သင့္ဘ၀အခက္အခဲေတြ ကံဆိုးတာေတြ ေက်ာ္လႊားႏိုင္ဖို႔ ဒီလိုကုသိုလ္ေတလုပ္ပါ

သင့္ဘ၀အခက္အခဲေတြ ကံဆိုးတာေတြ ေက်ာ္လႊားႏိုင္ဖို႔ ဒီလိုကုသိုလ္ေတလုပ္ပါ

ဘုရားရွိခိုးျဖစ္ရဲ႕လား။ ေသာက္ေတာ္ေရေရာ ေန႔စဥ္ကပ္ျဖစ္ရဲ႕လား။ဘုရားပန္းလည္း အပတ္စဥ္လွဴျဖစ္ရဲ႕လား။ အဲ့လို႔ေန႔စဥ္လုပ္ရင္ကုသိုလ္ကို စြဲသြားတာလို႔ ေခၚတယ္။ မၾကာခင္ ႀကီးပြါးေတာ့မယ့္ လကၡဏာပဲ။ ေသခ်ာမွတ္ထား၊ ေလာကမွာ အကုသိုလ္ကို စြဲသြားတဲ့လူရယ္၊ ကုသိုလ္ကို စြဲသြားတဲ့လူရယ္လို႔ လူႏွစ္မ်ိဳးရွိတယ္ …။

လူတစ္ေယာက္ဟာ အကုသိုလ္ဘက္မွာ စြဲသြားၿပီဆိုရင္ အဲဒီလူဟာ မၾကာခင္ မြဲသြားတတ္ေတာ့တာပဲ။ ေတြ႔ဖူးတယ္မလား၊ အရက္ေသစာ ေသာက္စားမႈကို စြဲသြားတဲ့သူေတြ၊ မေကာင္းတဲ့ေနရာေတြမွာ စြဲလမ္းသြားတဲ့ သူေတြကိုေလ။အဲ့သလို လူမ်ိဳးေတြဟာ မၾကာခင္ မြဲသြားတတ္တယ္။ တို႔ေဒသအေခၚက်ေတာ့ အဲ့ဒါမ်ိဳးကို ကင္းပြန္းသင့္တယ္လို႔ ေခၚတာေပါ့ …။

ကုသိုလ္ဘက္မွာ စြဲသြားတဲ့လူေတြၾကေတာ့ မၾကာမတင္မွာပဲ ခ်မ္းသာလာတတ္တယ္ကြ။ေန႔စဥ္ ျပဳေနက် ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတာေလာက္မွ မလုပ္ရရင္ တစ္ခုခုလိုေနသလို ေတြ႕လာၿပီ ဆိုရင္ အဲဒါမ်ိဳးကို ကုသိုလ္ကို စြဲသြားတာလို႔ေခၚတယ္။အဲ့သလို ျဖစ္လာၿပီဆိုရင္ စိတ္သာခ်ေပေတာ့ကြ၊ မၾကာခင္ ႀကီးပြားခ်မ္းသာေတာ့မယ္ …။

ဘာေၾကာင့္လဲဆိုေတာ့ကုသိုလ္ကိုစြဲသြားလို႔ပဲ။ စြဲသြားတဲ့အခါက်ေတာ့ ကုသိုလ္ေကာင္းမႈဆိုတာ ေန႔စဥ္ျပဳျဖစ္လာေတာ့တာပဲ။ အဲ့ဒါမ်ိဳးကို အာစိဏၰကံကုသိုလ္လို႔ ေခၚပါတယ္ …။

ေသခ်ာမွတ္ထားေနာ္၊ အာစိဏၰကံကုသိုလ္ဆိုတာ ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ ဆိုသလို အခ်ိန္မွန္မွန္ျပဳတဲ့ ကုသိုလ္မ်ိဳးကို ဆိုလိုတယ္။ အခ်ိန္မွန္မွန္ ျပဳတယ္ဆိုရင္ ပ႒ာန္းလိုအာေသဝနပစၥည္း တပ္ေတာ့တာပဲကြ။ (အာေသဝနဆိုတာ အထပ္ထပ္အခါခါ ျပဳတာမ်ိဳးကို ေျပာတာပဲ) ဓားေသြးသလိုေပါ့ကြာ …။

အခ်ိန္မွန္မွန္၊ အထပ္ထပ္အခါခါ ေသြးဖန္မ်ားေတာ့၊ ဓားဟာထက္လာရသလိုပဲ၊ ကုသိုလ္ေကာင္းမႈဆိုတာလည္း အခ်ိန္မွန္မွန္ အထပ္ထပ္အဖန္ဖန္ ျပဳဖန္မ်ားေတာ့ ထက္ျမက္လာေတာ့တာပဲကြ …။

အလုပ္ကိုလည္း ႀကိဳးစားၿပီးလုပ္သလို၊ ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတဲ့ အေျခခံကုသိုလ္အလုပ္ေတြကိုလည္း စြဲသြားသည္အထိ ႀကိဳးစားၿပီးေတာ့လုပ္ကြာ။ မၾကာခင္ ၾကီးပြားခ်မ္းသာလာပါလိမ့္မယ္ေနာ္ …။ ။

အရွင္ဝိသာရဒ (ရမၼာဝတီ) တရားေတာ္မွ

Unicode

သင့္ဘ၀အခက္အခဲေတြ ကံဆိုးတာေတွေ ကျော်လွှားနိုင်ဖို့ ဒီလိုကုသိုလ်တေလုပ်ပါ

ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရော နေ့စဉ်ကပ်ဖြစ်ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့နေ့စဉ်လုပ်ရင်ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါးတော့မယ့် လက္ခဏာပဲ။ သေချာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့ လူနှစ်မျိုးရှိတယ် …။

လူတစ်ယောက်ဟာ အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင် အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။ တွေ့ဖူးတယ်မလား၊ အရက်သေစာ သောက်စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေကိုလေ။အဲ့သလို လူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ်။ တို့ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ …။

ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့ မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။အဲ့သလို ဖြစ်လာပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွားချမ်းသာတော့မယ် …။

ဘာကြောင့်လဲဆိုတော့ကုသိုလ်ကိုစွဲသွားလို့ပဲ။ စွဲသွားတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။ အဲ့ဒါမျိုးကို အာစိဏ္ဏကံကုသိုလ်လို့ ခေါ်ပါတယ် …။

သေချာမှတ်ထားနော်၊ အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလိုတယ်။ အချိန်မှန်မှန် ပြုတယ်ဆိုရင် ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ) ဓားသွေးသလိုပေါ့ကွာ …။

အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ သွေးဖန်များတော့၊ ဓားဟာထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှုဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့ ထက်မြက်လာတော့တာပဲကွ …။

အလုပ်ကိုလည်း ကြိုးစားပြီးလုပ်သလို၊ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်ကွာ။ မကြာခင် ကြီးပွားချမ်းသာလာပါလိမ့်မယ်နော် …။ ။

အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