“ဇူလိုင္ ၃၀ရက္ ေရႊတိိဂုံေစတီေတာ္ႀကီး အပါအ၀င္ ဘုရားေစတီမ်ားအားလုံး ဖြင္႔ျပီ”

“ဇူလိုင္ ၃၀ရက္ ေရႊတိိဂုံေစတီေတာ္ႀကီး အပါအ၀င္ ဘုရားေစတီမ်ားအားလုံး ဖြင္႔ျပီ”

ေ႐ႊတိဂုံေစတီေတာ္ႀကီး အပါအဝင္ ရန္ကုန္တိုင္းအတြင္းရွိ ဘုရားေစတီမ်ား အားလုံး ဇူလိုင္ ၃၀ ရက္တြင္ ျပန္ဖြင့္မည္ … ။

သမိုင္ဝင္း ေ႐ႊတိဂုံေစတီေတာ္ အပါအဝင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ဘုရားေစတီေတာ္မ်ား အားလုံးကို ဇူလိုင္ ၃၀ ရက္တြင္ ျပန္လည္ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္ကာလအတြင္း ေရာဂါျဖစ္ပြားမႈပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ဘုရားေစတီမ်ား အားလုံးကို ၿပီးခဲ့သည့္ မတ္လမွ စတင္၍ ဖူးေျမာ္ခြင့္ကို ယာယီ ပိတ္ထားခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ဘုရားေစတီေတာ္မ်ား အားလုံးကို ဇူလိုင္ ၃၀ ရက္ နံနက္ ၄ နာရီမွစ၍ ကိုဗစ္ေရာဂါေၾကာင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္

အမိန႔္၊ ၫႊန္ၾကားခ်က္မ်ား၊ စည္းကမ္းခ်က္မ်ားႏွင့္အညီ ဖြင့္လွစ္ေဆာင္႐ြက္ႏိုင္ေရး ေဂါပကအဖြဲ႕မ်ားအား ဆက္လက္အသိေပးေဆာင္႐ြက္သြားရန္

ဇူလိုင္၂၈ ရက္ ရက္စြဲျဖင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ကိုယ္စား ဒုၫႊန္ၾကားေရးမႉး ေဒၚခင္လွျမင့္က လက္မွတ္ထိုးထားသည္ အေၾကာင္းၾကားစာ ထုတ္ျပန္ထားသည္။

“ရန္ကုန္ထဲမွာရွိတဲ့ ဘုရားေတြ သုံးဆယ္ရက္ေန႔ဖြင့္မယ္ဆိုတာ ဟုတ္ရင္လည္း ဟုတ္ေလာက္တယ္။ ဒါေပမယ့္ ဗိုလ္တေထာင္ ဘုရားမွာေတာ့ လက္ရွိ တည္ေဆာက္ေရး လုပ္ငန္းေတြ လုပ္ေနတယ္။

တည္ေဆာင္ေရး လုပ္ငန္းေတြက အာ႐ုံခံတန္ေဆာင္း တည္ေဆာက္တဲ့လုပ္ငန္းေတြ၊ ေႂကြျပာခင္းတဲ့ လုပ္ငန္းေတြ၊ ေရစီေရလာေကာင္းဖို႔ ေရေျမာင္းတူးတဲ့ လုပ္ငန္းေတြ လုပ္တဲ့အတြက္ေၾကာင့္

လူေတြ လာေရာက္ဖူးရင္ ေနရာအခက္အခဲျဖစ္တဲ့ အတြက္ေၾကာင့္ ေလာေလာဆယ္ လကုန္တဲ့အထိ ကြၽန္ေတာ္တို႔ ဗိုလ္တေထာင္ဘုရားကို ဖြင့္ဖို႔ အစီအစဥ္ မရွိေသးဘူး”ဟု

ဗိုလ္တေထာင္ေစတီေတာ္ ေဂါပကအဖြဲ႕႐ုံးအဖြဲ႕မႉး ဦးေက်ာ္ႏိုင္ထြန္းက ေျပာသည္။

ရန္ကုန္တိုင္ေဒးသႀကီး ၿမိဳ႕တြင္းဧရိယာအတြင္းရွိ ဘုရားေစတီမ်ားအား ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီ းဦးေဆာင္သည့္ စစ္ေဆးေရးအဖြဲ႕မွ ႀကီးၾကပ္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း၊

