အိမ္ေထာင္သည္ အစ္မႀကီးတစ္ေယာက္ရဲ႕ ေတာင္းဆိုခ်က္အရ တင္ေပးလုိက္ပါျပီ

အိမ္ေထာင္သည္ အစ္မႀကီးတစ္ေယာက္ရဲ႕ ေတာင္းဆိုခ်က္အရ တင္ေပးလုိက္ပါျပီ

အစ္မႀကီး တစ္ေယာက္ ရဲ႕ ေတာင္း ဆိုခ်က္ အရ တင္ လိုက္ပါၿပီ…

ေနာက္ အိမ္ေထာင္ ျပဳ တဲ့ ဖခင္ ၊မိခင္တိုင္း လိုလို အမ်ားစု ဘဝဇာတ္သိမ္း မေကာင္းတတ္ၾကပါဘူး . . .။

က်န္ရစ္ခဲ့တဲ့ အေမ့ အေဖ့ ကို သနားပိုၿပီး သားသမီး မ်ား က ပိုျပီး ခ်စ္ၾက ပါတယ္ . . .။

အသိစိတ္က အေဖ အေမ ဆိုေပမယ့္ မသိစိတ္က ၾကည္ညိဳလို႔ မရတဲ့ ဖခင္၊ မိခင္ ျဖစ္ေနတာပါ . . .။

အသိစိတ္က ေသြးသား ေတာ္စပ္ေပမယ့္ မသိစိတ္က သူစိမ္းတစ္ေယာက္ လိုဘာ ခံစားခ်က္မွ မရွိသေလာက္ ျဖစ္ေနေတာ့တာပါ . . .။

အသက္ အ႐ြယ္ ႀကီး လာတာနဲ႔ အမွ် သား ရင္း သမီး ရင္း ဆိုတာ အနား မွာ ကပ္ၾကမွာ မဟုတ္ေတာ့ ပါဘူး . . .။

ကိုယ့္ကိုပစ္ထားခဲ့တဲ့ နာၾကည္းခ်က္ အနာေဟာင္း က ျပန္ကုစား လို႔ မ ရ ႏိုင္ေတာ့ လို႔ပါ . . .။

” အေဖ အေမ မွားပါၿပီ ” လို႔ မ်က္ရည္ က် ျပ လည္း သားသမီး မ်ား က ဒီ မ်က္ရည္ ကို ခံစား ေပးႏိုင္ မွာ မဟုတ္ပါဘူး . . .။

ေနာက္ အိမ္ေထာင္ျပဳ တဲ့ ဖခင္ ၊မိခင္ တိုင္း လိုလို အမ်ားစု အိုဇာတာ မ ေကာင္း တတ္ၾကပါဘူး . . .။

ဖခင္ မိခင္ ဆိုတဲ့ ဂုဏ္ထူး ဟာ လူ မွန္ ေနရာ မွန္ တာဝန္ ေက်ခဲ့ရင္အိမ္ဦးနတ္ ဘဝ နဲ႔ အိမ္ဦးခန္း မွာ က်က္သေရ ရွိရွိတစ္သက္တာ တင့္တယ္ ေနေတာ့မွာပဲ ျဖစ္ ပါ တယ္ . . .။

အိမ္ေထာင္ေရး ေဖာက္ျပန္ တတ္ တဲ့ ဖခင္ မိခင္ တိုင္း အတြက္ ေတာ့ကံၾကမၼာ ရဲ႕ တန္ရာ တန္ေၾကး သစၥာမဲ့မႈ ဒဏ္ေတာ့ အနည္း နဲ႔ အမ်ား ခံစား ရမွာ ပါပဲ . . .။

စိတ္ဆႏၵ ကို ဦးစားေပး ခဲ့တဲ့ ဖခင္ မိခင္ တိုင္းဟာစိတ္ဒဏ္ရာ ရ သြားတဲ့ သားသမီး မ်ားရဲ႕ လ်စ္လႉရႈ႕ မႈ႕ ေအာက္မွာ မရႈ႕မလွ က်ဆုံး ရေတာ့မွာပါ ေနာ္ . . .။

