ကေလးကို လႈပ္ယမ္းတဲ့အခါ ကေလးငယ္ရဲ႕ ဦးေႏွာက္ ဘာျဖစ္သြားနိုင္လဲ?(Video ဖိုင္)

ကေလးကို လႈပ္ယမ္းတဲ့အခါ ကေလးငယ္ရဲ႕ ဦးေႏွာက္ ဘာျဖစ္သြားနိုင္လဲ?(Video ဖိုင္)

ကေလးတစ္ေယာက္ရဲ႕ မိဘတစ္ေယာက္ျဖစ္ရတာဟာ ေတာ္ေတာ္ အပင္ပန္းခံရတဲ့ အလုပ္ျဖစ္ျပီး ကေလးငယ္ေတြရဲ႕ ငုိသံေတြၾကားက မိမိကေလးငယ္ ဘာျဖစ္ေနတာလဲဆုိတာ သိေအာင္ၾကဳိးစားရတဲ့ လုပ္ငန္းတစ္ခုျဖစ္တဲ့အတြက္ ေတာ္ေတာ္ပညာသားပါတဲ့ လုပ္ငန္းတစ္ရပ္လည္း ျဖစ္ပါတယ္ …။

ဒါေပမဲ့ ကေလးငယ္ကုိ ထိန္းေက်ာင္းရင္း ကေလးငယ္က အငုိမတိတ္တဲ့အခါကေလးကုိ ကုိင္ေဆာင့္မိခ်င္စိတ္ပဲျဖစ္ျဖစ္ ခါယမ္းလုိက္ပစ္ခ်င္စိတ္ပဲျဖစ္ျဖစ္ တစ္ခါတစ္ရံမွာ စကၠန္႕ အနည္းငယ္ေပၚေပါက္လာတတ္ပါတယ္။ဒါေပမဲ့ ဒီလုိ ေဒါသ စကၠန္႕ အနည္းငယ္ထြက္မိလုိ႕ စိတ္လုိက္မာန္ပါလုပ္မိရင္ ကေလးငယ္မွာ ခံစားရမယ္႔ ဆုိးက်ဳိးေတြကုိ အဂၤလန္အမ်ဳိးသား က်န္းမာေရးအဖြဲ႕နဲ႕ NHS (National Health Service) နဲ႕ အေမရိကန္ႏုိင္ငံ မင္နီဆုိတာျပည္နယ္ ရုိခ်က္စတာ ျမိဳ႕ရွိ (Rochester) Mayo Clinic တုိ႕ကေဖာ္ျပခဲ့ျပီး ကေလးငယ္ေလးေယာက္မွာ တစ္ေယာက္ဟာ ဦးေခါင္းကုိ လႈပ္ယမ္းခံရျခင္းမွ ရရွိတဲ့ ဒဏ္ရာနဲ႕ ေသဆုံးၾကတယ္ လုိ႕ ဆုိခဲ့ပါတယ္ …။

ဒီသရုပ္ျပမႈကုိ ဂ်ာမနီႏုိင္ငံ စတုဂတ္ျမိဳ႕မွာ ျပဳလုပ္ခဲ့ျပီး ကေလးငယ္နဲ႕ ဆင္တူ အရုပ္မတစ္ခုကုိ အရြယ္ေရာက္ျပီးသားလူတစ္ေယာက္က လႈပ္ယမ္းျခင္းျဖင့္ ကေလးငယ္ရဲ႕ ဦးေနွာက္မွာ ဘယ္လုိထိခုိက္ႏုိင္လဲဆုိတာကုိ သရုပ္ျပခဲ့တာ ျဖစ္ပါတယ္ …။

အရုပ္ကေလးကိုလႈပ္ယမ္းလုိက္တဲ့အခါမွာ ထိခုိက္ပ်က္ဆီးသြားတဲ့ ဦးေနွာက္ရဲ႕ အစိတ္အပုိင္းမ်ားမွာ မီးနီမ်ားလင္းလာတာကုိ ေတြ႕ခဲ့ရပါတယ္ …။

ေတာ္၀င္တကၠသုိလ္ရွိ ကေလးႏွင့္ပတ္သက္ေသာေဆးပညာဌာန မွ ေဒါက္တာ ေဂ်ာ့ဒီဘဲလီ (Dr Geoff Debelle) ကေတာ့ ” ကေလးငယ္ရဲ႕ ဦးေနွာက္ကုိ ထိခုိက္ဒဏ္ရာရျခင္းဟာ ရႈပ္ေထြးျပီး ေလ့လာဖုိ႕ခက္ခဲပါတယ္။ဒါေၾကာင့္ ကေလးငယ္ေတြကို ကၽြန္ေတာ္တုိ႕ ဘယ္လုိ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႕မွ မလႈပ္ယမ္းသင့္ပါဘူး …။

