တကယ္ေတာ့ ဖူးစာဆိုတာ….(အရမ္းေကာင္းတဲ့လို႔ ဖတ္ေစခ်င္ပါတယ္)

တကယ္ေတာ့ ဖူးစာဆိုတာ….(အရမ္းေကာင္းတဲ့လို႔ ဖတ္ေစခ်င္ပါတယ္)

ဟိုးေ႐ွးေ႐ွးတုန္းက အရမ္းခ်စ္ၾကတဲ့ ေကာင္ေလးနဲ႔ ေကာင္မ ေလး အခ်စ္ စုံတြဲ ႐ွိခဲ့ၾကတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ႀကိဳက္ လာၾကတာ သက္တမ္း သုံးႏွစ္ ျပည့္တဲ့အခါ လက္ထပ္ၾကေတာ့မယ္ ဆိုၿပီး မဂၤလာရက္ တစ္ရက္ ေ႐ြးခ်ယ္ သတ္မွတ္လိုက္တယ္ …။

ေကာင္ေလးကေတာ့ ေပ်ာ္႐ႊင္စရာေကာင္းမယ့္ သူတို႔ရဲ႕ မဂၤလာရက္ေလးကို စိတ္ကူးယဥ္ၿပီး ေပ်ာ္ေန႐ွာတာေပါ့ …။

ဒါေပမယ့္ အဲ့ဒီ မဂၤလာေဆာင္မယ့္ေန႔ မေရာက္ခင္မွာပဲ သူ႕ခ်စ္သူ ေကာင္မေလးက တျခားေကာင္ေလးတစ္ေယာက္ နဲ႔ မေမွ်ာ္လင့္ဘဲ လက္ထပ္သြားတယ္ဆိုတဲ့ သတင္းကို ေကာင္ေလးၾကားလိုက္ရတယ္ …။

သူ စုံစမ္းၾကည့္ လိုက္ေတာ့ ေကာင္မ ေလး ကိုယ္တိုင္က လိုလိုလားလားနဲ႔ လက္ထပ္ လိုက္တာလို႔ သိလိုက္ရတယ္ ။ အဲ့သတင္းကို ၾကားတာနဲ႔ ေကာင္ေလးလည္း အရမ္း အံ့ၾသၿပီး အရမ္း စိတ္ထိခိုက္ ဝမ္းနည္းစြာနဲ႔ မစားႏိုင္၊မအိပ္ႏိုင္ ငိုေႂကြး ေနေတာ့တယ္ …။

မၾကာခင္မွာပဲ ေကာင္ေလးလည္း စိတ္ေထာင္း ကိုယ္ေၾကၿပီး အိပ္ယာထဲ လဲပါေတာ့တယ္ …။

အခ်ိန္ေတြ ကုန္လြန္ လာတာနဲ႔ အမွ် ေကာင္ေလးရဲ႕ အေျခအေနဟာ ပိုပိုဆိုး လာခဲ့တယ္။ ဆရာဝန္ ျပလည္း မသက္သာေတာ့ဘူး …။

တစ္ေန႔မွာေတာ့ အသက္အ႐ြယ္ အိုမင္းေနတဲ့ ဘုန္းေတာ္ႀကီး တစ္ပါးက ေကာင္ေလးရဲ႕ အိမ္ေ႐ွ႕မွာ ရပ္ၿပီး တံခါးေခါက္ လိုက္တယ္ …။

အိမ္ေဖာ္ေကာင္ မေလးလည္း တံခါးေခါက္သံေၾကာင့္ ထြက္လာၿပီး တံခါးဖြင့္ လိုက္ေတာ့ ဘုန္းေတာ္ႀကီးအို တစ္ပါးကို ေတြ႕တာနဲ႔ စိတ္႐ႈပ္ စြာနဲ႔ “ကန္ေတာ့ဆြမ္းပါဘုရား” လို႔ေျပာလိုက္တယ္ …။

