သာယာေခ်ာေမြ႕တဲ့ အခ်စ္ေရးတစ္ခုျဖစ္ဖို႔ လိုက္နာသင့္တဲ့ အခ်က္မ်ား…

သာယာေခ်ာေမြ႕တဲ့ အခ်စ္ေရးတစ္ခုျဖစ္ဖို႔ လိုက္နာသင့္တဲ့ အခ်က္မ်ား…

Relationship တစ္ခုမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္နားလည္မႈ႐ွိဖို႔အေရးႀကီးသလို တစ္ေယာက္ကိုတစ္ေယာက္ ေလးစားမႈ႐ွိဖို႔လည္း လိုအပ္ပါတယ္။ ကိုယ္ခ်စ္တဲ့ သူနဲသာယာေပ်ာ္႐ႊင္တဲ့ အခ်စ္ခရီးလမ္းကို႔ႏွစ္ေတြ အၾကာႀကီး ျဖတ္သန္းခ်င္တယ္ဆိုရင္ အခုေျပာျပမယ့္အခ်က္ေတြကို လိုက္နာဖို႔ အၾကံျပဳပါရေစေနာ္ …..။

(၁) ေႏြးေထြးမႈ ႐ွိပါေစ”

ကိုယ့္ခ်စ္သူအေပၚ အေႏြးေထြးဆုံးဆက္ဆံေပးပါ။ စိတ္ဓာတ္က်ေနတဲ့အခ်ိန္မွာ အားေဆးတစ္ခြက္အျဖစ္ ႐ွိေနေပးပါ။ ေပ်ာ္႐ႊင္ေနတဲ့အခ်ိန္မွာလည္း ကိုယ့္ရဲ႕အေပ်ာ္ေတြ ထပ္တူထပ္မွ်ကူးစက္ေပ်ာ္႐ႊင္ေစပါ။ တစ္ေယာက္ကို တစ္ေယာက္ ေထြးေႏြးစြာဆက္ဆံျခင္းက သာယာတဲ့ အခ်စ္ခရီးလမ္းတစ္ခု တည္ေဆာက္ရာမွာ အရမ္းကို အေရးပါလွပါတယ္ …။

(၂) ယုံၾကည္မႈတည္ေဆာက္ပါ”

စုံတြဲေတြၾကားမွာ တစ္ေယာက္ကိုတစ္ေယာက္ ယုံၾကည္မႈကိုအရမ္းကိုအေရးပါပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ယုံၾကည္ေနမွလည္း ေရ႐ွည္လက္တြဲဖို႔ဆိုတာ ျဖစ္ႏိုင္မွာပါ။ အေသးဖြဲ႕ကိစၥေလးေတြကအစ ပြင့္ပြင့္လင္းလင္းေျပာျပပါ။ ယုံၾကည္မႈကို ေျဖးေျဖးခ်င္း တည္ေဆာက္ပါ …..။

(၃) ျပႆနာျဖစ္လာရင္ အေကာင္းဆုံးေျဖ႐ွင္းပါ”

 

စုံတြဲေတြၾကားမွာ ကေတာက္ကဆျဖစ္ၾကတယ္ဆိုတာျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ကိစၥတစ္ခုပါ။ ဒါေပမယ့္ရန္ျဖစ္စကားမ်ားတဲ့အခ်ိန္ကိုတက္ႏိုင္သေလာက္ေတာ့ ႐ွည္ၾကာမလုပ္ဖို႔နဲ႔ အေကာင္းဆုံးေျဖ႐ွင္းဖို႔ သတိျပဳပါ။ ျပႆနာကိုအေျဖထြက္ေအာင္ေျဖ႐ွင္းလိုက္ျခင္းက ႏွစ္ဦးသားဆက္ဆံေရးကို ေကာင္းမြန္ေစတဲ့ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္ …။

(၄) စကားလုံးသုံးႏႈန္းမႈ သတိထားပါ”