ဘာေၾကာင့္လဲဆုိေတာ့ ကေလးငယ္ေလးကုိ လႈပ္ယမ္းလုိက္တဲ့အခါက်ရင္ သူတုိ႕ရဲ႕ ဦးေနွာက္ဟာ ဦးေခါင္းခြံထဲမွာ လႈပ္ယမ္းသြားျပီး ဦးေႏွာက္တစ္ရႈးေတြကို အနာတရ ရရွိေစနိုင္ပါတယ္။ဒီလုိ ဒဏ္ရာအနာတရ ရျခင္းဟာ ျပင္းထန္ျပီး တာရွည္ ေ၀ဒနာေတြကိုခံစားရေစႏုိင္ျပီး ေသဆုံးျခင္းအထိ ျဖစ္ပြားေစႏုိင္ပါတယ္…” လုိ႕ ေျပာၾကားခဲ့ပါတယ္ …။

ကေလးငယ္မ်ားရဲ႕ လည္ပင္းၾကြက္သားမ်ားနဲ႕ အရုိးမ်ားဟာ အားနည္းေသးတဲ့အတြက္ လႈပ္ယမ္းတဲ့အခါက်ရင္ သူတုိ႕ရဲ႕ေခါင္းကုိ မထိန္းႏုိ္င္ေတာ့ပါဘူး။ဒါေၾကာင့္ ကေလးတစ္ေယာက္ကုိ လႈပ္ယမ္းလုိက္ရင္ ဦးေႏွာက္ဟာ ေရွ႕ေနွာက္ေျပးလႊားေနတဲ့အတြက္ ဦးေႏွာက္ဆဲလ္မ်ားကုိ ပ်က္ဆီးေစႏုိင္ပါတယ္ …။

လႈပ္ယမ္းျခင္းခံရတဲ့ ကေလးငယ္မ်ားဟာ မအီမသာျဖစ္ျခင္း၊ထိုင္းမႈိင္းျခင္း၊အစားနည္းျခင္း၊၀က္ရူးျပန္ျခင္း၊အသားအေရာင္ေဖ်ာ့ေလ်ာ့ျခင္း နဲ႕ အသက္ရႈက်ပ္ျခင္းေ၀ဒနာမ်ားျဖစ္ႏိုင္တယ္ လုိ႕သိရပါတယ္။တကယ္ေလ ကေလးငယ္ေလးကုိ ျပင္းထန္စြာ လႈပ္ယမ္းခဲ့မယ္ဆုိရင္ အေၾကာေသျခင္းနဲ႕ ေမ့ေျမာျခင္းတုိ႕အထိ ျဖစ္ေစႏုိင္ပါတယ္ …။

ေလ့လာခ်က္မ်ားအရေတာ့ ကေလးမိဘမ်ားနဲ႕ ကေလးထိန္းမ်ားဟာ ကေလးငယ္ေတြ အရမ္းငုိေနရင္ ကေလးကုိ ကုိင္ကာ လႈပ္ယမ္းတတ္ေလ့ရွိၾကျပီး ယခု သရုပ္ျပခ်က္ဟာ ကေလးမိဘမ်ားကုိ ကေလးငယ္မ်ားလႈပ္ယမ္းခံရျခင္း အႏၱရာယ္အေၾကာင္း သတိေပးႏိုင္လိမ့္မယ္ လုိ႕ သုေတသန ျပဳသူမ်ားက ဆုိပါတယ္ …။ ။

Ref : The Sun

Unicode

ကလေးကို လှုပ်ယမ်းတဲ့အခါ ကလေးငယ်ရဲ့ ဦးနှောက် ဘာဖြစ်သွားနိုင်လဲ?(Video ဖိုင်)

ကလေးတစ်ယောက်ရဲ့ မိဘတစ်ယောက်ဖြစ်ရတာဟာ တော်တော် အပင်ပန်းခံရတဲ့ အလုပ်ဖြစ်ပြီး ကလေးငယ်တွေရဲ့ ငိုသံတွေကြားက မိမိကလေးငယ် ဘာဖြစ်နေတာလဲဆိုတာ သိအောင်ကြိုးစားရတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် တော်တော်ပညာသားပါတဲ့ လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါတယ် …။

ဒါပေမဲ့ ကလေးငယ်ကို ထိန်းကျောင်းရင်း ကလေးငယ်က အငိုမတိတ်တဲ့အခါကလေးကို ကိုင်ဆောင့်မိချင်စိတ်ပဲဖြစ်ဖြစ် ခါယမ်းလိုက်ပစ်ချင်စိတ်ပဲဖြစ်ဖြစ် တစ်ခါတစ်ရံမှာ စက္ကန့် အနည်းငယ်ပေါ်ပေါက်လာတတ်ပါတယ်။ဒါပေမဲ့ ဒီလို ဒေါသ စက္ကန့် အနည်းငယ်ထွက်မိလို့ စိတ်လိုက်မာန်ပါလုပ်မိရင် ကလေးငယ်မှာ ခံစားရမယ့် ဆိုးကျိုးတွေကို အင်္ဂလန်အမျိုးသား ကျန်းမာရေးအဖွဲ့နဲ့ NHS (National Health Service) နဲ့ အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ် ရိုချက်စတာ မြို့ရှိ (Rochester) Mayo Clinic တို့ကဖော်ပြခဲ့ပြီး ကလေးငယ်လေးယောက်မှာ တစ်ယောက်ဟာ ဦးခေါင်းကို လှုပ်ယမ်းခံရခြင်းမှ ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးကြတယ် လို့ ဆိုခဲ့ပါတယ် …။