ၿမိဳ႕ျပင္ရွိ ဘုရား၊ေစတီမ်ားအား သက္ဆိုင္ရာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမ်ားမွ ကိုဗစ္ေကာ္မတီဝင္မ်ားျဖင့္ စစ္ေဆးေဆာင္႐ြက္သြားရန္၊ စစ္ေဆးၿပီးစီးမႈအား မေစာင့္ဆိုင္းဘဲ

ဇူလိုင္ ၃၀ရက္ေန႔မွစ၍ ဖြင့္လွစ္ေပးသြားရန္ႏွင့္ အဖြဲ႕မ်ားမွလည္း သတ္မွတ္ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ထားမႈအေျခအေနအား စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ယင္းအေၾကာင္းၾကားစာတြင္ေဖာ္ျပထားသည္။

TCM

Unicode

“ဇူလိုင် ၃၀ရက် ရွှေတိဂုံစေတီတော်ကြီး အပါအဝင် ဘုရားစေတီများအားလုံး ဖွင့်ပြီ”

ရွှေတိဂုံစေတီတော်ကြီး အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီများ အားလုံး ဇူလိုင် ၃၀ ရက်တွင် ပြန်ဖွင့်မည် … ။

သမိုင်ဝင်း ရွှေတိဂုံစေတီတော် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီတော်များ အားလုံးကို ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း ရောဂါဖြစ်ပွားမှုပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီများ အားလုံးကို ပြီးခဲ့သည့် မတ်လမှ စတင်၍ ဖူးမြော်ခွင့်ကို ယာယီ ပိတ်ထားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီတော်များ အားလုံးကို ဇူလိုင် ၃၀ ရက် နံနက် ၄ နာရီမှစ၍ ကိုဗစ်ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်

အမိန့်၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ဂေါပကအဖွဲ့များအား ဆက်လက်အသိပေးဆောင်ရွက်သွားရန်

ဇူလိုင်၂၈ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဒုညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်က လက်မှတ်ထိုးထားသည် အကြောင်းကြားစာ ထုတ်ပြန်ထားသည်။

“ရန်ကုန်ထဲမှာရှိတဲ့ ဘုရားတွေ သုံးဆယ်ရက်နေ့ဖွင့်မယ်ဆိုတာ ဟုတ်ရင်လည်း ဟုတ်လောက်တယ်။ ဒါပေမယ့် ဗိုလ်တထောင် ဘုရားမှာတော့ လက်ရှိ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေတယ်။

တည်ဆောင်ရေး လုပ်ငန်းတွေက အာရုံခံတန်ဆောင်း တည်ဆောက်တဲ့လုပ်ငန်းတွေ၊ ကြွေပြာခင်းတဲ့ လုပ်ငန်းတွေ၊ ရေစီရေလာကောင်းဖို့ ရေမြောင်းတူးတဲ့ လုပ်ငန်းတွေ လုပ်တဲ့အတွက်ကြောင့်

လူတွေ လာရောက်ဖူးရင် နေရာအခက်အခဲဖြစ်တဲ့ အတွက်ကြောင့် လောလောဆယ် လကုန်တဲ့အထိ ကျွန်တော်တို့ ဗိုလ်တထောင်ဘုရားကို ဖွင့်ဖို့ အစီအစဉ် မရှိသေးဘူး”ဟု

ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းက ပြောသည်။

ရန်ကုန်တိုင်ဒေးသကြီး မြို့တွင်းဧရိယာအတွင်းရှိ ဘုရားစေတီများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊

မြို့ပြင်ရှိ ဘုရား၊စေတီများအား သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ကိုဗစ်ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားရန်၊ စစ်ဆေးပြီးစီးမှုအား မစောင့်ဆိုင်းဘဲ

ဇူလိုင် ၃၀ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားရန်နှင့် အဖွဲ့များမှလည်း သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှုအခြေအနေအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။

TCM