အခ်စ္ဦးကို ေျမးဦးရတဲ့အထိ မေမ့နိုင္ၾကတဲ့ အေၾကာင္းအရင္း(၁၀)ခ်က္

အခ်စ္ဦးကို ေျမးဦးရတဲ့အထိ မေမ့နိုင္ၾကတဲ့ အေၾကာင္းအရင္း(၁၀)ခ်က္

လူတိုင္းမွာ ပထမဆံုး အရာေတြ ရွိခဲ့ဖူးပါတယ္။ ေက်ာင္းကို ပထမဆံုးသြားတဲ့ေန႔၊ ကားစေမာင္းတဲ့ေန႔ ၊ အရက္စေသာက္ဖူးတဲ့ေန႔ ၊ အနမ္းစေပးဖူးတဲ့ေန႔ စသျဖင့္ေပါ့။ အဲ့ဒီ ပထမဆံုးအရာေတြ အားလံုးဟာ သင့္ကိုစိတ္လႈပ္ရွားမႈကို ျဖစ္ေစျပီး အျမဲတမ္းအတြက္ အမွတ္တရျဖစ္ေနပါတယ္။ ပထမဆံုးအရာေတြထဲမွာ လူတိိုင္းအတြက္ အမွတ္ရဆံုးကေတာ့ အခ်စ္ဦး ပါပဲ။ လူေတြဟာ အခ်စ္ဦးကိုဘာလို႔ မေမ့နိုင္ၾကသလဲ ဆိုတဲ့ အေၾကာင္းရင္းေလးေတြကို ဖတ္ၾကည့္လိုက္ပါအံုးေနာ္ …။

ပထမဆံုး အခ်စ္က အင္အားၾကီးမားတယ္”

လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ
သင့္အေနနဲ႕ဘ၀မွာ ပထမဆံုးအခ်စ္ ကုိ ခံစားလိုက္ရတဲ့အခ်ိန္မွာ ေလာကၾကီးတစ္ခုလံုးမွာ သူနဲ႕ကိုယ္နွစ္ေယာက္တည္းရွိေတာ့တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးျဖစ္လာမွာပါ။ ျပီးေတာ့ ကိုယ္အျပည့္အ၀နားမလည္နိုင္သူတစ္ေယာက္နဲ႕ တစ္ဘ၀လံုးအတူတူျဖတ္သန္းသြားဖို႕ျဖစ္နိုင္တယ္လို႕ ထင္လာမွာပါ။ သူနဲ႕ဆိုရင္ အရာအားလံုးျဖစ္နိုင္ တယ္လို႕ခံစားလာရျပီး ဘ၀ရဲ႕စိတ္လႈပ္ရွားဆံုးအခ်ိန္ေတြျဖစ္ခဲ့မွာပါ။ ေသခ်ာတာကေတာ့ အဲ့ဒီအခ်ိန္ကခံစားခ်က္ေတြက အားေကာင္းလြန္းလို႕ ဘယ္ေတာ့မွေမ့ဖို႕ မျဖစ္နိုင္ေတာ့ပါဘူးေနာ္ …။

ပထမဆံုးေသာ အသည္းကြဲေ၀ဒနာကလည္း ဆိုးရြားလြန္းတယ္”

အခ်စ္က ပထမဆံုးဆိုရင္၊ ဒီအခ်စ္နဲ႕လြဲသြားခဲ့ရင္ၾကံဳရမယ့္ အသည္းကြဲ ေ၀ဒနာက လည္း ပထမဆံုးပါပဲ။ ပထမဆံုးေတြက အခ်စ္မွာ အားေကာင္းသေလာက္ အသည္းကြဲ ေ၀ဒနာကိုလည္း ဆိုးဆိုးရြားရြား ရင္ဆိုင္ရမွာပါ။ သူ႕ကိုလက္လႊတ္ဖို႕အရမ္းခက္ခဲေနျပီး ကိုယ္တိုင္ေက်ာခိုင္းဖို႕လည္း ေတာ္ေတာ္ၾကိဳးစား ရတာပါ။ လက္လႊတ္ဖို႕၊ေက်ာခိုင္းဖို႕ စိုက္ထုတ္ရတဲ့အားနဲ႕ ေၾကကြဲရတဲ့အတိုင္းအတာက အတူတူပါပဲ။ အဲ့ဒါေၾကာင့္ ဘ၀ရဲ႕ပထမဆံုးေသာအခ်စ္ေၾကာင့္ ေၾကကြဲရတာကို ဘယ္သူမွ မေမ့ႏိုင္ၾကတာ ျဖစ္ပါတယ္ …။

