ရှယ်ပြီးမှ ဖတ်ကြည့်ပါ။ ရဟန်းများမကြွထိုက်သောအိမ် (၉)မျိုး

ရဟန်းများမကြွထိုက်သောအိမ် (၉)မျိုး

၁။ မြတ်မြတ်နိုးနိုး ခရီးဦးမကြိုဆိုသော အိမ်၊

၂။ မြတ်မြတ် နိုးနိုး ရှိမခိုးသော အိမ်၊၊

၃။ နေရာထိုင်ခင်း မပေးသော အိမ်၊

၄။ ထင်ရှားရှိသော လှူဖွယ် ဝတ္ထုတို့ကို သိုဝှက်ထားသော အိမ်၊၊

၅။ လှူဖွယ်အများရှိလျက် အနည်းငယ်မျှသာ လှူသော အိမ်၊

၆။ မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက် မကောင်းသည်ကို လှူသော အိမ်၊၊

၇။ မရိုမသေ ပေးလှူသော အိမ်၊

၈။ တရားနာရန် မချဉ်းကပ်သော အိမ်၊၊

၉။ တရားကို ကောင်းစွာ မနာကြားသော အိမ်။

(အင်္ဂုတ္တရနိကာယ်၊၃၊၁၉၂)

(မြန်မာ၃၊၁၉၃)

ကြည်ညိုထိုက်သော ရဟန်းတော်များ

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ ရဟန်းတော်များ များစွာရှိပါသည်။ ထိုရဟန်းတော်များအနက် ဘယ်လိုရဟန်းတော်များကို ကြည်ညိုရမလဲ ဆိုတာကို အချုပ်အားဖြင့် ပြောပြရလျှင် ဓုရနှစ်ပါးကို ကြိုးစားအားထုတ် ပြုလုပ်နေကြတဲ့ ရဟန်းတော်များကို ကြည်ညိုကြရမယ်။

 

( ရဟန်းအလုပ် – ဓုရ ၂-ပါး )

မြတ်စွာဘုရားက မိမိ၏ သာဝကရဟန်းတော်များ အားထုတ်ဖွယ်

ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ကို

(၁) ဂန္ထဓုရ

(၂) ၀ိပဿနာဓုရ လို့ ၂-မျိုး ဟောတော်မူခဲ့တယ်။

ဂန္ထဓုရဆိုတာ= စာပေကျမ်းဂန် သင်အံပို့ချမှုဟူသော ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ဖြစ်တယ်။

၀ိပဿနာဓုရဆိုတာ=၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှုဟူသော ရဟန်းတို့အလုပ်= ရဟန်းတို့တာဝန်ဖြစ်တယ်။

ဂန္ထဓုရကို ပရိယတ္တိဓုရ၊ ၀ိပဿနာဓုရကို ပဋိပတ္တိဓုရလို့လဲ ခေါ်တယ်။

 

ဒါဟာ မြတ်စွာဘုရားပေးခဲ့တဲ့ ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ပဲ။ အဲဒီရဟန်းတို့အလုပ်=ရဟန်းတို့တာဝန် နှစ်မျိုးစလုံးကိုဖြစ်စေ၊ တမျိုးမျိုးကိုဖြစ်စေ ကြိုးစားအားထုတ် ပြုလုပ်ထမ်းဆောင်နေကြတဲ့ သီလရှိသော ရဟန်းတော်များကို ကြည်ညိုကြရမယ်။ အဲဒီရဟန်းတော်များဟာ အမှန်တကယ် သာသနာပြုနေတဲ့ ရဟန်းတော်များ ဖြစ်ကြတယ်။

အချို့က ဂန္ထဓုရ၊ ၀ိပဿနာဓုရ ဆိုတဲ့ ရဟန်းတော်တို့၏ အလုပ်၊ ရဟန်းတော်၏ တာဝန်နှစ်မျိုးတို့အနက် တမျိုးမျိုးကိုမျှ အားမထုတ်ပါဘဲ သာသနာပြုဆိုတဲ့အမည်ကို ခံယူနေကြတာကိုတော့ စဉ်းစားစရာကောင်းပါတယ်။