ဘုန္းႀကီးကျပဳံးၿပီးေတာ့ “ကိုယ္ေတာ္က ဆြမ္းခံႂကြ လာတာ မဟုတ္ပါဘူး…ဒီအိမ္မွာ လူမမာ ႐ွိတယ္ ၾကားလို႔ ဘုန္းဘုန္းက ေဆးနည္းနည္း ကုတတ္ေတာ့ လာကူညီ ေပးတာပါ ဒကာမ ေလး” လို႔ မိန္႔ၾကားလိုက္တယ္ …။

အိမ္ေဖာ္ မိန္းကေလးကလည္း သူ ဆုံးျဖတ္လို႔ မရေၾကာင္းနဲ႔ သူမရဲ႕ သခင္ေတြကို ျပန္ေျပာၾကည့္ ပါမယ္ဆိုတဲ့ အေၾကာင္းေျပာၿပီး အိမ္႐ွင္ေတြကို ေျပာၾကည့္ေတာ့ သေဘာတူခြင့္ျပဳတာေၾကာင့္ ဘုန္းေတာ္ႀကီးကို အိမ္ထဲကို ပင့္ဖိတ္ ခဲ့တယ္ …။

ဘုန္းေတာ္ႀကီး အိပ္ခန္းထဲကို ေရာက္ေတာ့ ကုတင္ေပၚမွာ ျဖဴဖတ္ ျဖဴေရာ္နဲ႔ အ႐ိုးေပၚ အ ေရတင္ ပိန္လွီစြာနဲ႔ ႏြမ္းနယ္ႏုန္းခ်ိစြာ လဲေလ်ာင္းေနတဲ့ လူမမာသည္ ေကာင္ ေလး ကို ေတြ႕လိုက္ရတယ္ …။

အိမ္ေဖာ္ မိန္းက ေလးလည္း ဘုန္းေတာ္ႀကီး အတြက္ ေသာက္ေတာ္ေရ တခြက္ေပးလိုက္ၿပီး လူမမာ ကုတင္ေဘးမွာပဲ ထိုင္ခုံတစ္လုံး စီစဥ္ေပးလိုက္တယ္။ ဘုန္းေတာ္ႀကီးကလည္း အ ေျခ အ ေနၾကည့္ၿပီးေတာ့” ေတာ္ေတာ္ အ ေျခ အ ေနဆိုးေနတာပဲ ” လို႔ေရ႐ြတ္ လိုက္တယ္ …။

လူမမာ ေကာင္ေလး ကလည္း စိတ္ နဲ႔ ကိုယ္ နဲ႔ မကပ္စြာနဲ႔ပဲ ဘာမွ မၾကားသလို တိတ္ဆိတ္ၿငိမ္သက္ စြာ ေန ေန တယ္ ။ ဘုန္းေတာ္ႀကီး လည္း သူလုပ္သင့္ တာေတြ လုပ္ၿပီးေတာ့”ဒကာေလးက ေတာ္ေတာ္ သနားစရာေကာင္းတယ္….မယုံရင္ မွန္ထဲကို ၾကည့္လိုက္ စမ္းပါ” လို႔ မိန္႔ေတာ္မူၿပီး ေကာင္ေလး အိပ္ခန္းထဲက ကိုယ္လုံးေပၚ မွန္တစ္ခ်ပ္ ဆီကို ၫႊန္ျပ လိုက္တယ္ …။

ေကာင္ေလးလည္း လုံး၀ စိတ္ဝင္စားမႈ မ႐ွိပဲ ေငးေငးငိုင္ငိုင္ ေန ေနရာက ေန တစ္ခ်က္ မွန္ထဲကို ၾကည့္လိုက္တယ္ ဆိုရင္ပဲ… မွန္ထဲမွာ သူ႕ခ်စ္သူ ေကာင္ မ ေလးပုံကို ေတြ႕လိုက္ ရတယ္ …။

