လူတစ္ေယာက္၏ ပင္ကိုယ္စရိုက္ တြက္ၾကည္႔နည္း…

လူတစ္ေယာက္၏ ပင္ကိုယ္စရိုက္ တြက္ၾကည္႔နည္း…

လူတစ္ေယာက္စီမွာ ပင္ကိုယ္ `ဗီဇ´ ေလးေတြ ပါလာတတ္ပါတယ္။ ျပင္ဖို႔မႀကိဳးစားနဲ႔၊ ႀကိဳသိထား။ ဆယ့္ရွစ္ႏွစ္ ျပည့္ၿပီးရင္ ေခါက္႐ိုးက်ိဳးသြားပါျပီ …။

(ဝ) ေလာဘႀကီးသူ (အလိုဆႏၵျပင္းျပသူ၊ အက်ိဳးရွိေအာင္လုပ္)

(၁) ေဒါသႀကီးသူ (လူတကာကို လိုက္ဆဲတတ္သူ ၊ ျပတ္သားသူ)

(၂) ေမာဟစိတ္လြန္ကဲသူ (ထိုင္းမႈိင္းသူ၊ ရန္မလိုသူ)

(၃) ေမတၱာစိတ္ရွိသူ (ခင္တတ္မင္တတ္သူ)

(၄) ဂ႐ုဏာစိတ္မ်ားသူ (သနားငဲ့ကြက္တတ္သူ)

(၅) မုဒိတာ စိတ္မ်ားသူ (အကုန္သူ ႀကီးပြားတာ ဝမ္းေျမာက္တတ္သူ)

(၆) ဥေပကၡာသမား ( ကိုယ္ျဖစ္ကိုယ္ခံဟု သေဘာထားသူ၊ လွည့္မၾကည့္ပဲ ထားတတ္သူ) ဆိုၿပီး (၇)မ်ိဳး ခြဲျခားထားပါတယ္ …။

တြက္နည္းကေတာ့ လြယ္ပါတယ္။ ကိုယ္ရဲ႕ ေမြးသကၠရာဇ္ရယ္ ၊ေမြးနံကို ဂဏန္းေျပာင္းၿပီး ေပါင္းပါ။ ရတဲ့ အေျဖ (၇) နဲ႔ စားရပါမယ္ ထြက္လာတဲ့ အေျဖကေတာ့ ကိုယ့္ရဲပင္ကိုယ္စ႐ိုက္ေပါ႔ …။

ဥပမာ –

သင့္ ေမြးသကၠရာဇ္က ၁၃၅၃- ခု ေသာၾကာသားဆိုရင္ ၆-ေပါ့။ ၁၃၅၃+၆=၁၃၅၉

၁၃၅၉÷၇=၁ ( ႂကြင္းေတာ႔ – ေဒါသႀကီးသူေပါ့ )

ကဲ ! ေအာက္မွာ ကိုယ့္ရဲ႕ စ႐ိုက္ေလးကို ၾကည့္ၾကတာေပါ့ …။

အႂကြင္း (0) ေလာဘ

သူကေတာ့ လိုခ်င္စိတ္မ်ားတယ္ ။ရတာနဲ႔ မတင္းတိမ္ဘူး ။ေရာင့္ရဲတဲ့ စိတ္မရွိဘူး ။ေရာက္တဲ့ ေနရာမွာ မေပ်ာ္ဘူး။ ဒီထက္သာယာတဲ့ဘဝကို လိုလားတဲ့ သူ။ တစ္ခုမၿပီးခင္ ေနာက္တစ္ခုလုပ္ခ်င္တယ္ ဘယ္အရာမဆို လက္ဝါးႀကီး အုပ္ခ်င္တယ္ …။

ဘယ္ေတာ့မွလည္း ေနာက္လိုက္မလုပ္ခ်င္ဘူး ။ ကိုယ္ရယူပိုင္ဆိုင္ဖို႔ဆိုရင္ ဘယ္အရာကိုမွ မေထာက္ထားဘူး မွားသည္မွန္သည္ မခြဲျခားဘူး ဘယ္နည္းနဲ႔ မဆို ရအာင္ယူမွ ေက်နပ္တဲ့သူပါ …။