သာသနဝံသပ္ပဒီပိကာ၊ သာသနာလင်္ကာရစာတမ်း၊ သီလဝိသောဓနီကျမ်းများကို ကြည့်ရှုလျှင် ရှေးရှေးက ဆရာတော်ကြီီးတွေဟာ အလွန်ကြည်ညိုဖွယ်ကောင်းတာပဲ။ ရှေးရှေးက သူတော်ကောင်းတွေ ရဟန်းတော်များကိုကြည်ညိုပုံကိုလဲ သိပ်အတုယူဖို့ ကောင်းတာပဲ။

( ဆေးပေးခြင်း၊ ပန်း၊ သစ်သီးပေးခြင်း ရှောင်တော်မူကြပုံ )

အင်းဝခေတ်က အရှင်ဝရဓမ္မ ဆရာတော်ထံ ကျောင်းအမကိုယ်တိုင်လာပြီး ဆေးတောင်းသတဲ့ ဆရာတော်က-ဆေးမပေးကောင်းဘူး-လို့ မိန့်တော်မူတယ်။ ပစ္စည်းလေးပါး ဒါယိကာမပါဘုရား-လို့ထပ်ပြီးလျှောက်တော့ ပစ္စည်းလေးပါးဒါယိကာမ ဖြစ်လေ မပေးကောင်းလေ-လို့ မိန့်တော်မူပါသတဲ့။

နံမော်ဆရာတော်၏ ကျောင်းဒကာ သမီးက ကံကြီးဆရာတော်ထံ ဆွမ်းသွားပို့တယ်။ ကံကြီးဆရာတော်က ငှက်ပျောသီးနှင့် မုန့်ကို လက်ဆောင်ပေးလိုက်တယ်။ အိမ်ပြန်ရောက်လို့ ကျောင်းဒကာကြီး သိသွားတော့ ငါတို့ဆရာတော်နှင့် မတူ-လို့ပြောပြီး နောက် ဆွမ်းမပို့ရတော့ဘူးတဲ့။

ဘုန်းကြီးပေးလိုက်တဲ့ ငှက်ပျောသီးနှင့် မုန့်ကိုလည်း စွန့်ပစ်စေပါသတဲ့။

( ဗေဒင်မဟောသော ဆရာတော် )

မင်္ဂလာဘုံကျော် ဆရာတော်ထံ ဝန်ကတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းဖြင့် လာပြီး ဝန်ကြီး၏ ဇာတာကို ဗေဒင်မေးပါသတဲ့။ ဆရာတော်က ရဟန်းတော်များ ဗေဒင်မဟောကောင်းဘူး-လို့ ပြောလွှတ်လိုက်ပြီး ဝန်ကတော်ပြန်သွားတော့ လှူဖွယ်ပစ္စည်းများကို စွန့်ပစ်စေတယ်။ ဝန်ကတော်ကို ခေါ်လာတဲ့သူကိုလည်း နောင်-မခေါ်လာဝံ့အောင် တော်တော်ပြင်းပြင်းထန်ထန် ငေါက်ငမ်းတော်မူသတဲ့။

အရှင်အဂ္ဂဓမ္မ ဆရာတော်ကတော့ ဆေးကုတဲ့ဘုန်းကြီးက လှူတဲ့ ပစ္စည်းကို အကုန်စွန့်ပစ်ပြီး အဲဒီဘုန်းကြီးထိုင်တဲ့ နေရာကိုတောင် ရေဆေးပစ်ခိုင်းသတဲ့။

( ရှေးဆရာတော်များ ၀ိနည်းလေးစားပုံ )

