ဒါရိုက္တာ ၅ ေယာက္ရဲ႕ ရႈးဖိနပ္ကိုတိုက္ေပးရင္ အလုပ္ခန႔္မည္ဟု ေျပာလိုက္ေသာအခါ…

ဒါရိုက္တာ ၅ ေယာက္ရဲ႕ ရႈးဖိနပ္ကိုတိုက္ေပးရင္ အလုပ္ခန႔္မည္ဟု ေျပာလိုက္ေသာအခါ…

တစ္ခါတုန္းကေပါ့…လုပ္ငန္းရွင္သူေဌးႀကီးတစ္ေယာက္ရွိတယ္။ တစ္ေန႔ေတာ့ သူေဌးႀကီးဟာ သာမန္ျပည္သူေတြရဲ့႕ ဘ၀ကိုခံစားခ်င္လို႔ YBS ႀကီးကိုစီးၿပီး ႐ုံးတက္ၾကည့္ပါတယ္။ ကံေကာင္းေတာ့ ထိုင္ခုံေလးတစ္ခုမွာထိုင္စီးရတာေပါ့…သူေဌးလည္း စီးရင္းနဲ႔ ပတ္၀န္က်င္ကိုေလ့လာလိုက္၊ ဘတ္စကားေပၚက ေကာင္မေလးေတြကို ေငးလိုက္နဲ႔ ၿငီးေငြ႕လာေတာ့ မ်က္စိေလးမွိတ္ၿပီး ခဏနားေနလိုက္တယ္ …။

႐ုတ္တရက္ စူးရွေသာအသံတစ္ခု နားထဲကိုတိုး၀င္လာပါတယ္။ ” ဒီမွာ ဦးေလးႀကီး ခင္ဗ်ားကသန္သန္မာမာနဲ႔ အိပ္ခ်င္ေယာင္ေဆာင္ၿပီးထိုင္မေနပါနဲ႔….ဒီက ဗိုက္ႀကီးသည္ကိုေနရာဖယ္ေပးလိုက္ေလ……” သူေဌးမ်က္စိဖြင့္ၾကည့္လိုက္ေတာ့ ေရွ႕တည့္တည့္မွာ ဗိုက္ႀကီးသည္တစ္ေယာက္ ရပ္ေနၿပီး သူ႔ေနာက္မွာေတာ့ ခုနက စြာက်ယ္က်ယ္နဲ႔စကားလွမ္းေျပာေနတဲ့ ႐ုပ္ဆိုးဆိုးေကာင္မေလးတစ္ေယာက္…

ေၾကာင္ၿပီးၾကည့္ေနတုန္းမွာပဲ ႐ုပ္ဆိုးမေလးက “ခင္ဗ်ားကိုေျပာေနတာဗ်…ထေပးလိုက္ေလ….ဒီအမကမေပါ့မပါးနဲ႔…”

ကားတစ္စီးလုံးက မ်က္လုံးေပါင္းမ်ားစြာဟာသူေဌးႀကီးကိုလွမ္းၾကည့္ေနၾကတယ္။ အထင္ေသးတဲ့အၾကည့္၊ ရႈတ္ခ်တဲ့အၾကည့္နဲ႔ေပါ့…။ သူေဌးလည္း ဘာမွေျဖရွင္းမေနနိုင္ေတာ့ ရွက္ရွက္နဲ႔အျမန္ထကာ နီးစပ္ရာမွတ္တိုင္မွာ ဆင္းေျပးပါေတာ့တယ္ …။

႐ုံးကိုေရာက္ေတာ့ ၀န္းထမ္းအင္တာဗ်ဴးရွိတာနဲ႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနလိုက္တယ္ …။

အင္တာဗ်ဴးအခန္းထဲကို ေကာင္မေလးတစ္ေယာက္ ၀င္လာတဲ့အခ်ိန္မွာေတာ့ ကမၻာႀကီးဟာက်ဥ္းက်ဥ္းေလးပါလားဆိုတဲ့အဆိုကို သူေဌးတစ္ေယာက္ လက္ခံလိုက္တယ္ …။

၀င္လာတဲ့ေကာင္မေလးက ခုဏဘတ္စကားေပၚမွာသူ႔ကို အရွက္ခြဲခဲ့တဲ့ ႐ုပ္ဆိုးမေလးပဲေပါ့။ ေတြ႕ၾကာေသးတာေပါ့။ အေတြးထဲမွာၾကဳံးဝါးရင္း ေကာင္မေလးရဲ့ CV ကိုၾကည့္လိုက္သည္…မဆိုးဘူးပဲ….ပညာအ၇ည္အခ်င္းကေတာ့…၊

