အခ်စ္ေတြကို ျငင္းပယ္ျပီး ဆင္ဂယ္ဘဝကို ဂုဏ္ယူစြာ လက္ခံထားၾကတဲ့ သူေတြရဲ႕ ခံယူခ်က္မ်ား

အခ်စ္ေတြကို ျငင္းပယ္ျပီး ဆင္ဂယ္ဘဝကို ဂုဏ္ယူစြာ လက္ခံထားၾကတဲ့ သူေတြရဲ႕ ခံယူခ်က္မ်ား

ဆင္ဂယ္္ဆုိတဲ့ စကားလံုးကို တစ္ခ်ိဳ႕က အထီးက်န္္ျခင္းနဲ႔ တြဲျမင္တတ္ၾကပါတယ္။ တကယ္တမ္းမွာေတာ့ ဒါဟာ မွားယြင္းတဲဲ့ ထင္ျမင္ယူဆခ်က္တစ္ခုမွ်သာျဖစ္ၿပီး ဆင္ဂယ္ျဖစ္ေနရတုိင္းလည္း၊ ခ်စ္သူမ႐ွိတုိင္းလည္း အထီးက်န္္ျခင္းကို ခံစားေနရတာ မဟုတ္ပါဘူး။

အထီးက်န္းျခင္း၊ မက်န္ျခင္းဆုိတာက ကိုယ့္ရဲ႕စိတ္နဲဲ႔ပဲ အားလံုး သက္ဆုိင္ေနပါတယ္။ တကယ္ေတာ့ ဆင္ဂယ္ဘဝကို ဂုဏ္ယူစြာ လက္ခံထားၾကတဲ့ မိန္္းကေလးေတြဆီမွာေတာ့ ဒီလုိ ခံယူခ်က္ေတြ ႐ိွလုိ႔ေနပါတယ္။

(1) ခ်စ္ရမွာကို မေၾကာက္ဘူး မွားယြင္းစြာ ေ႐ြးခ်ယ္မိမွာကို ေၾကာက္တာ

ခ်စ္သူမထားတဲ့ ဒါမွမဟုတ္ ခ်စ္ရသူ မ႐ွိေသးတဲ ့မိန္းကေလးေတြဟာ တကယ္တမ္းမွာေတာ့ ခ်စ္ရမွာကို ေၾကာက္ၾကတာ မဟုတ္ပါဘူး။ အခ်စ္္ဆုိတာကို သူတုိ႔ နားလည္လက္ခံထားၾကပါတယ္ ဒါေပမယ့္ အေျပာင္းအလဲေတြမ်ားတဲ့ ခုလုိေခတ္မွာ လူေ႐ြးမွားသြားမွာကိုပဲ သူတုိ႔စိုးရိမ္တတ္ၾကတာပါ။

သူတုိ႔ရဲ႕ အခ်စ္္ေတြကို တန္ဖိုးထားတတ္ၾကတဲဲ့ သူေတြျဖစ္လုိ႔ သူတို႔ေ႐ြးခ်ယ္မယ့္သူကိုလည္း ေတြ႔ရာလူကို မခ်စ္္တတ္တာက သိပ္ေတာ့ ထူးဆန္းမယ္ မထင္ပါဘူးေနာ္။

(2) သူတုိ႔ရဲ႕ တန္ဖိုး႐ွိတဲ့အခ်ိန္ေတြ အလဟသကုန္ဆံုးမွာကို မလုိခ်င္ဘူး

ဒီလုိမိန္းကေလးေတြက သူတုိ႔ရဲ႕ တန္္ဖိုး႐ွိတဲ့ အခ်ိန္ေတြကို သူတို႔တကယ္္တန္ဖိုးထား ျမတ္ႏုိးတဲ့သူေတြနဲ႔ပဲ ကုန္ဆံုးခ်င္ၾကတာပါ။ ဒါေပမယ့္ မွားယြင္းတဲ့သူကို ေ႐ြးခ်ယ္္မိတဲ့အခါ ဒီတန္ဖိုး႐ွိလွတဲ့ အခ်ိန္ေတြဟာ ႐ုပ္ဆုိးအက်ဥ္းတန္သြားၿပီး အခ်ိန္ျဖဳန္းသလုိ ျဖစ္သြားေစမွာပါ။

အခ်စ္က လူတစ္ေယာက္ကို ေပ်ာ္႐ႊင္ေအာင္ဖန္တီးႏိုင္တယ္ဆုိေပမယ့္ မွားယြင္းတဲ့ သူကေတာ့ ကိုယ့္ကိုယ္ မေပ်ာ္႐ႊင္ေစနုိင္ပါဘူး။ ဒါေၾကာင့္ပဲ သူတုိ႔အေနနဲ႔ မွန္ကန္တဲ့သူကို ေစာင့္ဆုိင္းဖို႔ လုိအပ္ပါတယ္။