နံမော်ဆရာတော် အရှင်သာရမဥ္ဇူ-ဟာ မိမိ၏ ဇာတိဖြစ်တဲ့ မိတ္ထီလာမြို့ အုတ်ရှစ်ကုန်းသို့ ကြွလာတဲ့အခါ ရွာက လှည်းအကြိုလာတယ်။ ဆရာတော်က မသွားနိုင်တော့မှ ငါပြောမယ်-လို့ မိန့်တော်မူပြီး လှည်းမစီးဘဲ ရွာရောက်အောင် ကြွတော်မူသတဲ့။

ဒုတိယ နံမော်ဆရာတော် အရှင်ဓမ္မပါလလည်း မိုးမရွာလျှင် ဘယ်အခါမျှ ထီးမဆောင်းဘူးတဲ့၊ မိုးရွာလို့ ထီးဆောင်းရလျှင်လည်း သူတပါးကို ထီးမမိုးခိုင်းဘဲ ကိုယ်တိုင်ဆောင်းတော်မူသတဲ့။

( သာလွန်မင်း ကြည်ညိုပုံ )

သာလွန်မင်းတရားကို အမြင့်မြို့စား သားတော် ရှင်တရုတ်က လုပ်ကြံတဲ့အခါ လေးထပ်ကျောင်းဘက်သို့ မင်းကြီးထွက်ပြေးလာပြီး လေးထပ်ဆရာတော်ကို အကြောင်းစုံလျှောက်ထား၍ လူဆိုးလူသွမ်းများ မဝင်လာအောင် ထီးရိုး တောင်ဝှေးဆွဲကိုင်ပြီး တားမြစ်ပေးပါ-ဟု လျှောက်တယ်။ ဆရာတော်က ငါ ရဟန်းသားဖြစ်တယ်၊ ဘယ်လိုမျှ မကြံသာ၊ စံကျောင်းသူတော်ကို ပင့်ပါရစေဦး-ဟု မိန့်တော်မူပြီး စံကျောင်းဆရာတော်ကို ပင့်ခိုင်းလို့ စံကျောင်းဆရာတော် ရောက်တဲ့အခါ မင်းကြီးက လေးထပ်ဆရာတော်ကို လျှောက်သလို လျှောက်တယ်။ စံကျောင်းဆရာတော်က မင်းကြီးကို ကျက်သရေတိုက်မှာ နေခိုင်းပြီး ရဟန်းသာမဏေများကိုခေါ်ကာ ထီးရိုး တောင်ဝှေး ဆွဲကိုင်ပြီး ကျောင်းတွင်းသို့ လူတယောက်မျှ မဝင်ရအောင် စောင့်ရှောက်ပေးတယ်။ ကျောင်းမှာ တလလောက် နေရတယ်။

အရေးတော် အောင်မြင်ပြီးစီးလို့ နန်းတော်ပြန်ရောက်ပြီးတဲ့အခါ မင်းတရားကြီးက-လေးထပ်ဆရာတော်သည် ရဟန်းပီသပါပေသည်။ စံကျောင်းဆရာတော်သည် စစ်သူကြီး ပီသပါပေသည်-လို့ မိန့်ဆိုကြောင်း ဆရာစဉ် စာများရှိပါတယ်။ လေးထပ်ဆရာတော်သည် သံသရာ ဆရာတော်ဖြစ်သည်။ စံကျောင်းဆရာတော်သည် ပစ္စုပ္ပန် ဆရာတော်ဖြစ်သည်-လို့ မိန့်ဆိုကြောင်း ရာဇဝင်မှာဆိုပါတယ်။

နောင်တော်၏ သားတော် သခင်ပုကို ညီတော် မင်းရဲကျော်စွာ၏ သမီးတော်နှင့် စုံဖက်တဲ့ မင်္ဂလာလက်ထပ်ပွဲမှာ လေးထပ်ကျောင်းဆရာတော်ကိုသာ တပည့် သံဃာများနှင့်တကွ ပင့်ပြီး ပရိတ်တရားနာတယ်။ စံကျောင်းဆရာတော်ကို မပင့်ဘူးတဲ့။

