လက်သည်းခြေသည်းတွေ မှိုစွဲတာတို့ ကျိုးပဲ့နေတာတို့ ဖြစ်လျှင် စိတ်မညစ်ရအောင်

လက္သည္းေတြ ခဏခဏ က်ိဳးပဲ့ေနလို႔ စိတ္ညစ္ေနလား။ လက္သည္းသာမက ေျခသည္းေလးေတြလည္း အရွည္ေႏွးေနလို႔ စိတ္မညစ္ပါနဲ႔ေတာ့ေနာ္။

သဘာဝနည္းလမ္းေလးကိုမၽွေဝေပးလိုက္ပါတယ္။

၁။ ပ်ားရည္

ပ်ားရည္ဟာ ဘက္တီးရီးယားေတြကို ေသေစၿပီး ဗီတာမင္နဲ႔ သတၱဳဓါတ္ႂကြယ္ဝလို႔ သင့္လက္သည္းေလးေတြအတြက္လည္းေကာင္းမြန္ပါတယ္။

ပ်ားရည္နည္းနည္းနဲ႔ လက္သည္း ေျခသည္းေတြမွာပြတ္ၿပီးလိမ္းေပးပါ။

မိနစ္ ၃၀ ေလာက္ထားၿပီးရင္ ေရေဆးခ်ပါ။ တစ္ေန႔ကို ၂ ႀကိမ္လုပ္ပါ။ ဒါဆိုရင္ လက္သည္းေျခသည္းေတြမွာ မွိုစြဲတာေတြကိုလည္း သက္သာေစမွာပါ။

၂။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴတာ က်န္းမာေရးအတြက္ေကာင္းမြန္ေစ႐ုံသာမကဘဲ အလွပအတြက္လည္း အသုံးျပဳလို႔ရပါတယ္။ ၾကက္သြန္ျဖဴ တစ္မႊာကို က်ိတ္လိုက္ၿပီး လက္သည္းေျခသည္းေတြမွာ ပြတ္လိမ္းေပးပါ။

သံလြင္ဆီနဲ႔ ေရာၿပီးလိမ္းေပးခ်င္လည္းရပါတယ္။ ၄ နာရီေလာက္ထားၿပီးရင္ ေရေအးေအးနဲ႔ေဆးခ်ပါ။ ေန႔တိုင္းလုပ္ေပးပါ။

၃။ ပန္းသီးရွလကာရည္

ပန္းသီးရွလကာရည္ကို လက္သည္းေျခသည္း မွိုစြဲတာကိုလည္း သက္သာေပ်ာက္ကင္းေစၿပီး လက္သည္းျပန္လည္ရွည္လာေစပါတယ္။

ပန္းသီးရွလကာရည္ (Apple Cider Vinegar) ကို ေရနဲ႔ေရာၿပီး လက္သည္းနဲ႔ ေျခသည္းေတြမွာ လိမ္းေပးကာ မိနစ္ ၃၀ ေလာက္ထားပါ။

ဒါမွမဟုတ္ ဝါဂြမ္းစကို ပန္းသီးရွလကာရည္စြတ္ၿပီး လက္သည္းေျခသည္းေတြမွာ လိမ္းေပးလို႔ရပါတယ္။ ေန႔တိုင္းလုပ္ေပးပါ။

၄။ သံပုယိုသီး (သို႔) သံပုရာသီ

မိမိအဆင္ေျပတာကို သုံးလို႔ရပါတယ္။ လက္သည္းေျခသည္းေတြကို ျဖဴေစမွာျဖစ္ၿပီး အျမန္ဆုံး ရွည္လာေစမွာပါ။ သံပုယိုသီး (သို႔) သံပုရာသီးကို လက္သည္းမွာ တိုက္ရိုက္ပြတ္လိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ထားကာ ေရေဆးခ်လိုက္႐ုံပါပဲ။

ေန႔တိုင္းလိုလို ျပဳလုပ္ေပးနိုင္ပါတယ္။

၅။ ဆား

ဆားကလည္း သင့္လက္သည္အတြက္ေကာင္းမြန္ပါတယ္။ ဆားကိုေရနဲ႔ေရာၿပီး လက္နဲ႔ ေျခေထာက္ကို မိနစ္ ၂၀ ေလာက္စိမ္ထားေပးပါ။ အုန္းဆီကိုလည္း ထည့္ခ်င္ထည့္လို႔ရပါတယ္။

တစ္ပတ္ကို ၃ ႀကိမ္လုပ္ေပးပါ။

unicode..