လိုခ်င္စိတ္မ်ားေတာ့ ဘာမဆိုလုပ္ရမွာ ဝန္မေလးသူေပါ့။ ခ်မ္းသာလိုတယ္ ႂကြယ္ဝလိုတယ္။ ခ်မ္းသာခ်င္ကိုလည္း ရမဲ့သူ။ ဒါေပမဲ့ မွားလား မွန္လား တရားဝင္လားတရားမဝင္လားေတြးမွာ မဟုတ္တဲ့အတြက္ ဒုကၡေတာ့ ေတြ႕ႏိုင္တာေပါ့ …။

ဘယ္လိုပဲ ျဖစ္ပါေစ သူကဘဝကို ရည္မွန္းခ်က္ႀကီးႀကီးနဲ႔ ျဖတ္သန္းမည့္သူပါ။ သူတစ္ပါးမွာရွိတာထက္ လိုခ်င္စိတ္ျမင့္မားေနေတာ့ လူေတာ္ေတြ ျဖစ္တတ္ပါတယ္ ။ လိုခ်င္တဲ့ စိတ္ကေလးကို စနစ္တက် အသုံးျပဳသြာမယ္ဆိုရင္ ဒိတ္ဒိတ္ လူသားဘဝကို ပိုင္ဆိုင္ရမွာ အမွန္ပါပဲ …။

အႂကြင္း (၁) ေဒါသ

စိတ္ႀကီးတယ္ မဟုတ္မခံစိတ္မ်ားတယ္ မေတာ္မတရား လုပ္တာေတြ႕ရင္ ကိုယ့္ကိစၥမဟုတ္လဲ ဝင္ပါဖို႔ ဝင္ေျပာဖို႔ ဝန္မေလးတဲ့သူ ေဘးကေန အလိုလို ေဒါသထြက္ေနတတ္ပါတယ္ …။

စိတ္တိုေဒါသထြက္ရင္လဲ ဘာမဆို လုပ္ပစ္ေျပာပစ္လိုက္မွေက်နပ္တဲ့သူေပါ့ ။ စိတ္ကသာႀကီးပါတယ္ သူ႔ႏွလုံးသားကေတာ့ ျဖဴစင္လြန္းပါတယ္ …။

ဘယ္ေတာ့မွလဲ ကိုယ့္ဘက္ကစၿပီး ရန္မလုပ္ဘူး သန႔္သန႔္ေလးေျပာတတ္ဆိုတတ္တယ္ ။ လာေစာ္ကားၿပီး လာၿငိၿပီ ဆိုရင္ေတာ့ စိန္ေခၚရင္ တိမ္ေပၚ အထိ လိုက္မဲ့သူပဲ ။ ပင္ကိုစိတ္ရင္းေကာင္းတယ္ ။

သူတစ္ပါးကို ေပးရမွာ ေကြၽးရမွာ ထိပ္ဆုံးကေပါ့ ။ဒါေပမဲ့ စိတ္ျမန္ ေဒါသ ထြက္လြယ္တာေၾကာင့္ အႏၲရာယ္ အၿမဲ ရင္ဆိုင္ရတတ္တယ္။ စိတ္ျမန္ပုံကေတာ့ ဖိနပ္စီးရတာ ခက္ေနရင္ေတာင္ ဖိနပ္ကိုကန္ထုတ္ ရန္လုပ္ၿပီး ဖိနပ္မပါပဲ ေလွ်ာက္သြာတတ္တဲ့ သူမ်ိဳးပါ …။

ကိုယ္ကို လာေစာ္ကားလာရင္လဲ ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး။ ျဖစ္ခဲ့တာကို စဥ္းစားၿပီး စိတ္ထဲမွာ တစ္ႏုံ႔ႏုံ႔နဲ႔ ေတြးၿပီး ႀကိတ္မႏိုင္ခဲမရ ေဒါပြေနတတ္တယ္ …။

အဲဒီစိတ္ကေလးကို ထိန္းႏိုင္တဲ့ ေန႔ေရာက္ရင္ ခ်မ္းသာႀကီးပြားတဲ့ လမ္းေပၚကို စေရာက္တဲ့ေန႔ပါပဲ ။ ဘယ္သို႔ဆိုေစ “လူေျဖာင့္စိတ္တို” ဆိုတဲ့ စကားအတိုင္း အလြန္႐ိုးေျဖာင့္တဲ့ သူတစ္ေယာက္ပါပဲ …။

