ရောစပ်ပြီးရင်တောာ့ သွားတိုက်တံကို အသုံးပြုပြီး သွားအခေါင်းပေါက် ဖြစ်နေတဲ့ နေရာကို အဓိကထားပြီး ခပ်ဖွဖွ ပွတ်တိုက်ပေးရမှာပဲ ဖြစ်ပါတယ် …။
share from : xyznews
naethitmyanmar
Unicode
သွားပိုးပေါက်နဲ့ သွားကြွေလွှာ ပျက်စီးမှုတွေကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝနည်းလမ်း…
သွားခေါင်းပေါက်တွေ အတွက်ဆို အိမ်မှာရှိတဲ့ နနွင်းကို အသုံးပြုပြီး သွားတွေကို ပြန်လည် ထိန်းသိမ်း နိုင်ပါတယ် …။
သွားတွေ ပျက်စီးယိုယွင်းမှုကို ဘဝတလျှောက်မှာ တခါတော့ ကြုံတွေ့ကြရစမြဲပဲ ဖြစ်ပါတယ် …။
ဒီလိုယိုယွင်း ပျက်စီးမှုတွေဟာ အေးလွန်းတဲ့ ဒါမှမဟုတ် ပူလွန်းတဲ့ အရည်တွေကို သောက်သုံးမိတာကြောင့်နဲ့ …၊
မာလွန်းတဲ့ အစားအစာတွေကို မကြာခဏ စားသုံးမိတာကြောင့် ဖြစ်တယ်လို့ သုတေသန ပညာရှင်တွေက အဓိက သုံးသပ်ထားကြပါတယ်။
ဒီလို ယိုယွင်းပျက်စီးမှုတွေ ဖြစ်ပေါ်လာပြီ ဆိုရင်တော့ သွားဆရာဝန်တွေဆီ သွားဖို့ လိုအပ်သလို အလွယ်တကူ ရရှိနိုင်တဲ့ သဘာဝ ပစ္စည်းတွေကို အသုံးပြုပြီးလည်း
ပြန်လည် ပြုပြင်နိုင်တာကြောင့် သွားအခေါင်းပေါက်တွေနဲ့ သွားကြွေလွှာ ပျက်စီးမှုတွေကို ပြန်လည် ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) နနွင်း၊ အုန်းဆီ၊ လေးညှင်းဆီနဲ့ ဆား”
နနွင်း လက်ဖက်ရည်ဇွန်းရဲ့ လေးပုံတပုံ၊ အုန်းဆီလက်ဖက်ရည်ဇွန်းရဲ့ လေးပုံတပုံ၊ လေးညှင်းဆီ နှစ်စက်နဲ့ ဆားအနည်းငယ် တို့ကို အချိုးကျ ရောစပ်လိုက်ပါ …။
ရောစပ်ပြီးရင်တော့ သွားတိုက်တံကို အသုံးပြုပြီး သွားအခေါင်းပေါက် ဖြစ်နေတဲ့ နေရာကို အဓိကထားပြီး ခပ်ဖွဖွ ပွတ်တိုက်ပေးရမှာပဲ ဖြစ်ပါတယ် …။
ပွတ်တိုက်ပြီး ၅ မိနစ်လောက် အကြာမှာ ထပ်မံပွတ်တိုက်ပေးပြီး ပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ပလုတ်ကျင်းပေးရမှာပဲ ဖြစ်ပါတယ် …။
(၂) ပူစီနံဆီ၊ မုန့်ဖုတ်ဆိုဒါ ၊ ပူစီနံအမှုန့် ၊ သံပုရာရည်”
ပူစီနံ အဆီတစက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းရဲ့ လေးပုံတပုံ၊ သံပုရာရည် နှစ်စက်နဲ့ ပူစီနံအမှုန့် လေးပုံတပုံတို့ကို ရောစပ်ပြီး သွားတိုက်တံကို အသုံးပြုကာ
သွားအခေါင်းပေါက် ဖြစ်နေတဲ့နေရာကို အဓိကထားပြီး ခပ်ဖွဖွ ပွတ်တိုက် ပေးရမှာပဲ ဖြစ်ပါတယ်။ ပွတ်တိုက်ပြီး ၃ မိနစ်လောက် ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ပလုပ် ကျင်းပေးရမှာ ဖြစ်ပါတယ် …။
အခု ဖော်ပြထားတဲ့ သဘာဝ နည်းလမ်းတွေကို အသုံးပြုနေစဉ်မှာ မျိုမချမိဖို့တော့ သတိပြုဖို့ လိုအပ်ပါတယ်နော် …။ ။
share from : xyznews
naethitmyanmar