အသက္(၂၅)မျပည့္ခင္ လုပ္ခဲ့သင္႔တဲ႔အရာမ်ား…

အသက္(၂၅)မျပည့္ခင္ လုပ္ခဲ့သင္႔တဲ႔အရာမ်ား…

No.1 တစ္ေယာက္ေယာက္ကို အရမ္းခ်စ္ပါ”

အသက္ ၂၅ ႏွစ္မတိုင္ခင္မွာ လူတစ္ေယာက္ေယာက္ကို ႐ူး႐ူးမူးမူး ခ်စ္ခဲ့ဖူးသင့္ပါတယ္။ သူ႕ရဲ႕အခ်စ္ကို ျပန္ရတာ မရတာက အဓိက မဟုတ္ပါဘူး။ ရရင္လဲေကာင္းတာေပါ႔(ရယ္လ်က္)။ တကယ္ေတာ့ အခ်စ္႐ွိမွသာ အသက္႐ွင္ရတာ ပိုအဓိပၸါယ္႐ွိတာပါ၊ Single is the best ဆိုတာ ရည္းစာမ႐ွိသူေတြရဲ႕ အလိမ္ညာစကားပါ။ ကိုယ္ငယ္တုန္းမခ်စ္ခဲ့ဖူးဘူးဆိုရင္ အသက္ႀကီးလာတဲ့အခါ ကိုယ္ခ်စ္တဲ့ သူကို႐ွာရတာ ပိုျပီးခက္လာပါတယ္။ Okay တကယ္ခ်စ္တဲ့သူေတြနဲ႔ ေတြ႕ၾကပါေစလို႔ ဒီးဒီး ဆုေတာင္းေပးလိုက္ပါတယ္ေနာ္ …။

No.2 အလုပ္အေတြ႕အၾကဳံယူပါ”

အသက္ငယ္႐ြယ္စဥ္မွာ တတ္ႏိုင္သေလာက္ အလုပ္အေတြ႕အၾကဳံယူထားပါ၊ အေတြ႕အၾကဳံမ႐ွိတဲ့သူေတြက ဘာပဲလုပ္လုပ္ အမွားပိုမ်ားတတ္ပါတယ္။ ငယ္စဥ္မွာ ပိုက္ဆံေနာက္မလိုက္ဘဲ၊ ကိုယ့္ကို တကယ္ အလုပ္အေတြ႕အၾကဳံေပးႏိုင္တဲ့သူေနာက္ကိုလိုက္ပါ။ အ႐ြယ္ေရာက္တဲ့အခါ ကိုယ္ရထားတဲ့ အေတြ႕အၾကဳံေတြက သင့္ရဲ႕ လူမႈေရး၊ စီးပြားေရးမွာအမ်ားႀကီး အေထာက္အကူျပဳမွာပဲ ျဖစ္ပါတယ္ …။“ Every experience, good or bad, is a priceless collector’s item” By Isaac Marion

No.3 တစ္ေယာက္တည္းခရီးသြားပါ”

တစ္ေယာက္တည္းခရီးသြားျခင္းက မိမိကိုယ္ကို အားကိုးတတ္တဲ့ စိတ္ေတြကိုေမြးျမဴေပးႏိုင္ပါတယ္။ ခရီးတစ္ခုအစအဆုံး ဘယ္ေန႔သြားမယ္၊ ဘယ္ကို သြားမယ္ စသည္ျဖင့္ Planning လုပ္ရတဲ့အတြက္ေၾကာင့္ စိတ္လႈပ္႐ွားဖို႔ေကာင္းတဲ့အျပင္၊ ကိုယ့္ရဲ႕ခရီးအေတြ႕အၾကဳံအေၾကာင္း သူငယ္ခ်င္းေတြကို ျပန္ေျပာျပရတာလည္း အားရစရာႀကီးပါ။ အသက္ ၂၅ ေက်ာ္လာတဲ့အခါ၊ အလုပ္အကိုင္၊ လူမႈေရး၊ အိမ္ေထာင္ေရး စသည္ျဖင့္ ကိုယ္ငယ္စဥ္ အခ်ိန္ကထက္ ပိုၿပီး လုပ္စရာတာဝန္ေတြမ်ားလာလို ႔ခရီးသြားရမွာ ပိုျပီးခက္လာပါတယ္။ ဒါေၾကာင့္မို႔ မိတ္ေဆြ ကိုယ့္ဟာကို ပိုက္ဆံစု အခ်ိန္႐ွိတုန္း ခရီးသြားပါ …။

