တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (27-7-2020 to 2-8-2020)

တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (27-7-2020 to 2-8-2020)

တနင်္ဂနွေသားသမီး

အမွေအနှစ်များရရှိတတ်သလိုတန်ဖိုးရှိသောကျောက်မျက်ရတနာများရရှိတတ်ပါသည် နေအိမ်တွင်ပျားစွဲတာ ဌက်အသိုက်လာလုပ်တာမျိူးတွေ ကြုံရတတ်ပါသည်

အကယ်၍ထိုသို့ကြုံရပါက ထိုအောက်ခြေတွင်ရွှေရည်ငွေရည် မကြာခဏလောင်း၍ ရွှေပျားငွေပျားများ အခုလိုလာရောက်တာ ကြိုဆိုပါတယ်ဟုပြောပေးပါ မကြာခဏလုပ်ပါ

ထူးခြားစွာထီဆုကြီးများထပေါက်ပါလိမ့်မည် ကျန်းမာရေးတွင် ဇက်ကြောများလေးလံ၍မလှုပ်ချင်မကိုင်ချင်ဖြစ်နေပါလိမ့်မည်

ငယ်ရွယ်သူများအချစ်ရေးတွင် အိုးချင်းထားအိုးချင်းထိကြိုးချင်းထားကြိုးချင်းငြိဆိုသလို ရည်းစားကိုယ်စီရှိကြပေမယ့် အနေနီးသောလုပ်ဖော်ကိုင်ဖက်မိတ်ဆွေအပေါ်သံယောဇဉ်ပိုနေမိမည်

ထီ၃၉ပါသောထီထိုးပါ ယတြာ ဘုန်းကြီးကျောင်းတွင်ဆွမ်းဟင်းခွက်ဗူးလေးတွေလှူ ပေးပါ

တနင်္လာသားသမီး

ခရီးဝေးထွက်ရတတ်သောကာလပါ မီးရထားခရီးတွေအထူးရှောင်ပါ ထူးထူးခြားခြားအိပ်မက်များမြင်မက်ပါလိမ့်မည် မရောက်ဘူးသေးသောဒေသများကိုလည်းရောက်ရှိပါမည်

ထူးခြားသောအဆောင်ကျောက်လေးများလည်းဝင်လာပါလိမ့်မည် ကျန်းမာရေးတွင်မျက်ရိုးများကိုက်၍မျက်စိမှုန်လာတတ်ပါသည်ငယ်ရွယ်သူများအချစ်ရေးတွင်အလွန်ကံကောင်းနေပါမည်စန်းလည်းအလွန်ပွင့်နေပါလိမ့်မည်

ထီ ၁၈ပါသောထီထိုးပါ ယတြာ တနင်္လာထောင့်တွင်ဂန္ဓမာပန်း၂ပွင့်လှူ ဒါန်းပေးပါ

အင်္ဂါသားသမီး

အစည်းအဝေးတွေမကြာခဏတက်နေရတတ်ပါသည် ငွေမရဘဲလူမုန်းခံရသောအလုပ်တွေလုပ်နေမိတတ်ပါသည် ငယ်ပေါင်းမိတ်ဆွေများနှင့်ပြန်လည်တွေ့ဆုံခွင့်ရရှိပါမည်

သားသမီးဆွေမျိူးကျန်းမာရေးချူချာမူကြောင့်ငွေအကုန်အကျများနေပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်အနေဝေးပေမယ့်ပို၍ပို၍လွမ်းနေရမည်တမ်းတသတိရနေရမည်

ထီ၁၄ပါသောထီထိုးပါ ယတြာ ရာဟုထောင့်နှင့်စနေထောင့်တွင်ရေသက်စေ့လောင်းလှူ ပါသန့်ရှင်းရေးပြုလုပ်ပါ

ဗုဒ္ဓဟူးသားသမီး

အိမ်ထောင်ရေးကိစ္စမှာ ငွေကြေးအဆင်မပြေမူကြောင့် စိတ်မချမ်းမသာဖြစ်နေရမည် တန်ဖိုးမရှိသောကျောက်တွေ အဝင်မခံသင့်သောကာလပါ လာဘ်ပိတ်တတ်ပါသည်

အနက်ရောင်အသုံးအဆောင်အဝတ်အစားတွေ ရှောင်ပါ အစိမ်းရောင်အသုံးအဆောင်တွေ များများသုံးပေးခြင်းဖြင့် ကံကောင်းမူများကြုံရပါလိမ့်မည် ကျန်းမာရေးတွင်အစားမှားပြီးဝမ်းကိုက်တတ်ပါသည်

