ဇလားဗီးယားငါးကင္ ငါးေပါင္းကို လုံးဝမစားပါနဲ႔…
အသက္ရွည္ရွည္ေနခ်င္ရင္ ဇလားဗီးယားငါးကို လုံးဝမစားပါနဲ႔။ မသိေသးတဲ့သူေတြ အတြက္လည္းမွ်ေဝေပးၾကပါအံုးေနာ္ …။
ကြၽန္ေတာ္တို႔ ဇလားပီးယားငါးေတြကိုအရမ္းႀကိဳက္တယ္။ေမႊးေနတဲ့ငါးကင္ကို ေဈးႀကီးေပးၿပီးေတာ့ကိုစားတယ္၊စားလို႔လဲေကာင္းတယ္။ဒါေပမယ့္ေနာက္ကြယ္က အေၾကာင္းတရားေလးေတြကိုေတာ့ မစဥ္းစားမိၾကပါဘူး …။
ဇလားဗီးယားငါးေတြဟာႏိုင္ငံတကာမွာက်ယ္ျပန႔္စြာေမြးျမဴၿပီးစားသုံးေနၾကတဲ့ ငါးတစ္မ်ိဳးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ကင္ၿပီးေတာ့ပဲျဖစ္ျဖစ္၊ ေပါင္းၿပီးေတာ့ပဲျဖစ္ျဖစ္၊ ေၾကာ္ၿပီးေတာ့ပဲျဖစ္ျဖစ္ ဘယ္လိုခ်က္စားစား စားေကာင္းၿပီး ေဈးႏႈန္းလည္းသင့္တင့္တာေၾကာင့္ လူႀကိဳက္မ်ားတဲ့ ငါးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဇလားဗီးယားငါးေတြဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့အတြက္ေၾကာင့္အလြန္အကြၽံ မစားသုံးသင့္ပါဘူး။ အေၾကာင္းရင္းေတြကေတာ့ ဒါေတြေၾကာင္႔ပဲ ျဖစ္ပါတယ္ေနာ္ …။
(၁) ေမြးျမဴေရးငါးေတြ ျဖစ္တယ္
ဇလားဗီးယားငါးေတြဟာ မ်ားေသာအားျဖင့္ငါးကန္ထဲမွာ က်ပ္သိပ္ေနေအာင္ေမြးျမဴထားတဲ့ ေမြးျမဴေရးငါးေတြျဖစ္ပါတယ္။ ဒီငါးေတြဟာအစားမေ႐ြးတာေၾကာင့္ ဘာေကြၽးေကြၽးစားၾကပါတယ္။ ဒါေၾကာင့္ မစင္ေတြနဲ႔ ထမင္းသိုးေတြ ဟင္းသိုးေတြနဲ႔ ေမြးျမဴၾကတာျဖစ္တဲ့အတြက္ စားလိုက္တဲ့အခါမွာ ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးေတြျဖစ္လာ ေစႏိုင္ပါတယ္။ အထူးသျဖင့္ေတာ့ တ႐ုတ္ျပည္ကငါးကန္ေတြမွာေမြးျမဴတဲ့ ဇလားဗီးယားငါးေတြကို သတိထားၿပီး စားေသာက္ဖို႔အတြက္ ကမာၻတစ္ဝန္းက က်န္းမာေရး ပညာရွင္ေတြက တိုက္တြန္းထားပါတယ္ …။
ျမန္မာႏိုင္ငံမွာဆိုလည္း ငါးကန္ေပၚၾကက္ၿခံတည္ၿပီး ေမြးၾကတာေတြရွိေနတယ္။ ၾကက္မစင္နဲ႔တကြ စြန႔္ထုတ္အညစ္အေၾကးမ်ားသည္ ငါးစာျဖစ္ကာ ကူးစက္ေရာဂါမ်ားအတြက္ ကြင္းဆက္သဖြယ္ ဆက္စပ္ေနေလ့ရွိပါတယ္ …။
(၂) မေကာင္းတဲ့အဆီေတြပါတယ္