သိပ္မၾကာခင္မွာပဲ ေကာင္ မ ေလး ပုံရိပ္က ေဝဝါး ေပ်ာက္ကြယ္ သြားၿပီး ပင္လယ္ကမ္းေျခ တခုပုံ ေျပာင္းလဲသြားတယ္ …။

အဲ့ ပင္လယ္ကမ္းေျခဟာ တိတ္ဆိတ္ ၿငိမ္သက္ ေနၿပီး လူအသြားအလာ မ႐ွိဘူး ။ လူမမာေကာင္ေလး က မွန္ထဲက ပုံရိပ္ကို စိတ္ဝင္စားစြာ ၾကည့္ေနစဥ္မွာပဲ မိန္းက ေလး အေလာင္းတစ္ေလာင္း ဟာလည္းေလ်ာင္းေနတဲ့ အ ေန အထားနဲ႔ ကမ္းေျခမွာ ႐ွိေနတာကို ျမင္လိုက္ ရတယ္ …။

ခဏၾကာေတာ့ လူတစ္ေယာက္ ျဖတ္ေလွ်ာက္ လာတယ္ ။ သူက အ ေလာင္းကို ႐ြံ႐ွာစြာ ၾကည့္ၿပီး လ်င္ျမန္စြာ ျဖတ္ေလွ်ာက္ သြားတယ္ …။

အခ်ိန္ အ ေတာ္ေလးၾကာေတာ့ ေနာက္လူ တစ္ေယာက္ ျဖတ္ေလွ်ာက္လာၿပီး အဲ့ေကာင္မေလး အေလာင္းကို ေတြ႕သြားျပန္တယ္ …။

ဒီလူက ေတာ့ စိတ္ မ ေကာင္းျဖစ္ၿပီး သူ႕ရဲ႕ အ ေပၚ႐ုံ အက်ႌကို ခြၽတ္ လို႔ျခဳံေပးၿပီး ခရီးဆက္ ထြက္သြားတယ္ …။

အဲ့လိုနဲ႔ ေနာက္ထပ္ အခ်ိန္ေတာ္ ေတာ္ေလး ၾကာလာေတာ့ ေနာက္ထပ္ လူတစ္ေယာက္ ေရာက္လာျပန္တယ္ …။

ဒီလူက အ ေပၚ႐ုံျခဳံထားၿပီး လဲေလ်ာင္းေနတဲ့ ပုံစံကို စိတ္ဝင္စားၿပီး ျခဳံထည္ကို လွန္ၾကည့္ေတာ့ မိန္း က ေလးအ ေလာင္းကို ေတြ႕သြားၿပီး အရမ္း သနားစိတ္ဝင္လာကာ ေျမျမဳပ္ေပးလိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္ …။

ဒါေပမယ့္ သူ႕ဆီမွာ ေျမက်င္းတူးဖို႔ ဘာပစၥည္းမွ ပါ မလာဘူး ။ ေနာက္ဆုံးမွာ သူ႕ရဲ႕ လက္ႏွစ္ဖက္ကို အသုံးျပဳဖို႔ သူဆုံးျဖတ္လိုက္တယ္ …။

လူငယ္ဟာ သူ႕လက္ႏွစ္ဖက္နဲ႔ ေျမ ေတြကို ယက္ၿပီး တ ေျဖးေျဖးခ်င္း တူးလာလိုက္တာ ည ေန ေစာင္း အခ်ိန္မွာ မိန္းကေလးအေလာင္းကို ျမဳပ္ဖို႔ လုံေလာက္တဲ့ က်င္းတစ္က်င္းကို တူးလို႔ၿပီးသြားတယ္ …။

အဲ့လူလည္း မိန္းကေလး အေလာင္းကို ေကာင္းမြန္စြာျမဳပ္ႏွံေပးခဲ့ၿပီး ခရီးဆက္ ထြက္ခြာ သြားတယ္ …။