ပထမဆံုးအခ်စ္က အျပစ္ကင္းစင္တယ္”

လူတိုင္းအတြက္ ပထမဆံုးအခ်စ္မွာ တျခားရည္ရြယ္ခ်က္ေတြ၊ ရလိုမႈေတြ ၊ တစ္ေယာက္နဲ႕တစ္ေယာက္ၾကားအတြက္အခ်က္ေတြ လံုး၀မရွိဘဲ အျပစ္ကင္းစင္ၾကပါတယ္။ ဒါေပမယ့္ ပထမဆံုးအခ်စ္ေၾကာင့္ ျဖစ္ခဲ့တဲ့ ခံစားခ်က္ေတြက ေနာက္ထပ္ၾကံဳရမယ့္ အခ်စ္နဲ႔ဘ၀ကို အနည္းနဲ႔အမ်ား သက္ေရာက္မႈျဖစ္ေစပါတယ္ …။

ပထမဆံုးအခ်စ္ေၾကာင့္ ပထမဆံုးအမွတ္တရေတြ ရွိခဲ့တယ္”

ပထမဆံုးအခ်စ္ေၾကာင့္ ပထမဆံုးအနမ္းနဲ႔ တျခားေသာ ပထမဆံုးအမွတ္တရေတြကို ရရွိခဲ့ၾကတာေၾကာင့္ ေမ့ဖို႔မျဖစ္ႏိုင္တာပါေနာ္ …။

ငါတို႔ နွစ္ေယာက္ဆိုတဲ့ ခံစားခ်က္”

အျမဲတမ္း “ငါ၊ ငါ့အတြက္” ဆိုျပီး စဥ္းစားခဲ့ျပီး သူနဲ႕ က်မွ “ငါတို႕နွစ္ေယာက္” ဆိုျပီး ဘာကိုပဲစဥ္းစား စဥ္းစား သူပါေနတဲ့ ခံစားခ်က္မ်ိဳးလည္း ပထမဆံုး ျဖစ္ခဲ့ဖူးတာပါ …။

ပထမဆံုးအခ်စ္က ကာယကံရွင္နွစ္ေယာက္ေၾကာင့္ အဆံုးသတ္တာရွားတယ္”

ဘ၀မွာ ပထမဆံုးေပၚေပါက္လာ တဲ့ အခ်စ္က ကာယကံရွင္နွစ္ေယာက္ေၾကာင့္ အဆံုးသတ္တာထက္ ပတ္၀န္းက်င္နဲ႕ တျခားအေၾကာင္းအရာ အမ်ိဳးမ်ိဳးေၾကာင့္ အဆံုးသတ္သြားၾကတာမ်ားပါတယ္။ ဒါေၾကာင့္ နွစ္ေယာက္သား အျပန္အလွန္္ စိတ္နာတာ၊ မုန္းတာစတဲ့ ခံစားခ်က္မ်ိဳး မျဖစ္ၾကတာေၾကာင့္ အခ်စ္ဦး ကို မေမ့ၾကတာပါတဲ့ …။