ငယ်ရွယ်သူများအချစ်ရေးတွင် ချစ်ရသူထံမှအကြားချင်ဆုံးစကားကြားရပါလိမ့်မည် ထီ၁၆ပါသောထီထိုးပါ ယတြာ တနင်္လာညနေတွင်နေအိမ်ရှိခွက်အဟောင်းအကွဲတွေစွန့်ထုတ်လိုက်ပါ

ကြာသာပတေးသားသမီး

အောင်မြင်မူတွေထူးထူးခြားခြားရရှိပါလိမ့်မည် ပေးဆပ်မူတွေအတွက် ရလာဘ်ကောင်းတြွေ ပန်လည်ရရှိလာပါလိမ့်မည် ဒီလိုကာလတွေမှာအနိမ့်ဆုံးအနေအထားကို ရောက်နေသူတောင် ရုတ်တရက်ကြီးအမြင့်ဆုံးနေရာတစ်ခုကိုရောက်ရှိသွားတတ်ပါတယ်

ကျန်းမာရေးတွင် ဝမ်းချူပ်ခံရာကနေ ခေါင်းထိုးသွေးတိုးတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင် ကွယ်ရင်မေ့ တွေ့ရင်လွမ်းပြတတ်သောချစ်သူအပေါ်အယုံကြီးယုံကြည်နေလိမ့်မည်

ထီ၉၃ပါသောထီထိုးပါ ယတြာ မိမိမွေးနံထောင့်တွင် ထီးဖြူတစ်လက်နှင့်သပြေ၉ညွှန့်လှူ ပေးပါ

သောကြာသားသမီး

မိမိရဲ့ဆုံးဖြတ်ချက်တွေ တွေဝေမနေသင့့်ဘဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ရမယ့်ကာလပါ မိမိအတွက်ဘဝအောင်မြင်နိူင်မယ့် အခွင့်အလန်းကောင်းတွေရောက်ရှိလာပါလိမ့်မည်

ရေလမ်းခရီးအန္တရယ်ရှိတတ်ပါတယ် ရေအပျော်ကူးတာမျိူးလည်းရှောင်သင့်ပါတယ် မိမိရဲ့အိမ်အနီးအနားတွင်မီးလန့်တတ်ပါသည် ကျန်းမာရေးတွင်ခါးနာဝေဒနာခံစားရတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်ချစ်ခြင်းရဲ့အစမျက်လုံးအကြည့်ချင်းကစတင်နေပါပြီ

ထီ၉၄ပါသောထီထိုးပါ ယတြာ ပန်းအဖြူ၅ပွင့်ဘုရားလှူ ပေးပါ

စနေသားသမီး

အပြောင်းအလဲကောင်းတွေ ကြုံရပါလိမ့်မည် မိမိရဲ့ယုံကြည်စွာနားလည်ပေးမူအပေါ် အခွင့်အကောင်းယူလိမ်ညာတာမျိူး ခံရတတ်ပါသည် ထူးထူးခြားခြားအိပ်မက်တြွေ မင်မက်ပါလိမ့်မည် ထီပေါက်ခြင်းဆုမဲများပေါက်ခြင်းကြုံရပါမည်

အနက်ရောင်အသုံးအဆောင်တွေရှောင်ပါ ကျန်းမာရေးတွင် အဆစ်အမြစ်များနာနေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင် သင်တန်းတက်ရင်းဖူးစာဘက်တွေ့ပါမည်

ထီ17ပါသောထီထိုးပါ ယတြာ နာမကျန်းသူများအားဆေးဝါးလှူ ဒါန်းပေးပါ

ကျော်ဘိုဘိုဟိန်း

Zawgyi

တစ္ပတ္စာ ခုႏွစ္ရက္သားသမီး ကံၾကမၼာေဟာကိန္း (27-7-2020 to 2-8-2020)

တနဂၤေႏြသားသမီး

အေမြအႏွစ္မ်ားရရွိတတ္သလိုတန္ဖိုးရွိေသာေက်ာက္မ်က္ရတနာမ်ားရရွိတတ္ပါသည္ ေနအိမ္တြင္ပ်ားစြဲတာ ဌက္အသိုက္လာလုပ္တာမ်ိဴးေတြ ႀကဳံရတတ္ပါသည္