ဒီအခ်ိန္မေတာ့ ေကာင္မေလးလည္းသူ႔ကိုမွတ္မိေနၿပီဆိုေတာ့ ေဇာေခၽြးေတြျပန္ေနရွာတယ္ …။

အခန္းထဲကေနပဲျပန္ထြက္သြားရမလား…ဆက္ထိုင္ေနရမလား ေတြေဝေနမိတယ္ …။

ေနာက္ဆုံးေတာ့လည္း လြမ္းေရးထက္၀မ္းေရးအတြက္ ဆက္ထိုင္ေနလိုက္ပါတယ္ …။

သူေဌးကလည္း စဥ္းစားပါတယ္။ ဒီေကာင္မေလးက အရည္အခ်င္းလည္း မဆိုးေလာက္ဘူး ေျပာရဲဆိုရဲတယ္။ မဟုတ္မခံေလး အမွန္တရားအတြက္လူမုန္းခံရဲတယ္ေပါ့ …။

ဒါေပမယ့္ အရွက္ခြဲခံရတဲ့ကိစၥအတြက္ သူ႔ကိုနည္းနည္းပညာျပန္ေပးရမယ္ဆိုၿပီး

” မ…. ခင္ဗ်ားပညာအရည္အခ်င္းကိုေတာ့သေဘာက်သြားၿပီဗ်…ေနာက္ဆုံးတစ္ခုကိုလုပ္ေပးနိုင္မယ္ဆိုရင္ေတာ့ ခ်က္ခ်င္းအလုပ္ခန္႔မယ္ဗ်ား… ဒီမွာထိုင္ေနတဲ့ ဒါရိုက္တာ ၅ ေယာက္ရဲ့ ရႈးဖိနပ္ကိုတိုက္ေပးရမယ္… ခင္ဗ်ားလုပ္နိုင္မလား…”

ေကာင္မေလး အတန္ၾကာၿငိမ္သြားပါသည္။ အေတြးထဲမွာ အိမ္ကအေမ နဲ႔ ေက်ာင္းဖြင့္ေတာ့မယ္ ေမာင္ေလးနဲ႔ညီမေလးရဲ့မ်က္ႏွာ တစ္ဝဲဝဲလည္ေနပါေတာ့သည္ …။

ေနာက္ေတာ့ခ်က္ခ်င္းထရပ္ကာ အံကိုႀကိတ္ၿပီး ဒါရိုက္တာေတြေရွ႕သို႔ေလ်ာက္သြားပါတယ္….စကားတစ္ခြန္းမွမေျပာပဲ ျဗန္းဆိုထိုင္ခ်ကာ ရႉးဖိနပ္စတိုက္ပါတယ္…။ သူေဌးလည္း အံ့အားသင့္သြားတာေပါ့…မလုပ္ေလာက္ဘူးထင္တာကိုး….သေဘာေတာ့က်သြားတယ္…လုပ္ရဲကိုင္ရဲတဲ့သတၱိကိုေပါ့။ အားလုံးတိုက္ၿပီးသြားေတာ့ မွတ္တပ္ရပ္ၿပီး ေခါင္းကိုေမာ့ကာ ဒါရိုက္တာရဲ့အေျဖကို ရပ္ေစာင့္ေနပါတယ္ …။

သူေဌးလည္းသူ႔ကတိအတိုင္း ” ခင္ဗ်ားကို အလုပ္ခန္႔လိုက္ၿပီဗ်…မနက္ျဖန္ကစၿပီး႐ုံးလာတက္လို႔ရပါၿပီ….”ေကာင္မေလးကမရီမျပဳံးမ်က္ေထာင့္နီႀကီးနဲ႔စိုက္ၾကည့္ေနတုန္း… ေဘာစိက ” မ….. ျပန္လို႔ရပါၿပီ…”

ေကာင္မေလးက…” မရေသးဘူးဗ်…ကၽြန္ေတာ္ရႉးဖိနပ္ငါးရန္တိုက္ေပးခဲ့တယ္ တစ္ရန္ကိုလုပ္အားခ တစ္ေထာင္က်ပါတယ္ စုစုေပါင္း ၅၀၀၀ ေပးပါ… ”

ေဘာစိလည္း မ်က္လုံးျပဳးၿပီး ေဟး…..လို႔ပဲျပန္ေျပာနိုင္တယ္ ၅၀၀၀ ေတာ့ေပးလိုက္ရတာေပါ့ …။

