မိန္းကေလးတုိင္း သိထားသင္႔တဲ႔ စိုးရိမ္စရာ ရာသီေသြးလကၡဏာ…

မိန္းကေလးတုိင္း သိထားသင္႔တဲ႔ စိုးရိမ္စရာ ရာသီေသြးလကၡဏာ…

မိန္းကေလးရယ္လုိ႕ျဖစ္လာရင္ေတာ႔အသက္ျကီးလုိ႕ေသြးမဆံုးခင္အထိ လစဥ္ ေသြးဆင္းျခင္းကို ျကံဳရမွာ ဓမၼတာပါပဲ(ကိုယ္၀န္ေဆာင္ခ်ိန္က လြဲရင္ေပါ႔) …။

ဒီလိုပံုမွန္ရာသီေသြးဆင္းတာကမဆန္းပင္မဲ႔တစ္ခ်ိဳ႕ေတြကေတာ႔ ပံုမွန္မဟုတ္တဲ႔ စိုးရိမ္စရာ ဓမၼတာလာျခင္းေတြကို ၾကံဳေတြ႕ရတတ္ပါတယ္ …။

ဘယ္လုိအေျခေနေတြက ပံုမွန္မဟုတ္တဲ႔စိုးရိမ္စရာ ရာသီလာျခင္းေတြလည္းဆုိတာ ပ်ိဳေမတုိ႕ သိေစဖို႕ ေ၀မ်ွေပးလိုက္ရပါတယ္ေနာ္ …။

(၁) ပံုမွန္မလာတဲ႔ ရာသီေသြး”

တစ္လတစ္ခါပံုမွန္လာရမယ္ဆိုတာ ဓမၼတာပါပဲ။ ဒီလုိမွမဟုတ္ပဲ သင္႔ရဲ႕ ဓမၼတာဟာ နွစ္လမွတစ္ခါေလာက္လာတာမ်ိဳး သံုးလတစ္ျကိမ္ေလာက္မွတစ္ခါဆင္းတာမ်ိဳး၊ ပံုမွန္လတုိင္းလာေနပင္မဲ႔လည္းတစ္ရက္တည္းနဲ႕တင္ ျပီးသြားတာမ်ိဳးဆုိရင္ေတာ႔ သင္႔ရဲ႕သားအိမ္ကို စစ္ေဆးျကည္႔ဖို႕ေတာ႔လိုပါျပီ။ ခ်က္ခ်င္းျကီးစိုးရိမ္ဖြယ္ရွိတဲ႔အေျခေနမ်ိဳးမဟုတ္ပင္မဲ႔ သိပ္ေကာင္းတဲ ႔လကၡဏာေတာ ႔မဟုတ္ပါဘူး …။

(၂) အေရာင္ညိဳမဲညစ္ေနေသာ ရာသီေသြး”

ရာသီေသြးဟာ ပံုမွန္ေသြးအေရာင္မ်ိဳးမဟုတ္ပဲ ညိဳညစ္တဲ႔ဘက္ကိုသြားေနျပီဆုိရင္ေတာ႔ သတိထားသင္႔ပါတယ္။ သင္႔ရဲ႕ရာသီေသြးမွာ ပန္းဆီေရာင္(သို႕) အနီေရာင္ဘက္ကိုသြားေနမွသာ ပံုမွန္ျဖစ္ျပီး …၊

အညိဳကေတာ႔ ေသြးပုပ္ေသြးညစ္လို႕ယူဆလုိ႕ရျပီးသင္႔ရဲ႕သားအိမ္ထဲမွာ ေရာဂါတစ္ခုခုျဖစ္ေနတာမ်ိဳးလည္းျဖစ္နုိင္ပါတယ္။ တစ္ခါတစ္ေလေတာ႔ ဂရုစိုက္စရာမလိုပင္မဲ႔ အျမဲတမ္း ညိဳညစ္ညစ္ေတြပဲ ဆင္းေနရင္ေတာ႔ သတိထားတာ အေကာင္းဆံုးပါပဲေနာ္ …။

(၃) ရာသီလာခ်ိန္မွာေခါင္းမူးျပီး ေသြးအားနည္းတဲ႔အေျခအေန”

ရာသီလာခ်ိန္မွာေခါင္းမူးျပီး ေသြးေပါင္က်တာမ်ိဳး၊ ေသြးအရမ္းဆင္းျပီး ေသြးအားနည္းတာမ်ိဳး ၊ အျမဲျဖစ္ေနရင္ေတာ႔နီးစပ္ရာဆရာ၀န္နဲ႕ညိွနိႈင္းေဆြးေႏြးျပီး ပံုမွန္ေသြးအားတိုးေဆးတစ္ခုခုကိုစြဲေသာက္ေပးဖုိ႕လိုေနပါျပီ ဒီလိုမွမဟုတ္ရင္ေတာ႔ ၾကာရင္ ေသြးအားနည္းျခင္းနဲ႕ပတ္သတ္တဲ႔ ေရာဂါဆိုးေတြ ၀င္လာနုိင္ဖြယ္ရွိပါတယ္ …။

(၄) အတံုးအခဲလုိက္လိုက္ မတရားဆင္းေသာအေျခအေန”

