မိန္းကေလးေတြအေၾကာင္း အမ်ိဳးသားအမ်ားစု နားလည္မႈလြဲေနတဲ့ အခ်က္(၄)ခ်က္…

မိန္းကေလးေတြအေၾကာင္း အမ်ိဳးသားအမ်ားစု နားလည္မႈလြဲေနတဲ့ အခ်က္(၄)ခ်က္…

ဣတိယေတြဟာ နားလည္ရအခက္ဆုံးပဲလို႔ရာစုႏွစ္အဆက္ဆက္ကတည္းက လူေတြ လက္ခံထားခဲ့ၾကပါတယ္။ လူ႕စိတ္ဟာအဆန္းၾကယ္ဆုံး ျဖစ္ၿပီး အမ်ိဳးသမီးေတြကို နားလည္ဖို႔က ပိုပီးခက္ပါတယ္။ အခုေျပာမယ့္ အခ်က္ေတြဆိုရင္ ပုရိသအေတာ္မ်ားမ်ား နားလည္မႈ လြဲေနတဲ့ အခ်က္ေတြပါပဲေနာ္ …။

(၁) မိန္းမေတြဟာ ခ်မ္းသာသူပဲ သေဘာက်တယ္

ပိုက္ဆံခ်မ္းသာျခင္းဟာ တကယ္ကို ခ်မ္းေျမ့စရာအေနအထားတစ္ခုျဖစ္သလို ဘဝလုံျခဳံေရးအတြက္ပါ အေရးပါတဲ့ အခ်က္ ျဖစ္ပါတယ္။ မိန္းကေလးေတြလည္း ဒီအခ်က္ကို အေလးအနက္ မထားဘူးမဟုတ္ ထားပါတယ္။ ဒါေပမယ့္ ေငြ႐ွိရင္ ႀကိဳက္တာပဲ ဆိုတာက အၿမဲ မမွန္ပါဘူး …။

အမ်ိဳးသမိးေတြဟာ ေယာက်ၤားဆန္မႈ ၊ သေဘာထားႀကီးၿပီး နားလည္ေပးႏိုင္စြမ္း ျမင့္တဲ့ ေယာက်ၤားေတြကို သေဘာက်ပါတယ္။ ဒါေၾကာင့္ပဲ ေခတ္အဆက္ဆက္မွာ ဓနဥစၥာနဲ႔ဂုဏ္သိကၡာကို ေက်ာခိုင္းၿပီး သူတို႔ျမတ္ႏိုးတဲ့ ေယာက်ၤားေတြေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားတဲ့ အမ်ိဳးသမီးေတြ ႐ွိေနခဲ့တာပါ …။

(၂) ဗလေတာင့္တဲ့ သူကိုႀကိဳက္တယ္

ဒီအခ်က္ကလည္း Myth လို႔ပဲ ေျပာရမွာပါ။ ေဘာ္ဒီေတာင့္ေတာင့္ ကိုယ္လုံးေျဖာင့္ေျဖာင့္ဆို ႀကိဳက္တဲ့သူေတြ အမ်ားႀကီး ႐ွိပါတယ္။ ဒါနဲ႔ပဲ မိန္းမတိုင္းဟာ Six Pack ႐ွိတဲ့ ဘဲပဲ ၾကည္တယ္ဆိုရင္ မွားပါလိမ့္မယ္ေနာ္ …။

ေယာက်ၤားေတြလည္းကိုယ္လုံးကိုယ္ေပါက္လွတဲ့ အမ်ိဳးသမီးကို စိတ္ကူးယဥ္ခဲ့ဖူးတာပါပဲ။ ဒါေပမယ့္ တကယ့္အခ်စ္စစ္ဟာ ခႏၶာကိုယ္ ဖြဲ႕စည္းပုံေပၚမွာ မူတည္မေနပါဘူး။ ခ်စ္ျခင္းေမတၱာဟာ နက္နဲနက္႐ွိဴင္းၿပီး အဓိပၺါယ္အမ်ိဳးမ်ိဳး ႐ွိႏိုင္ပါတယ္ …။