ငယ္ဘ၀နဲ႔အတူ ျဖစ္လာတဲ့ခံစားခ်က္မို႕

လူေတြဟာ ငယ္ဘ၀ရဲ ႕နုပ်ိဳမႈေတြကို တမ္းတတတ္ၾကတဲ့အက်င့္ရွိၾကပါတယ္။ အဲ့ဒီလိုငယ္ဘ၀ကိုတမ္းတတဲ့အခ်ိန္မွာ ငယ္ရြယ္နုပ်ိဳမႈနဲ႕အတူ First Love ကလည္း ျပန္ျပန္ေတြးမိတဲ့ အေၾကာင္းအရာ ခံစားခ်က္တစ္ခု ျဖစ္ေနတာေၾကာင့္ ဘယ္ေတာ့မွ မေမ့ႏိုင္ေတာ့တာပါ …။

အရာရာျဖစ္နိုင္ တယ္ဆိုတဲ့ ခံစားခ်က္ကိုျဖစ္ေစခဲ့လို႔

ငယ္ရြယ္စဥ္မွာ ျဖစ္လာတဲ့ အခ်စ္ခံစားခ်က္ေတြ က လူတစ္ေယာက္အတြက္ဘ၀မွာ အရာရာျဖစ္နိုင္တယ္ဆိုတဲ့ခံစားခ်က္မ်ိဳးျဖစ္ေပၚလာေစပါတယ္။ ဒါေၾကာင့္ အခက္အခဲတစ္ခုခုၾကံဳလာရင္၊ ခက္ခဲတဲ့ဆံုးျဖတ္ခ်က္ေတြခ်ဖို႕ျဖစ္လာရင္ မသိစိတ္က အဲ့ဒီခံစားခ်က္က ျပန္ျဖစ္ေပၚလာပါတယ္။ အဲ့ဒါကလည္း အခ်စ္ဦးကို မေမ့ရျခင္း အေၾကာင္းရင္း တစ္ခုပါပဲ …။

သင့္ကိုေျပာင္း လဲေစခဲ့တယ္

အခ်စ္ဦးေၾကာင့္ ျဖစ္လာတဲ့ ခံစားခ်က္ေၾကာင့္ ေကာင္းတဲ့ အေျပာင္းအလဲေလးေတြ ျဖစ္ေပၚလာေစပါတယ္။ လူတစ္ေယာက္ကို ရင့္က်က္ေစနိုင္တာကလည္း ပထမဆံုး အခ်စ္ပါပဲ …။

ဘ၀မွာတစ္ၾကိမ္ပဲ ၾကံဳခြင့္ရွိတဲ့အရာ

ဘ၀ကဘယ္ေလာက္ပဲၾကာရွည္ပါေစ၊ ပထမဆံုးအခ်စ္ ကိုေတာ့ တစ္ၾကိမ္ တစ္ခါပဲၾကံဳရမယ့္အရာပါ။ အခ်စ္ဆံုးေတြ ဘယ္ေလာက္ပဲရွိရွိ အခ်စ္ဦးကေတာ့ အခ်စ္ဦးပါပဲေနာ္ …။ ။

Credit Aunty May

Unicode

အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့နိုင်ကြတဲ့ အကြောင်းအရင်း(၁၀)ချက်

လူတိုင်းမှာ ပထမဆုံး အရာတွေ ရှိခဲ့ဖူးပါတယ်။ ကျောင်းကို ပထမဆုံးသွားတဲ့နေ့၊ ကားစမောင်းတဲ့နေ့ ၊ အရက်စသောက်ဖူးတဲ့နေ့ ၊ အနမ်းစပေးဖူးတဲ့နေ့ စသဖြင့်ပေါ့။ အဲ့ဒီ ပထမဆုံးအရာတွေ အားလုံးဟာ သင့်ကိုစိတ်လှုပ်ရှားမှုကို ဖြစ်စေပြီး အမြဲတမ်းအတွက် အမှတ်တရဖြစ်နေပါတယ်။ ပထမဆုံးအရာတွေထဲမှာ လူတိုင်းအတွက် အမှတ်ရဆုံးကတော့ အချစ်ဦး ပါပဲ။ လူတွေဟာ အချစ်ဦးကိုဘာလို့ မမေ့နိုင်ကြသလဲ ဆိုတဲ့ အကြောင်းရင်းလေးတွေကို ဖတ်ကြည့်လိုက်ပါအုံးနော် …။