အႂကြင္း (၂) ေမာဟ

သိပ္ေတြေဝတတ္တယ္ ဘယ္အရာမဆို ဆုံးျဖတ္ခ်က္ကို ပိုင္ပိုင္ႏိုင္ မခ်ႏိုင္ဘူး ။အရာရာကို ေမ့ေလွ်ာ့ေနတတ္တယ္ ။ တစ္ခါတစ္ေလး ေငါင္ေတာင္ေတာင္နဲ႔ ေငးေမာေနတတ္တာေတာင္ေတြ႕ရတတ္ပါတယ္ ။ သီးသန႔္ေနလို႔ စိတ္ျပင္းတယ္ …။

ျပသနာတစ္ခု တစ္ေယာက္ထဲ မေျဖရွင္းႏိုင္ဘူး ေႁမြမေသ ဒုတ္မက်ိဳး လုပ္တတ္တယ္ ။ အလြန္ေတာ္တဲ့ ျဖန္ေျဖေရ း သမာေလး။ ၾကားဝင္ေျဖရွင္း ရမယ္ဆိုရင္ ႏွစ္ဖက္ႏွခြ ျမင္တတ္တဲ့သူ …။

အေျပာေအးေအးေလးနဲ႔ က်ေလာက္ေအာင္ ေျပာတတ္တဲ့သူ။ သူ႔ရဲ႕ ႐ိုးပုံေအးပုံေၾကာင့္ လူတိုင္းက ခင္ၾကတယ္ ။ သူကေတာ့ ေရာက္တဲ့ေနရမွာ ေပ်ာ္ေအာင္ေနမယ္ …။

ျပသနာေတြ႕ရင္ေတာင္ ဒါေတြကို ေမ့ေလွ်ာ့ၿပီး ကိုယ္လုပ္ခ်င္တာ လုပ္ေနမဲ့ သူပဲ ။ဒါ့ေၾကာင္ဘာကိုမွ ေလးေလးနက္နက္ မရွိဘူးလို႔ အထင္ခံရတတ္တယ္ ။ စကားသာ က်ေလာက္ေအာင္ေျပာတာ တစ္ခါတစ္ေလ ေရွ႕ေနာက္မညီ ေျပာၿပီးတာေတြ ေမ့တတ္ျပန္တယ္ …။

စိတ္ဓာတ္တတ္လြယ္ က်လြယ္တယ္ ။ အရာရာ မျပတ္မသား ေႏွာင့္ေႏွးလြန္းေတာ့ ဘဝအခြင့္အေရး ေတြ မၾကာခဏ လက္တစ္လုံးၾကား ဆုံးရႈံးရတတ္တယ္ …။

သူ႔ဘဝကို ႏိုင္ႏိုင္ႏွင္းႏွင္း ပဲ့ထိန္းေပတဲ့ သူရွိမွ သူဘဝက ဟန္က်မယ္ ။ ေနာက္ကတစ္ခ်ိန္လုံး လိုက္ေျပာေနမွ တန္႐ုံက်မွာ ။အေျပာခံရလို႔ စိတ္ဆိုးမွာေတာ့ မပူနဲ သူကဘယ္ေတာ့မွ မွတ္မထားလို႔ပါပဲ …။

အႂကြင္း (၃) ေမတၱာ

သူကေတာ့ ေမတၱာ ရွင္ႀကီးေပါ့ ။အားနာတတ္တယ္ ၊ယုံစားလြယ္တယ္ ၊သူတစ္ပါးအေပၚ ခြင့္လြတ္နားလည္စိတ္ရွိတယ္ ။ သည္းခံစိတ္ရွိတဲ႔ ေနရမွာ ႏွစ္ေယာက္မရွိဘူး ေအာခ်ရေလာက္တဲ့ အထိေပါ့ …။

အရာရာကို ရင္ဆိုင္ရဲတယ္။လူသားအားလုံးေအ ပၚေလးေလး စားစား ဆက္ဆံတတ္တယ္ ။ကိုယ့္ကိုယ္ကို အၿမဲ ႏွိမ့္ခ်ေနတတ္တယ္ …။