ခႏၶာကိုယ္ထဲမွာ လိုအပ္တဲ့ ေကာင္းမြန္တဲ့အဆီဟာ Omega 3 fatty acid ျဖစ္ပါတယ္။ တျခားငါးေတြနဲ႔ယွဥ္ရင္ ဇလားဗီးယားငါးေတြထဲမွာ Omega 3 ပါဝင္မႈႏႈန္း နည္းပါတယ္။ ဇလားဗီးယား ငါးေတြမွာ Omega 6 acid ေတြသာ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ေကာင္းက်ိဳးနည္းတဲ့အျပင္ သင့္ခႏၶာကိုယ္ကို ေဖာေရာင္ေစႏိုင္ပါတယ္ …။
(၃) ကင္ဆာျဖစ္ေစတယ္
ဇလားဗီးယားငါးေတြဟာ တျခားငါးေတြထက္ ကင္ဆာျဖစ္ပြားေစႏႈန္း ၁၀ဆ ပိုျမင့္ပါတယ္။ ၎တို႔ထဲမွာပါဝင္တဲ့ Dioxin ဆိုတဲ့ဓာတ္ကို ေခ်ဖ်က္ဖို႔အတြက္ ခႏၶာကိုယ္က ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရပါတယ္။ဒီဓာတ္ေတြဟာ ခႏၶာကိုယ္ထဲကို ေရာက္သြားတဲ့အခါ ပ်က္စီးယိုယြင္းမႈေတြ ျဖစ္လာပါေတာ့တယ္ …။
(၄) သတိေမ့ေရာဂါ ျဖစ္ေစတယ္
ဇလားဗီးယားငါးထဲမွာပါဝင္တဲ့ Arachidonic acid ဟာ သတိေမ့ေရာဂါ ျဖစ္ပြားႏႈန္းကို တိုးျမင့္ေစပါတယ္။ဒါေၾကာင့္ အသက္ႀကီးလာတဲ့အခါမွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ၊ သတိေမ့တာမ်ိဳးေတြမျဖစ္ခ်င္ရင္ ဇလားဗီးယားငါးေတြကို မစားသင့္ေတာ့ပါဘူးေနာ္ …။ ။
Ref :Healthline.com,Readers’s Digest
Credit – Aung Zaw Oo
Unicode
ဇလားဗီးယားငါးကင် ငါးပေါင်းကို လုံးဝမစားပါနဲ့…
အသက်ရှည်ရှည်နေချင်ရင် ဇလားဗီးယားငါးကို လုံးဝမစားပါနဲ့။ မသိသေးတဲ့သူတွေ အတွက်လည်းမျှဝေပေးကြပါအုံးနော် …။
ကျွန်တော်တို့ ဇလားပီးယားငါးတွေကိုအရမ်းကြိုက်တယ်။မွှေးနေတဲ့ငါးကင်ကို ဈေးကြီးပေးပြီးတော့ကိုစားတယ်၊စားလို့လဲကောင်းတယ်။ဒါပေမယ့်နောက်ကွယ်က အကြောင်းတရားလေးတွေကိုတော့ မစဉ်းစားမိကြပါဘူး …။
ဇလားဗီးယားငါးတွေဟာနိုင်ငံတကာမှာကျယ်ပြန့်စွာမွေးမြူပြီးစားသုံးနေကြတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကင်ပြီးတော့ပဲဖြစ်ဖြစ်၊ ပေါင်းပြီးတော့ပဲဖြစ်ဖြစ်၊ ကြော်ပြီးတော့ပဲဖြစ်ဖြစ် ဘယ်လိုချက်စားစား စားကောင်းပြီး ဈေးနှုန်းလည်းသင့်တင့်တာကြောင့် လူကြိုက်များတဲ့ ငါးတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇလားဗီးယားငါးတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်အလွန်အကျွံ မစားသုံးသင့်ပါဘူး။ အကြောင်းရင်းတွေကတော့ ဒါတွေကြောင့်ပဲ ဖြစ်ပါတယ်နော် …။