(၃) ခပ္ဆိုးဆိုးေကာင္ေလးေတြ သေဘာက်တယ္

အတန္းထဲမွာ ခပ္ေဟာ့ေဟာ့ ဘဲေတြကို ေက်ာင္းသူေတြ ၾကည္တယ္လို႔ေျပာၾကပါတယ္။ အဲလိုလည္း ႐ွိပါတယ္။ ဂ်စ္ကန္ကန္ ခပ္ဆိုးဆိုး ေကာင္ေလးေတြဟာ မိန္းကေလးတစ္ခ်ိဳ႕မ်က္လုံးထဲမွာ ဆြဲေဆာင္မႈ ႐ွိခ်င္႐ွိမွာပါ။ ဒါေပမယ့္ မိန္းကေလး အေတာ္မ်ားမ်ားအတြက္ တကယ္တမ္း Crush တဲ့ ေယာက်ၤားေလးဆိုတာ တည္ၾကည္ခံ့ညားၿပီး ႐ိုးသား စိတ္ခ်ရတဲ့ သူမ်ိဳးပဲ ျဖစ္တတ္ပါတယ္ …။

(၄) ေခ်ာမွ ႀကိဳက္တယ္

တစ္ခါတစ္ေလ ဘယ္လိုမွ မလိုက္ဖက္တဲ့ အတြဲမ်ိဳး ေတြ႕ဖူးမွာပါ။ ေကာင္မေလးက ေခ်ာၿပီး ေယာက်ၤားေလးက ႐ုပ္ခပ္ဆိုးဆိုး ၊ တစ္ခါတစ္ေလေတာ့လည္း မိန္းကေလးက ႐ြက္ၾကမ္းေရက်ိဳမွာ ေကာင္ကေလးက သန္႔လို႔ျပန္႔လို႔။ ဒါမ်ိဳးက ျဖစ္တတ္ပါတယ္ …။

႐ုပ္ေခ်ာမွ ခ်စ္တယ္ဆိုတာေတာ့လည္း အၿမဲ မဟုတ္မမွန္ပါဘူး။ အေနၾကာခဲ့တဲ့ေနာက္ သံေယာဇဥ္ေတြ ၊ အတူတူ ယုံၾကည္ကိုးစားၿပီး ျဖတ္သန္းခဲ့တဲ့ အေတြ႕အၾကဳံေတြက ခ်စ္ျခင္းေမတၱာရဲ႕ သစ္ျမစ္ေလးေတြပါ။ ဒါေတြေၾကာင့္ ၿမဲရတာ ျဖစ္ၿပီး ႐ုပ္ရည္ေၾကာင့္ ခ်စ္ရတယ္လို႔ေတာ့ ယတိျပတ္ေျပာလို႔ မရပါဘူးေနာ္ …။ ။

KWEE

Unicode

မိန်းကလေးတွေအကြောင်း အမျိုးသားအများစု နားလည်မှုလွဲနေတဲ့ အချက်(၄)ချက်…

ဣတိယတွေဟာ နားလည်ရအခက်ဆုံးပဲလို့ရာစုနှစ်အဆက်ဆက်ကတည်းက လူတွေ လက်ခံထားခဲ့ကြပါတယ်။ လူ့စိတ်ဟာအဆန်းကြယ်ဆုံး ဖြစ်ပြီး အမျိုးသမီးတွေကို နားလည်ဖို့က ပိုပီးခက်ပါတယ်။ အခုပြောမယ့် အချက်တွေဆိုရင် ပုရိသအတော်များများ နားလည်မှု လွဲနေတဲ့ အချက်တွေပါပဲနော် …။

(၁) မိန်းမတွေဟာ ချမ်းသာသူပဲ သဘောကျတယ်

ပိုက်ဆံချမ်းသာခြင်းဟာ တကယ်ကို ချမ်းမြေ့စရာအနေအထားတစ်ခုဖြစ်သလို ဘဝလုံခြုံရေးအတွက်ပါ အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ မိန်းကလေးတွေလည်း ဒီအချက်ကို အလေးအနက် မထားဘူးမဟုတ် ထားပါတယ်။ ဒါပေမယ့် ငွေရှိရင် ကြိုက်တာပဲ ဆိုတာက အမြဲ မမှန်ပါဘူး …။