လက်သည်းတွေ ခဏခဏ ကျိုးပဲ့နေလို့ စိတ်ညစ်နေလား။ လက်သည်းသာမက ခြေသည်းလေးတွေလည်း အရှည်နှေးနေလို့ စိတ်မညစ်ပါနဲ့တော့နော်။ သဘာဝနည်းလမ်းလေးကိုမျှဝေပေးလိုက်ပါတယ်။

၁။ ပျားရည်

ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေပြီး ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝလို့ သင့်လက်သည်းလေးတွေအတွက်လည်းကောင်းမွန်ပါတယ်။ ပျားရည်နည်းနည်းနဲ့ လက်သည်း ခြေသည်းတွေမှာပွတ်ပြီးလိမ်းပေးပါ။

မိနစ် ၃၀ လောက်ထားပြီးရင် ရေဆေးချပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပါ။ ဒါဆိုရင် လက်သည်းခြေသည်းတွေမှာ မှိုစွဲတာတွေကိုလည်း သက်သာစေမှာပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူတာ ကျန်းမာရေးအတွက်ကောင်းမွန်စေရုံသာမကဘဲ အလှပအတွက်လည်း အသုံးပြုလို့ရပါတယ်။ ကြက်သွန်ဖြူ တစ်မွှာကို ကျိတ်လိုက်ပြီး လက်သည်းခြေသည်းတွေမှာ ပွတ်လိမ်းပေးပါ။

သံလွင်ဆီနဲ့ ရောပြီးလိမ်းပေးချင်လည်းရပါတယ်။ ၄ နာရီလောက်ထားပြီးရင် ရေအေးအေးနဲ့ဆေးချပါ။ နေ့တိုင်းလုပ်ပေးပါ။

၃။ ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်ကို လက်သည်းခြေသည်း မှိုစွဲတာကိုလည်း သက်သာပျောက်ကင်းစေပြီး လက်သည်းပြန်လည်ရှည်လာစေပါတယ်။

ပန်းသီးရှလကာရည် (Apple Cider Vinegar) ကို ရေနဲ့ရောပြီး လက်သည်းနဲ့ ခြေသည်းတွေမှာ လိမ်းပေးကာ မိနစ် ၃၀ လောက်ထားပါ။ ဒါမှမဟုတ် ဝါဂွမ်းစကို ပန်းသီးရှလကာရည်စွတ်ပြီး လက်သည်းခြေသည်းတွေမှာ လိမ်းပေးလို့ရပါတယ်။ နေ့တိုင်းလုပ်ပေးပါ။

၄။ သံပုယိုသီး (သို့) သံပုရာသီ

မိမိအဆင်ပြေတာကို သုံးလို့ရပါတယ်။ လက်သည်းခြေသည်းတွေကို ဖြူစေမှာဖြစ်ပြီး အမြန်ဆုံး ရှည်လာစေမှာပါ။ သံပုယိုသီး (သို့) သံပုရာသီးကို လက်သည်းမှာ တိုက်ရိုက်ပွတ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ရုံပါပဲ။ နေ့တိုင်းလိုလို ပြုလုပ်ပေးနိုင်ပါတယ်။

၅။ ဆား

ဆားကလည်း သင့်လက်သည်အတွက်ကောင်းမွန်ပါတယ်။ ဆားကိုရေနဲ့ရောပြီး လက်နဲ့ ခြေထောက်ကို မိနစ် ၂၀ လောက်စိမ်ထားပေးပါ။ အုန်းဆီကိုလည်း ထည့်ချင်ထည့်လို့ရပါတယ်။

တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။