သင့္ကိုတစ္ျခားသူနဲ႔ ႏႈိင္းယွဥ္တဲ့ အခ်ိန္မွာ ဒီလိုတံု႕ျပန္ပါ…

သင့္ကိုတစ္ျခားသူနဲ႔ ႏႈိင္းယွဥ္တဲ့ အခ်ိန္မွာ ဒီလိုတံု႕ျပန္ပါ…

လူတိုင္းက မတူညီၾကပါဘူး။ ဒါကို သူကေတာ့ ဘယ္လို ေတာ္တာ နင္ကေတာ့… ဆိုၿပီး ႏိႈင္းယွဥ္တာေတြ၊ တစ္ျခားသူေတြက နင့္အရြယ္မွာ ဘာျဖစ္ေနၿပီေလ စတဲ့ ေျပာဆိုမႈေတြကို လူတိုင္း ၾကားဖူး ၾကမွာပါ။ ကိုယ့္ကို တစ္ျခားတစ္ေယာက္နဲ႔ ႏိႈင္းယွဥ္တာကို ႀကိဳက္ၾကမယ္ မထင္ပါဘူး။ ဒါေပမယ့္လည္း ဒီလို ႏိႈင္းယွဥ္ၿပီး ေျပာဆိုမႈေတြကေတာ့ ရွိေနဆဲပါပဲ။ ဒီလို ေျပာဆိုမႈေတြ ခံလိုက္ရတဲ့အခ်ိန္ သင့္ဘက္က အဆင္မေျပ ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြက အေထာက္အကူ ျဖစ္ေစမွာပါေနာ္ …။

(၁) သင္က တစ္ျခားသူ မဟုတ္ေၾကာင္း ေျပာပါ”

သင့္ကို တစ္ျခားတစ္ေယာက္နဲ႔ ႏိႈင္းယွဥ္တာမ်ိဳးက မျဖစ္သင့္ပါဘူး။ သင္မဟုတ္တဲ့သူနဲ႔ ႏိႈင္းယွဥ္ၿပီး ျပစ္တင္မႈေတြ အားမလို အားမရ ျပဳလုပ္တတ္တာေတြက သင့္ကို အသိအမွတ္ မျပဳတဲ့ သေဘာကို သက္ေရာက္ေနပါတယ္။ ဒါေၾကာင့္ သင့္ကို ဒီလို ႏိႈင္းယွဥ္ေျပာဆိုမႈေတြ ရွိလာၿပီဆိုရင္ သင္က သင္ ျဖစ္ၿပီး တစ္ျခားသူ မဟုတ္လို႔ တစ္ျခားသူလို ျဖစ္မွာ မဟုတ္ဘူးဆိုတဲ့ အေၾကာင္းကိုေတာ႔ တုံ႔ျပန္သင့္ပါတယ္ …။

(၂) စိတ္ဓာတ္က်စရာ မလိုပါဘူး”

သင့္ကို တစ္ျခားတစ္ေယာက္နဲ႔ ႏိႈင္းယွဥ္လို႔ သင္ စိတ္ထဲ အားငယ္စရာ မလိုပါဘူး။ လူတိုင္းမွာ သူ႔အေျခအေနနဲ႔သူ ရွိပါတယ္။ သင့္မွာ သူရသလို အေျခအေနေတြ ရွိခ်င္မွ ရွိမွာပါ။ ဒါ့အျပင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အားသာတဲ့ အရည္အခ်င္းေတြ မတူၾကပါဘူး။ ဒါအတြက္ သင္ဘာမွ စိတ္ဓာတ္က်ေနစရာ အေၾကာင္း မရွိပါဘူး။ သင့္လမ္း သင္သာ ဆက္ေလွ်ာက္ၿပီး ေျပာတာေတြကို လ်စ္လ်ဴရႈလိုက္ ႏိုင္ပါတယ္ …။

(၃) ယံုၾကည္မႈ ရွိေနပါေစ”

