အသက္ႀကီးလာတဲ့ မိဘေတြကို ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကား ၆ ခြန္း

အသက္ႀကီးလာတဲ့ မိဘေတြကို ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကား ၆ ခြန္း

လူတိိုင္းမွာ အသက္ႀကီးသြားမယ့္ အခ်ိန္တစ္ခ်ိန္ဆိုတာ ရွိပါတယ္။ လူေတြက အသက္အရြယ္နဲ႔ အမွ် ခံစားခ်က္ေတြလည္း ေျပာင္းလာတတ္ၾကပါေသးတယ္။

လူတိုင္းမွာ အသက္ႀကီးသြားတဲ့ အခ်ိန္ဆိုတာ ရွိၿပီး အသက္ႀကီးတဲ့အခါမွာလည္း ခံစားရတာေတြ ရွိပါတယ္။

ဒီလို အသက္ႀကီးလာၿပီ ျဖစ္တဲ့ မိဘေတြ ပိုင္ဆိုင္ထားၿပီဆိုရင္ေတာ့ ဒီလို စကားေတြကို သင္ လံုးဝ မေျပာသင့္ပါဘူးေနာ္။

(၁) အေမတို႔ ဘာမွ မသိပါဘူး

မိဘေတြနဲ႔ ကိုယ္က ေခတ္ကြာသလို လူ႔ပတ္ဝန္းက်င္ အယူအဆေတြလည္း ကြာေနပါေသးတယ္။ ကိုယ့္ေခတ္နဲ႔ ကိုယ္ ျဖတ္သန္းၾကတဲ့သူဆိုတာကို မေမ့သင့္ပါဘူး။

ဒီလို ကြာဟခ်က္ေၾကာင္ သူ႔အေတြးနဲ႔ သူ ေျပာမိတာကို သင္က အေမတို႔ အေဖတို႔ ဘာမွမသိပါဘူးဆိုၿပီး ေျပာလိုက္တာက သူတို႔ရဲ႕ ေစတနာေတြကို ပိတ္ပင္လိုက္သလို ျဖစ္သြားေစပါတယ္။ ၿပီးေတာ့ စိတ္မေကာင္းလည္း ျဖစ္သြားမွာပါ။

(၂) ကိုယ့္ဘာသာ ေအးေအး ေနစမ္းပါ

သားသမီးေတြက မ်ားေသာအားျဖင့္ အသက္ႀကီးလာတဲ့ မိဘေတြကို ပင္ပန္းတာမ်ိဳး ထပ္မျဖစ္ေစခ်င္ၾကပါဘူး။

ဒါေၾကာင့္ ဂရုဏာေဒါေသာ ျဖစ္မိသြားတတ္ၾကတဲ့အခ်ိန္တိုင္းမွာ ကိုယ့္ဘာသာ ေအးေအး ေနပါ ေအးေအး ေနလို႔ ရရဲ႕သားနဲ႔ ဘာေတြ လုပ္ေနတာလဲလို႔ ေျပာတဲ့အခါ မိဘေတြကို စိတ္မေကာင္းျဖစ္ေစတတ္ပါတယ္။

ကိုယ့္ကို အသံုးမဝင္တဲ့ အရာတစ္ခုလို ခံစားရသြားေစပါတယ္။

(၃) ဘယ္ႏွစ္ခါ ေျပာရမလဲ

အသက္ႀကီးလာတဲ့ ခႏၶာကိုယ္က မွတ္ဉာဏ္ေတြကလည္း ငယ္ငယ္ကလို မျဖစ္ႏိုင္ပါဘူး။ သင္က အသက္ႀကီးတဲ့ မိဘ ရွိေနရင္ ဒါကို နားလည္ထားသင့္ပါတယ္။

သင္ ေျပာလိုက္တဲ့အရာေတြကို သူ႔ဦးေႏွာက္က မွတ္သားခ်င္မွ မွတ္သားႏိုင္တာပါ။ သင္က ဒီလို စိတ္မရွည္ဘဲ အျပစ္တင္တဲ့အခါ သင့္မိဘေတြ စိတ္ထဲ သူတို႔ကိုယ္ သူတို႔ အေႏွာင့္အယွက္ ျဖစ္ေနမိၿပီလားလို႔ ေတြးသြားရေစႏိုင္ပါတယ္။

(၄) အေမ ဒါေတြ လုပ္စရာ မလုိပါဘူး

သားသမီးေတြက အသက္ႀကီးလာတဲ့ မိဘေတြကို ထိခိုက္မိတာ လြယ္လို႔ ၿငိမ္ၿငိမ္ေလး ေနတာကို ပိုၿပီး သေဘာက်တတ္ၾကပါတယ္။