ဒီသရုပ်ပြမှုကို ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ ပြုလုပ်ခဲ့ပြီး ကလေးငယ်နဲ့ ဆင်တူ အရုပ်မတစ်ခုကို အရွယ်ရောက်ပြီးသားလူတစ်ယောက်က လှုပ်ယမ်းခြင်းဖြင့် ကလေးငယ်ရဲ့ ဦးနှောက်မှာ ဘယ်လိုထိခိုက်နိုင်လဲဆိုတာကို သရုပ်ပြခဲ့တာ ဖြစ်ပါတယ် …။

အရုပ်ကလေးကိုလှုပ်ယမ်းလိုက်တဲ့အခါမှာ ထိခိုက်ပျက်ဆီးသွားတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများမှာ မီးနီများလင်းလာတာကို တွေ့ခဲ့ရပါတယ် …။

တော်ဝင်တက္ကသိုလ်ရှိ ကလေးနှင့်ပတ်သက်သောဆေးပညာဌာန မှ ဒေါက်တာ ဂျော့ဒီဘဲလီ (Dr Geoff Debelle) ကတော့ ” ကလေးငယ်ရဲ့ ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်းဟာ ရှုပ်ထွေးပြီး လေ့လာဖို့ခက်ခဲပါတယ်။ဒါကြောင့် ကလေးငယ်တွေကို ကျွန်တော်တို့ ဘယ်လို အကြောင်းအမျိုးမျိုးနဲ့မှ မလှုပ်ယမ်းသင့်ပါဘူး …။

ဘာကြောင့်လဲဆိုတော့ ကလေးငယ်လေးကို လှုပ်ယမ်းလိုက်တဲ့အခါကျရင် သူတို့ရဲ့ ဦးနှောက်ဟာ ဦးခေါင်းခွံထဲမှာ လှုပ်ယမ်းသွားပြီး ဦးနှောက်တစ်ရှုးတွေကို အနာတရ ရရှိစေနိုင်ပါတယ်။ဒီလို ဒဏ်ရာအနာတရ ရခြင်းဟာ ပြင်းထန်ပြီး တာရှည် ဝေဒနာတွေကိုခံစားရစေနိုင်ပြီး သေဆုံးခြင်းအထိ ဖြစ်ပွားစေနိုင်ပါတယ်…” လို့ ပြောကြားခဲ့ပါတယ် …။

ကလေးငယ်များရဲ့ လည်ပင်းကြွက်သားများနဲ့ အရိုးများဟာ အားနည်းသေးတဲ့အတွက် လှုပ်ယမ်းတဲ့အခါကျရင် သူတို့ရဲ့ခေါင်းကို မထိန်းန်ိုင်တော့ပါဘူး။ဒါကြောင့် ကလေးတစ်ယောက်ကို လှုပ်ယမ်းလိုက်ရင် ဦးနှောက်ဟာ ရှေ့နှောက်ပြေးလွှားနေတဲ့အတွက် ဦးနှောက်ဆဲလ်များကို ပျက်ဆီးစေနိုင်ပါတယ် …။

လှုပ်ယမ်းခြင်းခံရတဲ့ ကလေးငယ်များဟာ မအီမသာဖြစ်ခြင်း၊ထိုင်းမှိုင်းခြင်း၊အစားနည်းခြင်း၊ဝက်ရူးပြန်ခြင်း၊အသားအရောင်ဖျော့လျော့ခြင်း နဲ့ အသက်ရှုကျပ်ခြင်းဝေဒနာများဖြစ်နိုင်တယ် လို့သိရပါတယ်။တကယ်လေ ကလေးငယ်လေးကို ပြင်းထန်စွာ လှုပ်ယမ်းခဲ့မယ်ဆိုရင် အကြောသေခြင်းနဲ့ မေ့မြောခြင်းတို့အထိ ဖြစ်စေနိုင်ပါတယ် …။

လေ့လာချက်များအရတော့ ကလေးမိဘများနဲ့ ကလေးထိန်းများဟာ ကလေးငယ်တွေ အရမ်းငိုနေရင် ကလေးကို ကိုင်ကာ လှုပ်ယမ်းတတ်လေ့ရှိကြပြီး ယခု သရုပ်ပြချက်ဟာ ကလေးမိဘများကို ကလေးငယ်များလှုပ်ယမ်းခံရခြင်း အန္တရာယ်အကြောင်း သတိပေးနိုင်လိမ့်မယ် လို့ သုတေသန ပြုသူများက ဆိုပါတယ် …။ ။

Ref : The Sun