အဲ့ဒီေနာက္မွာ မွန္ထဲမွာ မိန္းကေလးအေလာင္းရဲ႕ မ်က္ႏွာပုံ ျပန္ေပၚလာၿပီး အဲ့မ်က္ႏွာကေန သူ႕ခ်စ္သူ ေကာင္မေလးရဲ႕ မ်က္ႏွာကို ေျပာင္းသြား ခဲ့တယ္ …။

လူမမာေကာင္ေလးလည္း အလြန္အမင္း အံ့ၾသေနစဥ္ မွာပဲ ေျမျမဳပ္ေပးတဲ့ လူ႐ြယ္ရဲ႕ မ်က္ႏွာျပန္ေပၚ လာၿပီး လူတစ္ေယာက္ရဲ႕ မ်က္ႏွာ အျဖစ္ ေျပာင္းသြားျပန္တယ္ …။

အဲ့ဒီေနာက္မွာေတာ့ မွန္ထဲက ပုံရိပ္ေတြ အကုန္ ေပ်ာက္ကြယ္ သြားခဲ့တယ္ ။ ေကာင္ေလးလည္း အံ့ၾသစြာနဲ႔ မင္သက္ေနတုန္းမွာပဲ ဘုန္းေတာ္ႀကီးက ခုလိုပဲ မိန္႔ၾကားေတာ္မူလိုက္တယ္ …။

” ခုဆိုရင္ ဒကာေလးလည္း သ ေဘာေပါက္ေလာက္ၿပီ ထင္တယ္ ။ အဲ့ မိန္းက ေလး အ ေလာင္းက ဒကာေလးရဲ႕ ခ်စ္သူ မိန္းက ေလးျဖစ္တယ္ ။ ဘဝတစ္ခုမွာ သူမရဲ႕ အ ေလာင္းကို ေျမျမဳပ္ေပးတဲ့ ကုသိုလ္ကံ ေရစက္ေၾကာင့္ အဲ့ဒီလူငယ္ဟာ ဒီဘဝမွာ ေကာင္ မ ေလးနဲ႔ လက္ထပ္ေပါင္းသင္းခြင့္ ရခဲ့တယ္ …။

ဒကာေလးက ေတာ့ သူမရဲ႕ အ ေလာင္းကို အေပၚ႐ုံနဲ႔ လႊမ္းျခဳံေပးခဲ့တဲ့ ေရစက္ကံေၾကာင့္ ဒီဘဝမွာသူမနဲ႔ သုံးႏွစ္တာ ခ်စ္ခင္ခြင့္ ရခဲ့တယ္ ။ ခုသုံးႏွစ္ျပည့္လို႔ ေရစက္ကုန္ ခ်ိန္မွာ ခြဲခြာရတယ္ ”

ဘုန္းေတာ္ႀကီးရဲ႕ စကားအဆုံးမွာ ေကာင္ေလးလည္း အျမင္မွန္ရၿပီး နားလည္ သ ေဘာေပါက္သြားခဲ့တယ္ …။

ပုံျပင္ေလးက ေတာ့ ဒီေလာက္ပါပဲ.. ဆိုလိုခ်င္တာ ကေတာ့ ကြၽန္မတို႔ လူသားေတြ အခ်င္းခ်င္း ဒီဘဝမွာ အ ေဖ ၊ အ ေမ ၊ ေဆြမ်ိဳး ညီအစ္ကို ေမာင္ႏွမ ၊ သူငယ္ခ်င္း မိတ္ေဆြ ၊ ခ်စ္သူ ၊ ရန္သူအျဖစ္ နဲ႔ ေတြ႕ဆုံေတာ္စပ္ ပတ္သက္ခြင့္ ရၾကတာဟာ အမႈမဲ့ အမွတ္မဲ့ မဟုတ္ပါဘူး …။