ေဘာစိလည္းသေဘာက်သြားၿပီး ေကာင္မေလးျပန္သြားေတာ့ အေပၚျပတင္းေပါက္ကေန လွမ္းၾကည့္ေနမိသည္ …။

႐ုံးအျပင္ဖက္မွာ ေတာင္းစားေနတဲ့ဒုကၡိတနားကိုေရာက္ေတာ့ ေကာင္မေလးက ခုန ၅၀၀၀ တန္ကိုေပးကမ္းခဲ့တာကိုေတြ႕မိျပန္ေတာ ့ပိုလို႔ေလးစားသြားမိသည္ …။

အဲဒါကိုၾကည့္ခ်င္းအားျဖင့္ လူေနျခဳံၾကားစိတ္ေနဘုံဖ်ားဆိုတဲ့စကားပုံကိုသတိရမိတယ္။ တစ္ခ်ိဳ႕သူေတြဟာ သူတို႔ရဲ႕ ကိုယ္က်င့္သိကၡကို ေျမာင္းထဲေရာက္ေအာင္ အပုပ္ခ် ခံရေပမယ့္လည္း ပ်က္စီးမသြားပဲ အဲဒီသိကၡာအတြက္ ျမင့္ျမတ္တဲ့ ထြက္ေပါက္တစ္ခုကို ရွာေဖြနိုင္ၾကတယ္ …။

႐ုပ္ဆိုးမေလးဟာလည္း သူေဌးႀကီးစီမွာအလုပ္လုပ္ရင္းနဲ႔ ေနာက္ဆုံး သူေဌးႀကီးရဲ့အားထားရဆုံး မန္ေနဂ်ာႀကီးျဖစ္လာပါတယ္…။ တစ္ေန႔ၾကေတာ့ လက္ဖက္ရည္အတူေသာက္ၾကရင္းနဲ႔ သူေဌးကသူသိခ်င္တာတစ္ခုကို ေမးလိုက္ပါတယ္။ ” မ….. မင္းအလုပ္လာေလ်ာက္တုန္းက ငါမင္းကိုဒီေလာက္အရွက္ခြဲခဲ့တာ မင္းငါ့ကိုစိတ္မနာဘူးလား… “ေကာင္မေလးက ျပဳံးျပဳံးေလး ျပန္ေျဖပါတယ္ …။

“ကၽြန္မခါးကုန္းၿပီးဒူးေထာက္လိုက္တာဟာ…ကိုယ့္ကိုကိုယ္ ေခါင္းျပန္ေမာ့နိုင္ဖို႔အတြက္အခြင့္အေရးတစ္ခုေပးလိုက္တာပါ….”

ခရက္ဒစ္ O’Chu (Gleanings မွ ခ်စ္ပရိတ္သတ္ၾကီးအတြက္ ျပန္လည္ေဝမၽွေပးပါသည္ ဗဟုသုတ ရသစာေပေတြ တင္ေပးမွာမို႔ Share ဖို႔မေမ့နဲ႔ေနာ္)

Unicode

ဒါရိုက်တာ ၅ ယောက်ရဲ့ ရှုးဖိနပ်ကိုတိုက်ပေးရင် အလုပ်ခန့်မည်ဟု ပြောလိုက်သောအခါ…

တစ်ခါတုန်းကပေါ့…လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဌေးကြီးဟာ သာမန်ပြည်သူတွေရဲ့့ ဘဝကိုခံစားချင်လို့ YBS ကြီးကိုစီးပြီး ရုံးတက်ကြည့်ပါတယ်။ ကံကောင်းတော့ ထိုင်ခုံလေးတစ်ခုမှာထိုင်စီးရတာပေါ့…သူဌေးလည်း စီးရင်းနဲ့ ပတ်ဝန်ကျင်ကိုလေ့လာလိုက်၊ ဘတ်စကားပေါ်က ကောင်မလေးတွေကို ငေးလိုက်နဲ့ ငြီးငွေ့လာတော့ မျက်စိလေးမှိတ်ပြီး ခဏနားနေလိုက်တယ် …။