အကယ္၍ထိုသို႔ႀကဳံရပါက ထိုေအာက္ေျခတြင္ေ႐ႊရည္ေငြရည္ မၾကာခဏေလာင္း၍ ေ႐ႊပ်ားေငြပ်ားမ်ား အခုလိုလာေရာက္တာ ႀကိဳဆိုပါတယ္ဟုေျပာေပးပါ မၾကာခဏလုပ္ပါ

ထူးျခားစြာထီဆုႀကီးမ်ားထေပါက္ပါလိမ့္မည္ က်န္းမာေရးတြင္ ဇက္ေၾကာမ်ားေလးလံ၍မလႈပ္ခ်င္မကိုင္ခ်င္ျဖစ္ေနပါလိမ့္မည္

ငယ္႐ြယ္သူမ်ားအခ်စ္ေရးတြင္ အိုးခ်င္းထားအိုးခ်င္းထိႀကိဳးခ်င္းထားႀကိဳးခ်င္းၿငိဆိုသလို ရည္းစားကိုယ္စီရွိၾကေပမယ့္ အေနနီးေသာလုပ္ေဖာ္ကိုင္ဖက္မိတ္ေဆြအေပၚသံေယာဇဥ္ပိုေနမိမည္

ထီ၃၉ပါေသာထီထိုးပါ ယၾတာ ဘုန္းႀကီးေက်ာင္းတြင္ဆြမ္းဟင္းခြက္ဗူးေလးေတြလႉ ေပးပါ

တနလၤာသားသမီး

ခရီးေဝးထြက္ရတတ္ေသာကာလပါ မီးရထားခရီးေတြအထူးေရွာင္ပါ ထူးထူးျခားျခားအိပ္မက္မ်ားျမင္မက္ပါလိမ့္မည္ မေရာက္ဘူးေသးေသာေဒသမ်ားကိုလည္းေရာက္ရွိပါမည္

ထူးျခားေသာအေဆာင္ေက်ာက္ေလးမ်ားလည္းဝင္လာပါလိမ့္မည္ က်န္းမာေရးတြင္မ်က္႐ိုးမ်ားကိုက္၍မ်က္စိမႈန္လာတတ္ပါသည္ငယ္႐ြယ္သူမ်ားအခ်စ္ေရးတြင္အလြန္ကံေကာင္းေနပါမည္စန္းလည္းအလြန္ပြင့္ေနပါလိမ့္မည္

ထီ ၁၈ပါေသာထီထိုးပါ ယၾတာ တနလၤာေထာင့္တြင္ဂႏၶမာပန္း၂ပြင့္လႉ ဒါန္းေပးပါ

အဂၤါသားသမီး

အစည္းအေဝးေတြမၾကာခဏတက္ေနရတတ္ပါသည္ ေငြမရဘဲလူမုန္းခံရေသာအလုပ္ေတြလုပ္ေနမိတတ္ပါသည္ ငယ္ေပါင္းမိတ္ေဆြမ်ားႏွင့္ျပန္လည္ေတြ႕ဆုံခြင့္ရရွိပါမည္

သားသမီးေဆြမ်ိဴးက်န္းမာေရးခ်ဴခ်ာမူေၾကာင့္ေငြအကုန္အက်မ်ားေနပါလိမ့္မည္ ငယ္႐ြယ္သူမ်ားအခ်စ္ေရးတြင္အေနေဝးေပမယ့္ပို၍ပို၍လြမ္းေနရမည္တမ္းတသတိရေနရမည္

ထီ၁၄ပါေသာထီထိုးပါ ယၾတာ ရာဟုေထာင့္ႏွင့္စေနေထာင့္တြင္ေရသက္ေစ့ေလာင္းလႉ ပါသန႔္ရွင္းေရးျပဳလုပ္ပါ

ဗုဒၶဟူးသားသမီး

အိမ္ေထာင္ေရးကိစၥမွာ ေငြေၾကးအဆင္မေျပမူေၾကာင့္ စိတ္မခ်မ္းမသာျဖစ္ေနရမည္ တန္ဖိုးမရွိေသာေက်ာက္ေတြ အဝင္မခံသင့္ေသာကာလပါ လာဘ္ပိတ္တတ္ပါသည္

အနက္ေရာင္အသုံးအေဆာင္အဝတ္အစားေတြ ေရွာင္ပါ အစိမ္းေရာင္အသုံးအေဆာင္ေတြ မ်ားမ်ားသုံးေပးျခင္းျဖင့္ ကံေကာင္းမူမ်ားႀကဳံရပါလိမ့္မည္ က်န္းမာေရးတြင္အစားမွားၿပီးဝမ္းကိုက္တတ္ပါသည္

