ေန႔လည္ေန႔ခင္း တေရးတေမာအိပ္သူေတြ ရရွိနိုင္မည့္ အက်ိဳးေက်းဇူးမ်ား…

ေန႔လည္ေန႔ခင္း တေရးတေမာအိပ္သူေတြ ရရွိနိုင္မည့္ အက်ိဳးေက်းဇူးမ်ား…

စာဖတ္သူက ကုိယ့္ရဲ႕တစ္ေန႔တာလံုးမွာ အလုပ္ေတြ ပိုၿပီးခ်င္တယ္။ အလုပ္ပိုတြင္ခ်င္တယ္ဆိုရင္ေတာ့ တေရးခဏအိပ္တတ္တဲ့ အေလ့အက်င့္ေလးကို ေမြးျမဴသင့္ပါတယ္။ Metro သတင္းအရ သုေတသနသစ္တစ္ခုမွာ စြမ္းရည္ေဆာင္ျမင့္မားတဲ့ လူတစ္ေယာက္ရဲ႕ လွ်ိဳ႕၀ွက္ခ်က္က ခဏတေရး အိပ္တာပါလို႔ ဆိုပါတယ္။ ဒီသုေတသနက အေမရိကန္လူမ်ိဳး အေယာက္ (၂၀၀၀) ကို စမ္းသပ္ေတြ႔ ရွိထားတာပဲ ျဖစ္ပါတယ္ …။

ပညာရွင္ေတြေတြ႔ရတာက ခဏတေရးအိပ္တတ္တဲ့သူေတြက ပုိၿပီးအလုပ္တြင္တဲ့သူေတြ ျဖစ္ေနၾကတယ္ ဆိုတာကိုပါ။ ဒီလိုလူေတြဟာ ေန႔လည္ေန႔ခင္း တေရးမအိပ္တတ္တဲ့သူေတြနဲ႔ ယွဥ္ရင္ ပိုၿပီး ေပ်ာ္ရႊင္သလို ကိုယ့္ကိုကုိယ္ယံုၾကည္မႈလည္း ပိုရွိေနတာကို ေတြ႔ရပါတယ္။ ေလ့လာခ်က္ကို OnePoll က ျပဳလုပ္ထားပါတယ္။ OnePoll က ခဏတေရးအိပ္တာဟာ ကိုယ့္ရဲ႕အလုပ္အကိုင္နဲ႔ ပတ္သက္တဲ့ ရည္ရြယ္ခ်က္ေတြေပၚမွာ သက္ေရာက္မႈ ရွိေစတယ္လို႔ ဆိုပါတယ္ …။

တာ၀န္ရွိသူတစ္ဦးက “ေန႔လည္ေန႔ခင္းေတြမွာ တေရးေလာက္အိပ္ၿပီး အနားယူတာက ပ်င္းရိတဲ့ လကၡဏာ မဟုတ္ေတာ့ပါဘူး။ အလုပ္ေတြအမ်ားၾကီးလုပ္ႏိုင္ဖို႔ အားပိုရွိလာေအာင္ ကူညီေပးတဲ့ တန္ဆာပလာတစ္ခု ျဖစ္လာေနပါၿပီ…” လို႔ ဆိုပါတယ္။ ဒီဆာေဗးေလးက တေရးအိပ္တဲ့သူေတြရရွိမယ့္ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပထားတာပါ။ ဒါေပပမယ့္ တေရးအိပ္တာနဲ႔ လုပ္ငန္းခြင္ထဲက ေအာင္ျမင္မႈ ဘယ္လိုဆက္စပ္ေနတယ္ဆိုတာကုိ အေသးစိတ္ေဖာ္ထုတ္ဖို႔ သုေတသနေတြေတာ့ အက်ယ္တ၀င့္ျပဳလုပ္ဖို႔ လိုေနပါေသးတယ္ေနာ္ …။