ရုတ်တရက် စူးရှသောအသံတစ်ခု နားထဲကိုတိုးဝင်လာပါတယ်။ ” ဒီမှာ ဦးလေးကြီး ခင်ဗျားကသန်သန်မာမာနဲ့ အိပ်ချင်ယောင်ဆောင်ပြီးထိုင်မနေပါနဲ့….ဒီက ဗိုက်ကြီးသည်ကိုနေရာဖယ်ပေးလိုက်လေ……” သူဌေးမျက်စိဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာ ဗိုက်ကြီးသည်တစ်ယောက် ရပ်နေပြီး သူ့နောက်မှာတော့ ခုနက စွာကျယ်ကျယ်နဲ့စကားလှမ်းပြောနေတဲ့ ရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်…

ကြောင်ပြီးကြည့်နေတုန်းမှာပဲ ရုပ်ဆိုးမလေးက “ခင်ဗျားကိုပြောနေတာဗျ…ထပေးလိုက်လေ….ဒီအမကမပေါ့မပါးနဲ့…”

ကားတစ်စီးလုံးက မျက်လုံးပေါင်းများစွာဟာသူဌေးကြီးကိုလှမ်းကြည့်နေကြတယ်။ အထင်သေးတဲ့အကြည့်၊ ရှုတ်ချတဲ့အကြည့်နဲ့ပေါ့…။ သူဌေးလည်း ဘာမှဖြေရှင်းမနေနိုင်တော့ ရှက်ရှက်နဲ့အမြန်ထကာ နီးစပ်ရာမှတ်တိုင်မှာ ဆင်းပြေးပါတော့တယ် …။

ရုံးကိုရောက်တော့ ဝန်းထမ်းအင်တာဗျူးရှိတာနဲ့ မေ့မေ့ပျောက်ပျောက် နေလိုက်တယ် …။

အင်တာဗျူးအခန်းထဲကို ကောင်မလေးတစ်ယောက် ဝင်လာတဲ့အချိန်မှာတော့ ကမ္ဘာကြီးဟာကျဉ်းကျဉ်းလေးပါလားဆိုတဲ့အဆိုကို သူဌေးတစ်ယောက် လက်ခံလိုက်တယ် …။

ဝင်လာတဲ့ကောင်မလေးက ခုဏဘတ်စကားပေါ်မှာသူ့ကို အရှက်ခွဲခဲ့တဲ့ ရုပ်ဆိုးမလေးပဲပေါ့။ တွေ့ကြာသေးတာပေါ့။ အတွေးထဲမှာကြုံးဝါးရင်း ကောင်မလေးရဲ့ CV ကိုကြည့်လိုက်သည်…မဆိုးဘူးပဲ….ပညာအ၇ည်အချင်းကတော့…၊

ဒီအချိန်မတော့ ကောင်မလေးလည်းသူ့ကိုမှတ်မိနေပြီဆိုတော့ ဇောချွေးတွေပြန်နေရှာတယ် …။

အခန်းထဲကနေပဲပြန်ထွက်သွားရမလား…ဆက်ထိုင်နေရမလား တွေဝေနေမိတယ် …။

နောက်ဆုံးတော့လည်း လွမ်းရေးထက်ဝမ်းရေးအတွက် ဆက်ထိုင်နေလိုက်ပါတယ် …။

သူဌေးကလည်း စဉ်းစားပါတယ်။ ဒီကောင်မလေးက အရည်အချင်းလည်း မဆိုးလောက်ဘူး ပြောရဲဆိုရဲတယ်။ မဟုတ်မခံလေး အမှန်တရားအတွက်လူမုန်းခံရဲတယ်ပေါ့ …။

ဒါပေမယ့် အရှက်ခွဲခံရတဲ့ကိစ္စအတွက် သူ့ကိုနည်းနည်းပညာပြန်ပေးရမယ်ဆိုပြီး

” မ…. ခင်ဗျားပညာအရည်အချင်းကိုတော့သဘောကျသွားပြီဗျ…နောက်ဆုံးတစ်ခုကိုလုပ်ပေးနိုင်မယ်ဆိုရင်တော့ ချက်ချင်းအလုပ်ခန့်မယ်ဗျား… ဒီမှာထိုင်နေတဲ့ ဒါရိုက်တာ ၅ ယောက်ရဲ့ ရှုးဖိနပ်ကိုတိုက်ပေးရမယ်… ခင်ဗျားလုပ်နိုင်မလား…”

ကောင်မလေး အတန်ကြာငြိမ်သွားပါသည်။ အတွေးထဲမှာ အိမ်ကအမေ နဲ့ ကျောင်းဖွင့်တော့မယ် မောင်လေးနဲ့ညီမလေးရဲ့မျက်နှာ တစ်ဝဲဝဲလည်နေပါတော့သည် …။