ဒါေၾကာင့္ မိဘေတြ သက္ေတာင့္သက္သာ ေနႏိုင္ဖို႔ ဖန္တီးေပးတတ္ပါတယ္။ ဒီလို ဖန္တီးေပးရင္ေတာင္မွ မိဘေတြက တစ္ခုမဟုတ္ တစ္ခု လုပ္ေနတတ္ပါတယ္။ ဒါက သူတို႔ကိုယ္္ သူတို႔ လူပိုတစ္ေယာက္လို အသံုးမဝင္ေတာ့သလို မခံစားရခ်င္တာေၾကာင့္ ျဖစ္ပါတယ္။

(၅) အေမ မေမာဘူးလား

အသက္ႀကီးလာတဲ့သူေတြက စကားေျပာေဖာ္ ပိုၿပီး လိုအပ္လာပါတယ္။ တစ္ဘဝလံုး ျဖတ္သန္းခဲ့တာေတြထဲက သူတို႔အတြက္ အမွတ္ရစရာေတြကို စကားေျပာေဖာ္ရွိတာနဲ႔ ေျပာတတ္ၾကပါတယ္။

ဒါကေတာ့ အရြယ္ေၾကာင့္ ျဖစ္တဲ့အရာပါ။ ဒါကို သင္က နားၿငီးၿပီး အေမ မေမာဘူးလား သိၿပီးသားေတြ ဘာလို႔ ထပ္တလဲလဲ ေျပာေနလဲ စတဲ့ စကားမ်ိဳးနဲ႔ တုန္႔ျပန္လိုက္ရင္ေတာ့ သင့္မိဘ စိတ္မေကာင္း ျဖစ္သြားမွာပါ။

(၆) ရွင္းျပလည္း သိမွာ မဟုတ္ဘူး

ေခတ္အရ ေျပာင္းလဲလာတာေတြ ရွိပါတယ္။ အသက္ႀကီးလည္း လူေတြက ကိုယ္နဲ႔ မရင္းႏွီးတဲ့ အရာေတြကို သိလိုစိတ္က ရွိၾကပါတယ္။ ဒါေၾကာင့္ သူတို႔ သိခ်င္တာရွိရင္ ေမးေနတတ္ပါတယ္။

သင္က ရွင္းျပလိုက္ေပမယ့္ နားမလည္တာ မ်ားေနတဲ့အခါ ေနာက္အႀကိမ္ေတြမွာ သင္က အေမ့ကို ရွင္းျပလည္း နားလည္မွာမွ မဟုတ္တာလို႔ ပိတ္ေျပာလိုက္တာမ်ိဳးက သင္က မိဘေတြကို စိတ္မရွည္ဘူး သင္က မိဘေတြကို အခ်ိန္ေပးဖို႔ မလိုလားတဲ့ သေဘာ သက္ေရာက္သြားေစလို႔ လံုးဝ မလုပ္သင့္ပါဘူးေနာ္။

Kham

Unicode

အသက်ကြီးလာတဲ့ မိဘတွေကို ဘယ်တော့မှ မပြောသင့်တဲ့ စကား ၆ ခွန်း

လူတိုင်းမှာ အသက်ကြီးသွားမယ့် အချိန်တစ်ချိန်ဆိုတာ ရှိပါတယ်။ လူတွေက အသက်အရွယ်နဲ့ အမျှ ခံစားချက်တွေလည်း ပြောင်းလာတတ်ကြပါသေးတယ်။

လူတိုင်းမှာ အသက်ကြီးသွားတဲ့ အချိန်ဆိုတာ ရှိပြီး အသက်ကြီးတဲ့အခါမှာလည်း ခံစားရတာတွေ ရှိပါတယ်။

ဒီလို အသက်ကြီးလာပြီ ဖြစ်တဲ့ မိဘတွေ ပိုင်ဆိုင်ထားပြီဆိုရင်တော့ ဒီလို စကားတွေကို သင် လုံးဝ မပြောသင့်ပါဘူးနော်။

(၁) အမေတို့ ဘာမှ မသိပါဘူး

မိဘတွေနဲ့ ကိုယ်က ခေတ်ကွာသလို လူ့ပတ်ဝန်းကျင် အယူအဆတွေလည်း ကွာနေပါသေးတယ်။ ကိုယ့်ခေတ်နဲ့ ကိုယ် ဖြတ်သန်းကြတဲ့သူဆိုတာကို မမေ့သင့်ပါဘူး။

ဒီလို ကွာဟချက်ကြောင် သူ့အတွေးနဲ့ သူ ပြောမိတာကို သင်က အမေတို့ အဖေတို့ ဘာမှမသိပါဘူးဆိုပြီး ပြောလိုက်တာက သူတို့ရဲ့ စေတနာတွေကို ပိတ်ပင်လိုက်သလို ဖြစ်သွားစေပါတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်သွားမှာပါ။