အထူးသျဖင့္ စိတ္ဖိစီးမႈမ်ားတဲ့ လုပ္ငန္းခြင္ထဲမွာ အလုပ္လုပ္ရတဲ့သူေတြက ေန႔လည္ခင္းေတြမွာ တေရးအိပ္ဖို႔ ပိုၿပီး လိုအပ္ႏိုင္ဖြယ္ရွိပါတယ္။ လူေတြရဲ႕ ဘ၀မွာ အိပ္စက္အနားယူတာက မရွိမျဖစ္ အစိတ္အပိုင္းတစ္ခုပါပဲ။ တကယ္လို႔ ညဘက္မွာ အိပ္ေရးမ၀ခဲ့ဘူးဆိုရင္ေတာင္ ေန႔လည္ခင္းတေရးေလာက္ ပံုမွန္အိပ္သြားရင္ပဲ အလုပ္ဆက္လုပ္ဖို႔ ေတာ္ေတာ္ အားအင္ျဖစ္ေနပါၿပီ …။

အိပ္စက္ျခင္းနဲ႔ ပတ္သတ္ၿပီး အထူးျပဳေလ့လာထားတဲ့ ပညာရွင္ ခရစၥတာဘဲလ္မာဂ်န္ဒီကေတာ့ တေရးအိပ္တာက လူေတြရဲ႕ အာရံုစူးစုိက္မႈကို တုိးတက္ေစေၾကာင္းဆိုပါတယ္။ “တကယ္လို႔ အလုပ္မွာ အိပ္ခ်င္ေနတယ္ဆိုရင္ ခဏေလးေမွးအိပ္လိုက္တာ ေကာင္းတယ္။ ဒီလိုအိပ္တဲ့အခါ ကိုယ့္ရဲ႕အလုပ္လုပ္ႏိုင္စြမ္းနဲ႔ မွတ္ဉာဏ္ေပၚမွာ လာသက္ေရာက္မႈ ရွိတယ္။ အက်ိဳးရွိပါတယ္။ လူက ႏိုးႏိုးၾကားၾကားလည္း ရွိေနမယ္…” အိပ္ေရး၀၀ အိပ္တဲ့အခါ ေသြးဖိအားက်မယ့္အျပင္ တေရးအိပ္ျခင္းအားျဖင့္ လူရဲ႕ဖန္တီးႏိုင္စြမ္းကို ပိုျမင့္မားေစတယ္လို႔လည္း ဆိုၾကပါတယ္ …။

ဒါေပမယ့္ သတိထားရမွာက တေရးအိပ္တာကို ညဘက္အိပ္ေရးပ်က္တာနဲ႔ အျမဲတမ္းၾကီးေတာ့ အစားမထိုးသင့္ပါဘူး။ ညဘက္ေတြမွာေတာ့ ေကာင္းေကာင္းမအိပ္ပဲ ေန႔ခင္းမွတေရးအိပ္ၿပီး အိပ္ခ်ိန္ကို အစားထိုးတာမ်ိဳးက ေရရွည္မွာက်န္းမာေရးကို ထိခိုက္ေစၿပီး ကိုယ့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္ကို ပိုၿပီး အေႏွာင့္အယွက္ေပးႏိုင္ေၾကာင္းလည္း သိရပါတယ္ေနာ္ …။ ။

Credit:shwemom

Unicode

နေ့လည်နေ့ခင်း တရေးတမောအိပ်သူတွေ ရရှိနိုင်မည့် အကျိုးကျေးဇူးများ…

စာဖတ်သူက ကိုယ့်ရဲ့တစ်နေ့တာလုံးမှာ အလုပ်တွေ ပိုပြီးချင်တယ်။ အလုပ်ပိုတွင်ချင်တယ်ဆိုရင်တော့ တရေးခဏအိပ်တတ်တဲ့ အလေ့အကျင့်လေးကို မွေးမြူသင့်ပါတယ်။ Metro သတင်းအရ သုတေသနသစ်တစ်ခုမှာ စွမ်းရည်ဆောင်မြင့်မားတဲ့ လူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ခဏတရေး အိပ်တာပါလို့ ဆိုပါတယ်။ ဒီသုတေသနက အမေရိကန်လူမျိုး အယောက် (၂၀၀၀) ကို စမ်းသပ်တွေ့ ရှိထားတာပဲ ဖြစ်ပါတယ် …။