သင့္ကို သင္ ယံုၾကည္ပါ။ သင္က သင္ပဲ ျဖစ္လို႔ တစ္ျခားသူေတြလို လုပ္စရာ မလိုအပ္ပါဘူး။ သင္ ျဖစ္ခ်င္တဲ့အရာ သင္ ေလွ်ာက္ေနတဲ့ လမ္းအတိုင္းသာ ယံုယံုၾကည္ၾကည္ ဆက္ေလွ်ာက္သင့္ပါတယ္။ ဒါ့အျပင္ သင့္ကို ေျပာတဲ့သူက မိသားစုဆိုရင္ သင့္ကို ယံုၾကည္သင့္ေၾကာင္းနဲ႔ အခ်ိန္တစ္ခုအထိ ေစာင့္ၾကည့္သင့္ေၾကာင္းကို ျပန္လည္ ေျပာဆိုသင့္ပါတယ္ …။

(၄) ခံစားဖုိ႔ မလိုဘူး”

တစ္ျခားတစ္ေယာက္နဲ႔ ႏိႈင္းယွဥ္ခံရလို႔ဆိုၿပီး ကိုယ့္ကိုယ္ကို အသံုးမက်တဲ့သူလို႔ေတာ့ မထင္လိုက္သင့္ပါဘူး။ ဒီစကားေတြကို ခံစားမေနဘဲ သင့္အတြက္ ဒီစကားေတြက ခံစားရေလာက္ေအာင္ အေရးႀကီးရဲ႕လားလို႔ ေတြးသင့္ပါတယ္။ သင့္ဘဝအတြက္ အေရးႀကီးတဲ့ အရာ မဟုတ္ဘဲနဲ႔ ခံစားေနရင္ သင့္အခ်ိန္ေတြ ႏွေျမာစရာ ေကာင္းလွပါတယ္ေနာ္ …။

(၅) ကိုယ့္ကိုယ္ကို တန္ဖိုးထားေၾကာင္း ေျပာပါ”

တစ္ျခားသူအေၾကာင္းကို ခ်ီးက်ဴးေနရင္ သင္လည္း ဝမ္းသာရင္ ခ်ီးက်ဴးေပးလိုက္ပါ။ ဒါေပမယ့္ သင္နဲ႔ ႏိႈင္းယွဥ္လာရင္ေတာ့ သူက သူ သင္က သင္ဆိုတဲ့ အေၾကာင္းေျပာၿပီး သင့္ကိုယ္သင္ ယံုၾကည္ေၾကာင္းနဲ႔ အခုလို ပံုစံ ရွိေနလည္း ကိုယ့္ကိုယ္ကို တန္ဖိုးထားေၾကာင္းသာ ေျပာလိုက္သင့္ပါတယ္။ ကိုယ့္ရဲ႕ ျဖစ္တည္မႈ အရွိတရားကို လက္ခံၿပီး ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္ၿပီး သူ႔ဘဝနဲ႔သူ ကိုယ့္ဘဝနဲ႔ ကိုယ္ဆိုတာကို နားလည္ေၾကာင္းကိုလည္း ေျပာႏိုင္ပါတယ္ေနာ္ …။  …. ။

Aunty May

UNICODE

သင့်ကိုတစ်ခြားသူနဲ့ နှိုင်းယှဉ်တဲ့ အချိန်မှာ ဒီလိုတုံ့ပြန်ပါ…

လူတိုင်းက မတူညီကြပါဘူး။ ဒါကို သူကတော့ ဘယ်လို တော်တာ နင်ကတော့… ဆိုပြီး နှိုင်းယှဉ်တာတွေ၊ တစ်ခြားသူတွေက နင့်အရွယ်မှာ ဘာဖြစ်နေပြီလေ စတဲ့ ပြောဆိုမှုတွေကို လူတိုင်း ကြားဖူး ကြမှာပါ။ ကိုယ့်ကို တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်တာကို ကြိုက်ကြမယ် မထင်ပါဘူး။ ဒါပေမယ့်လည်း ဒီလို နှိုင်းယှဉ်ပြီး ပြောဆိုမှုတွေကတော့ ရှိနေဆဲပါပဲ။ ဒီလို ပြောဆိုမှုတွေ ခံလိုက်ရတဲ့အချိန် သင့်ဘက်က အဆင်မပြေ ဖြစ်နေတယ်ဆိုရင်တော့ ဒီအချက်တွေက အထောက်အကူ ဖြစ်စေမှာပါနော် …။

(၁) သင်က တစ်ခြားသူ မဟုတ်ကြောင်း ပြောပါ”