တစ္ခ်ိဳ႕ေတြကေသြးအားေကာင္းလြန္းလို႕တစ္ခါတစ္ေလ အတံုးအခဲဆင္းတာကို လက္ခံႏိုင္ေပမယ္႔ ရာသီလာတုိင္း ဒလေဟာျကီး အတံုးလုိက္အခဲလုိက္ ဆင္းတတ္တဲ႔သူျဖစ္ေနရင္ေတာ႔ ေသခ်ာစစ္ေဆးဖို႕လုိပါျပီေနာ္ …။ ။

ခရက္ဒစ္

Unicode

မိန်းကလေးတိုင်း သိထားသင့်တဲ့ စိုးရိမ်စရာ ရာသီသွေးလက္ခဏာ…

မိန်းကလေးရယ်လို့ဖြစ်လာရင်တော့အသက်ကြီးလို့သွေးမဆုံးခင်အထိ လစဉ် သွေးဆင်းခြင်းကို ကြုံရမှာ ဓမ္မတာပါပဲ(ကိုယ်ဝန်ဆောင်ချိန်က လွဲရင်ပေါ့) …။

ဒီလိုပုံမှန်ရာသီသွေးဆင်းတာကမဆန်းပင်မဲ့တစ်ချို့တွေကတော့ ပုံမှန်မဟုတ်တဲ့ စိုးရိမ်စရာ ဓမ္မတာလာခြင်းတွေကို ကြုံတွေ့ရတတ်ပါတယ် …။

ဘယ်လိုအခြေနေတွေက ပုံမှန်မဟုတ်တဲ့စိုးရိမ်စရာ ရာသီလာခြင်းတွေလည်းဆိုတာ ပျိုမေတို့ သိစေဖို့ ဝေမျှပေးလိုက်ရပါတယ်နော် …။

(၁) ပုံမှန်မလာတဲ့ ရာသီသွေး”

တစ်လတစ်ခါပုံမှန်လာရမယ်ဆိုတာ ဓမ္မတာပါပဲ။ ဒီလိုမှမဟုတ်ပဲ သင့်ရဲ့ ဓမ္မတာဟာ နှစ်လမှတစ်ခါလောက်လာတာမျိုး သုံးလတစ်ကြိမ်လောက်မှတစ်ခါဆင်းတာမျိုး၊ ပုံမှန်လတိုင်းလာနေပင်မဲ့လည်းတစ်ရက်တည်းနဲ့တင် ပြီးသွားတာမျိုးဆိုရင်တော့ သင့်ရဲ့သားအိမ်ကို စစ်ဆေးကြည့်ဖို့တော့လိုပါပြီ။ ချက်ချင်းကြီးစိုးရိမ်ဖွယ်ရှိတဲ့အခြေနေမျိုးမဟုတ်ပင်မဲ့ သိပ်ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး …။

(၂) အရောင်ညိုမဲညစ်နေသော ရာသီသွေး”

ရာသီသွေးဟာ ပုံမှန်သွေးအရောင်မျိုးမဟုတ်ပဲ ညိုညစ်တဲ့ဘက်ကိုသွားနေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။ သင့်ရဲ့ရာသီသွေးမှာ ပန်းဆီရောင်(သို့) အနီရောင်ဘက်ကိုသွားနေမှသာ ပုံမှန်ဖြစ်ပြီး …၊

အညိုကတော့ သွေးပုပ်သွေးညစ်လို့ယူဆလို့ရပြီးသင့်ရဲ့သားအိမ်ထဲမှာ ရောဂါတစ်ခုခုဖြစ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေတော့ ဂရုစိုက်စရာမလိုပင်မဲ့ အမြဲတမ်း ညိုညစ်ညစ်တွေပဲ ဆင်းနေရင်တော့ သတိထားတာ အကောင်းဆုံးပါပဲနော် …။

(၃) ရာသီလာချိန်မှာခေါင်းမူးပြီး သွေးအားနည်းတဲ့အခြေအနေ”

ရာသီလာချိန်မှာခေါင်းမူးပြီး သွေးပေါင်ကျတာမျိုး၊ သွေးအရမ်းဆင်းပြီး သွေးအားနည်းတာမျိုး ၊ အမြဲဖြစ်နေရင်တော့နီးစပ်ရာဆရာဝန်နဲ့ညှိနှိုင်းဆွေးနွေးပြီး ပုံမှန်သွေးအားတိုးဆေးတစ်ခုခုကိုစွဲသောက်ပေးဖို့လိုနေပါပြီ ဒီလိုမှမဟုတ်ရင်တော့ ကြာရင် သွေးအားနည်းခြင်းနဲ့ပတ်သတ်တဲ့ ရောဂါဆိုးတွေ ဝင်လာနိုင်ဖွယ်ရှိပါတယ် …။

(၄) အတုံးအခဲလိုက်လိုက် မတရားဆင်းသောအခြေအနေ”

တစ်ချို့တွေကသွေးအားကောင်းလွန်းလို့တစ်ခါတစ်လေ အတုံးအခဲဆင်းတာကို လက်ခံနိုင်ပေမယ့် ရာသီလာတိုင်း ဒလဟောကြီး အတုံးလိုက်အခဲလိုက် ဆင်းတတ်တဲ့သူဖြစ်နေရင်တော့ သေချာစစ်ဆေးဖို့လိုပါပြီနော် …။ ။

ခရက်ဒစ်