(၁) မွေးမြူရေးငါးတွေ ဖြစ်တယ်
ဇလားဗီးယားငါးတွေဟာ များသောအားဖြင့်ငါးကန်ထဲမှာ ကျပ်သိပ်နေအောင်မွေးမြူထားတဲ့ မွေးမြူရေးငါးတွေဖြစ်ပါတယ်။ ဒီငါးတွေဟာအစားမရွေးတာကြောင့် ဘာကျွေးကျွေးစားကြပါတယ်။ ဒါကြောင့် မစင်တွေနဲ့ ထမင်းသိုးတွေ ဟင်းသိုးတွေနဲ့ မွေးမြူကြတာဖြစ်တဲ့အတွက် စားလိုက်တဲ့အခါမှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်လာ စေနိုင်ပါတယ်။ အထူးသဖြင့်တော့ တရုတ်ပြည်ကငါးကန်တွေမှာမွေးမြူတဲ့ ဇလားဗီးယားငါးတွေကို သတိထားပြီး စားသောက်ဖို့အတွက် ကမာ္ဘတစ်ဝန်းက ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ် …။
မြန်မာနိုင်ငံမှာဆိုလည်း ငါးကန်ပေါ်ကြက်ခြံတည်ပြီး မွေးကြတာတွေရှိနေတယ်။ ကြက်မစင်နဲ့တကွ စွန့်ထုတ်အညစ်အကြေးများသည် ငါးစာဖြစ်ကာ ကူးစက်ရောဂါများအတွက် ကွင်းဆက်သဖွယ် ဆက်စပ်နေလေ့ရှိပါတယ် …။
(၂) မကောင်းတဲ့အဆီတွေပါတယ်
ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ကောင်းမွန်တဲ့အဆီဟာ Omega 3 fatty acid ဖြစ်ပါတယ်။ တခြားငါးတွေနဲ့ယှဉ်ရင် ဇလားဗီးယားငါးတွေထဲမှာ Omega 3 ပါဝင်မှုနှုန်း နည်းပါတယ်။ ဇလားဗီးယား ငါးတွေမှာ Omega 6 acid တွေသာ ကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းကျိုးနည်းတဲ့အပြင် သင့်ခန္ဓာကိုယ်ကို ဖောရောင်စေနိုင်ပါတယ် …။
(၃) ကင်ဆာဖြစ်စေတယ်
ဇလားဗီးယားငါးတွေဟာ တခြားငါးတွေထက် ကင်ဆာဖြစ်ပွားစေနှုန်း ၁၀ဆ ပိုမြင့်ပါတယ်။ ၎င်းတို့ထဲမှာပါဝင်တဲ့ Dioxin ဆိုတဲ့ဓာတ်ကို ချေဖျက်ဖို့အတွက် ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါ ပျက်စီးယိုယွင်းမှုတွေ ဖြစ်လာပါတော့တယ် …။
(၄) သတိမေ့ရောဂါ ဖြစ်စေတယ်
ဇလားဗီးယားငါးထဲမှာပါဝင်တဲ့ Arachidonic acid ဟာ သတိမေ့ရောဂါ ဖြစ်ပွားနှုန်းကို တိုးမြင့်စေပါတယ်။ဒါကြောင့် အသက်ကြီးလာတဲ့အခါမှတ်ဉာဏ်ချို့ယွင်းတာ၊ သတိမေ့တာမျိုးတွေမဖြစ်ချင်ရင် ဇလားဗီးယားငါးတွေကို မစားသင့်တော့ပါဘူးနော် …။ ။
Ref :Healthline.com,Readers’s Digest
Credit – Aung Zaw Oo