သူအေနနဲ႔ ႐ိုးေပမဲ့ သြားအထင္မေသးပါနဲ႔ သူ႔မွာခ်စ္တဲ ခင္တဲသူေတြ အလြန္ေပါတဲသူပါ ။လမ္းေလဂ်ပိုး လူမိုက္ကအစ လုပ္ငန္းရွင္ႀကီး အထိ သူ႔ကိုခင္ၾကတယ္ ။အေရးအေၾကာင္းဆို ကူညီဖို႔အသင့္ပဲ ။ျမင့္ျမတ္တဲံ့ စိတ္သေဘာထား အေပၚ လူတိုင္းက ေနရာေပး ဆက္ဆံၾကတယ္ …။

ရန္သူအေပၚမွာေတာင္ေမတၱာထား ေတာ့ ေဘးလူေတြနာမလည္ အားမလိုအား မရ ျဖစ္တတ္ၾကတယ္။ ဒါေပမဲ့ ရန္သူကိုေမတၱာနဲ႔ အဆုံးမွာ စည္း႐ုံးႏိုင္တဲ့ သူပါ ။စိတ္သေဘာထား ႀကီးတယ္ မဟုတ္တာ မလုပ္တဲ့သူ …။

ဘယ္သူ႔ကိုမဆို တန္ဖို႔းထားဆက္ဆံတတ္တယ္။အေျပာသမားမဟုတ္ဘူး လက္ေတြ႕ဆန္တယ္ ။ေအးေအးခ်မ္းခ်မ္းေနခ်င္တဲ့သူ။ အခ်စ္ေမတၱာ အေပၚ အေလးအနက္ထားတယ္ …။

အခက္အခဲ ကိုရင္ဆိုင္ရရင္ေတာင္ ေမတၱာ ေရွ႕ထားၿပီး ေအာင္ျမင္မႈကို ရယူတဲ့သူပါ ။ အားလုံးသိပါတယ္ ေအာင္ျခင္း(8)ပါးကို ျမတ္စြာဘုရားက ေမတၱာနဲ႔ ေအာင္ျမင္ခဲ့တာကိုေလ …။

အႂကြင္း (၄) ဂ႐ုဏာ

ရင္တဲမွာစာနာတတ္တယ္ ၊ ခံစားတတ္တယ္၊ ၾကင္နာတဲ့စိတ္အျပည့္ရွိေနတယ္ ။ သိပ္ကို ကိုယ္ခ်င္းစာတတ္တယ္။ ခ်စ္သူခင္သူျဖစ္ေစ သတၱဝါေတြကိုျဖစ္ေစ “သနားပါတယ္ေနာ္´´ဆိုၿပီး စာနာစိတ္နဲ႔ အၿမဲ ကူညီလို႔စိတ္ရွိတယ္ …။

သနားေအာင္ေျပာရင္ ဘယ္ေလာက္စိတ္ဆိုးေနပါေစ ခြင့္လႊတ္တယ္ ။ ဂ႐ုဏာသမားမို႔ ရန္သူကိုေတာင္ သနားတတ္တဲသူ ။စိတ္ဆိုးလဲ ခဏပဲ ။ရန္သူကို သူ႔ခမ်ာ ငါ့ကိုတစ္ခ်ိန္လုံး ရန္လိုေနတာ သနားပါတယ္တဲ့ေလ …။

ဒါေပမဲ သူကသူတစ္ပါးအေပၚ ဂ႐ုနာထားသလိုသူ႔အေပၚမွာ ဂ႐ုစိုက္မွ ေက်နပ္တတ္တဲသူ။ သူကိုဂ႐ုမစိုက္ဘူး အေလးမထာဘူး အခ်စ္ေပါ့တယ္လို႔ ထင္ရင္ စိတ္ေကာက္ၿပီး ဝုန္းတိုင္းက်ဲ အ႐ြဲ႕တိုက္တတ္သူပါ …။

ဝမ္းနည္းလြယ္တယ္ တစ္ဇြတ္ထိုးလုပ္တတ္တယ္ ။ ငါေကာင္းသေလာက္ ငါ့အေပၚမေကာင္းဘူးလို႔ စိတ္ဝင္ ဝမ္းနည္းသြာၿပီဆိုရင္ အျမန္ေလးသာ ေခ်ာ့လိုက္ပါ …။