(3) ကိုုယ့္ကိုယ္ကို မဆံုး႐ံႈးေစခ်င္လုိ႔

တစ္ခ်ိဳ႕လူေတြက တစ္စံုတစ္္ေယာက္ကို ခ်စ္မိတဲ့အခါ ကိုယ္ရဲ႕ တန္္ဖိုးေတြ၊ ကိုယ့္ရဲ႕ ပံုစံအမွန္ေတြကို ေမ့ေလ်ာ့သြားတတ္ၾကပါတယ္။ ဒါဟာ ကိုယ့္ကိုယ္ လုိသလုိ ပံုသြင္းတတ္တဲ့ ခ်စ္သူမ်ိဳးနဲ႔ ေတြ႔တဲ့အခါ၊ ဒါမွမဟုတ္ အခ်စ္ကို ကိုးကြယ္မိတဲ့ အခါမ်ိဳးမွာ ျဖစ္တတ္ၾကတာပါ။

ဆင္ဂယ္ဘဝကို ဂုဏ္ယူတတ္တဲ့ မိန္းကေလးေတြက ကိုယ့္ရဲ႕ျဖစ္တည္မႈေလးကို ခ်စ္ၿပီးတန္ဖိုးထားတတ္လုိ႔ သူတုိ႔ကုိ ေျပာင္းလဲေစမယ့္ လူေတြကို ဘယ္ေတာ့မွ မေ႐ြးခ်ယ္တတ္ၾကပါဘူး။ သူတို႔တကယ္လုိခ်င္တာက သူတုိ႔ရဲ႕ ျဖစ္တည္မႈအမွန္ကို ခ်စ္ေပးမယ့္ သူမ်ိဳးကိုပါေနာ္။

(4) လြတ္္လပ္မႈကို အရမ္းခ်စ္တတ္သြားလုိ႔

လြတ္လပ္ျခင္းဆုိတာ စြဲမက္လြယ္တဲ ့အရာတစ္ခုပါ။ လြတ္လပ္မႈကို ခံစားမိတဲ့သူတုိင္းက ဆံုး႐ံႈးသြားမွာကို ေၾကာက္တတ္ၾကပါတယ္။ ဒီလုိပဲ တစ္ေယာက္တည္း ေနရတဲ့ဘဝက လြတ္လပ္မႈကို အျပည့္အဝခံစားႏုိင္ၿပီး ခ်စ္သူရည္းစား႐ွိလာရင္ေတာ့ ကိုယ့္သေဘာကိုယ့္ဆႏၵထက္ ႏွစ္ဦးသေဘာေတြဆုိတာ ႐ွိလာမွာပါ။

ဒီေတာ့ လြတ္လပ္မႈကို အရမ္းႀကိဳက္သြားတဲ့အခါ ဆင္ဂယ္ဘဝကို ျမတ္ႏိုးသြားတတ္ၾကပါတယ္။ ဒီေတာ့ ေလာေလာဆယ္မွာ ရည္းစားေတြဘာေတြ မထားခ်င္ဘူး ဆင္ဂယ္ဆုိတာကို ဂုဏ္ယူမိလာတာေပါ့။

Khin

Unicode

အချစ်တွေကို ငြင်းပယ်ပြီး ဆင်ဂယ်ဘဝကို ဂုဏ်ယူစွာ လက်ခံထားကြတဲ့ သူတွေရဲ့ ခံယူချက်များ

ဆင်ဂယ်ဆိုတဲ့ စကားလုံးကို တစ်ချို့က အထီးကျန်ခြင်းနဲ့ တွဲမြင်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ဒါဟာ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တစ်ခုမျှသာဖြစ်ပြီး ဆင်ဂယ်ဖြစ်နေရတိုင်းလည်း၊ ချစ်သူမရှိတိုင်းလည်း အထီးကျန်ခြင်းကို ခံစားနေရတာ မဟုတ်ပါဘူး။

အထီးကျန်းခြင်း၊ မကျန်ခြင်းဆိုတာက ကိုယ့်ရဲ့စိတ်နဲ့ပဲ အားလုံး သက်ဆိုင်နေပါတယ်။ တကယ်တော့ ဆင်ဂယ်ဘဝကို ဂုဏ်ယူစွာ လက်ခံထားကြတဲ့ မိန်းကလေးတွေဆီမှာတော့ ဒီလို ခံယူချက်တွေ ရှိလို့နေပါတယ်။