No.4 ဒီလိုစာေတြဖတ္ပါ”

လူတစ္ေယာက္က အသက္ႀကီးလာတာနဲ႔အမွ် အသိဉာဏ္ဗဟုသုတ လဲ ဖြံ႕ၿဖိဳးဖို႔လိုအပ္ပါတယ္။ အသက္ ၂၅ ႏွစ္မတိုင္ခင္မွာ စာအုပ္ဘယ္ႏွစ္အုပ္ဖတ္မယ္ဆိုတဲ့ တိက်တဲ့ Target တစ္ခုကိုထားပါ။ ဒီးဒီး အေနနဲ႔ အနည္းဆုံး တစ္လ ကို တစ္အုပ္ေတာ့ဖတ္ျဖစ္ပါတယ္။ ဘယ္လိုမ်ိဳးစားေတြဖတ္သင့္သလဲလို႔ေမးရင္ ကိုယ္အတြက္အက်ိဳး႐ွိတဲ့ စာ ၊ ဘာစာ မဆိုဖတ္သင့္ပါတယ္။ လူငယ္ေတြအေနနဲ႔ Personal Development နဲ႔ဆိုင္တဲ့ဟာ၊ Skills Development နဲ႔ ဆိုင္တဲ့ဟာေတြႀကိဳဖတ္ထားမယ္ဆိုရင္ ကိုယ္လုပ္ငန္းခြင္ဝင္တဲ့အခါမွာ သူမ်ားထက္ ပိုၿပီး ဆရာက်ေနမွာပါ။ ကြၽန္ေတာ္ Reccomend ေပးထားတဲ့စာအုပ္ ၅ အုပ္ကို Dee Dee Burmese Vlog YouTube Page မွာၾကည့္လို႔ရပါတယ္။ ကဲ သူမ်ားေတြထက္သာဖို႔ စာမ်ားမ်ား ဖတ္ၾကစို႔ …။

No.5 ေပ်ာ္႐ြင္ေအာင္ေနပါ။ မိဘကိုျငင္းရမွာအားမနာပါနဲ႔”

အသက္ ၂၅ မျပည့္ခင္ေပ်ာ္႐ြင္ေအာင္ေနပါ၊ (Don’t try to please everyone)လူတိုင္းကိုေပ်ာ္႐ႊင္ေအာင္လိုက္လုပ္ေပးမေနပါနဲ႔။ မိမိရဲ႕ေပ်ာ္႐ြင္မႈကို ဂ႐ုစိုက္ပါ၊ မိမိျဖစ္ခ်င္တာ လုပ္ခ်င္ တာကို လဲဦးစားေပးပါ။ ကိုယ့္ရဲ႕ Life plan ကို ကိုယ္တိုင္ Decision ခ်ပါ။ မိဘကိုျငင္းရမွာအားမနာပါနဲ႔။ ၿပီးရင္ သူမ်ားအထင္ႀကီးေအာင္ ဟန္ေဆာင္ၿပီးမေနျပပါနဲ႔၊ ဟန္ေဆာင္ရတာက ပင္ပန္းသလို၊ ေပ်ာ္႐ႊင္ဖို႔လည္း မေကာင္းပါဘူး …။

No.6 အသက္ ၂၅ မျပည့္ခင္မွာ ပညာရပ္တစ္ခုကို ကြၽမ္းကြၽမ္းက်င္က်င္တတ္ေျမာက္ထားသင့္တယ္”

အသက္ ၂၅ နဲ႔ ၃၀ ၾကားကာလဟာ ေအာင္ျမင္မႈကိုရယူဖို႔အေကာင္းဆုံးအသက္အ႐ြယ္ျဖစ္သလို ေအာင္ျမင္မႈကို ထိန္းခ်ဳပ္ကိုင္တြယ္ဖို႔အေကာင္းဆုံးအ႐ြယ္လည္းျဖစ္ပါတယ္။ သင္ဟာ အသက္ ၂၅ နစ္ျပည့္လို႔ ပညာရပ္တစ္ခုခုဒါမွမဟုတ္ အလုပ္အကိုင္တစ္ခုခု ကို ကြၽမ္းကြၽမ္းက်င္က်င္ မတတ္ေျမာက္ထားဘူးဆိုရင္ ဒီးဒီးဆရာေျပာဖူးသလို၊ ေခြးျဖစ္ႏိုင္ပါတယ္။ တကယ္ပါ၊ ဒါေၾကာင့္မို႔ ငယ္တုန္းပညာေလ့လာဖို႔မေမ့ပါနဲ႔ ။ ပညာမတတ္ရင္ ဘယ္သူမွအထင္မႀကီးပါဘူးေနာ္ …။