ပညာရှင်တွေတွေ့ရတာက ခဏတရေးအိပ်တတ်တဲ့သူတွေက ပိုပြီးအလုပ်တွင်တဲ့သူတွေ ဖြစ်နေကြတယ် ဆိုတာကိုပါ။ ဒီလိုလူတွေဟာ နေ့လည်နေ့ခင်း တရေးမအိပ်တတ်တဲ့သူတွေနဲ့ ယှဉ်ရင် ပိုပြီး ပျော်ရွှင်သလို ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ပိုရှိနေတာကို တွေ့ရပါတယ်။ လေ့လာချက်ကို OnePoll က ပြုလုပ်ထားပါတယ်။ OnePoll က ခဏတရေးအိပ်တာဟာ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေပေါ်မှာ သက်ရောက်မှု ရှိစေတယ်လို့ ဆိုပါတယ် …။

တာဝန်ရှိသူတစ်ဦးက “နေ့လည်နေ့ခင်းတွေမှာ တရေးလောက်အိပ်ပြီး အနားယူတာက ပျင်းရိတဲ့ လက္ခဏာ မဟုတ်တော့ပါဘူး။ အလုပ်တွေအများကြီးလုပ်နိုင်ဖို့ အားပိုရှိလာအောင် ကူညီပေးတဲ့ တန်ဆာပလာတစ်ခု ဖြစ်လာနေပါပြီ…” လို့ ဆိုပါတယ်။ ဒီဆာဗေးလေးက တရေးအိပ်တဲ့သူတွေရရှိမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြထားတာပါ။ ဒါပေပမယ့် တရေးအိပ်တာနဲ့ လုပ်ငန်းခွင်ထဲက အောင်မြင်မှု ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို အသေးစိတ်ဖော်ထုတ်ဖို့ သုတေသနတွေတော့ အကျယ်တဝင့်ပြုလုပ်ဖို့ လိုနေပါသေးတယ်နော် …။

အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရတဲ့သူတွေက နေ့လည်ခင်းတွေမှာ တရေးအိပ်ဖို့ ပိုပြီး လိုအပ်နိုင်ဖွယ်ရှိပါတယ်။ လူတွေရဲ့ ဘဝမှာ အိပ်စက်အနားယူတာက မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါပဲ။ တကယ်လို့ ညဘက်မှာ အိပ်ရေးမဝခဲ့ဘူးဆိုရင်တောင် နေ့လည်ခင်းတရေးလောက် ပုံမှန်အိပ်သွားရင်ပဲ အလုပ်ဆက်လုပ်ဖို့ တော်တော် အားအင်ဖြစ်နေပါပြီ …။

အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး အထူးပြုလေ့လာထားတဲ့ ပညာရှင် ခရစ္စတာဘဲလ်မာဂျန်ဒီကတော့ တရေးအိပ်တာက လူတွေရဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေကြောင်းဆိုပါတယ်။ “တကယ်လို့ အလုပ်မှာ အိပ်ချင်နေတယ်ဆိုရင် ခဏလေးမှေးအိပ်လိုက်တာ ကောင်းတယ်။ ဒီလိုအိပ်တဲ့အခါ ကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ပေါ်မှာ လာသက်ရောက်မှု ရှိတယ်။ အကျိုးရှိပါတယ်။ လူက နိုးနိုးကြားကြားလည်း ရှိနေမယ်…” အိပ်ရေး၀၀ အိပ်တဲ့အခါ သွေးဖိအားကျမယ့်အပြင် တရေးအိပ်ခြင်းအားဖြင့် လူရဲ့ဖန်တီးနိုင်စွမ်းကို ပိုမြင့်မားစေတယ်လို့လည်း ဆိုကြပါတယ် …။

ဒါပေမယ့် သတိထားရမှာက တရေးအိပ်တာကို ညဘက်အိပ်ရေးပျက်တာနဲ့ အမြဲတမ်းကြီးတော့ အစားမထိုးသင့်ပါဘူး။ ညဘက်တွေမှာတော့ ကောင်းကောင်းမအိပ်ပဲ နေ့ခင်းမှတရေးအိပ်ပြီး အိပ်ချိန်ကို အစားထိုးတာမျိုးက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုပြီး အနှောင့်အယှက်ပေးနိုင်ကြောင်းလည်း သိရပါတယ်နော် …။ ။

Credit:shwemom