(1) ချစ်ရမှာကို မကြောက်ဘူး မှားယွင်းစွာ ရွေးချယ်မိမှာကို ကြောက်တာ

ချစ်သူမထားတဲ့ ဒါမှမဟုတ် ချစ်ရသူ မရှိသေးတဲ့မိန်းကလေးတွေဟာ တကယ်တမ်းမှာတော့ ချစ်ရမှာကို ကြောက်ကြတာ မဟုတ်ပါဘူး။ အချစ်ဆိုတာကို သူတို့ နားလည်လက်ခံထားကြပါတယ် ဒါပေမယ့် အပြောင်းအလဲတွေများတဲ့ ခုလိုခေတ်မှာ လူရွေးမှားသွားမှာကိုပဲ သူတို့စိုးရိမ်တတ်ကြတာပါ။

သူတို့ရဲ့ အချစ်တွေကို တန်ဖိုးထားတတ်ကြတဲ့ သူတွေဖြစ်လို့ သူတို့ရွေးချယ်မယ့်သူကိုလည်း တွေ့ရာလူကို မချစ်တတ်တာက သိပ်တော့ ထူးဆန်းမယ် မထင်ပါဘူးနော်။

(2) သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ အလဟသကုန်ဆုံးမှာကို မလိုချင်ဘူး

ဒီလိုမိန်းကလေးတွေက သူတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို သူတို့တကယ်တန်ဖိုးထား မြတ်နိုးတဲ့သူတွေနဲ့ပဲ ကုန်ဆုံးချင်ကြတာပါ။ ဒါပေမယ့် မှားယွင်းတဲ့သူကို ရွေးချယ်မိတဲ့အခါ ဒီတန်ဖိုးရှိလှတဲ့ အချိန်တွေဟာ ရုပ်ဆိုးအကျဉ်းတန်သွားပြီး အချိန်ဖြုန်းသလို ဖြစ်သွားစေမှာပါ။

အချစ်က လူတစ်ယောက်ကို ပျော်ရွှင်အောင်ဖန်တီးနိုင်တယ်ဆိုပေမယ့် မှားယွင်းတဲ့ သူကတော့ ကိုယ့်ကိုယ် မပျော်ရွှင်စေနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့အနေနဲ့ မှန်ကန်တဲ့သူကို စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။

(3) ကိုယ့်ကိုယ်ကို မဆုံးရှုံးစေချင်လို့

တစ်ချို့လူတွေက တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ကိုယ်ရဲ့ တန်ဖိုးတွေ၊ ကိုယ့်ရဲ့ ပုံစံအမှန်တွေကို မေ့လျော့သွားတတ်ကြပါတယ်။ ဒါဟာ ကိုယ့်ကိုယ် လိုသလို ပုံသွင်းတတ်တဲ့ ချစ်သူမျိုးနဲ့ တွေ့တဲ့အခါ၊ ဒါမှမဟုတ် အချစ်ကို ကိုးကွယ်မိတဲ့ အခါမျိုးမှာ ဖြစ်တတ်ကြတာပါ။

ဆင်ဂယ်ဘဝကို ဂုဏ်ယူတတ်တဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ဖြစ်တည်မှုလေးကို ချစ်ပြီးတန်ဖိုးထားတတ်လို့ သူတို့ကို ပြောင်းလဲစေမယ့် လူတွေကို ဘယ်တော့မှ မရွေးချယ်တတ်ကြပါဘူး။ သူတို့တကယ်လိုချင်တာက သူတို့ရဲ့ ဖြစ်တည်မှုအမှန်ကို ချစ်ပေးမယ့် သူမျိုးကိုပါနော်။

(4) လွတ်လပ်မှုကို အရမ်းချစ်တတ်သွားလို့

လွတ်လပ်ခြင်းဆိုတာ စွဲမက်လွယ်တဲ့အရာတစ်ခုပါ။ လွတ်လပ်မှုကို ခံစားမိတဲ့သူတိုင်းက ဆုံးရှုံးသွားမှာကို ကြောက်တတ်ကြပါတယ်။ ဒီလိုပဲ တစ်ယောက်တည်း နေရတဲ့ဘဝက လွတ်လပ်မှုကို အပြည့်အဝခံစားနိုင်ပြီး ချစ်သူရည်းစားရှိလာရင်တော့ ကိုယ့်သဘောကိုယ့်ဆန္ဒထက် နှစ်ဦးသဘောတွေဆိုတာ ရှိလာမှာပါ။

ဒီတော့ လွတ်လပ်မှုကို အရမ်းကြိုက်သွားတဲ့အခါ ဆင်ဂယ်ဘဝကို မြတ်နိုးသွားတတ်ကြပါတယ်။ ဒီတော့ လောလောဆယ်မှာ ရည်းစားတွေဘာတွေ မထားချင်ဘူး ဆင်ဂယ်ဆိုတာကို ဂုဏ်ယူမိလာတာပေါ့။

Khin