ကဲ ဒါကေတာ့ ဒီးဒီးေျပာတဲ့ အသက္ ၂၅ မျပည့္ခင္လုပ္ခဲ့သင့္တဲ့အရာေတြပါ။ ဒီစာ ကိုသေဘာက်ရင္ Share လုပ္သြားေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ အားလုံးကို ေက်းဇူးတင္ပါတယ္ …။

ေလးစားစြာျဖင္႔ ခရက္ဒစ္ – Lar Phar Dee

Unicode

အသက်(၂၅)မပြည့်ခင် လုပ်ခဲ့သင့်တဲ့အရာများ…

No.1 တစ်ယောက်ယောက်ကို အရမ်းချစ်ပါ”

အသက် ၂၅ နှစ်မတိုင်ခင်မှာ လူတစ်ယောက်ယောက်ကို ရူးရူးမူးမူး ချစ်ခဲ့ဖူးသင့်ပါတယ်။ သူ့ရဲ့အချစ်ကို ပြန်ရတာ မရတာက အဓိက မဟုတ်ပါဘူး။ ရရင်လဲကောင်းတာပေါ့(ရယ်လျက်)။ တကယ်တော့ အချစ်ရှိမှသာ အသက်ရှင်ရတာ ပိုအဓိပ္ပါယ်ရှိတာပါ၊ Single is the best ဆိုတာ ရည်းစာမရှိသူတွေရဲ့ အလိမ်ညာစကားပါ။ ကိုယ်ငယ်တုန်းမချစ်ခဲ့ဖူးဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ကိုယ်ချစ်တဲ့ သူကိုရှာရတာ ပိုပြီးခက်လာပါတယ်။ Okay တကယ်ချစ်တဲ့သူတွေနဲ့ တွေ့ကြပါစေလို့ ဒီးဒီး ဆုတောင်းပေးလိုက်ပါတယ်နော် …။

No.2 အလုပ်အတွေ့အကြုံယူပါ”

အသက်ငယ်ရွယ်စဉ်မှာ တတ်နိုင်သလောက် အလုပ်အတွေ့အကြုံယူထားပါ၊ အတွေ့အကြုံမရှိတဲ့သူတွေက ဘာပဲလုပ်လုပ် အမှားပိုများတတ်ပါတယ်။ ငယ်စဉ်မှာ ပိုက်ဆံနောက်မလိုက်ဘဲ၊ ကိုယ့်ကို တကယ် အလုပ်အတွေ့အကြုံပေးနိုင်တဲ့သူနောက်ကိုလိုက်ပါ။ အရွယ်ရောက်တဲ့အခါ ကိုယ်ရထားတဲ့ အတွေ့အကြုံတွေက သင့်ရဲ့ လူမှုရေး၊ စီးပွားရေးမှာအများကြီး အထောက်အကူပြုမှာပဲ ဖြစ်ပါတယ် …။“ Every experience, good or bad, is a priceless collector’s item” By Isaac Marion

No.3 တစ်ယောက်တည်းခရီးသွားပါ”

တစ်ယောက်တည်းခရီးသွားခြင်းက မိမိကိုယ်ကို အားကိုးတတ်တဲ့ စိတ်တွေကိုမွေးမြူပေးနိုင်ပါတယ်။ ခရီးတစ်ခုအစအဆုံး ဘယ်နေ့သွားမယ်၊ ဘယ်ကို သွားမယ် စသည်ဖြင့် Planning လုပ်ရတဲ့အတွက်ကြောင့် စိတ်လှုပ်ရှားဖို့ကောင်းတဲ့အပြင်၊ ကိုယ့်ရဲ့ခရီးအတွေ့အကြုံအကြောင်း သူငယ်ချင်းတွေကို ပြန်ပြောပြရတာလည်း အားရစရာကြီးပါ။ အသက် ၂၅ ကျော်လာတဲ့အခါ၊ အလုပ်အကိုင်၊ လူမှုရေး၊ အိမ်ထောင်ရေး စသည်ဖြင့် ကိုယ်ငယ်စဉ် အချိန်ကထက် ပိုပြီး လုပ်စရာတာဝန်တွေများလာလို့ခရီးသွားရမှာ ပိုပြီးခက်လာပါတယ်။ ဒါကြောင့်မို့ မိတ်ဆွေ ကိုယ့်ဟာကို ပိုက်ဆံစု အချိန်ရှိတုန်း ခရီးသွားပါ …။

