ကင်ဆာရောဂါဖြစ်ပွားသူ အားလုံးနီးပါးမှာ တွေ့ရလေ့ရှိတဲ့ ရှေ့ပြေးလက္ခဏာ (၇) မျိုး…
ကင်ဆာရောဂါဖြစ်ပွားသူ အားလုံးနီးပါးမှာ တွေ့ရလေ့ရှိတဲ့ ရှေ့ပြေးလက္ခဏာ (၇) မျိုး…
– ရင်သားနဲ့ချိုင်းအောက်တွင် မာကျောသောအဖုများစမ်းမိခြင်း
– အစားအသောက်ပျက်ခြင်း
(၃) အရေပြားယားယံခြင်း”
(၅) ဆီးအနည်ပါခြင်း”
– ဆီးတွင်သွေးပါခြင်း
– သွေးတိုးခြင်း
– ကျောနာခြင်း
– အစာတွေ့ရုံနဲ့ပျို့အန်ခြင်း
– သွေးအားနည်းခြင်း
– အစာချေနှေးခြင်း
– အစာမျိုရာတွင် သို့မဟုတ် အသက်ရှူရာတွင် ခက်ခဲခြင်း
Writer- Dr Jue (YGN Times)
Unicode
ကင်ဆာရောဂါဖြစ်ပွားသူ အားလုံးနီးပါးမှာ တွေ့ရလေ့ရှိတဲ့ ရှေ့ပြေးလက္ခဏာ (၇) မျိူး…
(၁) အလုံးအကျိတ်များ သို့မဟုတ် အနာများ ဖြစ်ပေါ်ခြင်း”
အရေပြား နဲ့ ရင်သားကင်ဆာများမှာ တွေ့ရတတ်ပါတယ် …။
– ရင်သားနဲ့ချိူင်းအောက်တွင် မာကျောသောအဖုများစမ်းမိခြင်း
– အရေပြား တွင် အကွက်များဖြစ်ပေါ်ခြင်း
– အလုံးအကျိတ်တစ်ခုရဲ့အလည်တည့်တည့်တွင် အနာစိမ်းတစ်ခု ဖြစ်ပေါ်ခြင်း
-မွေးရာပါအမှတ်ရဲ့ ပုံသဏ္ဍာန် သို့ အရွယ်ပြောင်းလဲခြင်း
(၂) နာတာရှည်ချောင်းဆိုးခြင်း”
– အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများရှိမရှိ ဆန်းစစ်သင့်ပါတယ် …။
– အစားအသောက်ပျက်ခြင်း
– ကိုယ်အလေးချိန်ကျဆင်းခြင်း
-အဆုတ်ကင်ဆာနောက်ဆုံးအဆင့်တွင် သွေးအန်ခြင်းနဲ့ အသက်ရှူမဝခြင်းတို့ တွေ့ရတတ်ပါတယ် …။
(၃) အရေပြားယားယံခြင်း”
– သားအိမ်ကင်ဆာ ကြောင့် မိန်းမကိုယ်ယားခြင်း ဖြစ်ပေါ်တတ်ပါတယ် …။
– ဦးနှောက်ကင်ဆာကြောင့် နှာခေါင်းအတွင်းပိုင်းယားခြင်း ဖြစ်ပေါ်တတ်ပါတယ် …။
(၄) အူလမ်းကြောင်းပြဿနာများ”
– အူလမ်းကြောင်း ကင်ဆာရဲ့လက္ခဏာများအနက်
– ဝမ်းသွားရာမှာ သွေးပါခြင်းနဲ့ အချွဲဝမ်းသွားခြင်း ၊ဝမ်းမထိမ်းနိုင်ခြင်းတို့မှာ အတွေ့ရများပါတယ် …။
(၅) ဆီးအနည်ပါခြင်း”
ကျောက်ကပ်ကင်ဆာရဲ့ လကဏာတစ်ရပ်ဖြစ်ပြီး အောက်ပါလက္ခဏာများလဲ တွေ့ရတတ်ပါတယ် …။
– ဆီးတွင်သွေးပါခြင်း
– သွေးတိုးခြင်း
– ကျောနာခြင်း
– နာတာရှည် အားနည်းခြင်း
(၆) ရုတ်တရက် ပိန်လာခြင်း”
– သိသိသာသာကိုယ်အလေးချိန်ကျဆင်းခြင်းကို အစာအိမ်ကင်ဆာသမားများတွင် ပိုမိုတွေ့ရသည်။ အစောပိုင်းတွင် သိပ်မသိသာသော်လည်း တဖြည်းဖြည်းနဲ့ အောက်ပါ လက္ခဏာများကိုပါ တွေ့ရတတ်ပါတယ် …။
– အစာတွေ့ရုံနဲ့ပျိူ့အန်ခြင်း
– အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ခြင်း
– သွေးအားနည်းခြင်း
– အစာချေနှေးခြင်း
(၇) နာတာရှည်လည်ချောင်းနာခြင်း”
လည်ချောင်းကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အောက်ပါလက္ခဏာများကိုလည်း တွေ့ရတတ်ပါတယ် …။
– အစာမျိူရာတွင် သို့မဟုတ် အသက်ရှူရာတွင် ခက်ခဲခြင်း
– လည်ချောင်းတွင် အကျိတ်များပေါ်လာခြင်း
– အသံအောလာခြင်းနဲ့တဖြည်းဖြည်းအသံပါပျောက်လာခြင်း
– သွေးအန်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း
အထက်ပါ လက္ခဏာများကို တွေ့ရရုံဖြင့် သင့်မှာ ကင်ဆာရှိနေပြီလို့ ယူဆလို့တော့ မရပါဘူး။ သို့သော် သင့်တွင် အဆိုပါလက္ခဏာများရှိနေပြီဆိုပါက မပေါ့ဆပဲ ဆရာဝန်ထံပြသဖို့ လိုအပ်ပါတယ်နော် …။ ။
Writer- Dr Jue (YGN Times)