ဘဝတစ္ခုခုက ျပဳခဲ့တဲ့ ေရစက္ကံေၾကာင့္သာ ဤမွ် မ်ားျပားလွေသာ လူ႕ေဘာင္ အဖြဲ႕အစည္းအတြင္းမွာ ေတြ႕ဆုံရင္းႏွီး ခ်စ္ခင္ခြင့္ရခဲ့ၾကတာ ျဖစ္ပါတယ္ …။

အဲ့လိုပဲ ေရစက္ကုန္ခ်ိန္ေရာက္ရင္ ဘယ္လို အ ေၾကာင္းျပခ်က္မ်ိဳးနဲ႔မွ ဆြဲထားလို႔ မရပဲ ေသကြဲ၊ ႐ွင္ကြဲမ်ိဳးစုံနဲ႔ ခြဲခြာၾကရမွာပါ …။

အဲ့ဒါေၾကာင့္ ခု မခြဲခြာရခင္ အခ်ိန္ေလးမွာ မိမိနဲ႔ပတ္သက္ခြင့္ရခဲ့တဲ့ သူေတြ အ ေပၚမွာတတ္ ႏိုင္ သ ေလာက္ စိတ္ခ်မ္းသာမႈေတြ ေမတၱာေတြ ေပးႏိုင္သေလာက္ေပးႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္ …။

ဘာျဖစ္လို႔လဲ ဆိုေတာ့ လူတိုင္းလူတိုင္း ဘယ္သူကမွ ဘယ္သူ႕ကို ဘယ္အခ်ိန္မွာ ေရစက္ကုန္လို႔ ခြဲခြာၾကရမယ္ ဆိုတာကို မသိႏိုင္ၾကလို႔ပဲ ျဖစ္ပါတယ္ …။ ။

Credit : မ်ိဳးဆက္သစ္ေမတၱာ႐ွင္

Unicode

တကယ်တော့ ဖူးစာဆိုတာ….(အရမ်းကောင်းတဲ့လို့ ဖတ်စေချင်ပါတယ်)

ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မ လေး အချစ် စုံတွဲ ရှိခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက် လာကြတာ သက်တမ်း သုံးနှစ် ပြည့်တဲ့အခါ လက်ထပ်ကြတော့မယ် ဆိုပြီး မင်္ဂလာရက် တစ်ရက် ရွေးချယ် သတ်မှတ်လိုက်တယ် …။

ကောင်လေးကတော့ ပျော်ရွှင်စရာကောင်းမယ့် သူတို့ရဲ့ မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့ …။

ဒါပေမယ့် အဲ့ဒီ မင်္ဂလာဆောင်မယ့်နေ့ မရောက်ခင်မှာပဲ သူ့ချစ်သူ ကောင်မလေးက တခြားကောင်လေးတစ်ယောက် နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့ သတင်းကို ကောင်လေးကြားလိုက်ရတယ် …။

သူ စုံစမ်းကြည့် လိုက်တော့ ကောင်မ လေး ကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ် လိုက်တာလို့ သိလိုက်ရတယ် ။ အဲ့သတင်းကို ကြားတာနဲ့ ကောင်လေးလည်း အရမ်း အံ့သြပြီး အရမ်း စိတ်ထိခိုက် ဝမ်းနည်းစွာနဲ့ မစားနိုင်၊မအိပ်နိုင် ငိုကြွေး နေတော့တယ် …။

မကြာခင်မှာပဲ ကောင်လေးလည်း စိတ်ထောင်း ကိုယ်ကြေပြီး အိပ်ယာထဲ လဲပါတော့တယ် …။

အချိန်တွေ ကုန်လွန် လာတာနဲ့ အမျှ ကောင်လေးရဲ့ အခြေအနေဟာ ပိုပိုဆိုး လာခဲ့တယ်။ ဆရာဝန် ပြလည်း မသက်သာတော့ဘူး …။

