှ အရေးပြားရောဂါတွေကနေလည်း ဖြစ်နိုင်ချေ သိပ်မရှိပါဘူး။

(၂) စိုပြေတယ်

အသားဖြူတဲ့လူတွေထက် အသားညိုတဲ့လူတွေဟာ ပိုပြီး အသားအရေစိုပြေတာ သိသာပါတယ်။ ညိုညိုစိုစိုလေးတွေပေါ့။

(၃) နေရောင်ဒဏ်ပိုခံနိုင်တယ်

ဗီတာမင်ဒီ ထုတ်နိုင်မှု ပိုများပြီး eumelanin ပိုပေါကြွယ်ဝတဲ့အတွက်ကြောင့် UV ဒဏ်ကို ကောင်းကောင်းကြီးခံနိုင်ပါတယ်။

(၄) အဝတ်အစားဝတ်တဲ့အခါ ပိုပေါ်လွင်စေတယ်

အသားညိုလို့ ဘာလို့ဖြင့်မဝတ်ရဲပါဘူးလို့ စိတ်ထဲမထားပါနဲ့။ တကယ်တော့ အသားညိုတဲ့လူတွေဟာ အဝတ်အစားဆင်လို့အကောင်းဆုံးပါတဲ့။

(၅) ပိုပြီးဆွဲဆောင်မှုရှိတယ်

ဆန့်ကျင်ဖက်လိင်တွေရဲ့ မျက်လုံးထဲ အသားဖြူတဲ့လူတွေထက် အသားညိုတဲ့လူတွေဟာ ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်လို့ ယူဆတတ်ကြပါတယ်တဲ့။

penny