ငယ္႐ြယ္သူမ်ားအခ်စ္ေရးတြင္ ခ်စ္ရသူထံမွအၾကားခ်င္ဆုံးစကားၾကားရပါလိမ့္မည္ ထီ၁၆ပါေသာထီထိုးပါ ယၾတာ တနလၤာညေနတြင္ေနအိမ္ရွိခြက္အေဟာင္းအကြဲေတြစြန႔္ထုတ္လိုက္ပါ

ၾကာသာပေတးသားသမီး

ေအာင္ျမင္မူေတြထူးထူးျခားျခားရရွိပါလိမ့္မည္ ေပးဆပ္မူေတြအတြက္ ရလာဘ္ေကာင္းေႂတြ ပန္လည္ရရွိလာပါလိမ့္မည္ ဒီလိုကာလေတြမွာအနိမ့္ဆုံးအေနအထားကို ေရာက္ေနသူေတာင္ ႐ုတ္တရက္ႀကီးအျမင့္ဆုံးေနရာတစ္ခုကိုေရာက္ရွိသြားတတ္ပါတယ္

က်န္းမာေရးတြင္ ဝမ္းခ်ဴပ္ခံရာကေန ေခါင္းထိုးေသြးတိုးတတ္ပါသည္ ငယ္႐ြယ္သူမ်ားအခ်စ္ေရးတြင္ ကြယ္ရင္ေမ့ ေတြ႕ရင္လြမ္းျပတတ္ေသာခ်စ္သူအေပၚအယုံႀကီးယုံၾကည္ေနလိမ့္မည္

ထီ၉၃ပါေသာထီထိုးပါ ယၾတာ မိမိေမြးနံေထာင့္တြင္ ထီးျဖဴတစ္လက္ႏွင့္သေျပ၉ၫႊန႔္လႉ ေပးပါ

ေသာၾကာသားသမီး

မိမိရဲ႕ဆုံးျဖတ္ခ်က္ေတြ ေတြေဝမေနသင့့္ဘဲ ရဲရဲဝံ့ဝံ့ဆုံးျဖတ္ရမယ့္ကာလပါ မိမိအတြက္ဘဝေအာင္ျမင္ႏိူင္မယ့္ အခြင့္အလန္းေကာင္းေတြေရာက္ရွိလာပါလိမ့္မည္

ေရလမ္းခရီးအႏၲရယ္ရွိတတ္ပါတယ္ ေရအေပ်ာ္ကူးတာမ်ိဴးလည္းေရွာင္သင့္ပါတယ္ မိမိရဲ႕အိမ္အနီးအနားတြင္မီးလန႔္တတ္ပါသည္ က်န္းမာေရးတြင္ခါးနာေဝဒနာခံစားရတတ္ပါသည္ ငယ္႐ြယ္သူမ်ားအခ်စ္ေရးတြင္ခ်စ္ျခင္းရဲ႕အစမ်က္လုံးအၾကည့္ခ်င္းကစတင္ေနပါၿပီ

ထီ၉၄ပါေသာထီထိုးပါ ယၾတာ ပန္းအျဖဴ၅ပြင့္ဘုရားလႉ ေပးပါ

စေနသားသမီး

အေျပာင္းအလဲေကာင္းေတြ ႀကဳံရပါလိမ့္မည္ မိမိရဲ႕ယုံၾကည္စြာနားလည္ေပးမူအေပၚ အခြင့္အေကာင္းယူလိမ္ညာတာမ်ိဴး ခံရတတ္ပါသည္ ထူးထူးျခားျခားအိပ္မက္ေႂတြ မင္မက္ပါလိမ့္မည္ ထီေပါက္ျခင္းဆုမဲမ်ားေပါက္ျခင္းႀကဳံရပါမည္

အနက္ေရာင္အသုံးအေဆာင္ေတြေရွာင္ပါ က်န္းမာေရးတြင္ အဆစ္အျမစ္မ်ားနာေနလိမ့္မည္ ငယ္႐ြယ္သူမ်ားအခ်စ္ေရးတြင္ သင္တန္းတက္ရင္းဖူးစာဘက္ေတြ႕ပါမည္

ထီ17ပါေသာထီထိုးပါ ယၾတာ နာမက်န္းသူမ်ားအားေဆးဝါးလႉ ဒါန္းေပးပါ

ေက်ာ္ဘိုဘိုဟိန္း