စကားေတြက လူႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကိုအမ်ားႀကီး ထိခိုက္သြားေစႏိုင္တာေၾကာင့္ ကိုယ့္ခ်စ္သူအေပၚ သုံးႏႈန္းတဲ့စကားေတြကို ဂ႐ုစိုက္ဖို႔အေရးႀကီးပါတယ္။ ရန္ျဖစ္တဲ့အခါျဖစ္ျဖစ္ ေဒါသစိတ္ျဖစ္ေနတဲ့အခ်ိန္မွာျဖစ္ျဖစ္ တစ္ဖက္လူကိုနာက်င္သြားေစမယ့္ စကားမ်ိဳးေတြကိုအတက္ႏိုင္ဆုံးေ႐ွာင္ပါ။ စိတ္ဆိုးေနတုန္းေျပာလိုက္မိတဲ့ နာက်င္စရာစကားေတြဟာ သည္းခံႏိုင္မႈအတိုင္း အတာကိုေက်ာ္လြန္သြားရင္ ေရ႐ွည္လက္တြဲဖို႔ မေရရာျဖစ္ႏိုင္ပါတယ္ေနာ္ …။ ။

ခ်စ္တတ္သူတိုင္း ေပ်ာ္ရႊင္ၾကပါေစ …။ ။

Kwee

Unicode

သာယာချောမွေ့တဲ့ အချစ်ရေးတစ်ခုဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်များ…

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုရှိဖို့အရေးကြီးသလို တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲသာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို့နှစ်တွေ အကြာကြီး ဖြတ်သန်းချင်တယ်ဆိုရင် အခုပြောပြမယ့်အချက်တွေကို လိုက်နာဖို့ အကြံပြုပါရစေနော် …။

(၁) နွေးထွေးမှု ရှိပါစေ”

ကိုယ့်ချစ်သူအပေါ် အနွေးထွေးဆုံးဆက်ဆံပေးပါ။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အားဆေးတစ်ခွက်အဖြစ် ရှိနေပေးပါ။ ပျော်ရွှင်နေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့အပျော်တွေ ထပ်တူထပ်မျှကူးစက်ပျော်ရွှင်စေပါ။ တစ်ယောက်ကို တစ်ယောက် ထွေးနွေးစွာဆက်ဆံခြင်းက သာယာတဲ့ အချစ်ခရီးလမ်းတစ်ခု တည်ဆောက်ရာမှာ အရမ်းကို အရေးပါလှပါတယ် …။

(၂) ယုံကြည်မှုတည်ဆောက်ပါ”

စုံတွဲတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုကိုအရမ်းကိုအရေးပါပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်နေမှလည်း ရေရှည်လက်တွဲဖို့ဆိုတာ ဖြစ်နိုင်မှာပါ။ အသေးဖွဲ့ကိစ္စလေးတွေကအစ ပွင့်ပွင့်လင်းလင်းပြောပြပါ။ ယုံကြည်မှုကို ဖြေးဖြေးချင်း တည်ဆောက်ပါ …။

(၃) ပြဿနာဖြစ်လာရင် အကောင်းဆုံးဖြေရှင်းပါ”

စုံတွဲတွေကြားမှာ ကတောက်ကဆဖြစ်ကြတယ်ဆိုတာဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့်ရန်ဖြစ်စကားများတဲ့အချိန်ကိုတက်နိုင်သလောက်တော့ ရှည်ကြာမလုပ်ဖို့နဲ့ အကောင်းဆုံးဖြေရှင်းဖို့ သတိပြုပါ။ ပြဿနာကိုအဖြေထွက်အောင်ဖြေရှင်းလိုက်ခြင်းက နှစ်ဦးသားဆက်ဆံရေးကို ကောင်းမွန်စေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ် …။

(၄) စကားလုံးသုံးနှုန်းမှု သတိထားပါ”

စကားတွေက လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုအများကြီး ထိခိုက်သွားစေနိုင်တာကြောင့် ကိုယ့်ချစ်သူအပေါ် သုံးနှုန်းတဲ့စကားတွေကို ဂရုစိုက်ဖို့အရေးကြီးပါတယ်။ ရန်ဖြစ်တဲ့အခါဖြစ်ဖြစ် ဒေါသစိတ်ဖြစ်နေတဲ့အချိန်မှာဖြစ်ဖြစ် တစ်ဖက်လူကိုနာကျင်သွားစေမယ့် စကားမျိုးတွေကိုအတက်နိုင်ဆုံးရှောင်ပါ။ စိတ်ဆိုးနေတုန်းပြောလိုက်မိတဲ့ နာကျင်စရာစကားတွေဟာ သည်းခံနိုင်မှုအတိုင်း အတာကိုကျော်လွန်သွားရင် ရေရှည်လက်တွဲဖို့ မရေရာဖြစ်နိုင်ပါတယ်နော် …။ ။

ချစ်တတ်သူတိုင်း ပျော်ရွှင်ကြပါစေ …။ ။

Kwee