အချစ်ဦး နဲ့ ပေါင်းဖက်ဖို့ နှစ် (၃၀) စောင့်ခဲ့တဲ့ ဇော်ထွန်း(ရုပ်သံ)








ထန်းညက်ခဲ

ref MC

“လူပျိုကြီး လုပ်ဖို့ ဆုံးဖြတ်ထားပေမယ့် အေးချမ်းတဲ့ မိသားစု ဘဝ ကို ပိုင်ဆိုင်ချင်လို့ အသက် (၄၇) နှစ်မှာ အိမ်ထောင်ပြုခဲ့တယ်…ဇနီးသည်က လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က ကြိုက်ခဲ့ဖူးတဲ့ အချစ်ဦး ပါ

သူ့ဆီမှာ ခင်ပွန်းဟောင်း နဲ့ ရခဲ့တဲ့ သမီးလေး တစ်ယောက် ပါလာပေမယ့် ကိုယ့် သမီး အရင်းလေး လို ချစ်ပါတယ်” လို့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဇော်ထွန်းကဆိုပါတယ်။

ဇာတ်ကားထဲမှာတော့ လူကြမ်းကြီးပေမယ့် တကယ့်အပြင်လောကမှာတော့ အသဲနုတဲ့ ချစ်တတ်သူကြီးပေါ့ဗျာ…

ရုပ်ရှင်ထဲက လူဆိုး၊ လူကြမ်းကြီးတွေဟာ အပြင်မှာတော့ လူကောင်း သူကောင်းလေးတွေများကြပါတယ်။ ငယ်ငယ်ကကြည့်ရတဲ့ နေထက်လင်းကားတိုင်း ဇော်ထွန်း၊ ကိုကိုဦးတို့မပါမဖြစ်တွေ..ပါလိုက်တိုင်းလည်း လူဆိုးနေရာကကြီးပါဘဲ။

ရုပ်ရှင်ထဲက တစ်ချို့မင်းသားတွေကတော့ လူကောင်း သူကောင်းလို သရုပ်ဆောင်ရပေမယ့် အပြင်မှာကြတော့ ရုပ်ရှင်ထဲက ဇော်ထွန်း ကိုကိုဦးတို့ထက်တောင် ဆိုးတဲ့ မင်းသား‌တွေ အတော်များများရှိကြပါတယ်(လိုင်းပေါ်မှာလည်းတွေ့ကြမှာပေါ့…အကုန်လုံးကိုတော့မဆိုလိုပါဘူး)

သူပြောသွားတဲ့ နောက်ဆုံးစကားလေး “ကိုယ့်ဘဝကို ကိုယ်ပိုင်တယ် ဘယ်တော့မှ အရှုံးမပေးပါနဲ့” တဲ့ ခံယူချက်က လေးစားစရာပါ။

ဦးဇော်ထွန်းအနေနဲ့ လေးဆယ်ကျော် ခုနှစ်နှစ်ကြမှ ငယ်ချစ်ဦးနဲ့ပြန်ဆုံခွင့်ရတာ ဝမ်းသာပါတယ်… ပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ထန်းညက်ခဲ

ref MC