လူပုံစံ စတိုင္၊ ဟန္ပန္က အစ ျပဳမူေျပာဆိုပုံက မာက်စ္က်စ္ ၊ဘုခြေျပာ၊ မသနားတတ္တဲ့ ၾကင္နာစိတ္မရွိတဲ့ သူလိုအျပင္ပန္းမွာ ေပၚေနတယ္ ။ တကယ္အတြင္းစိတ္ ရင္ထဲမွာေတာ့ ဂ႐ုဏာ အျပည့္ရွိတဲသူပါ ဂ႐ုဏာႀကီးတဲ့ ဟန္ေဆာင္ေနတဲ့ သူနဲေတာ့ တျခားစီေပါ့ …။

သူ႔သေဘာ သူ႔သဘာ၀ သူ႔မေနာကိုသိတဲ့ သူေတြကေတာ့ ေလးေလးစားစား နဲ႔ သူ႔အရိပ္ကို ခိုဝင္ၾကတယ္ ။ ဦးေဆာင္သူ ၊ဆရာေတြ ၊ သမားေတာ္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ က႐ုဏာရွင္ေတြေပါ့ …။

အႂကြင္း (၅) မုဒိတာ

မုဒိတာကို လက္ကိုင္ထားႏိုင္သူမ်ိဳးကေတာ့ ရွားပါးလွပါတယ္ ။သူကေတာ့ ရွားရွားပါးပါးထဲက သူတစ္ေယာက္မို႔ လူတစ္ေသာင္းမွာ တစ္ေယာက္ေတြ႕ခဲလွတဲ့ မုဒိတာ ပြားႏိုင္တဲ့ သူတစ္ေယာက္ေပါ့ …။

သူတစ္ပါးေအာင္ျမင္တာ ၊ခ်မ္းသာႂကြယ္ဝတာ ၊ ထြန္းထြန္းေပါက္ေပါက္ျဖစ္တာ၊နာမည္ႀကီးတာ ၊ေငြရတာ ၊အလုပ္တိုးတတ္တာ ေတြ႕ရင္ ကိုယ္ကပဲ ဒါေတြကို ခံစားေနရသလိုလိုနဲ႔ ပိတိျဖာၿပီး ေဘးကေနၾကည္ႏူးေနတတ္တဲ့ သူမ်ိဳး ဒီကမာၻမွား ရွားပါတဲသူေပါ့ …။

မနာလို ဝန္တိုစိတ္မရွိဘူးအတင္းအဖ်င္းမေျပာတတ္ဘူး ၊ျမင့္ျမတ္တဲ့ စိတ္ရွိတယ္ ။အရာရာ ရင္ထဲ ခံစားၿပီးမွ လုပ္တတ္ေျပာတတ္တဲ့သူ ။မွန္ကန္ ျမင့္ျမတ္တဲ့စိတ္ေၾကာင့္ေအာင္ျမင္မႈ ထိပ္တန္းေရာက္တယ္ …။

ကိုယ္က သူတစ္ပါးကို ေဝဖန္တိုက္ခိုက္တာ ၊သူတစ္ပါးကို ငယ္က်ိဳးငယ္နာ ေဖာ္ၿပီး ဒုကၡေပးတာမ်ိဳးလုံးဝမုန္းတီးတယ္ ။ ကိုယ္ကလဲ မလုပ္ဘူး၊လုပ္ရပ္ေတြကိုလဲ လက္မခံဘူး ။ေရွာင္ရွားတယ္ …။

သူတစ္ပါ း အားနည္ခ်က္အားသာခ်က္ကို ေဖာ္ထုတ္ၿပီး ခ်ီက်ဴးၿပီးေကာင္းတဲ့ အျပဳသေဘာေတြကို အႀကံေပးမႈေလးေတြေၾကာင့္ သူ႔ကိုခ်စ္ခင္သူေတြေပါတယ္ ။မနာလိုဝန္တိုစိတ္မရွိပဲ သူတစ္ပါးအေပၚ မွ်ေဝခံစား တတ္လို႔ ႀကီပြားေအာင္ျမင္မွာ မလြဲပါဘူး …။

အရာရာ အေပၚမွာ ရင္ထဲက လႈိက္လႈိက္လဲွလွဲ နဲ႔ ျဖစ္ထြန္းေစသလို ကိုယ္တိုင္လဲ ေျဖာင့္ေျဖာင့္ မွႏ္ွမွန္နဲ႔အၿမဲႀကိဳးစားေနတဲ့ ျမင့္ျမတ္တဲ့ ႏွလံုံးသား ပိုင္ရွင္တစ္ဦးပါ …။