ဒါကြောင့် ရှေးသူဟောင်းတို့ကို – သာလကာ တလင်ပန်း ပင်ပန်းကာ တယောက်မ-လို့ စကားပုံဆိုကြသတဲ့။

တရားနာပရိတ်သတ်များ ရဟန်းတော်များကို ကြည်ညိုတတ်အောင် သာသနာလင်္ကာရစာတမ်း စသည်မှာလာတဲ့ အကြောင်းအရာ အနည်းငယ်ကို ထုတ်ပြီး ဟောခဲ့ပါတယ်။

ရဟန်းကောင်း ရဟန်းမြတ်များကို ရွေးချယ်၍ကြည်ညိုနိုင်ကြပါစေ။

( ဘဒ္ဒန္တ ကုမာရ-အဘိဓဇမဟာရဋ္ဌဂုရု )

Zawgyi

ရဟန္းမ်ားမႂကြထိုက္ေသာအိမ္ (၉)မ်ိဳး

၁။ ျမတ္ျမတ္ႏိုးႏိုး ခရီးဦးမႀကိဳဆိုေသာ အိမ္၊

၂။ ျမတ္ျမတ္ ႏိုးႏိုး ရွိမခိုးေသာ အိမ္၊၊

၃။ ေနရာထိုင္ခင္း မေပးေသာ အိမ္၊

၄။ ထင္ရွားရွိေသာ လႉဖြယ္ ဝတၳဳတို႔ကို သိုဝွက္ထားေသာ အိမ္၊၊

၅။ လႉဖြယ္အမ်ားရွိလ်က္ အနည္းငယ္မွ်သာ လႉေသာ အိမ္၊

၆။ မြန္ျမတ္ေသာ လႉဖြယ္ဝတၳဳ ရွိပါလ်က္ မေကာင္းသည္ကို လႉေသာ အိမ္၊၊

၇။ မ႐ိုမေသ ေပးလႉေသာ အိမ္၊

၈။ တရားနာရန္ မခ်ဥ္းကပ္ေသာ အိမ္၊၊

၉။ တရားကို ေကာင္းစြာ မနာၾကားေသာ အိမ္။

(အဂၤုတၱရနိကာယ္၊၃၊၁၉၂)

(ျမန္မာ၃၊၁၉၃)

ၾကည္ညိဳထိုက္ေသာ ရဟန္းေတာ္မ်ား

ဗုဒၶျမတ္စြာ၏ သာသနာေတာ္၌ ရဟန္းေတာ္မ်ား မ်ားစြာရွိပါသည္။ ထိုရဟန္းေတာ္မ်ားအနက္ ဘယ္လိုရဟန္းေတာ္မ်ားကို ၾကည္ညိဳရမလဲ ဆိုတာကို အခ်ဳပ္အားျဖင့္ ေျပာျပရလွ်င္ ဓုရႏွစ္ပါးကို ႀကိဳးစားအားထုတ္ ျပဳလုပ္ေနၾကတဲ့ ရဟန္းေတာ္မ်ားကို ၾကည္ညိဳၾကရမယ္။

( ရဟန္းအလုပ္ – ဓုရ ၂-ပါး )

ျမတ္စြာဘုရားက မိမိ၏ သာဝကရဟန္းေတာ္မ်ား အားထုတ္ဖြယ္

ရဟန္းတို႔အလုပ္=ရဟန္းတို႔တာဝန္ကို

(၁) ဂႏၴဓုရ

(၂) ၀ိပႆနာဓုရ လို႔ ၂-မ်ိဳး ေဟာေတာ္မူခဲ့တယ္။

ဂႏၴဓုရဆိုတာ= စာေပက်မ္းဂန္ သင္အံပို႔ခ်မႈဟူေသာ ရဟန္းတို႔အလုပ္=ရဟန္းတို႔တာဝန္ျဖစ္တယ္။