သင့်ကို တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်တာမျိုးက မဖြစ်သင့်ပါဘူး။ သင်မဟုတ်တဲ့သူနဲ့ နှိုင်းယှဉ်ပြီး ပြစ်တင်မှုတွေ အားမလို အားမရ ပြုလုပ်တတ်တာတွေက သင့်ကို အသိအမှတ် မပြုတဲ့ သဘောကို သက်ရောက်နေပါတယ်။ ဒါကြောင့် သင့်ကို ဒီလို နှိုင်းယှဉ်ပြောဆိုမှုတွေ ရှိလာပြီဆိုရင် သင်က သင် ဖြစ်ပြီး တစ်ခြားသူ မဟုတ်လို့ တစ်ခြားသူလို ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုတော့ တုံ့ပြန်သင့်ပါတယ် …။

(၂) စိတ်ဓာတ်ကျစရာ မလိုပါဘူး”

သင့်ကို တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ သင် စိတ်ထဲ အားငယ်စရာ မလိုပါဘူး။ လူတိုင်းမှာ သူ့အခြေအနေနဲ့သူ ရှိပါတယ်။ သင့်မှာ သူရသလို အခြေအနေတွေ ရှိချင်မှ ရှိမှာပါ။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် အားသာတဲ့ အရည်အချင်းတွေ မတူကြပါဘူး။ ဒါအတွက် သင်ဘာမှ စိတ်ဓာတ်ကျနေစရာ အကြောင်း မရှိပါဘူး။ သင့်လမ်း သင်သာ ဆက်လျှောက်ပြီး ပြောတာတွေကို လျစ်လျူရှုလိုက် နိုင်ပါတယ် …။

(၃) ယုံကြည်မှု ရှိနေပါစေ”

သင့်ကို သင် ယုံကြည်ပါ။ သင်က သင်ပဲ ဖြစ်လို့ တစ်ခြားသူတွေလို လုပ်စရာ မလိုအပ်ပါဘူး။ သင် ဖြစ်ချင်တဲ့အရာ သင် လျှောက်နေတဲ့ လမ်းအတိုင်းသာ ယုံယုံကြည်ကြည် ဆက်လျှောက်သင့်ပါတယ်။ ဒါ့အပြင် သင့်ကို ပြောတဲ့သူက မိသားစုဆိုရင် သင့်ကို ယုံကြည်သင့်ကြောင်းနဲ့ အချိန်တစ်ခုအထိ စောင့်ကြည့်သင့်ကြောင်းကို ပြန်လည် ပြောဆိုသင့်ပါတယ် …။

(၄) ခံစားဖို့ မလိုဘူး”

တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ခံရလို့ဆိုပြီး ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူလို့တော့ မထင်လိုက်သင့်ပါဘူး။ ဒီစကားတွေကို ခံစားမနေဘဲ သင့်အတွက် ဒီစကားတွေက ခံစားရလောက်အောင် အရေးကြီးရဲ့လားလို့ တွေးသင့်ပါတယ်။ သင့်ဘဝအတွက် အရေးကြီးတဲ့ အရာ မဟုတ်ဘဲနဲ့ ခံစားနေရင် သင့်အချိန်တွေ နှမြောစရာ ကောင်းလှပါတယ်နော် …။

(၅) ကိုယ့်ကိုယ်ကို တန်ဖိုးထားကြောင်း ပြောပါ”

တစ်ခြားသူအကြောင်းကို ချီးကျူးနေရင် သင်လည်း ဝမ်းသာရင် ချီးကျူးပေးလိုက်ပါ။ ဒါပေမယ့် သင်နဲ့ နှိုင်းယှဉ်လာရင်တော့ သူက သူ သင်က သင်ဆိုတဲ့ အကြောင်းပြောပြီး သင့်ကိုယ်သင် ယုံကြည်ကြောင်းနဲ့ အခုလို ပုံစံ ရှိနေလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားကြောင်းသာ ပြောလိုက်သင့်ပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှု အရှိတရားကို လက်ခံပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ပြီး သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ ကိုယ်ဆိုတာကို နားလည်ကြောင်းကိုလည်း ပြောနိုင်ပါတယ်နော် …။ ။

Aunty May