အႂကြင္း (၆) ဥေပကၡာ

အလြန္ထူးျခားတဲ့ ႏွလုံးသားပိုင္ရွင္ေပါ့။ ဘာသိဘာသာ ေအးေအးေဆေဆးပဲ ေနတတ္တယ္ ။ သူုတစ္ပါးကိစၥေတြကိုလဲ ကိုယ္နဲ႔မဆိုင္ေအာင္ အၿမဲႀကိဳးစာေနတတ္တယ္။ ဝင္ၿပီး စြတ္ဖက္တဲ့ သဘာ၀ ကင္းတယ္ …။

ရန္သူကိုေတာင္ ေဒါသထြက္ၿပီး ရင္မဆိုင္ပဲ မသိသလို႔ ကိုယ့္ကို ရန္လုပ္တာ မဟုတ္သလို႔ ခပ္မဆိတ္ေနတတ္တယ္။ ဥေပကၡာျပဳ ေက်ာခိုင္းေနတတ္တယ္ တည္ၾကည္တည္ၿငိမ္ၿပီး လူးသားအာလုံးကို ကိုယ္စိတ္က မွန္တယ္ထင္တာ လုပ္ေနၾကတာပဲတဲ့ …။

ဘာဝင္စြတ္ဖက္စရာလို႔လဲဆိုတဲ့ သေဘာ ထားတတ္တယ္ ။ ကိုယ့္ကိစၥနဲ႔ ဆိုင္တဲ့ ဝန္းက်င္အလုပ္ကို စူးစူးစိုက္စိုက္ လုပ္တတ္လို႔ ေအာင္ျမင္ႀကီးပြားၾကပါတယ္ ။ ထူးျခားခ်က္က အေနေအးၿပီး အရာရာ ကိုမသိဘူးမထင္နဲ႔ ။ အရာရာကို သိတယ္ ေလ့လာတယ္ …။

ပတ္ဝန္းက်င္ကို အၿမဲ ေလ့လာေနတယ္ ။ျဖစ္ေပၚလာတဲ့ အေၾကာင္ း ဆက္ေတြအေပၚ နားလည္လြန္းလို႔ အရာရာကို အျပစ္မျမင္ပဲ ေနတတ္တဲ့သူ …။

အခက္အခဲေတြ ၊ ဒုကၡေတြကို သူ႔ဆီမွာ အကူညီေတာင္း ၾကည့္။ ကိုယ့္ျပသနာ တစ္ခုကို သူ႔ျပသနာတစ္ခုလို လႈိက္လႈိက္လွဲလွဲ သေဘာထာၿပီး ကူညီမွာေသခ်ာတယ္ ။ကိုယ္နဲ႔ မပတ္သက္သမွ် ဝင္မပါဘူး …။

ကိုယ္နဲ မိတ္ဆက္မေပးသမွ် မည္မွ်မ်က္မွန္းတန္းေနပါေစ ၿပဳံးျပႏႈတ္ဆက္မွာမဟုတ္ဘူး ။ ယဥ္ေက်းတယ္ သိမ္ေမြ႕တယ္ ၊ အေရႀကဳံလာရင္ တကယ္အားထားရတယ္ ။ အကယ္ကို အျမင္ၾကည္လင္တဲ့ သူေတြေပါ့ …။

တစ္ေန႔မွာသူဟာ ဘာသာ သာသနာအတြက္ တန္ဖိုးရွိတဲ့လူတစ္ေယာက္ျဖစ္ႏိုင္သူ ေတြလို႔ ေရွးပညာရွိေတြက ဆိုၾ႕ပါတယ္ …။

(စံံဇာဏီဘို)

တိုးတက္ေရာင္ျခည္စာၾကည့္တိုက္

Unicode

လူတစ်ယောက်၏ ပင်ကိုယ်စရိုက် တွက်ကြည့်နည်း…

လူတစ်ယောက်စီမှာ ပင်ကိုယ် `ဗီဇ´ လေးတွေ ပါလာတတ်ပါတယ်။ ပြင်ဖို့မကြိုးစားနဲ့၊ ကြိုသိထား။ ဆယ့်ရှစ်နှစ် ပြည့်ပြီးရင် ခေါက်ရိုးကျိုးသွားပါပြီ …။