တစ်နေ့မှာတော့ အသက်အရွယ် အိုမင်းနေတဲ့ ဘုန်းတော်ကြီး တစ်ပါးက ကောင်လေးရဲ့ အိမ်ရှေ့မှာ ရပ်ပြီး တံခါးခေါက် လိုက်တယ် …။

အိမ်ဖော်ကောင် မလေးလည်း တံခါးခေါက်သံကြောင့် ထွက်လာပြီး တံခါးဖွင့် လိုက်တော့ ဘုန်းတော်ကြီးအို တစ်ပါးကို တွေ့တာနဲ့ စိတ်ရှုပ် စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ် …။

ဘုန်းကြီးကပြုံးပြီးတော့ “ကိုယ်တော်က ဆွမ်းခံကြွ လာတာ မဟုတ်ပါဘူး…ဒီအိမ်မှာ လူမမာ ရှိတယ် ကြားလို့ ဘုန်းဘုန်းက ဆေးနည်းနည်း ကုတတ်တော့ လာကူညီ ပေးတာပါ ဒကာမ လေး” လို့ မိန့်ကြားလိုက်တယ် …။

အိမ်ဖော် မိန်းကလေးကလည်း သူ ဆုံးဖြတ်လို့ မရကြောင်းနဲ့ သူမရဲ့ သခင်တွေကို ပြန်ပြောကြည့် ပါမယ်ဆိုတဲ့ အကြောင်းပြောပြီး အိမ်ရှင်တွေကို ပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို အိမ်ထဲကို ပင့်ဖိတ် ခဲ့တယ် …။

ဘုန်းတော်ကြီး အိပ်ခန်းထဲကို ရောက်တော့ ကုတင်ပေါ်မှာ ဖြူဖတ် ဖြူရော်နဲ့ အရိုးပေါ် အ ရေတင် ပိန်လှီစွာနဲ့ နွမ်းနယ်နုန်းချိစွာ လဲလျောင်းနေတဲ့ လူမမာသည် ကောင် လေး ကို တွေ့လိုက်ရတယ် …။

အိမ်ဖော် မိန်းက လေးလည်း ဘုန်းတော်ကြီး အတွက် သောက်တော်ရေ တခွက်ပေးလိုက်ပြီး လူမမာ ကုတင်ဘေးမှာပဲ ထိုင်ခုံတစ်လုံး စီစဉ်ပေးလိုက်တယ်။ ဘုန်းတော်ကြီးကလည်း အ ခြေ အ နေကြည့်ပြီးတော့” တော်တော် အ ခြေ အ နေဆိုးနေတာပဲ ” လို့ရေရွတ် လိုက်တယ် …။

လူမမာ ကောင်လေး ကလည်း စိတ် နဲ့ ကိုယ် နဲ့ မကပ်စွာနဲ့ပဲ ဘာမှ မကြားသလို တိတ်ဆိတ်ငြိမ်သက် စွာ နေ နေ တယ် ။ ဘုန်းတော်ကြီး လည်း သူလုပ်သင့် တာတွေ လုပ်ပြီးတော့”ဒကာလေးက တော်တော် သနားစရာကောင်းတယ်….မယုံရင် မှန်ထဲကို ကြည့်လိုက် စမ်းပါ” လို့ မိန့်တော်မူပြီး ကောင်လေး အိပ်ခန်းထဲက ကိုယ်လုံးပေါ် မှန်တစ်ချပ် ဆီကို ညွှန်ပြ လိုက်တယ် …။

ကောင်လေးလည်း လုံး၀ စိတ်ဝင်စားမှု မရှိပဲ ငေးငေးငိုင်ငိုင် နေ နေရာက နေ တစ်ချက် မှန်ထဲကို ကြည့်လိုက်တယ် ဆိုရင်ပဲ… မှန်ထဲမှာ သူ့ချစ်သူ ကောင် မ လေးပုံကို တွေ့လိုက် ရတယ် …။