ပထမဆုံး အချစ်က အင်အားကြီးမားတယ်”

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
သင့်အနေနဲ့ဘဝမှာ ပထမဆုံးအချစ် ကို ခံစားလိုက်ရတဲ့အချိန်မှာ လောကကြီးတစ်ခုလုံးမှာ သူနဲ့ကိုယ်နှစ်ယောက်တည်းရှိတော့တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်လာမှာပါ။ ပြီးတော့ ကိုယ်အပြည့်အဝနားမလည်နိုင်သူတစ်ယောက်နဲ့ တစ်ဘဝလုံးအတူတူဖြတ်သန်းသွားဖို့ဖြစ်နိုင်တယ်လို့ ထင်လာမှာပါ။ သူနဲ့ဆိုရင် အရာအားလုံးဖြစ်နိုင် တယ်လို့ခံစားလာရပြီး ဘဝရဲ့စိတ်လှုပ်ရှားဆုံးအချိန်တွေဖြစ်ခဲ့မှာပါ။ သေချာတာကတော့ အဲ့ဒီအချိန်ကခံစားချက်တွေက အားကောင်းလွန်းလို့ ဘယ်တော့မှမေ့ဖို့ မဖြစ်နိုင်တော့ပါဘူးနော် …။

ပထမဆုံးသော အသည်းကွဲဝေဒနာကလည်း ဆိုးရွားလွန်းတယ်”

အချစ်က ပထမဆုံးဆိုရင်၊ ဒီအချစ်နဲ့လွဲသွားခဲ့ရင်ကြုံရမယ့် အသည်းကွဲ ဝေဒနာက လည်း ပထမဆုံးပါပဲ။ ပထမဆုံးတွေက အချစ်မှာ အားကောင်းသလောက် အသည်းကွဲ ဝေဒနာကိုလည်း ဆိုးဆိုးရွားရွား ရင်ဆိုင်ရမှာပါ။ သူ့ကိုလက်လွှတ်ဖို့အရမ်းခက်ခဲနေပြီး ကိုယ်တိုင်ကျောခိုင်းဖို့လည်း တော်တော်ကြိုးစား ရတာပါ။ လက်လွှတ်ဖို့၊ကျောခိုင်းဖို့ စိုက်ထုတ်ရတဲ့အားနဲ့ ကြေကွဲရတဲ့အတိုင်းအတာက အတူတူပါပဲ။ အဲ့ဒါကြောင့် ဘဝရဲ့ပထမဆုံးသောအချစ်ကြောင့် ကြေကွဲရတာကို ဘယ်သူမှ မမေ့နိုင်ကြတာ ဖြစ်ပါတယ် …။

ပထမဆုံးအချစ်က အပြစ်ကင်းစင်တယ်”

လူတိုင်းအတွက် ပထမဆုံးအချစ်မှာ တခြားရည်ရွယ်ချက်တွေ၊ ရလိုမှုတွေ ၊ တစ်ယောက်နဲ့တစ်ယောက်ကြားအတွက်အချက်တွေ လုံးဝမရှိဘဲ အပြစ်ကင်းစင်ကြပါတယ်။ ဒါပေမယ့် ပထမဆုံးအချစ်ကြောင့် ဖြစ်ခဲ့တဲ့ ခံစားချက်တွေက နောက်ထပ်ကြုံရမယ့် အချစ်နဲ့ဘဝကို အနည်းနဲ့အများ သက်ရောက်မှုဖြစ်စေပါတယ် …။

ပထမဆုံးအချစ်ကြောင့် ပထမဆုံးအမှတ်တရတွေ ရှိခဲ့တယ်”

ပထမဆုံးအချစ်ကြောင့် ပထမဆုံးအနမ်းနဲ့ တခြားသော ပထမဆုံးအမှတ်တရတွေကို ရရှိခဲ့ကြတာကြောင့် မေ့ဖို့မဖြစ်နိုင်တာပါနော် …။

