Credit
Unicode
ဖြူဖြူထွေးရဲ့ ရင်ထဲမှာ ဘယ်လောက်ပီတိဖြစ်နေလဲဆိုတာ ဒီ Video လေးက သက်သေပါ…
လူငယ်တစ်ယောက်ဖြစ်ပေမယ့် အပျော်အပါးလုံးဝမမက်ပဲ နေ့ရက်တိုင်းကို အလှူဒါနတွေ ပြုလုပ်ရင်းသာ ဖြတ်သန်းနေတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်လေးကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ် …။
ချစ်စရာကောင်းပြီး ရိုးသားဖြူစင်လွန်းတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ သူမရဲ့ တက်ကြွတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာသူ တစ်ယောက် ဖြစ်ပါတယ် …။
ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးရတဲ့အပြင် နောက်ပိုင်း မှာ လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ နိုင်ငံကျော် သရုပ်ဆောင်တွေနဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှု ရရှိလာတာပဲ ဖြစ်ပါတယ် …။
ပရိသတ်တွေကလည်း သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ် …။
သူမကတော့ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်လာတာနဲ့အမျှ အခက်အခဲဖြစ်နေသူတွေကို တတ်နိုင်သလောက်လေး ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တွေကိုလည်း လှူဒါန်းထောက်ပံ့မှုတွေပြုပေးသလို အနီးအနားပတ်ဝန်းကျင်မှာလည်း အလှူလေးတွေ ပြုလုပ်ရင်း အကြင်နာတရားတွေထားမှ စိတ်ထားမြတ်မယ် ဖြူဖြူထွေးမျက်နှာလေး ပီတိဖြာ ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးထားခဲ့ပါတယ် …။
အသက်ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် အပျော်အပါး လုံးဝမမက်ပဲ အလှူအတန်းတွေ ပြုလုပ်ရင်းသာ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်း တဲ့ ဖြူဖြူထွေးက ဒီထက်မက အောင်မြင်ကျော်ကြားဦးမှာ အသေအချာပါပဲနော် …။ ။
Credit