သိပ်မကြာခင်မှာပဲ ကောင် မ လေး ပုံရိပ်က ဝေဝါး ပျောက်ကွယ် သွားပြီး ပင်လယ်ကမ်းခြေ တခုပုံ ပြောင်းလဲသွားတယ် …။

အဲ့ ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ် ငြိမ်သက် နေပြီး လူအသွားအလာ မရှိဘူး ။ လူမမာကောင်လေး က မှန်ထဲက ပုံရိပ်ကို စိတ်ဝင်စားစွာ ကြည့်နေစဉ်မှာပဲ မိန်းက လေး အလောင်းတစ်လောင်း ဟာလည်းလျောင်းနေတဲ့ အ နေ အထားနဲ့ ကမ်းခြေမှာ ရှိနေတာကို မြင်လိုက် ရတယ် …။

ခဏကြာတော့ လူတစ်ယောက် ဖြတ်လျှောက် လာတယ် ။ သူက အ လောင်းကို ရွံရှာစွာ ကြည့်ပြီး လျင်မြန်စွာ ဖြတ်လျှောက် သွားတယ် …။

အချိန် အ တော်လေးကြာတော့ နောက်လူ တစ်ယောက် ဖြတ်လျှောက်လာပြီး အဲ့ကောင်မလေး အလောင်းကို တွေ့သွားပြန်တယ် …။

ဒီလူက တော့ စိတ် မ ကောင်းဖြစ်ပြီး သူ့ရဲ့ အ ပေါ်ရုံ အင်္ကျီကို ချွတ် လို့ခြုံပေးပြီး ခရီးဆက် ထွက်သွားတယ် …။

အဲ့လိုနဲ့ နောက်ထပ် အချိန်တော် တော်လေး ကြာလာတော့ နောက်ထပ် လူတစ်ယောက် ရောက်လာပြန်တယ် …။

ဒီလူက အ ပေါ်ရုံခြုံထားပြီး လဲလျောင်းနေတဲ့ ပုံစံကို စိတ်ဝင်စားပြီး ခြုံထည်ကို လှန်ကြည့်တော့ မိန်း က လေးအ လောင်းကို တွေ့သွားပြီး အရမ်း သနားစိတ်ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် …။

ဒါပေမယ့် သူ့ဆီမှာ မြေကျင်းတူးဖို့ ဘာပစ္စည်းမှ ပါ မလာဘူး ။ နောက်ဆုံးမှာ သူ့ရဲ့ လက်နှစ်ဖက်ကို အသုံးပြုဖို့ သူဆုံးဖြတ်လိုက်တယ် …။

လူငယ်ဟာ သူ့လက်နှစ်ဖက်နဲ့ မြေ တွေကို ယက်ပြီး တ ဖြေးဖြေးချင်း တူးလာလိုက်တာ ည နေ စောင်း အချိန်မှာ မိန်းကလေးအလောင်းကို မြုပ်ဖို့ လုံလောက်တဲ့ ကျင်းတစ်ကျင်းကို တူးလို့ပြီးသွားတယ် …။

အဲ့လူလည်း မိန်းကလေး အလောင်းကို ကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီး ခရီးဆက် ထွက်ခွာ သွားတယ် …။

အဲ့ဒီနောက်မှာ မှန်ထဲမှာ မိန်းကလေးအလောင်းရဲ့ မျက်နှာပုံ ပြန်ပေါ်လာပြီး အဲ့မျက်နှာကနေ သူ့ချစ်သူ ကောင်မလေးရဲ့ မျက်နှာကို ပြောင်းသွား ခဲ့တယ် …။

လူမမာကောင်လေးလည်း အလွန်အမင်း အံ့သြနေစဉ် မှာပဲ မြေမြုပ်ပေးတဲ့ လူရွယ်ရဲ့ မျက်နှာပြန်ပေါ် လာပြီး လူတစ်ယောက်ရဲ့ မျက်နှာ အဖြစ် ပြောင်းသွားပြန်တယ် …။