No.4 ဒီလိုစာတွေဖတ်ပါ”

လူတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှ အသိဉာဏ်ဗဟုသုတ လဲ ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။ အသက် ၂၅ နှစ်မတိုင်ခင်မှာ စာအုပ်ဘယ်နှစ်အုပ်ဖတ်မယ်ဆိုတဲ့ တိကျတဲ့ Target တစ်ခုကိုထားပါ။ ဒီးဒီး အနေနဲ့ အနည်းဆုံး တစ်လ ကို တစ်အုပ်တော့ဖတ်ဖြစ်ပါတယ်။ ဘယ်လိုမျိုးစားတွေဖတ်သင့်သလဲလို့မေးရင် ကိုယ်အတွက်အကျိုးရှိတဲ့ စာ ၊ ဘာစာ မဆိုဖတ်သင့်ပါတယ်။ လူငယ်တွေအနေနဲ့ Personal Development နဲ့ဆိုင်တဲ့ဟာ၊ Skills Development နဲ့ ဆိုင်တဲ့ဟာတွေကြိုဖတ်ထားမယ်ဆိုရင် ကိုယ်လုပ်ငန်းခွင်ဝင်တဲ့အခါမှာ သူများထက် ပိုပြီး ဆရာကျနေမှာပါ။ ကျွန်တော် Reccomend ပေးထားတဲ့စာအုပ် ၅ အုပ်ကို Dee Dee Burmese Vlog YouTube Page မှာကြည့်လို့ရပါတယ်။ ကဲ သူများတွေထက်သာဖို့ စာများများ ဖတ်ကြစို့ …။

No.5 ပျော်ရွင်အောင်နေပါ။ မိဘကိုငြင်းရမှာအားမနာပါနဲ့”

အသက် ၂၅ မပြည့်ခင်ပျော်ရွင်အောင်နေပါ၊ (Don’t try to please everyone)လူတိုင်းကိုပျော်ရွှင်အောင်လိုက်လုပ်ပေးမနေပါနဲ့။ မိမိရဲ့ပျော်ရွင်မှုကို ဂရုစိုက်ပါ၊ မိမိဖြစ်ချင်တာ လုပ်ချင် တာကို လဲဦးစားပေးပါ။ ကိုယ့်ရဲ့ Life plan ကို ကိုယ်တိုင် Decision ချပါ။ မိဘကိုငြင်းရမှာအားမနာပါနဲ့။ ပြီးရင် သူများအထင်ကြီးအောင် ဟန်ဆောင်ပြီးမနေပြပါနဲ့၊ ဟန်ဆောင်ရတာက ပင်ပန်းသလို၊ ပျော်ရွှင်ဖို့လည်း မကောင်းပါဘူး …။

No.6 အသက် ၂၅ မပြည့်ခင်မှာ ပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသင့်တယ်”

အသက် ၂၅ နဲ့ ၃၀ ကြားကာလဟာ အောင်မြင်မှုကိုရယူဖို့အကောင်းဆုံးအသက်အရွယ်ဖြစ်သလို အောင်မြင်မှုကို ထိန်းချုပ်ကိုင်တွယ်ဖို့အကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်။ သင်ဟာ အသက် ၂၅ နစ်ပြည့်လို့ ပညာရပ်တစ်ခုခုဒါမှမဟုတ် အလုပ်အကိုင်တစ်ခုခု ကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ထားဘူးဆိုရင် ဒီးဒီးဆရာပြောဖူးသလို၊ ခွေးဖြစ်နိုင်ပါတယ်။ တကယ်ပါ၊ ဒါကြောင့်မို့ ငယ်တုန်းပညာလေ့လာဖို့မမေ့ပါနဲ့ ။ ပညာမတတ်ရင် ဘယ်သူမှအထင်မကြီးပါဘူးနော် …။

ကဲ ဒါကတော့ ဒီးဒီးပြောတဲ့ အသက် ၂၅ မပြည့်ခင်လုပ်ခဲ့သင့်တဲ့အရာတွေပါ။ ဒီစာ ကိုသဘောကျရင် Share လုပ်သွားပေးဖို့ တောင်းဆိုချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် …။

လေးစားစွာဖြင့် ခရက်ဒစ် – Lar Phar Dee