ငါတို့ နှစ်ယောက်ဆိုတဲ့ ခံစားချက်”

အမြဲတမ်း “ငါ၊ ငါ့အတွက်” ဆိုပြီး စဉ်းစားခဲ့ပြီး သူနဲ့ ကျမှ “ငါတို့နှစ်ယောက်” ဆိုပြီး ဘာကိုပဲစဉ်းစား စဉ်းစား သူပါနေတဲ့ ခံစားချက်မျိုးလည်း ပထမဆုံး ဖြစ်ခဲ့ဖူးတာပါ …။

ပထမဆုံးအချစ်က ကာယကံရှင်နှစ်ယောက်ကြောင့် အဆုံးသတ်တာရှားတယ်”

ဘဝမှာ ပထမဆုံးပေါ်ပေါက်လာ တဲ့ အချစ်က ကာယကံရှင်နှစ်ယောက်ကြောင့် အဆုံးသတ်တာထက် ပတ်ဝန်းကျင်နဲ့ တခြားအကြောင်းအရာ အမျိုးမျိုးကြောင့် အဆုံးသတ်သွားကြတာများပါတယ်။ ဒါကြောင့် နှစ်ယောက်သား အပြန်အလှန် စိတ်နာတာ၊ မုန်းတာစတဲ့ ခံစားချက်မျိုး မဖြစ်ကြတာကြောင့် အချစ်ဦး ကို မမေ့ကြတာပါတဲ့ …။

ငယ်ဘဝနဲ့အတူ ဖြစ်လာတဲ့ခံစားချက်မို့

လူတွေဟာ ငယ်ဘဝရဲ့နုပျိုမှုတွေကို တမ်းတတတ်ကြတဲ့အကျင့်ရှိကြပါတယ်။ အဲ့ဒီလိုငယ်ဘဝကိုတမ်းတတဲ့အချိန်မှာ ငယ်ရွယ်နုပျိုမှုနဲ့အတူ First Love ကလည်း ပြန်ပြန်တွေးမိတဲ့ အကြောင်းအရာ ခံစားချက်တစ်ခု ဖြစ်နေတာကြောင့် ဘယ်တော့မှ မမေ့နိုင်တော့တာပါ …။

အရာရာဖြစ်နိုင် တယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေခဲ့လို့

ငယ်ရွယ်စဉ်မှာ ဖြစ်လာတဲ့ အချစ်ခံစားချက်တွေ က လူတစ်ယောက်အတွက်ဘဝမှာ အရာရာဖြစ်နိုင်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် အခက်အခဲတစ်ခုခုကြုံလာရင်၊ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချဖို့ဖြစ်လာရင် မသိစိတ်က အဲ့ဒီခံစားချက်က ပြန်ဖြစ်ပေါ်လာပါတယ်။ အဲ့ဒါကလည်း အချစ်ဦးကို မမေ့ရခြင်း အကြောင်းရင်း တစ်ခုပါပဲ …။

သင့်ကိုပြောင်း လဲစေခဲ့တယ်

အချစ်ဦးကြောင့် ဖြစ်လာတဲ့ ခံစားချက်ကြောင့် ကောင်းတဲ့ အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာစေပါတယ်။ လူတစ်ယောက်ကို ရင့်ကျက်စေနိုင်တာကလည်း ပထမဆုံး အချစ်ပါပဲ …။

ဘဝမှာတစ်ကြိမ်ပဲ ကြုံခွင့်ရှိတဲ့အရာ

ဘဝကဘယ်လောက်ပဲကြာရှည်ပါစေ၊ ပထမဆုံးအချစ် ကိုတော့ တစ်ကြိမ် တစ်ခါပဲကြုံရမယ့်အရာပါ။ အချစ်ဆုံးတွေ ဘယ်လောက်ပဲရှိရှိ အချစ်ဦးကတော့ အချစ်ဦးပါပဲနော် …။ ။

Credit Aunty May