အဲ့ဒီနောက်မှာတော့ မှန်ထဲက ပုံရိပ်တွေ အကုန် ပျောက်ကွယ် သွားခဲ့တယ် ။ ကောင်လေးလည်း အံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက ခုလိုပဲ မိန့်ကြားတော်မူလိုက်တယ် …။

” ခုဆိုရင် ဒကာလေးလည်း သ ဘောပေါက်လောက်ပြီ ထင်တယ် ။ အဲ့ မိန်းက လေး အ လောင်းက ဒကာလေးရဲ့ ချစ်သူ မိန်းက လေးဖြစ်တယ် ။ ဘဝတစ်ခုမှာ သူမရဲ့ အ လောင်းကို မြေမြုပ်ပေးတဲ့ ကုသိုလ်ကံ ရေစက်ကြောင့် အဲ့ဒီလူငယ်ဟာ ဒီဘဝမှာ ကောင် မ လေးနဲ့ လက်ထပ်ပေါင်းသင်းခွင့် ရခဲ့တယ် …။

ဒကာလေးက တော့ သူမရဲ့ အ လောင်းကို အပေါ်ရုံနဲ့ လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့် ဒီဘဝမှာသူမနဲ့ သုံးနှစ်တာ ချစ်ခင်ခွင့် ရခဲ့တယ် ။ ခုသုံးနှစ်ပြည့်လို့ ရေစက်ကုန် ချိန်မှာ ခွဲခွာရတယ် ”

ဘုန်းတော်ကြီးရဲ့ စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီး နားလည် သ ဘောပေါက်သွားခဲ့တယ် …။

ပုံပြင်လေးက တော့ ဒီလောက်ပါပဲ.. ဆိုလိုချင်တာ ကတော့ ကျွန်မတို့ လူသားတွေ အချင်းချင်း ဒီဘဝမှာ အ ဖေ ၊ အ မေ ၊ ဆွေမျိုး ညီအစ်ကို မောင်နှမ ၊ သူငယ်ချင်း မိတ်ဆွေ ၊ ချစ်သူ ၊ ရန်သူအဖြစ် နဲ့ တွေ့ဆုံတော်စပ် ပတ်သက်ခွင့် ရကြတာဟာ အမှုမဲ့ အမှတ်မဲ့ မဟုတ်ပါဘူး …။

ဘဝတစ်ခုခုက ပြုခဲ့တဲ့ ရေစက်ကံကြောင့်သာ ဤမျှ များပြားလှသော လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီး ချစ်ခင်ခွင့်ရခဲ့ကြတာ ဖြစ်ပါတယ် …။

အဲ့လိုပဲ ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လို အ ကြောင်းပြချက်မျိုးနဲ့မှ ဆွဲထားလို့ မရပဲ သေကွဲ၊ ရှင်ကွဲမျိုးစုံနဲ့ ခွဲခွာကြရမှာပါ …။

အဲ့ဒါကြောင့် ခု မခွဲခွာရခင် အချိန်လေးမှာ မိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေ အ ပေါ်မှာတတ် နိုင် သ လောက် စိတ်ချမ်းသာမှုတွေ မေတ္တာတွေ ပေးနိုင်သလောက်ပေးနိုင်အောင် ကြိုးစားသင့်ပါတယ် …။

ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းလူတိုင်း ဘယ်သူကမှ ဘယ်သူ့ကို ဘယ်အချိန်မှာ ရေစက်ကုန်လို့ ခွဲခွာကြရမယ် ဆိုတာကို မသိနိုင်ကြလို့ပဲ ဖြစ်ပါတယ် …။ ။

Credit : မျိုးဆက်သစ်မေတ္တာရှင်