မ်က္ရည္ မ်ားရဲ႕ ဝဋ္ ကို လည္း အခ်ိန္ ရ လာတာနဲ႔ အမွ် — အရွိန္ ရ လာတာ နဲ႔ အမွ် — ကိုယ္တိုင္ ရႈိက္ႀကီး တငင္ ငိုေႂကြး ဖို႔ ကာလ ဟာ နီးနီး ကပ္ ကပ္ ရွိလာေတာ့မွာပါ . . .။

ကိုယ္ကိုယ္တိုင္ အားကိုးရာ မဲ့ တဲ့ ဘဝ ေရာက္ခ်ိန္မွာကိုယ္ထားခဲ့တဲ့ ဇနီး က ကိုယ္တာဝန္ မေက်ခဲ့တဲ့ သားသမီး မ်ား ဝန္းရံ လ်က္သာယာတဲ့ ဘဝ ေလး ကို ပိုင္ဆိုင္ ေနတဲ့ အခ်ိန္ ေရာက္ ရွိေနပါၿပီ . . .။

ဘဝ မွာ လမ္း မ မွန္ တဲ့နည္း နဲ႔ အေပ်ာ္ ရွာ ေနတဲ့သူငယ္ခ်င္း ေရ . . . !

မင္း ေရာ မင္း ဖန္တီး ခဲ့တဲ့ မိသားစု ေရာ မ်က္ရည္ က် မယ့္ အရာ အား လုံး ရပ္ လိုက္ပါ . . .။

ဆႏၵ သစ္ ရဲ႕ ေနာက္အိမ္ေထာင္ ဆိုတာ ကို ေက်ာခိုင္း လိုက္ ပါ . . .။

မိသားစု ဂုဏ္သေရ ညႇိဳးႏြမ္းေစမယ့္ ေဖာက္ျပန္မႈ ႀကီး ကို စြန႔္လႊတ္ လိုက္ပါ . . .။

ကိုယ့္ မိသားစု ကို ျပန္လည္ မ်က္ႏွာမူဖို႔ ၊ တစ္ဖန္ လည္ျပန္ ေႏြးေထြး ေပးဖို႔ ကို တိုက္တြန္းစကား ဆို လိုက္ရပါတယ္ သူငယ္ခ်င္း . . .။

ေမတၱာျဖင့္ သာေရးသားသည္ …။ ။

ေလးစားစြာျဖင့္ – သိန္းေမာင္ေမာင္

Unicode Version

အိမ်ထောင်သည် အစ်မကြီးတစ်ယောက်ရဲ့ တောင်းဆိုချက်အရ တင်ပေးလိုက်ပါပြီ

အစ်မကြီး တစ်ယောက် ရဲ့ တောင်း ဆိုချက် အရ တင် လိုက်ပါပြီ…

နောက် အိမ်ထောင် ပြု တဲ့ ဖခင် ၊မိခင်တိုင်း လိုလို အများစု ဘဝဇာတ်သိမ်း မကောင်းတတ်ကြပါဘူး . . .။

ကျန်ရစ်ခဲ့တဲ့ အမေ့ အဖေ့ ကို သနားပိုပြီး သားသမီး များ က ပိုပြီး ချစ်ကြ ပါတယ် . . .။

အသိစိတ်က အဖေ အမေ ဆိုပေမယ့် မသိစိတ်က ကြည်ညိုလို့ မရတဲ့ ဖခင်၊ မိခင် ဖြစ်နေတာပါ . . .။

အသိစိတ်က သွေးသား တော်စပ်ပေမယ့် မသိစိတ်က သူစိမ်းတစ်ယောက် လိုဘာ ခံစားချက်မှ မရှိသလောက် ဖြစ်နေတော့တာပါ . . .။

အသက် အရွယ် ကြီး လာတာနဲ့ အမျှ သား ရင်း သမီး ရင်း ဆိုတာ အနား မှာ ကပ်ကြမှာ မဟုတ်တော့ ပါဘူး . . .။

ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်း က ပြန်ကုစား လို့ မ ရ နိုင်တော့ လို့ပါ . . .။

” အဖေ အမေ မှားပါပြီ ” လို့ မျက်ရည် ကျ ပြ လည်း သားသမီး များ က ဒီ မျက်ရည် ကို ခံစား ပေးနိုင် မှာ မဟုတ်ပါဘူး . . .။

နောက် အိမ်ထောင်ပြု တဲ့ ဖခင် ၊မိခင် တိုင်း လိုလို အများစု အိုဇာတာ မ ကောင်း တတ်ကြပါဘူး . . .။

ဖခင် မိခင် ဆိုတဲ့ ဂုဏ်ထူး ဟာ လူ မှန် နေရာ မှန် တာဝန် ကျေခဲ့ရင်အိမ်ဦးနတ် ဘဝ နဲ့ အိမ်ဦးခန်း မှာ ကျက်သရေ ရှိရှိတစ်သက်တာ တင့်တယ် နေတော့မှာပဲ ဖြစ် ပါ တယ် . . .။

အိမ်ထောင်ရေး ဖောက်ပြန် တတ် တဲ့ ဖခင် မိခင် တိုင်း အတွက် တော့ကံကြမ္မာ ရဲ့ တန်ရာ တန်ကြေး သစ္စာမဲ့မှု ဒဏ်တော့ အနည်း နဲ့ အများ ခံစား ရမှာ ပါပဲ . . .။

စိတ်ဆန္ဒ ကို ဦးစားပေး ခဲ့တဲ့ ဖခင် မိခင် တိုင်းဟာစိတ်ဒဏ်ရာ ရ သွားတဲ့ သားသမီး များရဲ့ လျစ်လှူရှု့ မှု့ အောက်မှာ မရှု့မလှ ကျဆုံး ရတော့မှာပါ နော် . . .။

မျက်ရည် များရဲ့ ဝဋ် ကို လည်း အချိန် ရ လာတာနဲ့ အမျှ — အရှိန် ရ လာတာ နဲ့ အမျှ — ကိုယ်တိုင် ရှိုက်ကြီး တငင် ငိုကြွေး ဖို့ ကာလ ဟာ နီးနီး ကပ် ကပ် ရှိလာတော့မှာပါ . . .။

ကိုယ်ကိုယ်တိုင် အားကိုးရာ မဲ့ တဲ့ ဘဝ ရောက်ချိန်မှာကိုယ်ထားခဲ့တဲ့ ဇနီး က ကိုယ်တာဝန် မကျေခဲ့တဲ့ သားသမီး များ ဝန်းရံ လျက်သာယာတဲ့ ဘဝ လေး ကို ပိုင်ဆိုင် နေတဲ့ အချိန် ရောက် ရှိနေပါပြီ . . .။

ဘဝ မှာ လမ်း မ မှန် တဲ့နည်း နဲ့ အပျော် ရှာ နေတဲ့သူငယ်ချင်း ရေ . . . !

မင်း ရော မင်း ဖန်တီး ခဲ့တဲ့ မိသားစု ရော မျက်ရည် ကျ မယ့် အရာ အား လုံး ရပ် လိုက်ပါ . . .။

ဆန္ဒ သစ် ရဲ့ နောက်အိမ်ထောင် ဆိုတာ ကို ကျောခိုင်း လိုက် ပါ . . .။

မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမယ့် ဖောက်ပြန်မှု ကြီး ကို စွန့်လွှတ် လိုက်ပါ . . .။

ကိုယ့် မိသားစု ကို ပြန်လည် မျက်နှာမူဖို့ ၊ တစ်ဖန် လည်ပြန် နွေးထွေး ပေးဖို့ ကို တိုက်တွန်းစကား ဆို လိုက်ရပါတယ် သူငယ်ချင်း . . .။

မေတ္တာဖြင့် သာရေးသားသည် …။ ။

လေးစားစွာဖြင့် – သိန်းမောင်မောင်