(ဝ) လောဘကြီးသူ (အလိုဆန္ဒပြင်းပြသူ၊ အကျိုးရှိအောင်လုပ်)

(၁) ဒေါသကြီးသူ (လူတကာကို လိုက်ဆဲတတ်သူ ၊ ပြတ်သားသူ)

(၂) မောဟစိတ်လွန်ကဲသူ (ထိုင်းမှိုင်းသူ၊ ရန်မလိုသူ)

(၃) မေတ္တာစိတ်ရှိသူ (ခင်တတ်မင်တတ်သူ)

(၄) ဂရုဏာစိတ်များသူ (သနားငဲ့ကွက်တတ်သူ)

(၅) မုဒိတာ စိတ်များသူ (အကုန်သူ ကြီးပွားတာ ဝမ်းမြောက်တတ်သူ)

(၆) ဥပေက္ခာသမား ( ကိုယ်ဖြစ်ကိုယ်ခံဟု သဘောထားသူ၊ လှည့်မကြည့်ပဲ ထားတတ်သူ) ဆိုပြီး (၇)မျိုး ခွဲခြားထားပါတယ် …။

တွက်နည်းကတော့ လွယ်ပါတယ်။ ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။ ရတဲ့ အဖြေ (၇) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲပင်ကိုယ်စရိုက်ပေါ့ …။

ဥပမာ –

သင့် မွေးသက္ကရာဇ်က ၁၃၅၃- ခု သောကြာသားဆိုရင် ၆-ပေါ့။ ၁၃၅၃+၆=၁၃၅၉

၁၃၅၉÷၇=၁ ( ကြွင်းတော့ – ဒေါသကြီးသူပေါ့ )

ကဲ ! အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ …။

အကြွင်း (0) လောဘ

သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်ရဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး။ ဒီထက်သာယာတဲ့ဘဝကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် …။

ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့သူပါ …။

လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ဝန်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ်။ ချမ်းသာချင်ကိုလည်း ရမဲ့သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လားတရားမဝင်လားတွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ …။

ဘယ်လိုပဲ ဖြစ်ပါစေ သူကဘဝကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘဝကို ပိုင်ဆိုင်ရမှာ အမှန်ပါပဲ …။

အကြွင်း (၁) ဒေါသ

စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ဝင်ပါဖို့ ဝင်ပြောဖို့ ဝန်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်ပါတယ် …။

စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် …။

ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။

သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုးပါ …။

ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် …။

အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ “လူဖြောင့်စိတ်တို” ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါပဲ …။

အကြွင်း (၂) မောဟ

သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့ စိတ်ပြင်းတယ် …။

ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တတ်တဲ့သူ …။

အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့ရဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် …။

ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် …။

စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘဝအခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် …။

သူ့ဘဝကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘဝက ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါပဲ …။

အကြွင်း (၃) မေတ္တာ

သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲ့ နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့ အထိပေါ့ …။

အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပါ်လေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် …။

သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် …။

ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့ အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ …။

ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် …။

အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူပါ ။ အားလုံးသိပါတယ် အောင်ခြင်း(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ …။

အကြွင်း (၄) ဂရုဏာ

ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တဝါတွေကိုဖြစ်စေ “သနားပါတယ်နော်´´ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် …။

သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ …။

ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ဝုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူပါ …။

ဝမ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက် ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ဝမ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ …။

လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြားစီပေါ့ …။

သူ့သဘော သူ့သဘာ၀ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ …။

အကြွင်း (၅) မုဒိတာ

မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ …။

သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမာ္ဘမှား ရှားပါတဲသူပေါ့ …။

မနာလို ဝန်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှု ထိပ်တန်းရောက်တယ် …။

ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် …။

သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး …။

အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့ နှလုံံးသား ပိုင်ရှင်တစ်ဦးပါ …။

အကြွင်း (၆) ဥပေက္ခာ

အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ဝင်ပြီး စွတ်ဖက်တဲ့ သဘာ၀ ကင်းတယ် …။

ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်က မှန်တယ်ထင်တာ လုပ်နေကြတာပဲတဲ့ …။

ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ဝန်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် …။

ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ …။

အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ဝင်မပါဘူး …။

ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ …။

တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုြ့ပါတယ် …။

(စံဇာဏီဘို)

တိုးတက်ရောင်ခြည်စာကြည့်တိုက်