(၂) ကိုယ့်ဘာသာ အေးအေး နေစမ်းပါ

သားသမီးတွေက များသောအားဖြင့် အသက်ကြီးလာတဲ့ မိဘတွေကို ပင်ပန်းတာမျိုး ထပ်မဖြစ်စေချင်ကြပါဘူး။

ဒါကြောင့် ဂရုဏာဒေါသော ဖြစ်မိသွားတတ်ကြတဲ့အချိန်တိုင်းမှာ ကိုယ့်ဘာသာ အေးအေး နေပါ အေးအေး နေလို့ ရရဲ့သားနဲ့ ဘာတွေ လုပ်နေတာလဲလို့ ပြောတဲ့အခါ မိဘတွေကို စိတ်မကောင်းဖြစ်စေတတ်ပါတယ်။

ကိုယ့်ကို အသုံးမဝင်တဲ့ အရာတစ်ခုလို ခံစားရသွားစေပါတယ်။

(၃) ဘယ်နှစ်ခါ ပြောရမလဲ

အသက်ကြီးလာတဲ့ ခန္ဓာကိုယ်က မှတ်ဉာဏ်တွေကလည်း ငယ်ငယ်ကလို မဖြစ်နိုင်ပါဘူး။ သင်က အသက်ကြီးတဲ့ မိဘ ရှိနေရင် ဒါကို နားလည်ထားသင့်ပါတယ်။

သင် ပြောလိုက်တဲ့အရာတွေကို သူ့ဦးနှောက်က မှတ်သားချင်မှ မှတ်သားနိုင်တာပါ။ သင်က ဒီလို စိတ်မရှည်ဘဲ အပြစ်တင်တဲ့အခါ သင့်မိဘတွေ စိတ်ထဲ သူတို့ကိုယ် သူတို့ အနှောင့်အယှက် ဖြစ်နေမိပြီလားလို့ တွေးသွားရစေနိုင်ပါတယ်။

(၄) အမေ ဒါတွေ လုပ်စရာ မလိုပါဘူး

သားသမီးတွေက အသက်ကြီးလာတဲ့ မိဘတွေကို ထိခိုက်မိတာ လွယ်လို့ ငြိမ်ငြိမ်လေး နေတာကို ပိုပြီး သဘောကျတတ်ကြပါတယ်။

ဒါကြောင့် မိဘတွေ သက်တောင့်သက်သာ နေနိုင်ဖို့ ဖန်တီးပေးတတ်ပါတယ်။ ဒီလို ဖန်တီးပေးရင်တောင်မှ မိဘတွေက တစ်ခုမဟုတ် တစ်ခု လုပ်နေတတ်ပါတယ်။ ဒါက သူတို့ကိုယ် သူတို့ လူပိုတစ်ယောက်လို အသုံးမဝင်တော့သလို မခံစားရချင်တာကြောင့် ဖြစ်ပါတယ်။

(၅) အမေ မမောဘူးလား

အသက်ကြီးလာတဲ့သူတွေက စကားပြောဖော် ပိုပြီး လိုအပ်လာပါတယ်။ တစ်ဘဝလုံး ဖြတ်သန်းခဲ့တာတွေထဲက သူတို့အတွက် အမှတ်ရစရာတွေကို စကားပြောဖော်ရှိတာနဲ့ ပြောတတ်ကြပါတယ်။

ဒါကတော့ အရွယ်ကြောင့် ဖြစ်တဲ့အရာပါ။ ဒါကို သင်က နားငြီးပြီး အမေ မမောဘူးလား သိပြီးသားတွေ ဘာလို့ ထပ်တလဲလဲ ပြောနေလဲ စတဲ့ စကားမျိုးနဲ့ တုန့်ပြန်လိုက်ရင်တော့ သင့်မိဘ စိတ်မကောင်း ဖြစ်သွားမှာပါ။

(၆) ရှင်းပြလည်း သိမှာ မဟုတ်ဘူး

ခေတ်အရ ပြောင်းလဲလာတာတွေ ရှိပါတယ်။ အသက်ကြီးလည်း လူတွေက ကိုယ်နဲ့ မရင်းနှီးတဲ့ အရာတွေကို သိလိုစိတ်က ရှိကြပါတယ်။ ဒါကြောင့် သူတို့ သိချင်တာရှိရင် မေးနေတတ်ပါတယ်။

သင်က ရှင်းပြလိုက်ပေမယ့် နားမလည်တာ များနေတဲ့အခါ နောက်အကြိမ်တွေမှာ သင်က အမေ့ကို ရှင်းပြလည်း နားလည်မှာမှ မဟုတ်တာလို့ ပိတ်ပြောလိုက်တာမျိုးက သင်က မိဘတွေကို စိတ်မရှည်ဘူး သင်က မိဘတွေကို အချိန်ပေးဖို့ မလိုလားတဲ့ သဘော သက်ရောက်သွားစေလို့ လုံးဝ မလုပ်သင့်ပါဘူးနော်။

Kham