၀ိပႆနာဓုရဆိုတာ=၀ိပႆနာကမၼ႒ာန္း စီးျဖန္းက်င့္သုံးမႈဟူေသာ ရဟန္းတို႔အလုပ္= ရဟန္းတို႔တာဝန္ျဖစ္တယ္။

ဂႏၴဓုရကို ပရိယတၱိဓုရ၊ ၀ိပႆနာဓုရကို ပဋိပတၱိဓုရလို႔လဲ ေခၚတယ္။

ဒါဟာ ျမတ္စြာဘုရားေပးခဲ့တဲ့ ရဟန္းတို႔အလုပ္=ရဟန္းတို႔တာဝန္ပဲ။ အဲဒီရဟန္းတို႔အလုပ္=ရဟန္းတို႔တာဝန္ ႏွစ္မ်ိဳးစလုံးကိုျဖစ္ေစ၊ တမ်ိဳးမ်ိဳးကိုျဖစ္ေစ ႀကိဳးစားအားထုတ္ ျပဳလုပ္ထမ္းေဆာင္ေနၾကတဲ့ သီလရွိေသာ ရဟန္းေတာ္မ်ားကို ၾကည္ညိဳၾကရမယ္။ အဲဒီရဟန္းေတာ္မ်ားဟာ အမွန္တကယ္ သာသနာျပဳေနတဲ့ ရဟန္းေတာ္မ်ား ျဖစ္ၾကတယ္။

အခ်ိဳ႕က ဂႏၴဓုရ၊ ၀ိပႆနာဓုရ ဆိုတဲ့ ရဟန္းေတာ္တို႔၏ အလုပ္၊ ရဟန္းေတာ္၏ တာဝန္ႏွစ္မ်ိဳးတို႔အနက္ တမ်ိဳးမ်ိဳးကိုမွ် အားမထုတ္ပါဘဲ သာသနာျပဳဆိုတဲ့အမည္ကို ခံယူေနၾကတာကိုေတာ့ စဥ္းစားစရာေကာင္းပါတယ္။

သာသနဝံသပၸဒီပိကာ၊ သာသနာလကၤာရစာတမ္း၊ သီလဝိေသာဓနီက်မ္းမ်ားကို ၾကည့္ရႈလွ်င္ ေရွးေရွးက ဆရာေတာ္ႀကီီးေတြဟာ အလြန္ၾကည္ညိဳဖြယ္ေကာင္းတာပဲ။ ေရွးေရွးက သူေတာ္ေကာင္းေတြ ရဟန္းေတာ္မ်ားကိုၾကည္ညိဳပုံကိုလဲ သိပ္အတုယူဖို႔ ေကာင္းတာပဲ။

( ေဆးေပးျခင္း၊ ပန္း၊ သစ္သီးေပးျခင္း ေရွာင္ေတာ္မူၾကပုံ )

အင္းဝေခတ္က အရွင္ဝရဓမၼ ဆရာေတာ္ထံ ေက်ာင္းအမကိုယ္တိုင္လာၿပီး ေဆးေတာင္းသတဲ့ ဆရာေတာ္က-ေဆးမေပးေကာင္းဘူး-လို႔ မိန႔္ေတာ္မူတယ္။ ပစၥည္းေလးပါး ဒါယိကာမပါဘုရား-လို႔ထပ္ၿပီးေလွ်ာက္ေတာ့ ပစၥည္းေလးပါးဒါယိကာမ ျဖစ္ေလ မေပးေကာင္းေလ-လို႔ မိန႔္ေတာ္မူပါသတဲ့။