အမျိုးသမိးတွေဟာ ယောင်္ကျားဆန်မှု ၊ သဘောထားကြီးပြီး နားလည်ပေးနိုင်စွမ်း မြင့်တဲ့ ယောင်္ကျားတွေကို သဘောကျပါတယ်။ ဒါကြောင့်ပဲ ခေတ်အဆက်ဆက်မှာ ဓနဥစ္စာနဲ့ဂုဏ်သိက္ခာကို ကျောခိုင်းပြီး သူတို့မြတ်နိုးတဲ့ ယောင်္ကျားတွေနောက် ကောက်ကောက်ပါအောင် လိုက်သွားတဲ့ အမျိုးသမီးတွေ ရှိနေခဲ့တာပါ …။

(၂) ဗလတောင့်တဲ့ သူကိုကြိုက်တယ်

ဒီအချက်ကလည်း Myth လို့ပဲ ပြောရမှာပါ။ ဘော်ဒီတောင့်တောင့် ကိုယ်လုံးဖြောင့်ဖြောင့်ဆို ကြိုက်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါနဲ့ပဲ မိန်းမတိုင်းဟာ Six Pack ရှိတဲ့ ဘဲပဲ ကြည်တယ်ဆိုရင် မှားပါလိမ့်မယ်နော် …။

ယောင်္ကျားတွေလည်းကိုယ်လုံးကိုယ်ပေါက်လှတဲ့ အမျိုးသမီးကို စိတ်ကူးယဉ်ခဲ့ဖူးတာပါပဲ။ ဒါပေမယ့် တကယ့်အချစ်စစ်ဟာ ခန္ဓာကိုယ် ဖွဲ့စည်းပုံပေါ်မှာ မူတည်မနေပါဘူး။ ချစ်ခြင်းမေတ္တာဟာ နက်နဲနက်ရှိူင်းပြီး အဓိပ္ဗါယ်အမျိုးမျိုး ရှိနိုင်ပါတယ် …။

(၃) ခပ်ဆိုးဆိုးကောင်လေးတွေ သဘောကျတယ်

အတန်းထဲမှာ ခပ်ဟော့ဟော့ ဘဲတွေကို ကျောင်းသူတွေ ကြည်တယ်လို့ပြောကြပါတယ်။ အဲလိုလည်း ရှိပါတယ်။ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ကောင်လေးတွေဟာ မိန်းကလေးတစ်ချို့မျက်လုံးထဲမှာ ဆွဲဆောင်မှု ရှိချင်ရှိမှာပါ။ ဒါပေမယ့် မိန်းကလေး အတော်များများအတွက် တကယ်တမ်း Crush တဲ့ ယောင်္ကျားလေးဆိုတာ တည်ကြည်ခံ့ညားပြီး ရိုးသား စိတ်ချရတဲ့ သူမျိုးပဲ ဖြစ်တတ်ပါတယ် …။

(၄) ချောမှ ကြိုက်တယ်

တစ်ခါတစ်လေ ဘယ်လိုမှ မလိုက်ဖက်တဲ့ အတွဲမျိုး တွေ့ဖူးမှာပါ။ ကောင်မလေးက ချောပြီး ယောင်္ကျားလေးက ရုပ်ခပ်ဆိုးဆိုး ၊ တစ်ခါတစ်လေတော့လည်း မိန်းကလေးက ရွက်ကြမ်းရေကျိုမှာ ကောင်ကလေးက သန့်လို့ပြန့်လို့။ ဒါမျိုးက ဖြစ်တတ်ပါတယ် …။

ရုပ်ချောမှ ချစ်တယ်ဆိုတာတော့လည်း အမြဲ မဟုတ်မမှန်ပါဘူး။ အနေကြာခဲ့တဲ့နောက် သံယောဇဉ်တွေ ၊ အတူတူ ယုံကြည်ကိုးစားပြီး ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေက ချစ်ခြင်းမေတ္တာရဲ့ သစ်မြစ်လေးတွေပါ။ ဒါတွေကြောင့် မြဲရတာ ဖြစ်ပြီး ရုပ်ရည်ကြောင့် ချစ်ရတယ်လို့တော့ ယတိပြတ်ပြောလို့ မရပါဘူးနော် …။ ။

KWEE