နောက်တော့ချက်ချင်းထရပ်ကာ အံကိုကြိတ်ပြီး ဒါရိုက်တာတွေရှေ့သို့လျောက်သွားပါတယ်….စကားတစ်ခွန်းမှမပြောပဲ ဗြန်းဆိုထိုင်ချကာ ရှူးဖိနပ်စတိုက်ပါတယ်…။ သူဌေးလည်း အံ့အားသင့်သွားတာပေါ့…မလုပ်လောက်ဘူးထင်တာကိုး….သဘောတော့ကျသွားတယ်…လုပ်ရဲကိုင်ရဲတဲ့သတ္တိကိုပေါ့။ အားလုံးတိုက်ပြီးသွားတော့ မှတ်တပ်ရပ်ပြီး ခေါင်းကိုမော့ကာ ဒါရိုက်တာရဲ့အဖြေကို ရပ်စောင့်နေပါတယ် …။

သူဌေးလည်းသူ့ကတိအတိုင်း ” ခင်ဗျားကို အလုပ်ခန့်လိုက်ပြီဗျ…မနက်ဖြန်ကစပြီးရုံးလာတက်လို့ရပါပြီ….”ကောင်မလေးကမရီမပြုံးမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတုန်း… ဘောစိက ” မ….. ပြန်လို့ရပါပြီ…”

ကောင်မလေးက…” မရသေးဘူးဗျ…ကျွန်တော်ရှူးဖိနပ်ငါးရန်တိုက်ပေးခဲ့တယ် တစ်ရန်ကိုလုပ်အားခ တစ်ထောင်ကျပါတယ် စုစုပေါင်း ၅၀၀၀ ပေးပါ… ”

ဘောစိလည်း မျက်လုံးပြုးပြီး ဟေး…..လို့ပဲပြန်ပြောနိုင်တယ် ၅၀၀၀ တော့ပေးလိုက်ရတာပေါ့ …။

ဘောစိလည်းသဘောကျသွားပြီး ကောင်မလေးပြန်သွားတော့ အပေါ်ပြတင်းပေါက်ကနေ လှမ်းကြည့်နေမိသည် …။

ရုံးအပြင်ဖက်မှာ တောင်းစားနေတဲ့ဒုက္ခိတနားကိုရောက်တော့ ကောင်မလေးက ခုန ၅၀၀၀ တန်ကိုပေးကမ်းခဲ့တာကိုတွေ့မိပြန်တော့ပိုလို့လေးစားသွားမိသည် …။

အဲဒါကိုကြည့်ချင်းအားဖြင့် လူနေခြုံကြားစိတ်နေဘုံဖျားဆိုတဲ့စကားပုံကိုသတိရမိတယ်။ တစ်ချို့သူတွေဟာ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခကို မြောင်းထဲရောက်အောင် အပုပ်ချ ခံရပေမယ့်လည်း ပျက်စီးမသွားပဲ အဲဒီသိက္ခာအတွက် မြင့်မြတ်တဲ့ ထွက်ပေါက်တစ်ခုကို ရှာဖွေနိုင်ကြတယ် …။

ရုပ်ဆိုးမလေးဟာလည်း သူဌေးကြီးစီမှာအလုပ်လုပ်ရင်းနဲ့ နောက်ဆုံး သူဌေးကြီးရဲ့အားထားရဆုံး မန်နေဂျာကြီးဖြစ်လာပါတယ်…။ တစ်နေ့ကြတော့ လက်ဖက်ရည်အတူသောက်ကြရင်းနဲ့ သူဌေးကသူသိချင်တာတစ်ခုကို မေးလိုက်ပါတယ်။ ” မ….. မင်းအလုပ်လာလျောက်တုန်းက ငါမင်းကိုဒီလောက်အရှက်ခွဲခဲ့တာ မင်းငါ့ကိုစိတ်မနာဘူးလား… “ကောင်မလေးက ပြုံးပြုံးလေး ပြန်ဖြေပါတယ် …။

“ကျွန်မခါးကုန်းပြီးဒူးထောက်လိုက်တာဟာ…ကိုယ့်ကိုကိုယ် ခေါင်းပြန်မော့နိုင်ဖို့အတွက်အခွင့်အရေးတစ်ခုပေးလိုက်တာပါ….”

ခရက်ဒစ် O’Chu (Gleanings မှ ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးပါသည် ဗဟုသုတ ရသစာပေတွေ တင်ပေးမှာမို့ Share ဖို့မမေ့နဲ့နော်)