နံေမာ္ဆရာေတာ္၏ ေက်ာင္းဒကာ သမီးက ကံႀကီးဆရာေတာ္ထံ ဆြမ္းသြားပို႔တယ္။ ကံႀကီးဆရာေတာ္က ငွက္ေပ်ာသီးႏွင့္ မုန႔္ကို လက္ေဆာင္ေပးလိုက္တယ္။ အိမ္ျပန္ေရာက္လို႔ ေက်ာင္းဒကာႀကီး သိသြားေတာ့ ငါတို႔ဆရာေတာ္ႏွင့္ မတူ-လို႔ေျပာၿပီး ေနာက္ ဆြမ္းမပို႔ရေတာ့ဘူးတဲ့။

ဘုန္းႀကီးေပးလိုက္တဲ့ ငွက္ေပ်ာသီးႏွင့္ မုန႔္ကိုလည္း စြန႔္ပစ္ေစပါသတဲ့။

( ေဗဒင္မေဟာေသာ ဆရာေတာ္ )

မဂၤလာဘုံေက်ာ္ ဆရာေတာ္ထံ ဝန္ကေတာ္ကိုယ္တိုင္ လႉဖြယ္ပစၥည္းျဖင့္ လာၿပီး ဝန္ႀကီး၏ ဇာတာကို ေဗဒင္ေမးပါသတဲ့။ ဆရာေတာ္က ရဟန္းေတာ္မ်ား ေဗဒင္မေဟာေကာင္းဘူး-လို႔ ေျပာလႊတ္လိုက္ၿပီး ဝန္ကေတာ္ျပန္သြားေတာ့ လႉဖြယ္ပစၥည္းမ်ားကို စြန႔္ပစ္ေစတယ္။ ဝန္ကေတာ္ကို ေခၚလာတဲ့သူကိုလည္း ေနာင္-မေခၚလာဝံ့ေအာင္ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ ေငါက္ငမ္းေတာ္မူသတဲ့။

အရွင္အဂၢဓမၼ ဆရာေတာ္ကေတာ့ ေဆးကုတဲ့ဘုန္းႀကီးက လႉတဲ့ ပစၥည္းကို အကုန္စြန႔္ပစ္ၿပီး အဲဒီဘုန္းႀကီးထိုင္တဲ့ ေနရာကိုေတာင္ ေရေဆးပစ္ခိုင္းသတဲ့။

( ေရွးဆရာေတာ္မ်ား ၀ိနည္းေလးစားပုံ )

နံေမာ္ဆရာေတာ္ အရွင္သာရမၪၨဴ-ဟာ မိမိ၏ ဇာတိျဖစ္တဲ့ မိတၳီလာၿမိဳ႕ အုတ္ရွစ္ကုန္းသို႔ ႂကြလာတဲ့အခါ ႐ြာက လွည္းအႀကိဳလာတယ္။ ဆရာေတာ္က မသြားႏိုင္ေတာ့မွ ငါေျပာမယ္-လို႔ မိန႔္ေတာ္မူၿပီး လွည္းမစီးဘဲ ႐ြာေရာက္ေအာင္ ႂကြေတာ္မူသတဲ့။

ဒုတိယ နံေမာ္ဆရာေတာ္ အရွင္ဓမၼပါလလည္း မိုးမ႐ြာလွ်င္ ဘယ္အခါမွ် ထီးမေဆာင္းဘူးတဲ့၊ မိုး႐ြာလို႔ ထီးေဆာင္းရလွ်င္လည္း သူတပါးကို ထီးမမိုးခိုင္းဘဲ ကိုယ္တိုင္ေဆာင္းေတာ္မူသတဲ့။

( သာလြန္မင္း ၾကည္ညိဳပုံ )

သာလြန္မင္းတရားကို အျမင့္ၿမိဳ႕စား သားေတာ္ ရွင္တ႐ုတ္က လုပ္ႀကံတဲ့အခါ ေလးထပ္ေက်ာင္းဘက္သို႔ မင္းႀကီးထြက္ေျပးလာၿပီး ေလးထပ္ဆရာေတာ္ကို အေၾကာင္းစုံေလွ်ာက္ထား၍ လူဆိုးလူသြမ္းမ်ား မဝင္လာေအာင္ ထီး႐ိုး ေတာင္ေဝွးဆြဲကိုင္ၿပီး တားျမစ္ေပးပါ-ဟု ေလွ်ာက္တယ္။ ဆရာေတာ္က ငါ ရဟန္းသားျဖစ္တယ္၊ ဘယ္လိုမွ် မႀကံသာ၊ စံေက်ာင္းသူေတာ္ကို ပင့္ပါရေစဦး-ဟု မိန႔္ေတာ္မူၿပီး စံေက်ာင္းဆရာေတာ္ကို ပင့္ခိုင္းလို႔ စံေက်ာင္းဆရာေတာ္ ေရာက္တဲ့အခါ မင္းႀကီးက ေလးထပ္ဆရာေတာ္ကို ေလွ်ာက္သလို ေလွ်ာက္တယ္။ စံေက်ာင္းဆရာေတာ္က မင္းႀကီးကို က်က္သေရတိုက္မွာ ေနခိုင္းၿပီး ရဟန္းသာမေဏမ်ားကိုေခၚကာ ထီး႐ိုး ေတာင္ေဝွး ဆြဲကိုင္ၿပီး ေက်ာင္းတြင္းသို႔ လူတေယာက္မွ် မဝင္ရေအာင္ ေစာင့္ေရွာက္ေပးတယ္။ ေက်ာင္းမွာ တလေလာက္ ေနရတယ္။

အေရးေတာ္ ေအာင္ျမင္ၿပီးစီးလို႔ နန္းေတာ္ျပန္ေရာက္ၿပီးတဲ့အခါ မင္းတရားႀကီးက-ေလးထပ္ဆရာေတာ္သည္ ရဟန္းပီသပါေပသည္။ စံေက်ာင္းဆရာေတာ္သည္ စစ္သူႀကီး ပီသပါေပသည္-လို႔ မိန႔္ဆိုေၾကာင္း ဆရာစဥ္ စာမ်ားရွိပါတယ္။ ေလးထပ္ဆရာေတာ္သည္ သံသရာ ဆရာေတာ္ျဖစ္သည္။ စံေက်ာင္းဆရာေတာ္သည္ ပစၥဳပၸန္ ဆရာေတာ္ျဖစ္သည္-လို႔ မိန႔္ဆိုေၾကာင္း ရာဇဝင္မွာဆိုပါတယ္။

ေနာင္ေတာ္၏ သားေတာ္ သခင္ပုကို ညီေတာ္ မင္းရဲေက်ာ္စြာ၏ သမီးေတာ္ႏွင့္ စုံဖက္တဲ့ မဂၤလာလက္ထပ္ပြဲမွာ ေလးထပ္ေက်ာင္းဆရာေတာ္ကိုသာ တပည့္ သံဃာမ်ားႏွင့္တကြ ပင့္ၿပီး ပရိတ္တရားနာတယ္။ စံေက်ာင္းဆရာေတာ္ကို မပင့္ဘူးတဲ့။

ဒါေၾကာင့္ ေရွးသူေဟာင္းတို႔ကို – သာလကာ တလင္ပန္း ပင္ပန္းကာ တေယာက္မ-လို႔ စကားပုံဆိုၾကသတဲ့။

တရားနာပရိတ္သတ္မ်ား ရဟန္းေတာ္မ်ားကို ၾကည္ညိဳတတ္ေအာင္ သာသနာလကၤာရစာတမ္း စသည္မွာလာတဲ့ အေၾကာင္းအရာ အနည္းငယ္ကို ထုတ္ၿပီး ေဟာခဲ့ပါတယ္။

ရဟန္းေကာင္း ရဟန္းျမတ္မ်ားကို ေ႐ြးခ်ယ္၍ၾကည္ညိဳႏိုင္ၾကပါေစ။

( ဘဒၵႏၲ ကုမာရ-အဘိဓဇမဟာရ႒ဂု႐ု )